iMyanmarHouse.com - Best Property Website for Myanmar
×
Credit:Burmese.asia
# Unicode Version ဖြင့် ဖတ်ပါ #
နိုင်ငံကျော်မင်းသမီးချောလေး ရွှေမှုံရတီဟာ နာမည်ကြီးမင်းသားတွေခေါင်းဆောင်တဲ့ အနုပညာပျိုးခင်းကနေတဆင့် သရုပ်ဆောင်တစ်ယောက်ဖြစ်လာသူတစ်ဦးပါ။ ရွှေမှုံရတီက အသက်အရွယ် ငယ်ရွယ်သေးပေမယ့် အရွယ်နဲ့မလိုက်အောင် အိုက်တင်အမူအယာကောင်းကောင်းနဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ ရွှေမှုံရတီရဲ့ သရုပ်ဆောင်မှုတွေကလဲ ပရိသတ်တွေ သြချရလောက်အောင် ဝါရင့်သရုပ်ဆောင်ကြီးတွေနဲ့ အပြိုင်သရုပ်ဆောင်နိုင်သူလေးဖြစ်ပါတယ်။
ရွှေမှုံရတီက မြန်မာနိုင်ငံအနှံ့မှာ သူမကိုချစ်တဲ့ ပရိသတ်တွေ အခိုင်အမာရရှိထားသူလဲဖြစ်ပါတယ်။ ရွှေမှုံရတီရဲ့ စကားပြောပုံဆိုပုံနဲ့ အိုက်တင်တွေကလဲ ပရိသတ်တွေကြားမှာ ရေပန်းစားလှပါတယ်။ အထူးသဖြင့် ရွှေမှုံရတီရဲ့ အချေမျက်နှာက ပရိသတ်တွေကြားမှာ နာမည်အကြီးဆုံးပါပဲ။
သေချာကြည့်မှမြင်နိုင်မယ်နော် ပရိသတ်ကြီးရေ
ဒီတစ်ခါမှာလဲ ရွှေမှုံရတီက ကားပေါ်မှာ ဒေါ်လာတွေတင်ပြီး ချေပြလိုက်ပြန်ပါပြီ။ ထူးထူးဆန်းဆန်းတွေလုပ်တတ်ပြီး သူများထက်အမြဲဆန်းသစ်နေတဲ့ ရွှေမှုန်ကတော့ အမြဲ ဂေါ်နေတာပဲနော်။
ရွှေမှုံရတီက နိုဝင်ဘာလထဲမှာ အဆိုတော် ရွှေထူးနဲ့ လက်ထပ်ခဲ့တာဖြစ်ပြီး ဟန်းနီးမွန်းခရီးစဉ်အဖြစ် ဥရောပတိုက်ကို သွားရောက်လည်ပတ်ခဲ့ပြီး ပြန်ရောက်လာတာမကြာသေးပါဘူး။ ရွှေမှုံရတီက ဟန်းနီးမွန်းက ပြန်ရောက်ရောက်ချင်း အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။
ရွှေမှုန်ရတီဟာ ယခုဆိုရင် ခင်ပွန်းဖြစ်သူ ရွှေထူးနဲ့အတူတူ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားတာပဲဖြစ်ပါတယ်။ ရွှေမှုံရတီက အသက်အရွယ် ငယ်ရွာ်သေးတာကတစ်ကြောင်း၊ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လိုတာကတစ်ကြောင်းကြောင့် ကလေးယူဖို့ အစီအစဉ်တော့ မရှိသေးပါဘူးဆိုပြီး အင်တာဗျူးတွေမှာ ဖြေထားပါတယ်။
ပရိသတ်တွေလဲ ရွှေမှုံရတီရဲ့ အချေပုံလေးကိုကြည့်ပြီး ကျေနပ်ကြမယ်ထင်ပါတယ်။ ရွှေမှုန်ရတီက အနုပညာလုပ်ငန်းတွေကိုလဲ ဆက်လက်လုပ်ကိုင်နေတာမို့ အားပေးကြပါဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့အတွက် ပရိသတ်ကြီးကို ှ ကျေးဇူးအထူးတင်ရှိပါတယ်။
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top