iMyanmarHouse.com - Best Property Website for Myanmar
×



ဒါရုိက္တာမုိက္တီး၊ သရုပ္ေဆာင္ ခ်စ္ခ်စ္ေဇာ္နဲ႔ သရုပ္ေဆာင္ လင္းဇာနည္ေဇာ္တုိ႔ရဲ႕ ဖခင္ႀကီး ဒါရုိက္တာဦးခင္ေဇာ္ ကြယ္လြန္သြားၿပီလုိ႔ သိရပါတယ္။ သားျဖစ္သူ ဒါရုိက္တာ မုိက္တီးကေတာ့ မူးယစ္ေဆး၀ါး ႏွင့္စိတ္ကို ေျပာင္းလဲေစ ေသာ ေဆး၀ါးမ်ား ဆိုင္ရာဥပေဒ ပုဒ္မ ၁၆(ဂ) နဲ႔ အေရးယူျခင္းခံထားရတာျဖစ္ပါတယ္။

ဒါရုိက္တာမုိက္တီး၊ သရုပ္ေဆာင္ ခ်စ္္ခ်စ္ေဇာ္၊ လင္းဇာနည္ေဇာ္ တုိ႔ရဲ႕ ဖခင္ျဖစ္သူ ဒါရုိက္တာႀကီး ဦးခင္ေဇာ္က ဒီဇင္ဘာလ ၃ရက္ေန႔ ညမွာပဲ ကြယ္လြန္သြားၿပီလုိ႔ သိရပါတယ္။ ဒီ့အတြက္ေၾကာင့္လည္း မိသားစုေတြနဲ႔ ထပ္တူ အႏုပညာအသုိင္းအဝုိင္းကလည္း စိတ္မေကာင္း ျဖစ္လုိ႔ေနပါတယ္။


'' ၃ ၁၂ ၂၀၁၈ေန႔ည ၁၁နာရီ၅၅မိနစ္တြင္ကြယ္လြန္အနိစၥေရာက္သြားသည့္ကၽြန္ေတာ့္ဆရာဦးခင္ေဇာ္ မိသားစုႏွင့္ထပ္တူ ဝမ္းနည္း ေၾကကြဲရပါသည္'' ဆုိၿပီးေတာ့ ျမန္မာႏုိင္ငံရုပ္ရွင္အစည္းအရုံးရဲဲ႕ ဒု-ဥကၠဌျဖစ္သူ ဦးေအးၾကဴေလး ရဲ႕ ေဖ့စ္ဘြတ္အေကာင့္မွာ ဒီဇင္ဘာလ ၄ ရက္ေန႔ မနက္ ၇ နာရီက တင္ခဲ့တာကုိ ေတြ႔ရပါတယ္။

ဒါရိုက္တာ ဦးခင္ေဇာ္ဟာ တစ္ေခတ္တခါက ေအာင္ျမင္ခဲ့တဲ့ ဒါရိုက္တာ တစ္ဦးျဖစ္ခဲ့ပါတယ္။ အဲ့ဒီေနာက္ သူကုိယ္တုိင္ရိုက္ကူးခဲ့တဲ့ ရုပ္ရွင္ဇာတ္ကားႀကီးေတြကလည္း ပရိသတ္အားေပးမႈ မ်ားစြာ ရရွိခဲ့တာျဖစ္ပါတယ္။ ဦးခင္ေဇာ္က က်န္းမာေရးအေျခအေနေၾကာင့္ အိမ္ယာထဲ လဲေနခဲ့တာ ၾကာၿပီလို႔ သိရပါတယ္။


လက္ရွိမွာေတာ့ ဒါရုိက္တာႀကီး ဦးခင္ေဇာ္ရဲ႕ သားျဖစ္သူ ဒါရုိက္တာ မုိက္တီးကလည္း  မူးယစ္ေဆး၀ါး ႏွင့္စိတ္ကို ေျပာင္းလဲေစ ေသာ ေဆး၀ါးမ်ား ဆိုင္ရာဥပေဒ ပုဒ္မ ၁၆(ဂ) နဲ႔ အေရးယူျခင္းခံထားရတာျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ ဖခင္ႀကီးရဲ႕ က်န္းမာေရး အေျခအေနကုိ သရုပ္ေဆာင္ ခ်စ္ခ်စ္ေဇာ္နဲ႔ လင္းဇာနည္ေဇာ္တုိ႔က အနီးကပ္ ေစာင့္ေရွာက္ေပးေနၾကတာပါ။

လင္းဇာနည္ေဇာ္နဲ႔ ခ်စ္ခ်စ္ေဇာ္ဟာ တစ္ခ်ိန္တုန္းက ေအာင္ျမင္မႈမ်ားစြာ ရရွိခဲ့တဲ့ မင္းသမီးေခ်ာ ေတြျဖစ္ၾကပါတယ္။  ဖခင္ျဖစ္သူ ဒါရုိက္တာႀကီး ဦးခင္ေဇာ္ က်န္းမာေရးအေျခအေနေၾကာင့္ အႏုပညာအလုပ္ေတြ ရပ္နားခဲ့တာျဖစ္ပါတယ္။ အခုဆုိရင္ေတာ့ ညီမျဖစ္သူ သရုပ္ေဆာင္လင္းဇာနည္ေဇာ္၊ အစ္ကုိျဖစ္သူ ဒါရုိက္တာ မုိက္တီးတုိ႔နဲ႔အတူ ကိုယ္ပုိင္ထုတ္လုပ္ေရး လုပ္ကုိင္ေနတာကုိလည္း ေတြ႔ရပါတယ္။

