iMyanmarHouse.com - Best Property Website for Myanmar
×



ေခါင္းေလွ်ာ္တဲ့အခါ အသုံးျပဳေလ့ရွိၾကတဲ့ ဆံပင္ေပ်ာ့ေဆးဟာ ဆံသားေတြကို ေပ်ာ့ေျပာင္းသန္စြမ္းေစ႐ုံသာမကဘဲ တျခားေသာ နည္းလမ္းေတြနဲ႔လည္း အသုံးျပဳႏိုင္တာေၾကာင့္ ဆံပင္ေပ်ာ့ေဆးရဲ႕ လူသိနည္းတဲ့ အသုံးဝင္ပုံနည္းလမ္း ေတြကို ျပန္လည္မွ်ေဝေပးလိုက္ရပါတယ္။

(၁) သံထည္ပစၥည္းေတြဟာ အခ်ိန္ၾကာလာတာနဲ႔အမွ် သံေခ်းတက္တတ္ၾကၿပီး ဒါကို အေကာင္းဆုံးကာကြယ္ေပးႏိုင္တဲ့ နည္းလမ္းကေတာ့ ဆံပင္ေပ်ာ့ေဆးကို သံထည္ပစၥည္းေတြမွာ သုတ္လိမ္းေပးထားျခင္းအားျဖင့္ ႀကိဳတင္ကာကြယ္ ေပးႏိုင္မွာပဲ ျဖစ္ပါတယ္။


(၂) လည္ရွည္ဖိနပ္ေတြနဲ႔ ရႈးဖိနပ္ေတြ အေရာင္ေတာက္ပမႈမရွိဘဲ မြဲေျခာက္ေျခာက္ျဖစ္လာတဲ့အခါမ်ိဳးေတြမွာ ဆံပင္ေပ်ာ့ေဆးအနည္းငယ္ကို အဝတ္စေလးနဲ႔သုတ္ၿပီး ရႈးဖိနပ္ေတြကို ပြတ္တိုက္ေပးျခင္းအားျဖင့္ ဖိနပ္ေတြကို ျပန္လည္ေတာက္ေျပာင္လာေစမွာ ျဖစ္ပါတယ္။

(၃) သင္ဟာ ေန႔စဥ္နဲ႔အမွ် မိတ္ကပ္လိမ္းျပင္ဆင္သူတဦးဆိုရင္ေတာ့ မိတ္ကပ္ဘရပ္ရွ္ေတြရဲ႕သန႔္ရွင္းမႈဟာ အလြန္အေရးႀကီးလွပါတယ္။ မိတ္ကပ္ဘရပ္ရွ္ေတြကို ဆံပင္ေပ်ာ့ေဆးအနည္းငယ္နဲ႔ ေရတို႔ကို ေရာစပ္ကာ သန႔္ရွင္းေရးျပဳလုပ္ေပးႏိုင္ပါတယ္။

(၄) အမ်ိဳးသားေတြ မုတ္ဆိတ္ရိတ္တဲ့အခါမ်ိဳးေတြနဲ႔ အမ်ိဳးသမီးေတြ ေျခသလုံးေမႊးရိတ္တဲ့အခါမ်ိဳးေတြမွာ ဆံပင္ေပ်ာ့ေဆးကို lotion အျဖစ္နဲ႔ သုတ္လိမ္းၿပီးမွ ရိတ္ျခင္းက ၾကမ္းရွရွျဖစ္ျခင္းနဲ႔ စပ္ဖ်ဥ္းဖ်ဥ္းေဝဒနာေတြကို သက္သာေစမွာ ျဖစ္ပါတယ္။

(၅) လက္မွာ ၾကာရွည္စြဲၿမဲစြာ ဝတ္ဆင္ထားတဲ့ လက္စြပ္ေတြဟာ တခါတရံမွာ ခြၽတ္ရခက္ခဲျခင္းေၾကာင့္ စိတ္အေႏွာင့္အယွက္ ျဖစ္ရတတ္ပါတယ္။ ဒီလိုမ်ိဳး လက္စြပ္ေတြ ခြၽတ္ရခက္ေနရင္ေတာ့ ဆံပင္ေပ်ာ့ေဆးအနည္းငယ္ကို လက္စြပ္ဝတ္ထားတဲ့ လက္ေခ်ာင္းတဝိုက္မွာ သုတ္လိမ္းေပးျခင္းအားျဖင့္ နာက်င္မႈမရွိဘဲ လြယ္လြယ္ကူကူ ျဖစ္ေစမွာျဖစ္ပါတယ္။

(၆) လြယ္အိတ္ဇစ္ေတြနဲ႔ ဇစ္ပါတဲ့ အက်ႌေတြ မွာ ဇစ္တပ္ရ၊ျဖဳတ္ရခက္တဲ့ အခက္အခဲကိုေတာ့ ဆံပင္ေပ်ာ့ေဆး အနည္းငယ္ကို ဇစ္လမ္းေၾကာင္းတဝိုက္မွာ သုတ္လိမ္းေပး႐ုံနဲ႔ လြယ္ကူလ်င္ျမန္စြာ တပ္ႏိုင္၊ျဖဳတ္ႏိုင္မွာပဲ ျဖစ္ပါတယ္။

