iMyanmarHouse.com - Best Property Website for Myanmar
×


သ႐ုပ္ေဆာင္ ေငြမႈံရတီက သူပါဝင္ထားတဲ့ ႐ုပ္ရွင္ ဇာတ္ကားေတြလည္း လာမယ့္ႏွစ္မွာ ႐ုံတင္ဖို႔ရွိၿပီး လက္ရွိမွာေတာ့ အဆိုပိုင္းကို သင္ယူေနၿပီး အစ္မျဖစ္သူ ေ႐ႊမႈံရတီကိုလည္း မိသားစုဘဝ တည္ေထာင္လိုက္ၿပီျဖစ္တဲ့အတြက္ အႏုပညာအလုပ္ေတြကို ဆက္ထိန္းထား ေစခ်င္တယ္လို႔ ဆိုပါတယ္။

“ညီမ ေလာေလာဆယ္ေတာ့ အႏုပညာလႈပ္ရွားမႈ ဘာမွ မရွိဘူး။ ဓာတ္ပုံ႐ိုက္နဲ႔ ပြဲေတြတက္ေပါ့။ ၂၀၁၉ ထဲမွာေတာ့ အႏုပညာအလုပ္ေတြ ေတာက္ေလွ်ာက္ လုပ္ေတာ့မွာပါ။ ကားေတြလည္း ႐ိုက္မယ္။ သီခ်င္းေတြလည္း ဆိုျဖစ္မွာပါ။ ေလာေလာဆယ္ေတာ့ ႐ိုက္ဖို႔ မရွိဘူး။ ႐ုံတင္ဖို႔ေတာ့ ရွိတယ္။ အဆိုပိုင္းနဲ႔ ပတ္သက္ၿပီးေတာ့လည္း လုပ္ဖို႔ ရွိတယ္။ ေထြေထြထူးထူးေတာ့ ေလ့လာေနတာ သိပ္မရွိဘူး။ ဆရာေတြနဲ႔ စီနီယာေတြနဲ႔ သင္ဖို႔လည္း ရွိပါတယ္”လို႔ ေငြမႈံရတီက ေျပာပါတယ္။


ဆက္လက္ၿပီး ေငြမႈံရတီက အစ္မျဖစ္သူ ေ႐ႊမႈံရတီ သီဆိုထားတဲ့ “အမွား” ဆိုတဲ့သီခ်င္း အြန္လိုင္းမွာ ပရိသတ္ေတြ ႀကိဳက္ၾကေတာ့ အရမ္းဝမ္းသာတယ္လို႔ ဆိုပါတယ္။

“ေ႐ႊမႈံ႕ အသံက အဲ့မွာ အရမ္းေကာင္းတယ္။ သူ႔အသံလုံးက နည္းနည္း ႀကီးတယ္။ သူ႔ကို သီခ်င္းေတြ ထပ္ထုတ္ေစခ်င္တာေပါ့။ အသံလည္း ေကာင္းတယ္။ သူ႔ကို သီခ်င္းေတြ လုပ္ေစ ခ်င္တယ္။ သူက မိသားစုဘဝေလးကို တည္ေထာင္လိုက္ၿပီျဖစ္တဲ့အတြက္ အႏုပညာအလုပ္ေတြကိုလည္း ဆက္ထိန္းထားေစခ်င္တယ္။ အႏုပညာအလုပ္ေတြကို ေအာင္ျမင္ျမင္ေလး ဆက္လုပ္ေစခ်င္တယ္”လို႔ ေငြမႈံရတီက ေျပာပါတယ္။

“၂၀၁၈ မွာ ေပ်ာ္စရာေတြလည္း ရွိခဲ့သလို စိတ္ညစ္စရာေတြလည္း ရွိခဲ့ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ႏွစ္သစ္ေရာက္သြားရင္ စိတ္သစ္ လူသစ္နဲ႔ ေပ်ာ္႐ႊင္ရတာပါပဲ။ အဲ့ေတာ့ ႏွစ္ေဟာင္းကဟာေတြ ေမ့ၿပီး ႏွစ္သစ္မွာ ကိုယ္ဘယ္လိုေတြ Plan ေတြခ်မယ္ ဆိုတာကို စဥ္းစားၿပီးလုပ္ပါမယ္”လို႔လည္း ေငြမႈံရတီက သူမရဲ႕ ႏွစ္သစ္ အစီအစဥ္ေတြအေၾကာင္း ေျပာပါတယ္။

