iMyanmarHouse.com - Best Property Website for Myanmar
×


သားျဖစ္သူ သ႐ုပ္ေဆာင္ မိုးေအာင္ရင္ ေထာင္ဒဏ္ ငါးႏွစ္က်ခံရသျဖင့္ စိတ္မေကာင္း ျဖစ္မိေၾကာင္း အဆိုေတာ္ေအာင္ ရင္က ေျပာသည္။

‘‘သူ႔ျပႆနာ (အမႈ)က ႏွစ္ခုေပါ့၊ ၿမိဳ႕နယ္မွာ တစ္ခုရွိတယ္၊ ခ႐ိုင္မွာ တစ္ခုရွိတယ္။ ခ႐ိုင္မွာက ဒီဇင္ဘာ ၁၂ ရက္ေန႔အမိန္႔ခ်မယ္။  ၿမိဳ႕နယ္မွာအတြက္က ငါးႏွစ္က် တယ္။ ႀကိဳတင္ျပင္ဆင္ၿပီးသား ပါ။ ကိုယ့္သားသမီးဆိုေတာ့ မျဖစ္ေစခ်င္ေပမယ့္လည္း မွားသြားတဲ့ အတြက္ ဒီအေပၚမွာ သတ္မွတ္တဲ့ အျပစ္ဒဏ္ကေတာ့ သူခံရမွာပဲ။ အားေပးစကားကေတာ့ ေယာက်္ားပဲ၊ လုပ္ရဲရင္ ခံရဲရမယ္။ သူက  လည္း ကၽြန္ေတာ္ ၾကည့္ရသ ေလာက္ ကေတာ့ သန္မာပါတယ္။ အခုတင္ (ခ်ဳပ္ရက္) ၂ ႏွစ္နဲ႔ သံုးလရွိ သြားပါၿပီ။ အမိန္႔ခ်ခါနီးမွာေတာ့ သူ႔ၾကည့္ရတာ စိတ္လႈပ္ရွားပံု ေတာ့ရတယ္။ ဖခင္တစ္ေယာက္ အေနနဲ႔ စိတ္မေကာင္းျဖစ္တာ ေတာ့ ရွိတယ္။ ဒါေပမဲ့ ကိုယ္က သူ႔ကို ျပန္အားေပးေနရေတာ့ သူ႔ေရွ႕မွာေတာ့ စိတ္ကိုေတာ့ ထိန္းထားရတာေပါ့’’ဟု ၎က ေျပာ သည္။

သားျဖစ္သူ မုိးေအာင္ရင္ ေထာင္မွ လြတ္ေျမာက္လာသည့္ အခါ အႏုပညာအလုပ္မ်ား ဆက္ မလုပ္ေစလိုေၾကာင္း အဆုိေတာ္ ေအာင္ရင္က ေျပာသည္။

‘‘ကၽြန္ေတာ္ကေတာ့ အႏုပ ညာဆက္မလုပ္ေစခ်င္ဘူး။ ဒါေပမဲ့ သူက လုပ္ခ်င္ပံုရတယ္။ သူက ေမြးၿပီး လူမွန္းသိစအရြယ္က တည္းက စကားတတ္တဲ့အခ်ိန္ ဘာလုပ္မလဲေမးရင္ မင္းသားလုပ္မယ္ဆိုတာခ်ည္းပဲဆိုေတာ့ ကၽြန္ေတာ့္အထင္ ရသေလာက္ေတာ့ လုပ္ဦးမယ္ထင္တာပါပဲ’’ဟု ၎ က ေျပာသည္။

လတ္တေလာ အႏုပညာ လႈပ္ရွားမႈအေနျဖင့္ တစ္ကိုယ္ ေတာ္ပြဲျပဳလုပ္ရန္   လာေရာက္ ေျပာသူမ်ားရွိေသာ္လည္း ညႇိႏိႈင္း စရာမ်ားရွိေသး၍    မေသခ်ာ ေသးေၾကာင္း ၎က ေျပာသည္။

‘‘တစ္ကိုယ္ေတာ္႐ိႈးကို ဥကၠာကေတာ့ ေရႊထြဋ္တင္မွာ လုပ္ခ်င္ တယ္လို႔ ေျပာပါတယ္။ ကၽြန္ေတာ္ကိုယ္ပိုင္သံစဥ္သီခ်င္းေတြခ်ည္းပဲ လုပ္မွာပါ။ ေနာက္ဆံုးထြက္ခဲ့တဲ့ ‘ဒီရက္ပိုင္း’ အေခြထဲက ငါးပုဒ္ ေလာက္ပါမယ္။ က်န္တာက ေတာ့ ကိုယ္ပိုင္သံစဥ္သီခ်င္းေတြ ပဲ ဆိုမွာပါ။ တစ္ကိုယ္ေတာ္႐ိႈးအ ျပင္ ညီထြဋ္ရယ္၊ ကၽြန္ေတာ္ရယ္၊ ခ်စ္ေကာင္းရယ္၊ တူးတူးရယ္နဲ႔ ႐ိႈးပြဲလုပ္ဖို႔ ေျပာထားတာလည္း ရွိ တယ္’’ ဟု အဆုိေတာ္ေအာင္ရင္ က ေျပာသည္။

