iMyanmarHouse.com - Best Property Website for Myanmar
×




ေတာင္ကုိရီးယားမင္းသားေခ်ာ Jung Il Woo ဟာ စစ္မႈထမ္းေဆာင္ရာကေန ျပီးဆံုးသြားျပီျဖစ္လုိ႔ မၾကာခင္အႏုပညာေလာကထဲမွာ ျမင္ေတြ႔ရပါေတာ့မယ္။HB Entertainment က မင္းသားေခ်ာဟာ နုိ၀င္ဘာ ၃၀ရက္ေန႔၊ည ၁၂နာရီက စစ္မႈထမ္းေဆာင္ရတဲ႔တာ၀န္ျပီးဆံုးသြားျပီျဖစ္ေၾကာင္းအတည္ျပဳေၾကညာခဲ႔တာျဖစ္ပါတယ္။


Jung Il Woo ဟာ ၂၀၁၆ ဒီဇင္ဘာ ၇ရက္ေန႔က စစ္တပ္ထဲကုိ၀င္ေရာက္ခဲ႔တာျဖစ္ပါတယ္။ဒါေပမဲ႔ ၂၀၀၆ ခုႏွစ္တုန္းကျဖစ္ပြားခဲ႔တဲ႔ကားမေတာ္တဆမႈေၾကာင့္ public service worker အျဖစ္သာတာ၀န္ထမ္းေဆာင္ခဲ့ရပါတယ္။

အခုေတာ့ အႏုပညာေလာကထဲမွာ သူ႔ကိုျပန္ျပီးျမင္ေတြ႔ရေတာ့မွာပါ။မၾကာခင္သူ႔ကုိ “Haechi” ဆုိတဲ႔ နန္းတြင္းဇာတ္လမ္းတဲြတစ္ခုမွာ မင္းသမီး Go Ara ၊ မင္းသား Kwon Yool Park Hoon တုိ႔နဲ႔အတူ တြဲဖက္ျမင္ေတြ႔ရမွာျဖစ္ပါတယ္။ဒီဇာတ္ကားကုိေတာ့ ေနာက္ႏွစ္ ေဖေဖာ္၀ါရီလထဲမွာ အၾကိဳျပသႏိုင္ဖုိ႔ စီစဥ္ထားတယ္လုိ႔လည္းသိရပါတယ္။



Jung Jl Woo က ဒီဇာတ္လမ္းတြဲမွာ သာမန္လူတန္းစားမိခင္ျဖစ္လုိ႔ နန္းတက္ခြင့္မရွိဘူးလို႔ပိတ္ပင္ခံထားရတဲ႔ ေတာ္၀င္မင္းသားအျဖစ္သရုပ္ေဆာင္ထားတာပါ။Go Ara ကုိေတာ့ ဒီဇာတ္လမ္းတြဲမွာ ထက္ျမက္တဲ႔စံုစမ္းေရးမွဴးမေလးအျဖစ္ ျမင္ေတြ႔ရမွာပါ။သူမက ႏုိင္ငံျခားဘာသာစကားလည္းတတ္ကြ်မ္းျပီး သုိင္းပညာလည္း တတ္ေျမာက္ထားသူျဖစ္ပါတယ္။သူတုိ႔ၾကားမွာဘယ္လိုဇာတ္လမ္းအလွည့္အေျပာင္းေတြျဖစ္လာမလဲဆုိတာ စိတ္၀င္စားဖြယ္ၾကည့္ရႈရမယ့္နန္းတြင္းဇာတ္လမ္းတြဲတစ္ခုပါပဲ။


ကဲ ၂၀၁၉ ကေတာ့ ေကဒရာမာခ်စ္သူပရိသတ္ၾကီးအတြက္ ဇာတ္လမ္းတြဲေကာင္းေတြ တန္းစီေနတာပါပဲ။ဒီဇာတ္လမ္းတြဲေလးထြက္လာရင္လည္းအားေပးဖုိ႔မေမ့နဲ႔ေနာ္

Credit:Trend

# Unicode Version ျဖင့္ ဖတ္ပါ #

တောင်ကိုရီးယားမင်းသားချော Jung Il Woo ဟာ စစ်မှုထမ်းဆောင်ရာကနေ ပြီးဆုံးသွားပြီဖြစ်လို့ မကြာခင်အနုပညာလောကထဲမှာ မြင်တွေ့ရပါတော့မယ်။HB Entertainment က မင်းသားချောဟာ နိုဝင်ဘာ ၃၀ရက်နေ့၊ည ၁၂နာရီက စစ်မှုထမ်းဆောင်ရတဲ့တာဝန်ပြီးဆုံးသွားပြီဖြစ်ကြောင်းအတည်ပြုကြေညာခဲ့တာဖြစ်ပါတယ်။

Jung Il Woo ဟာ ၂၀၁၆ ဒီဇင်ဘာ ၇ရက်နေ့က စစ်တပ်ထဲကိုဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ ၂၀၀၆ ခုနှစ်တုန်းကဖြစ်ပွားခဲ့တဲ့ကားမတော်တဆမှုကြောင့် public service worker အဖြစ်သာတာဝန်ထမ်းဆောင်ခဲ့ရပါတယ်။

အခုတော့ အနုပညာလောကထဲမှာ သူ့ကိုပြန်ပြီးမြင်တွေ့ရတော့မှာပါ။မကြာခင်သူ့ကို “Haechi” ဆိုတဲ့ နန်းတွင်းဇာတ်လမ်းတွဲတစ်ခုမှာ မင်းသမီး Go Ara ၊ မင်းသား Kwon Yool Park Hoon တို့နဲ့အတူ တွဲဖက်မြင်တွေ့ရမှာဖြစ်ပါတယ်။ဒီဇာတ်ကားကိုတော့ နောက်နှစ် ဖေဖော်ဝါရီလထဲမှာ အကြိုပြသနိုင်ဖို့ စီစဉ်ထားတယ်လို့လည်းသိရပါတယ်။

Jung Jl Woo က ဒီဇာတ်လမ်းတွဲမှာ သာမန်လူတန်းစားမိခင်ဖြစ်လို့ နန်းတက်ခွင့်မရှိဘူးလို့ပိတ်ပင်ခံထားရတဲ့ တော်ဝင်မင်းသားအဖြစ်သရုပ်ဆောင်ထားတာပါ။Go Ara ကိုတော့ ဒီဇာတ်လမ်းတွဲမှာ ထက်မြက်တဲ့စုံစမ်းရေးမှူးမလေးအဖြစ် မြင်တွေ့ရမှာပါ။သူမက နိုင်ငံခြားဘာသာစကားလည်းတတ်ကျွမ်းပြီး သိုင်းပညာလည်း တတ်မြောက်ထားသူဖြစ်ပါတယ်။သူတို့ကြားမှာဘယ်လိုဇာတ်လမ်းအလှည့်အပြောင်းတွေဖြစ်လာမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်နန်းတွင်းဇာတ်လမ်းတွဲတစ်ခုပါပဲ။

ကဲ ၂၀၁၉ ကတော့ ကေဒရာမာချစ်သူပရိသတ်ကြီးအတွက် ဇာတ်လမ်းတွဲကောင်းတွေ တန်းစီနေတာပါပဲ။ဒီဇာတ်လမ်းတွဲလေးထွက်လာရင်လည်းအားပေးဖို့မမေ့နဲ့နော်
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top