iMyanmarHouse.com - Best Property Website for Myanmar
×

အသက္ ၄ ႏွစ္ကေန ၇ ႏွစ္အတြင္းရွိတဲ့ ကေလးေတြဟာ အိပ္ရာထဲမွာ အေပါ့သြားေလ့ရွိၾကပါတယ္။ တခါတေလဆိုရင္ ကိစၥ မရွိေပမယ့္ ညတိုင္းဆိုရင္ေတာ့ မိခင္ေတြအတြက္ အလုပ္ပိုတာ အေသအခ်ာပါပဲ။

မနက္မိုးလင္းတိုင္း အိပ္ရာခင္းလဲရတာကလည္း အခ်ိန္ကုန္ လူပန္း ျဖစ္ေစပါတယ္။ ဒါေၾကာင့္ ဒီတခါမွာ သင့္ကေလး ညဖက္ အိပ္ရာေပၚ အေပါ့မသြားေအာင္ ေျဖရွင္းေပးလို႔ရမယ့္ နည္းလမ္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။


(၁) ေရေလ်ာ့တိုက္ပါ

မနက္ဖက္မွာ ေရေသာက္ခ်င္သေလာက္ ေသာက္ပါေစ။ ညဖက္အိပ္ရာဝင္ခါနီးရင္ေတာ့ ေရတိုက္တဲ့ ပမာဏကို ေလ်ာ့ပစ္ဖို႔ လိုပါတယ္။ ေဖ်ာ္ရည္တိုက္တာေတြကို မျပဳလုပ္ဖို႔ တိုက္တြန္းခ်င္ပါတယ္။ အေရးအႀကီးဆုံးကေတာ့ အိပ္ရာမဝင္ခင္ ကေလးကို အိမ္သာသြားခိုင္းဖို႔ပါပဲ။ ဒီအက်င့္ကို ေန႔တိုင္း လုပ္ေပးတယ္ဆိုရင္ သင့္ကေလး အိပ္ရာေပၚ အေပါ့သြားတဲ့ႏႈန္း သိသိသာသာ ေလ်ာ့လာမွာ ေသခ်ာပါတယ္။ ေရဓာတ္အရမ္းမ်ားတဲ့ အသီးအႏွံေတြကို ညဖက္မွာေကြၽးျခင္းကလည္း သင့္ကေလးကို အိပ္ရာေပၚ အေပါ့သြားေအာင္ တြန္းအားေပးေနသလိုပါပဲ။ ဒါေၾကာင့္ ေရွာင္သင့္ပါတယ္။

(၂) ညလယ္ေရာက္ရင္ အေပါ့သြားဖို႔ ႏႈိးပါ

ကေလးေတြဟာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေလ့ရွိတာေၾကာင့္ ဆီးအိမ္ထဲမွာ ဆီးေတြနဲ႔ ျပည့္ေနလည္း ထၿပီး အေပါ့သြားရမယ္ဆိုတာကို သူတို႔ မသိပါဘူး။ ညလည္ပိုင္းမွာ သူတို႔ကို ႏႈိးၿပီး အေပါ့သြားတဲ့ အက်င့္လုပ္ေပးရင္ ေနာက္ပိုင္း သူတို႔ ကိုယ့္ကိုထၿပီး သြားတတ္လာပါလိမ့္မယ္။ သင့္ကေလးက တေနကုန္ အေပါ့ ဘယ္ႏွႀကိမ္သြားတတ္လဲ ဆိုတာကို ေစာင့္ၾကည့္ပါ။

ဥပမာ သုံးနာရီျခားတိုင္း တခါ၊ အေပါ့သြားတတ္တဲ့ ကေလးဆိုရင္ ညဖက္ သူစၿပီး အိပ္တဲ့ အခ်ိန္ကေန သုံးနာရီျခားတိုင္း တခါ ႏႈိးၿပီး အေပါ့သြားခိုင္းသင့္ပါတယ္။ ဒီလို တပတ္ေလာက္ေလ့က်င့္ေပးရင္း သူတို႔ အိပ္ရာေပၚ မေပါက္ခ်ေတာ့ဘူးဆိုရင္ ေနာက္ပိုင္း သူတို႔ အေပါ့သြားခ်င္တိုင္းကိုယ့္ဟာကို ထသြားပါလိမ့္မယ္။