Credit:7Day
# Unicode Version ျဖင့္ ဖတ္ပါ #

သားဖြစ်သူ သရုပ်ဆောင် မိုးအောင်ရင် ထောင်ဒဏ် ငါးနှစ်ကျခံရသဖြင့် စိတ်မကောင်း ဖြစ်မိကြောင်း အဆိုတော်အောင် ရင်က ပြောသည်။

‘‘သူ့ပြဿနာ (အမှု)က နှစ်ခုပေါ့၊ မြို့နယ်မှာ တစ်ခုရှိတယ်၊ ခရိုင်မှာ တစ်ခုရှိတယ်။ ခရိုင်မှာက ဒီဇင်ဘာ ၁၂ ရက်နေ့အမိန့်ချမယ်။  မြို့နယ်မှာအတွက်က ငါးနှစ်ကျ တယ်။ ကြိုတင်ပြင်ဆင်ပြီးသား ပါ။ ကိုယ့်သားသမီးဆိုတော့ မဖြစ်စေချင်ပေမယ့်လည်း မှားသွားတဲ့ အတွက် ဒီအပေါ်မှာ သတ်မှတ်တဲ့ အပြစ်ဒဏ်ကတော့ သူခံရမှာပဲ။ အားပေးစကားကတော့ ယောကျ်ားပဲ၊ လုပ်ရဲရင် ခံရဲရမယ်။ သူက  လည်း ကျွန်တော် ကြည့်ရသ လောက် ကတော့ သန်မာပါတယ်။ အခုတင် (ချုပ်ရက်) ၂ နှစ်နဲ့ သုံးလရှိ သွားပါပြီ။ အမိန့်ချခါနီးမှာတော့ သူ့ကြည့်ရတာ စိတ်လှုပ်ရှားပုံ တော့ရတယ်။ ဖခင်တစ်ယောက် အနေနဲ့ စိတ်မကောင်းဖြစ်တာ တော့ ရှိတယ်။ ဒါပေမဲ့ ကိုယ်က သူ့ကို ပြန်အားပေးနေရတော့ သူ့ရှေ့မှာတော့ စိတ်ကိုတော့ ထိန်းထားရတာပေါ့’’ဟု ၎င်းက ပြော သည်။

သားဖြစ်သူ မိုးအောင်ရင် ထောင်မှ လွတ်မြောက်လာသည့် အခါ အနုပညာအလုပ်များ ဆက် မလုပ်စေလိုကြောင်း အဆိုတော် အောင်ရင်က ပြောသည်။

‘‘ကျွန်တော်ကတော့ အနုပ ညာဆက်မလုပ်စေချင်ဘူး။ ဒါပေမဲ့ သူက လုပ်ချင်ပုံရတယ်။ သူက မွေးပြီး လူမှန်းသိစအရွယ်က တည်းက စကားတတ်တဲ့အချိန် ဘာလုပ်မလဲမေးရင် မင်းသားလုပ်မယ်ဆိုတာချည်းပဲဆိုတော့ ကျွန်တော့်အထင် ရသလောက်တော့ လုပ်ဦးမယ်ထင်တာပါပဲ’’ဟု ၎င်း က ပြောသည်။

လတ်တလော အနုပညာ လှုပ်ရှားမှုအနေဖြင့် တစ်ကိုယ် တော်ပွဲပြုလုပ်ရန်   လာရောက် ပြောသူများရှိသော်လည်း ညှိနှိုင်း စရာများရှိသေး၍    မသေချာ သေးကြောင်း ၎င်းက ပြောသည်။

‘‘တစ်ကိုယ်တော်ရှိုးကို ဥက္ကာကတော့ ရွှေထွဋ်တင်မှာ လုပ်ချင် တယ်လို့ ပြောပါတယ်။ ကျွန်တော်ကိုယ်ပိုင်သံစဉ်သီချင်းတွေချည်းပဲ လုပ်မှာပါ။ နောက်ဆုံးထွက်ခဲ့တဲ့ ‘ဒီရက်ပိုင်း’ အခွေထဲက ငါးပုဒ် လောက်ပါမယ်။ ကျန်တာက တော့ ကိုယ်ပိုင်သံစဉ်သီချင်းတွေ ပဲ ဆိုမှာပါ။ တစ်ကိုယ်တော်ရှိုးအ ပြင် ညီထွဋ်ရယ်၊ ကျွန်တော်ရယ်၊ ချစ်ကောင်းရယ်၊ တူးတူးရယ်နဲ့ ရှိုးပွဲလုပ်ဖို့ ပြောထားတာလည်း ရှိ တယ်’’ ဟု အဆိုတော်အောင်ရင် က ပြောသည်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top