iMyanmarHouse.com - Best Property Website for Myanmar
×


အိစိေကြးက သံဃာေတာ္ အပါး ၁၃၀၀ေက်ာ္ကုိ သူငယ္ခ်င္းေတြနဲ႔အတူ အာရုဏ္ဆြမ္းကပ္လွဴခဲ့တယ္လုိ႔ ဆုိပါတယ္။ အလွဴအတန္းနဲ႔ ပတ္သက္ လာရင္ေတာ့ အားတက္သေရာ ပါဝင္တတ္သူျဖစ္ပါတယ္။

သရုပ္ေဆာင္ အိစိေကြးက ကုသုိလ္ေရးေတြနဲ႔ ပတ္သက္ၿပီး အားတက္သေရာ ေဆာင္ရြက္တတ္သူျဖစ္ပါတယ္။ အခုလည္း သူငယ္ခ်င္းေတြ နဲ႔ အတူ သံဃာေတာ္ အပါး ၁၃၀၀ ကုိ ဆြမ္းကပ္အလွဴ ျပဳလုပ္ခဲ့တဲ့ ပီတိစကားသံကုိလည္း အခုလုိ ေျပာျပခဲ့ဖူးပါတယ္။


'' ဒီေန႔ မနက္ မဟာဝိဟာရေက်ာင္းတိုက္ရွိ သံဃာေတာ္ အပါး ၁၃၀၀ ေက်ာ္နီးပါးကို အာ႐ုဏ္ဆြမ္း ကပ္လႉကုသိုလ္ယူ လုပ္အားလည္းပါဝင္'' ဆုိၿပီးေတာ့ ဒီဇင္ဘာလ ၆ ရက္ေန႔ မနက္ ၆ နာရီ ၄၇ မိနစ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာေရးသားခဲ့ပါတယ္။ အဲ့ဒီေနာက္ ဆြမ္းေလာင္း အလွဴမွာရွိတဲ့ အမွတ္တရ ပုံရိပ္ေလးေတြကုိလည္း တင္ခဲ့ပါေသးတယ္။

အလွဴအတန္းေတြနဲ႕ ပတ္သက္လာရင္ လက္မေႏွးတတ္တဲ့ အိစိေကြးက အခုလိုမ်ိဳး အလွဴအတန္းေတြ ဆက္တိုက္ လုပ္ျဖစ္ေနတာက မိခင္ ေၾကာင့္ပါတဲ့။ ငယ္စဥ္ကတည္းက မိခင္က ဘုန္းႀကီးေတြ၊ အေမအိုေတြသာမက အလွဴနဲ႕ ပတ္သက္လာရင္ အၿမဲတမ္း လွဴခုိင္းတတ္တဲ့ အက်င့္ ေလး လုပ္ေပးထားတာေၾကာင့္ အခုအခ်ိန္မွာ မလွဴရရင္ မေနႏိုုင္တဲ့ အက်င့္ေလး တစ္ခုျဖစ္ေနတာလိုမီဒီယာေတြကေနတဆင့္ ေျပာျပခဲ့ပါ တယ္။


"အလွဴအတန္းဆုိတာက ငယ္ငယ္ေလးကတည္းက ဝါသနာပါတဲ့အရာေပါ့။ အေမက ငယ္ငယ္ေလးကတည္းက ဘုန္းဘုန္းေတြ ေတြ႔ရင္ပဲ ျဖစ္ျဖစ္၊ အေမအိုႀကီးေတြ ေတြ႔ရင္ပဲ ျဖစ္ျဖစ္ အျမဲတမ္းလွဴခုိင္းတာေလ။ အဲ့ဒီကေနမွ တဆင့္ အက်င့္ျဖစ္သြားၿပီးေတာ့ အခုဆုိ ေတြးလုိက္ရင္ မလွဴရရင္ မေနႏုိင္ဘူး ေက်ာ္သြားလုိ႔လည္း မျဖစ္ႏုိင္ဘူးဆုိေတာ့ လွဴျဖစ္ေနတာပါ'' လို႕ အိစိေကြးက ေျပာပါတယ္။

အလွဴနဲ႕ ပတ္သက္ရင္ အၿမဲတမ္း လွဴမွန္းသိတဲ့အတြက္ သူ႕ဆီကို အကုန္လံုးက အလွဴလာခံၾကတာေတြ ရွိတယ္လို႕ ဆုိပါတယ္။ အဲ့လို အခ်ိန္ မ်ိဳး မွာလည္း မျငင္းရက္ဘဲ လွဴျဖစ္တယ္လို႕ သူက ေျပာပါတယ္။ အရင္လို အလုပ္ေတြ အမ်ားႀကီး မလုပ္ျဖစ္ေသးတဲ့ အခ်ိန္ျဖစ္တာ ေၾကာင့္ လွဴတာ တန္းတာနဲ႕ ပတ္သက္ၿပီး ခ်င့္ခ်ိန္ရတဲ့ အခါေလးေတြေတာ့ ရွိေနတယ္လို႕ အိစိေကြးက Duwun Media ကို ေျပာျပခဲ့ဖူးပါတယ္။


ကေလးသရုပ္ေဆာင္အရြယ္ကတည္းကေန အႏုပညာအလုပ္ေတြ လုပ္လာတဲ့ အိစိေကြးကုိေတာ့ အခုခ်ိန္ထိ ပရိသတ္ေတြက အရမ္းကုိခ်စ္ခင္ အားေပး လွ်က္ရွိၾကပါတယ္။ သူ႔အေနနဲ႔ အခုအရြယ္မွာ ေမာ္ဒယ္လ္မင္းသားေတြလုိ အရပ္အေမာင္း၊ ခႏၶာကုိယ္အခ်ိဳးအစားေတြ မရွိေပမယ့္ အိစိေကြး ကုိအားေပးၾကတဲ့ ပရိသတ္ေတြဟာ သရုပ္ေဆာင္အရည္အခ်င္းကုိသာ အားေပးၾကတာျဖစ္တယ္လုိ႔ သိရပါတယ္။