Credit:Irrawaddy

# Unicode Version ျဖင့္ ဖတ္ပါ #

ခေါင်းလျှော်တဲ့အခါ အသုံးပြုလေ့ရှိကြတဲ့ ဆံပင်ပျော့ဆေးဟာ ဆံသားတွေကို ပျော့ပြောင်းသန်စွမ်းစေရုံသာမကဘဲ တခြားသော နည်းလမ်းတွေနဲ့လည်း အသုံးပြုနိုင်တာကြောင့် ဆံပင်ပျော့ဆေးရဲ့ လူသိနည်းတဲ့ အသုံးဝင်ပုံနည်းလမ်း တွေကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

(၁) သံထည်ပစ္စည်းတွေဟာ အချိန်ကြာလာတာနဲ့အမျှ သံချေးတက်တတ်ကြပြီး ဒါကို အကောင်းဆုံးကာကွယ်ပေးနိုင်တဲ့ နည်းလမ်းကတော့ ဆံပင်ပျော့ဆေးကို သံထည်ပစ္စည်းတွေမှာ သုတ်လိမ်းပေးထားခြင်းအားဖြင့် ကြိုတင်ကာကွယ် ပေးနိုင်မှာပဲ ဖြစ်ပါတယ်။


(၂) လည်ရှည်ဖိနပ်တွေနဲ့ ရှုးဖိနပ်တွေ အရောင်တောက်ပမှုမရှိဘဲ မွဲခြောက်ခြောက်ဖြစ်လာတဲ့အခါမျိုးတွေမှာ ဆံပင်ပျော့ဆေးအနည်းငယ်ကို အဝတ်စလေးနဲ့သုတ်ပြီး ရှုးဖိနပ်တွေကို ပွတ်တိုက်ပေးခြင်းအားဖြင့် ဖိနပ်တွေကို ပြန်လည်တောက်ပြောင်လာစေမှာ ဖြစ်ပါတယ်။

(၃) သင်ဟာ နေ့စဉ်နဲ့အမျှ မိတ်ကပ်လိမ်းပြင်ဆင်သူတဦးဆိုရင်တော့ မိတ်ကပ်ဘရပ်ရှ်တွေရဲ့သန့်ရှင်းမှုဟာ အလွန်အရေးကြီးလှပါတယ်။ မိတ်ကပ်ဘရပ်ရှ်တွေကို ဆံပင်ပျော့ဆေးအနည်းငယ်နဲ့ ရေတို့ကို ရောစပ်ကာ သန့်ရှင်းရေးပြုလုပ်ပေးနိုင်ပါတယ်။

(၄) အမျိုးသားတွေ မုတ်ဆိတ်ရိတ်တဲ့အခါမျိုးတွေနဲ့ အမျိုးသမီးတွေ ခြေသလုံးမွှေးရိတ်တဲ့အခါမျိုးတွေမှာ ဆံပင်ပျော့ဆေးကို lotion အဖြစ်နဲ့ သုတ်လိမ်းပြီးမှ ရိတ်ခြင်းက ကြမ်းရှရှဖြစ်ခြင်းနဲ့ စပ်ဖျဉ်းဖျဉ်းဝေဒနာတွေကို သက်သာစေမှာ ဖြစ်ပါတယ်။

(၅) လက်မှာ ကြာရှည်စွဲမြဲစွာ ဝတ်ဆင်ထားတဲ့ လက်စွပ်တွေဟာ တခါတရံမှာ ချွတ်ရခက်ခဲခြင်းကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတတ်ပါတယ်။ ဒီလိုမျိုး လက်စွပ်တွေ ချွတ်ရခက်နေရင်တော့ ဆံပင်ပျော့ဆေးအနည်းငယ်ကို လက်စွပ်ဝတ်ထားတဲ့ လက်ချောင်းတဝိုက်မှာ သုတ်လိမ်းပေးခြင်းအားဖြင့် နာကျင်မှုမရှိဘဲ လွယ်လွယ်ကူကူ ဖြစ်စေမှာဖြစ်ပါတယ်။

(၆) လွယ်အိတ်ဇစ်တွေနဲ့ ဇစ်ပါတဲ့ အင်္ကျီတွေ မှာ ဇစ်တပ်ရ၊ဖြုတ်ရခက်တဲ့ အခက်အခဲကိုတော့ ဆံပင်ပျော့ဆေး အနည်းငယ်ကို ဇစ်လမ်းကြောင်းတဝိုက်မှာ သုတ်လိမ်းပေးရုံနဲ့ လွယ်ကူလျင်မြန်စွာ တပ်နိုင်၊ဖြုတ်နိုင်မှာပဲ ဖြစ်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top