ေ႐ႊမႈံရတီရဲ႕ ညီမျဖစ္သူ ေငြမႈံရတီဟာ ဗီဒီယို ဇာတ္ကားေတာ္ေတာ္မ်ားမ်ား လက္ခံ႐ိုက္ကူးေနၿပီး အစ္မျဖစ္သူ ေ႐ႊမႈံရတီ ေအာင္ျမင္သလို ေငြမႈံရတီကလည္း ေအာင္ျမင္ေအာင္ ႀကိဳးစားေနတဲ့ သ႐ုပ္ေဆာင္တေယာက္ ျဖစ္ပါတယ္။

Credit: Irrawaddy

#Unicode Version#

သရုပ်ဆောင် ငွေမှုံရတီက သူပါဝင်ထားတဲ့ ရုပ်ရှင် ဇာတ်ကားတွေလည်း လာမယ့်နှစ်မှာ ရုံတင်ဖို့ရှိပြီး လက်ရှိမှာတော့ အဆိုပိုင်းကို သင်ယူနေပြီး အစ်မဖြစ်သူ ရွှေမှုံရတီကိုလည်း မိသားစုဘဝ တည်ထောင်လိုက်ပြီဖြစ်တဲ့အတွက် အနုပညာအလုပ်တွေကို ဆက်ထိန်းထား စေချင်တယ်လို့ ဆိုပါတယ်။

“ညီမ လောလောဆယ်တော့ အနုပညာလှုပ်ရှားမှု ဘာမှ မရှိဘူး။ ဓာတ်ပုံရိုက်နဲ့ ပွဲတွေတက်ပေါ့။ ၂၀၁၉ ထဲမှာတော့ အနုပညာအလုပ်တွေ တောက်လျှောက် လုပ်တော့မှာပါ။ ကားတွေလည်း ရိုက်မယ်။ သီချင်းတွေလည်း ဆိုဖြစ်မှာပါ။ လောလောဆယ်တော့ ရိုက်ဖို့ မရှိဘူး။ ရုံတင်ဖို့တော့ ရှိတယ်။ အဆိုပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း လုပ်ဖို့ ရှိတယ်။ ထွေထွေထူးထူးတော့ လေ့လာနေတာ သိပ်မရှိဘူး။ ဆရာတွေနဲ့ စီနီယာတွေနဲ့ သင်ဖို့လည်း ရှိပါတယ်”လို့ ငွေမှုံရတီက ပြောပါတယ်။


ဆက်လက်ပြီး ငွေမှုံရတီက အစ်မဖြစ်သူ ရွှေမှုံရတီ သီဆိုထားတဲ့ “အမှား” ဆိုတဲ့သီချင်း အွန်လိုင်းမှာ ပရိသတ်တွေ ကြိုက်ကြတော့ အရမ်းဝမ်းသာတယ်လို့ ဆိုပါတယ်။

“ရွှေမှုံ့ အသံက အဲ့မှာ အရမ်းကောင်းတယ်။ သူ့အသံလုံးက နည်းနည်း ကြီးတယ်။ သူ့ကို သီချင်းတွေ ထပ်ထုတ်စေချင်တာပေါ့။ အသံလည်း ကောင်းတယ်။ သူ့ကို သီချင်းတွေ လုပ်စေ ချင်တယ်။ သူက မိသားစုဘဝလေးကို တည်ထောင်လိုက်ပြီဖြစ်တဲ့အတွက် အနုပညာအလုပ်တွေကိုလည်း ဆက်ထိန်းထားစေချင်တယ်။ အနုပညာအလုပ်တွေကို အောင်မြင်မြင်လေး ဆက်လုပ်စေချင်တယ်”လို့ ငွေမှုံရတီက ပြောပါတယ်။

“၂၀၁၈ မှာ ပျော်စရာတွေလည်း ရှိခဲ့သလို စိတ်ညစ်စရာတွေလည်း ရှိခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်သစ်ရောက်သွားရင် စိတ်သစ် လူသစ်နဲ့ ပျော်ရွှင်ရတာပါပဲ။ အဲ့တော့ နှစ်ဟောင်းကဟာတွေ မေ့ပြီး နှစ်သစ်မှာ ကိုယ်ဘယ်လိုတွေ Plan တွေချမယ် ဆိုတာကို စဉ်းစားပြီးလုပ်ပါမယ်”လို့လည်း ငွေမှုံရတီက သူမရဲ့ နှစ်သစ် အစီအစဉ်တွေအကြောင်း ပြောပါတယ်။

ရွှေမှုံရတီရဲ့ ညီမဖြစ်သူ ငွေမှုံရတီဟာ ဗီဒီယို ဇာတ်ကားတော်တော်များများ လက်ခံရိုက်ကူးနေပြီး အစ်မဖြစ်သူ ရွှေမှုံရတီ အောင်မြင်သလို ငွေမှုံရတီကလည်း အောင်မြင်အောင် ကြိုးစားနေတဲ့ သရုပ်ဆောင်တယောက် ဖြစ်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top