Credit:Duwun

# Unicode Version ျဖင့္ ဖတ္ပါ #

ဒါရိုက်တာမိုက်တီး၊ သရုပ်ဆောင် ချစ်ချစ်ဇော်နဲ့ သရုပ်ဆောင် လင်းဇာနည်ဇော်တို့ရဲ့ ဖခင်ကြီး ဒါရိုက်တာဦးခင်ဇော် ကွယ်လွန်သွားပြီလို့ သိရပါတယ်။ သားဖြစ်သူ ဒါရိုက်တာ မိုက်တီးကတော့ မူးယစ်ဆေးဝါး နှင့်စိတ်ကို ပြောင်းလဲစေ သော ဆေးဝါးများ ဆိုင်ရာဥပဒေ ပုဒ်မ ၁၆(ဂ) နဲ့ အရေးယူခြင်းခံထားရတာဖြစ်ပါတယ်။

ဒါရိုက်တာမိုက်တီး၊ သရုပ်ဆောင် ချစ်ချစ်ဇော်၊ လင်းဇာနည်ဇော် တို့ရဲ့ ဖခင်ဖြစ်သူ ဒါရိုက်တာကြီး ဦးခင်ဇော်က ဒီဇင်ဘာလ ၃ရက်နေ့ ညမှာပဲ ကွယ်လွန်သွားပြီလို့ သိရပါတယ်။ ဒီ့အတွက်ကြောင့်လည်း မိသားစုတွေနဲ့ ထပ်တူ အနုပညာအသိုင်းအဝိုင်းကလည်း စိတ်မကောင်း ဖြစ်လို့နေပါတယ်။

'' ၃ ၁၂ ၂၀၁၈နေ့ည ၁၁နာရီ၅၅မိနစ်တွင်ကွယ်လွန်အနိစ္စရောက်သွားသည့်ကျွန်တော့်ဆရာဦးခင်ဇော် မိသားစုနှင့်ထပ်တူ ဝမ်းနည်း ကြေကွဲရပါသည်'' ဆိုပြီးတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဒု-ဥက္ကဌဖြစ်သူ ဦးအေးကြူလေး ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဒီဇင်ဘာလ ၄ ရက်နေ့ မနက် ၇ နာရီက တင်ခဲ့တာကို တွေ့ရပါတယ်။

ဒါရိုက်တာ ဦးခင်ဇော်ဟာ တစ်ခေတ်တခါက အောင်မြင်ခဲ့တဲ့ ဒါရိုက်တာ တစ်ဦးဖြစ်ခဲ့ပါတယ်။ အဲ့ဒီနောက် သူကိုယ်တိုင်ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အားပေးမှု များစွာ ရရှိခဲ့တာဖြစ်ပါတယ်။ ဦးခင်ဇော်က ကျန်းမာရေးအခြေအနေကြောင့် အိမ်ယာထဲ လဲနေခဲ့တာ ကြာပြီလို့ သိရပါတယ်။

လက်ရှိမှာတော့ ဒါရိုက်တာကြီး ဦးခင်ဇော်ရဲ့ သားဖြစ်သူ ဒါရိုက်တာ မိုက်တီးကလည်း  မူးယစ်ဆေးဝါး နှင့်စိတ်ကို ပြောင်းလဲစေ သော ဆေးဝါးများ ဆိုင်ရာဥပဒေ ပုဒ်မ ၁၆(ဂ) နဲ့ အရေးယူခြင်းခံထားရတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဖခင်ကြီးရဲ့ ကျန်းမာရေး အခြေအနေကို သရုပ်ဆောင် ချစ်ချစ်ဇော်နဲ့ လင်းဇာနည်ဇော်တို့က အနီးကပ် စောင့်ရှောက်ပေးနေကြတာပါ။

လင်းဇာနည်ဇော်နဲ့ ချစ်ချစ်ဇော်ဟာ တစ်ချိန်တုန်းက အောင်မြင်မှုများစွာ ရရှိခဲ့တဲ့ မင်းသမီးချော တွေဖြစ်ကြပါတယ်။  ဖခင်ဖြစ်သူ ဒါရိုက်တာကြီး ဦးခင်ဇော် ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေ ရပ်နားခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ ညီမဖြစ်သူ သရုပ်ဆောင်လင်းဇာနည်ဇော်၊ အစ်ကိုဖြစ်သူ ဒါရိုက်တာ မိုက်တီးတို့နဲ့အတူ ကိုယ်ပိုင်ထုတ်လုပ်ရေး လုပ်ကိုင်နေတာကိုလည်း တွေ့ရပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top