(၃) မက္ဂနီဆီယမ္ ပိုၿပီး ေကြၽးပါ

ကမာၻ႔က်န္းမာေရးအဖြဲ႕အစည္းရဲ႕ ေလ့လာခ်က္က ကေလးေတြ အိပ္ရာေပၚမွာ အေပါ့သြားျခင္းဟာ မက္ဂနီဆီယမ္ ခ်ိဳ႕တဲ့လို႔ျဖစ္ပါတယ္။ ဒီဓာတ္ခ်ိဳ႕တဲ့ တဲ့ အခါမွာ အာ႐ုံေၾကာတုံ႔ျပန္မႈ အားနည္းလာတာေၾကာင့္ ကေလးေတြဟာ သူတို႔ အေပါ့သြားဖို႔ လိုအပ္တာကို မသိပဲ ျဖစ္ေနတာပါ။

မက္ဂနီဆီယမ္ ႂကြယ္ဝတဲ့ ကေလးေဆးဆိုၿပီး သီးသန႔္ မရွိတာေၾကာင့္ မက္ဂနီဆီယမ္ဓာတ္ေပါမ်ားတဲ့ ေထာပတ္သီး၊ေနၾကာေစ့၊ငွက္ေပ်ာသီး၊ ဆယ္လ္မြန္ငါးနဲ႔ တို႔ဖူးတို႔ကို ေကြၽးဖို႔ တိုက္တြန္းခ်င္ပါတယ္။

(၄) ကေလးနဲ႔ စကားေျပာပါ

ေက်ာင္းမွာ အဆင္ေျပရဲ႕လား၊ ဘယ္လို စိတ္ခံစားမႈေတြကို ခံစားေနရလဲ စတာေတြကို ေမးျမန္းပါ။ စိတ္မလုံၿခဳံမႈကို ခံစားေနရတဲ့ ကေလးေတြဟာလည္း အိပ္ရာေပၚမွာ အေပါ့သြားတတ္လို႔ မိဘ သို႔မဟုတ္ အုပ္ထိန္းသူ တေယာက္ေယာက္ဟာ ကေလးရဲ႕ ခံစားခ်က္ေတြကိုေမးဖို႔လိုပါတယ္။

ဒီလို ေမးျမန္းတဲ့ အခါမွာလည္း ကေလးကို မရယ္ဖို႔နဲ႔ ကေလးဖက္က ခံစားခ်က္ကို အမွန္တကယ္ ဖြင့္ဟေျပာလာေအာင္ လုပ္ဖို႔ လိုအပ္ပါတယ္။ အိပ္ရာေပၚမွာ အေပါ့သြားလို႔ ဆိုၿပီး ကေလးကို ႐ိုက္ႏွက္တာမ်ိဳးေတြ မလုပ္ဖို႔လည္း သတိေပးခ်င္ပါတယ္။

(၅) ဆုခ်ပါ

ဆုေပး ဒဏ္ေပးစနစ္ဟာ ကေလးကို ထိန္းေက်ာင္းတဲ့ ေနရာမွာ အထိေရာက္ဆုံးစနစ္ တခုျဖစ္ပါတယ္။ ညဖက္ အိပ္ရာေပၚ အေပါ့မသြားရင္ ဆုေပးမယ္ဆိုတဲ့ ကတိကိုေပးထားပါ။ သူတို႔က ဘာမွေတာ့ မတတ္ႏိုင္ေပမယ့္ ဒါဟာ စိတ္ပိုင္းဆိုင္ရာ စမ္းသပ္ခ်က္မ်ိဳးပါပဲ။

အေပၚမွာ ေျပာျပခဲ့တဲ့ ညဖက္ ေရေလ်ာ့တိုက္ျခင္း၊ အေပါ့သြားဖို႔ ႏႈိးရင္ ထျခင္း စတာေတြ အတြက္လည္း ဆုေပးမယ္ဆိုရင္ ကေလးက သင္ေျပာသလို လိုက္လုပ္မွာ ေသခ်ာပါတယ္။ တခုရွိတာက ဆုေပးမယ္လို႔ ကတိေပးထားရင္ တကယ္ေပးဖို႔ပါပဲ။ ကေလးက သင့္အေပၚကို ယုံၾကည့္မႈရွိလာေအာင္ သင္ကိုယ္တိုင္ တည္ေဆာက္ဖို႔ လိုပါတယ္။

Credit:Irrawaddy

# Unicode Version ျဖင့္ ဖတ္ပါ #

အသက် ၄ နှစ်ကနေ ၇ နှစ်အတွင်းရှိတဲ့ ကလေးတွေဟာ အိပ်ရာထဲမှာ အပေါ့သွားလေ့ရှိကြပါတယ်။ တခါတလေဆိုရင် ကိစ္စ မရှိပေမယ့် ညတိုင်းဆိုရင်တော့ မိခင်တွေအတွက် အလုပ်ပိုတာ အသေအချာပါပဲ။

