iMyanmarHouse.com - Best Property Website for Myanmar
×








Credit:Burmese.asia

# Unicode Version ဖြင့် ဖတ်ပါ #

MRTV ရဲ့ မြန်မာဇာတ်လမ်းတွဲတွေကနေ အောင်မြင်ကျော်ကြားလာခဲ့တဲ့ သရုပ်ဆောင်မေမြင့်မိုရ်ဆိုရင် ပရိတ်သတ်တွေ သိကြမှာပါ။ ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးနဲ့ ယခုဆိုရင်တော့ ပရိတ်သတ်တွေရဲ့ အခိုင်အမာအားပေးမှုတွေကို ရရှိထားတဲ့ သူတစ်ဦးဖြစ်ပါတယ်။ အနုပညာလမ်းကြောင်းမှာ အကောင်းဆုံးကြိုးစားလျှောက်လှမ်းနေပြီး ပရိတ်သတ်တွေ အတွက် ကြိုးစားနေသူတစ်ဦး ပဲ ဖြစ်ပါတယ်။

အနုပညာသမားဖြစ်တာကြောင့် အရာရာကို စနစ်ကျစွာနဲ့ စီမံလုပ်ဆောင်ရပြီ အချိန်ကို တန်ဖိုးထားတတ်တဲ့ မင်းသမီး တစ်လက်ဖြစ်တယ်ဆိုတာ ကို သူမရဲ့ လူမှုကွန်ရက်ပေါ်မှာ တင်ထားတဲ့ post တစ်ခုက အရမ်းကို သိသာထင်ရှားစေခဲ့ပါတယ်။

လူမျိုးစုံနဲ့ တွေ့ဆုံ ဆက်ဆံရတဲ့ အနုပညာအသိုင်းအဝိုင်းမှာ အလုပ်ကို ပေါ့ပေါ့ဆဆ အလေးမထားတဲ့ သူတွေကို မေမြင့်မိုရ်တစ်ယောက် စိတ်တိုပြီး သူတို့နဲ့အလုပ်တွဲမလုပ်မိစေဖို့ အတွက် ပရိတ်သတ်တွေကို ပြန်လည် မျှဝေထားတာဖြစ်ပါတယ်။

” ဇေယျာ(မိတ်ကပ်)နဲ့ ဇော်ဇော်မင်း(ကွီး) အလုပ်ကိုအလုပ်နဲ့မတူတဲ့အပြင်အလုပ်တွေလုပ်တဲ့အခါမှာလဲ အလုပ်တွေလဲအမြဲနောက်ကျပြီးအဆင်မပြေခဲ့ပါဘူး အလုပ်တစ်ခုကိုမလေးမစားနဲ့အချိန်ကြာကြာလက်တွဲခဲ့ရုံမှမထောက် ဒီတစ်ခါအလုပ်လုပ်တဲ့အခါစကားနဲ့အပြောမညီတဲ့အပြင် စကားကိုဗလောင်းဗလဲပြောခဲ့လို့ အရမ်းကိုဒေါသထွက်ပါတယ် တစ်ခါမှလဲဒီလိုမတင်ဖူးပါဘူး ဒီလူတွေနဲ့မပက်သက်မိဖို့ကြိုပြောထားတာပါရှင့်…” ဆိုပြီး အလုပ်တာဝန်မကျေတဲ့ လူနှစ်ယောက်ကြောင့် စိတ် အနောက်အယှက်ဖြစ်ခဲ့တဲ့ အကြောင်း ပြောပြထားတာ ဖြစ်ပါတယ်။
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top