iMyanmarHouse.com - Best Property Website for Myanmar
×


နည္းပညာေတြ တိုးတက္လာတဲ့ ဒီေန႕ေခတ္မွာ လုပ္ငန္းခြင္ အခ်ိန္မွာပဲျဖစ္ျဖစ္၊ မိမိရဲ႕ကိုယ္ပိုင္ အားလပ္ခ်ိန္ေတြမွာပဲျဖစ္ျဖစ္ ေန႕စဥ္ရက္ဆက္ ဆိုသလို စမတ္ဖုန္းေတြ၊ ကြန္ပ်ဴတာေတြ အသုံးျပဳေနၾကရပါတယ္။

နည္းပညာရဲ႕လႊမ္းမိုးမႈေအာက္မွာ အခ်ိန္ျပည့္နီးပါး မ်က္လုံးေတြဟာ အသုံးျပဳေနရတာေၾကာင့္ ပင္ပန္းႏြမ္းနယ္ေနတဲ့ မ်က္လုံးေတြကို သက္သာေစမယ့္ အိမ္တြင္းနည္းလမ္းအခ်ိဳ႕ကို မွ်ေဝေပးလိုက္ပါတယ္။

(၁) သခြားသီး


အိမ္ရဲ႕ မီးဖိုေခ်ာင္မွာ အလြယ္တကူရွိတဲ့ သခြားသီးကို အစိတ္ေလးေတြအျဖစ္ ပါးပါးလွီးကာ ေရခဲေသတၱာထဲ ခဏထည့္ထားၿပီး ေညာင္းညာေနတဲ့ မ်က္လုံးေတြေပၚကို ကပ္ေပးျခင္းအားျဖင့္ မ်က္လုံးပူတာ၊ မ်က္ရိုးကိုက္တာေတြနဲ႕ မ်က္စိေညာင္းညာတာေတြကို ထိထိေရာက္ေရာက္ သက္သာေစပါတယ္။

(၂) လက္ဖက္ေျခာက္ထုပ္ (Tea bags)


ေရေႏြးေသာက္ၿပီးတဲ့အခါ က်န္တဲ့ လက္ဖက္ေျခာက္ထုပ္ Tea bags ေလးေတြကို မလႊင့္ပစ္ဘဲ ေရခဲေသတၱာထဲ ထည့္ထားၿပီး မ်က္လုံးမွာ ကပ္ေပးျခင္းအားျဖင့္ မ်က္ကြင္းညိုတာနဲ႕ မ်က္လုံးနီျမန္း ေရာင္ရမ္းတာေတြကို သက္သာ ေပ်ာက္ကင္းေစပါတယ္။

(၃) အာလူး

ညဘက္ေတြမွာ ဖုန္းအသုံးျပဳမႈမ်ားတာေၾကာင့္ မနက္အိပ္ရာ အထမွာ မ်က္ရိုးေတြ ကိုက္ခဲေနတာမ်ိဳးနဲ႕ အိပ္ေရးမဝတဲ့ အခါမွာျဖစ္တတ္တဲ့ မ်က္တြင္းေတြ ခ်ိဳင့္ၿပီး မ်က္ကြင္းညိုေနတာမ်ိဳးေတြအတြက္ အာလူးကို ပါးပါးလွီးၿပီး မ်က္လုံးေပၚ ၁၅ မိနစ္ခန႔္ ကပ္ေပးျခင္းအားျဖင့္ သက္သာေပ်ာက္ကင္းေစပါတယ္။

(၄) ရွားေစာင္းလက္ပတ္

 ရွားေစာင္းလက္ပတ္ဟာ အလွအပနဲ႕ ခႏၶာကိုယ္ က်န္းမာေရးအတြက္သာမက ေညာင္းညာေနတဲ့ မ်က္လုံးအတြက္ပါ အသုံးဝင္ပါတယ္။ ရွားေစာင္းလက္ပပ္ဂ်ယ္ အနည္းငယ္ကို ဂြမ္း ဒါမွမဟုတ္ Cotton Pad ေပၚ အနည္းငယ္ သုတ္လိမ္းကာ မ်က္လုံးေတြေပၚ ၁၅ မိနစ္ခန႔္ကပ္ၿပီး ေရေအးေအးေလးနဲ႕ ျပန္လည္ေဆးေၾကာေပးျခင္းအားျဖင့္ မ်က္လုံးေတြကို ေအးျမေစမွာပါ။

