iMyanmarHouse.com - Best Property Website for Myanmar
×



အကယ္ဒမီ ေမသန္းႏုက ဒီေန႔(ဒီဇင္ဘာလ ၁)ရက္ေန႔မွာပဲ တရားစခန္းဝင္ခဲ့တယ္လုိ႔ ဒါရုိက္တာ စင္ေရာ္ေမာင္ေမာင္က ဆုိပါ တယ္။ စင္ေရာ္ ေမာင္ေမာင္နဲ႔ ေမသန္းႏုတုိ႔ဟာ အႏုပညာအလုပ္ေတြသာမက ဘာသာေရးေတြမွာလည္း အခ်ိန္ေပးျဖစ္ေနၾကတာကုိ ေတြ႔ရပါတယ္။

 ေမသန္းႏုက လက္ရွိမွာ အႏုပညာအလုပ္ေတြ ဆက္တုိက္ လုပ္ေနတဲ့ ၾကားက သာသနာအက်ဳိးကုိ တစ္ဖက္တစ္လမ္းက အခ်ိန္ေပးေနသူလည္း ျဖစ္ပါတယ္။


'' Daw May Than Nu ! ဒီ ေန႔ တရားစခန္း စဝင္ၿပီ။ သာဓု သံုးႀကိမ္ ေခၚဆိုပါသည္ '' လုိ႔ ဒီဇင္ဘာလ ၁ ရက္ေန႔ မနက္ ၉ နာရီက စင္ေရာ္ ေမာင္ေမာင္ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့တာျဖစ္ပါတယ္။ အ့ဲဒီေနာက္ သားေလး မင္းသန္႔ေမာင္ေမာင္ နဲ႔ ေမသန္းႏု တုိ႔ရဲ႕  အမွတ္တရ ဓာတ္ပုံ ေလးကုိလည္း တင္ထားတာ ေတြ႔ရပါတယ္။ ဘယ္ေနရာမွာ တရားစခန္းဝင္တယ္၊ ဘယ္ႏွရက္ၾကာမယ္ ဆုိတာကုိေတာ့ ေျပာျပထားတာ စင္ေရာ္ေမာင္ေမာင္နဲ႔ ေမသန္းႏု တုိ႔ ေဖ့စ္ဘြတ္အေကာင့္မွာ ေျပာျပထားတာ မရွိပါဘူး။

ေမသန္းႏုဟာ သားျဖစ္သူ မင္းသန္႔ေမာင္ေမာင္၊ ခင္ပြန္းေဟာင္းျဖစ္သူ ဒါရုိက္တာ စင္ေရာ္ေမာင္ေမာင္ နဲ႔ အတူ ထာဝရ အေမ ဆုိတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးကုိ ရုိက္ကူးခဲ့ပါေသးတယ္။ ဒီဇာတ္ကားဟာ သူတုိ႔ မိသားစုအတြက္ ၁၂ ႏွစ္အၾကာမွာ အတူတူစုံၿပီး ရိုက္ကူးခဲ့တဲ့ ဇာတ္ကားျဖစ္လို႔ အမွတ္တရေတြလည္းရွိတယ္လို႕ သိရပါတယ္။


ဒါရိုက္တာ စင္ေရာ္ေမာင္ေမာင္ကလည္း၂၀၁၇ခုႏွစ္မွာ "ထာဝရအေမ" ရုပ္ရွင္ဇာတ္ကားနဲ႕ ဒါရိုက္တာဆု ကို ရရွိခဲ့ပါတယ္။ဒါရိုက္တာ စင္ေရာ္ ေမာင္ေမာင္ က ၁၉၉၄ ခုႏွစ္မွာ "တျပည္သူမေရႊထား" ရုပ္ရွင္ဇာတ္ကားႀကီးနဲ႔ အေကာင္းဆံုး ဒါရိုက္တာဆုကို ရရွိခဲ့ၿပီး ၂၀၀၄ ခုႏွစ္မွာ "လွ်ိဳ႕ဝွက္ေသာႏွင္း" ရုပ္ရွင္ဇာတ္ကားနဲ႕ အေကာင္းဆံုး ဒါရိုက္တာဆုကို ရရွိခဲ့ပါတယ္။


