iMyanmarHouse.com - Best Property Website for Myanmar
×
ရေ
ကြက်သွန်နီ
အားဖြည့်ပေးတဲ့ အသား
Credit:Trend
# Unicode Version ဖြင့် ဖတ်ပါ #
အသက်လေး နည်းနည်းကြီးလာတာနဲ့အမျှ ဒူးကိုက် ၊ ခါးနာနဲ့ ခန္ဓာကိုယ်မှာ ဝေဒနာတွေကို စတင်ခံစားလာရပါပြီ။ အသက်ရမှ နာတာကျင်တာတွေ ခံစားနေမယ့်အစား ခုတည်းက မိမိရဲ့ကျန်းမာရေးကို ဂရုစိုက်တယ်ဆိုရင် ဒီအစားစာတွေကို ပုံမှန်စားသုံးပေးဖို့လိုပါတယ်။
ရေ
ရေကတော့ သိတဲ့အတိုင်း။ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာပါပဲ။ အသားရည်ကိုသာမကခန္ဓာကိုယ်အတွင်းပိုင်းက အညစ်ကြေးတွေကို အကုန်ရှင်းထုတ်ပေးနိုင်တဲ့ ဒီရေကို များများသောက်သုံးပေးနိုင်လေ သင့်ရဲ့အရိုးဆစ်တွေ သန်မာ ၊ အသားရည်တွေ ကြည်လင်လေပါပဲ။
ကြက်သွန်နီ
ကြက်သွန်နီကို နံလို့မကြိုက်တဲ့သူများလည်း အစိမ်းလိုက်ကြီးမဟုတ်ရင်တောင် ကြက်သွန်နီနဲ့ရောနှောချက်ထားတဲ့ ဟင်းလျာတွေကို စားသုံးပါ။ ကြက်သွန်နီဟင်းရည်လေးတွေ သောက်ပေးပါ။ ကြက်သွန်နီမှ မဟုတ် ကြက်သွန်ဖြူမှာလည်း သွေးသန့်စေပြီး ခန္ဓာကိုယ်အရိုးဆစ်တွေကို သန်မာစေတဲ့ စွမ်းသတ္တိတွေ ပိုင်ဆိုင်ထားပါတယ်။
ဗီတာမင်စီကြွယ်ဝတဲ့ အစားစာများ
ကီဝီ ၊ စတော်ဘယ်ရီ ၊ ခရမ်းချဉ်သီး ၊ လိမ္မော်သီး ၊ နံနံပင်၊ ပန်းဂေါ်ဖီ အစရှိသဖြင့် ဒါတွေအားလုံးဟာ ကျန်းမာရေးအတွက် အထောက်ကူဖြစ်စေတဲ့ အစားစာတွေပါပဲ။ ထမင်းနဲ့ တွဲစားလို့ရသလို ထမင်းစားပြီးချိန် အချိုတည်းလို့ရတဲ့ အသီးနှံ့တွေလည်း ဖြစ်တာကြောင့် ပုံမှန်စားသုံးပေးဖို့ မမေ့ပါနဲ့။
အားဖြည့်ပေးတဲ့ အသား
အသားက လိုအပ်သလောက်စားပေးရင် ရပါတယ်။ အသားမှာ zinc, nutrient နဲ့ အခြားအာဟာရတွေပြည့်ဝတာကြောင့် အသားကောင်းကောင်းကို စားတတ်ဖို့လည်း လိုပါတယ်။ တစ်ပတ်ကို အသား ၁ဝဝဂရမ်စားပေးဖို့ လိုအပ်ပါတယ်။ အခွံမာသီး ၊ ပဲတောင့် နဲ့ ပင်ဘယ်စာတွေကလည်း ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top