Credit:cele.lwinpyin

# Unicode Version ျဖင့္ ဖတ္ပါ #

နည်းပညာတွေ တိုးတက်လာတဲ့ ဒီနေ့ခေတ်မှာ လုပ်ငန်းခွင် အချိန်မှာပဲဖြစ်ဖြစ်၊ မိမိရဲ့ကိုယ်ပိုင် အားလပ်ချိန်တွေမှာပဲဖြစ်ဖြစ် နေ့စဉ်ရက်ဆက် ဆိုသလို စမတ်ဖုန်းတွေ၊ ကွန်ပျူတာတွေ အသုံးပြုနေကြရပါတယ်။

နည်းပညာရဲ့လွှမ်းမိုးမှုအောက်မှာ အချိန်ပြည့်နီးပါး မျက်လုံးတွေဟာ အသုံးပြုနေရတာကြောင့် ပင်ပန်းနွမ်းနယ်နေတဲ့ မျက်လုံးတွေကို သက်သာစေမယ့် အိမ်တွင်းနည်းလမ်းအချို့ကို မျှဝေပေးလိုက်ပါတယ်။

(၁) သခွားသီး

အိမ်ရဲ့ မီးဖိုချောင်မှာ အလွယ်တကူရှိတဲ့ သခွားသီးကို အစိတ်လေးတွေအဖြစ် ပါးပါးလှီးကာ ရေခဲသေတ္တာထဲ ခဏထည့်ထားပြီး ညောင်းညာနေတဲ့ မျက်လုံးတွေပေါ်ကို ကပ်ပေးခြင်းအားဖြင့် မျက်လုံးပူတာ၊ မျက်ရိုးကိုက်တာတွေနဲ့ မျက်စိညောင်းညာတာတွေကို ထိထိရောက်ရောက် သက်သာစေပါတယ်။

(၂) လက်ဖက်ခြောက်ထုပ် (Tea bags)

ရေနွေးသောက်ပြီးတဲ့အခါ ကျန်တဲ့ လက်ဖက်ခြောက်ထုပ် Tea bags လေးတွေကို မလွှင့်ပစ်ဘဲ ရေခဲသေတ္တာထဲ ထည့်ထားပြီး မျက်လုံးမှာ ကပ်ပေးခြင်းအားဖြင့် မျက်ကွင်းညိုတာနဲ့ မျက်လုံးနီမြန်း ရောင်ရမ်းတာတွေကို သက်သာ ပျောက်ကင်းစေပါတယ်။

(၃) အာလူး

ညဘက်တွေမှာ ဖုန်းအသုံးပြုမှုများတာကြောင့် မနက်အိပ်ရာ အထမှာ မျက်ရိုးတွေ ကိုက်ခဲနေတာမျိုးနဲ့ အိပ်ရေးမဝတဲ့ အခါမှာဖြစ်တတ်တဲ့ မျက်တွင်းတွေ ချိုင့်ပြီး မျက်ကွင်းညိုနေတာမျိုးတွေအတွက် အာလူးကို ပါးပါးလှီးပြီး မျက်လုံးပေါ် ၁၅ မိနစ်ခန့် ကပ်ပေးခြင်းအားဖြင့် သက်သာပျောက်ကင်းစေပါတယ်။

(၄) ရှားစောင်းလက်ပတ်

 ရှားစောင်းလက်ပတ်ဟာ အလှအပနဲ့ ခန္ဓာကိုယ် ကျန်းမာရေးအတွက်သာမက ညောင်းညာနေတဲ့ မျက်လုံးအတွက်ပါ အသုံးဝင်ပါတယ်။ ရှားစောင်းလက်ပပ်ဂျယ် အနည်းငယ်ကို ဂွမ်း ဒါမှမဟုတ် Cotton Pad ပေါ် အနည်းငယ် သုတ်လိမ်းကာ မျက်လုံးတွေပေါ် ၁၅ မိနစ်ခန့်ကပ်ပြီး ရေအေးအေးလေးနဲ့ ပြန်လည်ဆေးကြောပေးခြင်းအားဖြင့် မျက်လုံးတွေကို အေးမြစေမှာပါ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top