အဲ့ဒီေနာက္ သူတုိ႔ရဲ႕ တစ္ဦးတည္းေသာ သားျဖစ္သူ မင္းသန္႔ေမာင္ေမာင္ကုိလည္း ငယ္စဥ္ကတည္းက ေၾကာ္ျငာေတြရိုက္ကူးမႈေတြကေန ပရိသတ္သိရွိလာတာပါ။ မင္းသန္႕ေမာင္ေမာင္က လက္ရွိမွာေတာ့ အေမရိကန္ႏိုင္ငံရွိ Los Angeles, California, New York Film Academy School မွာ ပညာသင္ယူေနတာ ျဖစ္ပါတယ္။ ႏိုင္ငံျခားမွာ အႏုပညာဆိုင္ရာ ဘာသာရပ္မ်ားကို ေလ့လာေနတာျဖစ္ပါတယ္။

Credit:Duwun

# Unicode Version ျဖင့္ ဖတ္ပါ #

အကယ်ဒမီ မေသန်းနုက ဒီနေ့(ဒီဇင်ဘာလ ၁)ရက်နေ့မှာပဲ တရားစခန်းဝင်ခဲ့တယ်လို့ ဒါရိုက်တာ စင်ရော်မောင်မောင်က ဆိုပါ တယ်။ စင်ရော် မောင်မောင်နဲ့ မေသန်းနုတို့ဟာ အနုပညာအလုပ်တွေသာမက ဘာသာရေးတွေမှာလည်း အချိန်ပေးဖြစ်နေကြတာကို တွေ့ရပါတယ်။

 မေသန်းနုက လက်ရှိမှာ အနုပညာအလုပ်တွေ ဆက်တိုက် လုပ်နေတဲ့ ကြားက သာသနာအကျိုးကို တစ်ဖက်တစ်လမ်းက အချိန်ပေးနေသူလည်း ဖြစ်ပါတယ်။

'' Daw May Than Nu ! ဒီ နေ့ တရားစခန်း စဝင်ပြီ။ သာဓု သုံးကြိမ် ခေါ်ဆိုပါသည် '' လို့ ဒီဇင်ဘာလ ၁ ရက်နေ့ မနက် ၉ နာရီက စင်ရော် မောင်မောင်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် သားလေး မင်းသန့်မောင်မောင် နဲ့ မေသန်းနု တို့ရဲ့  အမှတ်တရ ဓာတ်ပုံ လေးကိုလည်း တင်ထားတာ တွေ့ရပါတယ်။ ဘယ်နေရာမှာ တရားစခန်းဝင်တယ်၊ ဘယ်နှရက်ကြာမယ် ဆိုတာကိုတော့ ပြောပြထားတာ စင်ရော်မောင်မောင်နဲ့ မေသန်းနု တို့ ဖေ့စ်ဘွတ်အကောင့်မှာ ပြောပြထားတာ မရှိပါဘူး။

မေသန်းနုဟာ သားဖြစ်သူ မင်းသန့်မောင်မောင်၊ ခင်ပွန်းဟောင်းဖြစ်သူ ဒါရိုက်တာ စင်ရော်မောင်မောင် နဲ့ အတူ ထာဝရ အမေ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခဲ့ပါသေးတယ်။ ဒီဇာတ်ကားဟာ သူတို့ မိသားစုအတွက် ၁၂ နှစ်အကြာမှာ အတူတူစုံပြီး ရိုက်ကူးခဲ့တဲ့ ဇာတ်ကားဖြစ်လို့ အမှတ်တရတွေလည်းရှိတယ်လို့ သိရပါတယ်။

ဒါရိုက်တာ စင်ရော်မောင်မောင်ကလည်း၂၀၁၇ခုနှစ်မှာ "ထာဝရအမေ" ရုပ်ရှင်ဇာတ်ကားနဲ့ ဒါရိုက်တာဆု ကို ရရှိခဲ့ပါတယ်။ဒါရိုက်တာ စင်ရော် မောင်မောင် က ၁၉၉၄ ခုနှစ်မှာ "တပြည်သူမရွှေထား" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ "လျှို့ဝှက်သောနှင်း" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့ပါတယ်။

အဲ့ဒီနောက် သူတို့ရဲ့ တစ်ဦးတည်းသော သားဖြစ်သူ မင်းသန့်မောင်မောင်ကိုလည်း ငယ်စဉ်ကတည်းက ကြော်ငြာတွေရိုက်ကူးမှုတွေကနေ ပရိသတ်သိရှိလာတာပါ။ မင်းသန့်မောင်မောင်က လက်ရှိမှာတော့ အမေရိကန်နိုင်ငံရှိ Los Angeles, California, New York Film Academy School မှာ ပညာသင်ယူနေတာ ဖြစ်ပါတယ်။ နိုင်ငံခြားမှာ အနုပညာဆိုင်ရာ ဘာသာရပ်များကို လေ့လာနေတာဖြစ်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top