Credit:Duwun

# Unicode Version ျဖင့္ ဖတ္ပါ #

အိစိကွေးက သံဃာတော် အပါး ၁၃၀၀ကျော်ကို သူငယ်ချင်းတွေနဲ့အတူ အာရုဏ်ဆွမ်းကပ်လှူခဲ့တယ်လို့ ဆိုပါတယ်။ အလှူအတန်းနဲ့ ပတ်သက် လာရင်တော့ အားတက်သရော ပါဝင်တတ်သူဖြစ်ပါတယ်။

သရုပ်ဆောင် အိစိကွေးက ကုသိုလ်ရေးတွေနဲ့ ပတ်သက်ပြီး အားတက်သရော ဆောင်ရွက်တတ်သူဖြစ်ပါတယ်။ အခုလည်း သူငယ်ချင်းတွေ နဲ့ အတူ သံဃာတော် အပါး ၁၃၀၀ ကို ဆွမ်းကပ်အလှူ ပြုလုပ်ခဲ့တဲ့ ပီတိစကားသံကိုလည်း အခုလို ပြောပြခဲ့ဖူးပါတယ်။

'' ဒီနေ့ မနက် မဟာဝိဟာရကျောင်းတိုက်ရှိ သံဃာတော် အပါး ၁၃၀၀ ကျော်နီးပါးကို အာရုဏ်ဆွမ်း ကပ်လှူကုသိုလ်ယူ လုပ်အားလည်းပါဝင်'' ဆိုပြီးတော့ ဒီဇင်ဘာလ ၆ ရက်နေ့ မနက် ၆ နာရီ ၄၇ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားခဲ့ပါတယ်။ အဲ့ဒီနောက် ဆွမ်းလောင်း အလှူမှာရှိတဲ့ အမှတ်တရ ပုံရိပ်လေးတွေကိုလည်း တင်ခဲ့ပါသေးတယ်။

အလှူအတန်းတွေနဲ့ ပတ်သက်လာရင် လက်မနှေးတတ်တဲ့ အိစိကွေးက အခုလိုမျိုး အလှူအတန်းတွေ ဆက်တိုက် လုပ်ဖြစ်နေတာက မိခင် ကြောင့်ပါတဲ့။ ငယ်စဉ်ကတည်းက မိခင်က ဘုန်းကြီးတွေ၊ အမေအိုတွေသာမက အလှူနဲ့ ပတ်သက်လာရင် အမြဲတမ်း လှူခိုင်းတတ်တဲ့ အကျင့် လေး လုပ်ပေးထားတာကြောင့် အခုအချိန်မှာ မလှူရရင် မနေနိုင်တဲ့ အကျင့်လေး တစ်ခုဖြစ်နေတာလိုမီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါ တယ်။

"အလှူအတန်းဆိုတာက ငယ်ငယ်လေးကတည်းက ဝါသနာပါတဲ့အရာပေါ့။ အမေက ငယ်ငယ်လေးကတည်းက ဘုန်းဘုန်းတွေ တွေ့ရင်ပဲ ဖြစ်ဖြစ်၊ အမေအိုကြီးတွေ တွေ့ရင်ပဲ ဖြစ်ဖြစ် အမြဲတမ်းလှူခိုင်းတာလေ။ အဲ့ဒီကနေမှ တဆင့် အကျင့်ဖြစ်သွားပြီးတော့ အခုဆို တွေးလိုက်ရင် မလှူရရင် မနေနိုင်ဘူး ကျော်သွားလို့လည်း မဖြစ်နိုင်ဘူးဆိုတော့ လှူဖြစ်နေတာပါ'' လို့ အိစိကွေးက ပြောပါတယ်။

အလှူနဲ့ ပတ်သက်ရင် အမြဲတမ်း လှူမှန်းသိတဲ့အတွက် သူ့ဆီကို အကုန်လုံးက အလှူလာခံကြတာတွေ ရှိတယ်လို့ ဆိုပါတယ်။ အဲ့လို အချိန် မျိုး မှာလည်း မငြင်းရက်ဘဲ လှူဖြစ်တယ်လို့ သူက ပြောပါတယ်။ အရင်လို အလုပ်တွေ အများကြီး မလုပ်ဖြစ်သေးတဲ့ အချိန်ဖြစ်တာ ကြောင့် လှူတာ တန်းတာနဲ့ ပတ်သက်ပြီး ချင့်ချိန်ရတဲ့ အခါလေးတွေတော့ ရှိနေတယ်လို့ အိစိကွေးက Duwun Media ကို ပြောပြခဲ့ဖူးပါတယ်။

ကလေးသရုပ်ဆောင်အရွယ်ကတည်းကနေ အနုပညာအလုပ်တွေ လုပ်လာတဲ့ အိစိကွေးကိုတော့ အခုချိန်ထိ ပရိသတ်တွေက အရမ်းကိုချစ်ခင် အားပေး လျှက်ရှိကြပါတယ်။ သူ့အနေနဲ့ အခုအရွယ်မှာ မော်ဒယ်လ်မင်းသားတွေလို အရပ်အမောင်း၊ ခန္ဓာကိုယ်အချိုးအစားတွေ မရှိပေမယ့် အိစိကွေး ကိုအားပေးကြတဲ့ ပရိသတ်တွေဟာ သရုပ်ဆောင်အရည်အချင်းကိုသာ အားပေးကြတာဖြစ်တယ်လို့ သိရပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top