မနက်မိုးလင်းတိုင်း အိပ်ရာခင်းလဲရတာကလည်း အချိန်ကုန် လူပန်း ဖြစ်စေပါတယ်။ ဒါကြောင့် ဒီတခါမှာ သင့်ကလေး ညဖက် အိပ်ရာပေါ် အပေါ့မသွားအောင် ဖြေရှင်းပေးလို့ရမယ့် နည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။


(၁) ရေလျော့တိုက်ပါ

မနက်ဖက်မှာ ရေသောက်ချင်သလောက် သောက်ပါစေ။ ညဖက်အိပ်ရာဝင်ခါနီးရင်တော့ ရေတိုက်တဲ့ ပမာဏကို လျော့ပစ်ဖို့ လိုပါတယ်။ ဖျော်ရည်တိုက်တာတွေကို မပြုလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။ အရေးအကြီးဆုံးကတော့ အိပ်ရာမဝင်ခင် ကလေးကို အိမ်သာသွားခိုင်းဖို့ပါပဲ။ ဒီအကျင့်ကို နေ့တိုင်း လုပ်ပေးတယ်ဆိုရင် သင့်ကလေး အိပ်ရာပေါ် အပေါ့သွားတဲ့နှုန်း သိသိသာသာ လျော့လာမှာ သေချာပါတယ်။ ရေဓာတ်အရမ်းများတဲ့ အသီးအနှံတွေကို ညဖက်မှာကျွေးခြင်းကလည်း သင့်ကလေးကို အိပ်ရာပေါ် အပေါ့သွားအောင် တွန်းအားပေးနေသလိုပါပဲ။ ဒါကြောင့် ရှောင်သင့်ပါတယ်။

(၂) ညလယ်ရောက်ရင် အပေါ့သွားဖို့ နှိုးပါ

ကလေးတွေဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်လေ့ရှိတာကြောင့် ဆီးအိမ်ထဲမှာ ဆီးတွေနဲ့ ပြည့်နေလည်း ထပြီး အပေါ့သွားရမယ်ဆိုတာကို သူတို့ မသိပါဘူး။ ညလည်ပိုင်းမှာ သူတို့ကို နှိုးပြီး အပေါ့သွားတဲ့ အကျင့်လုပ်ပေးရင် နောက်ပိုင်း သူတို့ ကိုယ့်ကိုထပြီး သွားတတ်လာပါလိမ့်မယ်။ သင့်ကလေးက တနေကုန် အပေါ့ ဘယ်နှကြိမ်သွားတတ်လဲ ဆိုတာကို စောင့်ကြည့်ပါ။

ဥပမာ သုံးနာရီခြားတိုင်း တခါ၊ အပေါ့သွားတတ်တဲ့ ကလေးဆိုရင် ညဖက် သူစပြီး အိပ်တဲ့ အချိန်ကနေ သုံးနာရီခြားတိုင်း တခါ နှိုးပြီး အပေါ့သွားခိုင်းသင့်ပါတယ်။ ဒီလို တပတ်လောက်လေ့ကျင့်ပေးရင်း သူတို့ အိပ်ရာပေါ် မပေါက်ချတော့ဘူးဆိုရင် နောက်ပိုင်း သူတို့ အပေါ့သွားချင်တိုင်းကိုယ့်ဟာကို ထသွားပါလိမ့်မယ်။


(၃) မက်ဂနီဆီယမ် ပိုပြီး ကျွေးပါ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့ လေ့လာချက်က ကလေးတွေ အိပ်ရာပေါ်မှာ အပေါ့သွားခြင်းဟာ မက်ဂနီဆီယမ် ချို့တဲ့လို့ဖြစ်ပါတယ်။ ဒီဓာတ်ချို့တဲ့ တဲ့ အခါမှာ အာရုံကြောတုံ့ပြန်မှု အားနည်းလာတာကြောင့် ကလေးတွေဟာ သူတို့ အပေါ့သွားဖို့ လိုအပ်တာကို မသိပဲ ဖြစ်နေတာပါ။

မက်ဂနီဆီယမ် ကြွယ်ဝတဲ့ ကလေးဆေးဆိုပြီး သီးသန့် မရှိတာကြောင့် မက်ဂနီဆီယမ်ဓာတ်ပေါများတဲ့ ထောပတ်သီး၊နေကြာစေ့၊ငှက်ပျောသီး၊ ဆယ်လ်မွန်ငါးနဲ့ တို့ဖူးတို့ကို ကျွေးဖို့ တိုက်တွန်းချင်ပါတယ်။

(၄) ကလေးနဲ့ စကားပြောပါ

ကျောင်းမှာ အဆင်ပြေရဲ့လား၊ ဘယ်လို စိတ်ခံစားမှုတွေကို ခံစားနေရလဲ စတာတွေကို မေးမြန်းပါ။ စိတ်မလုံခြုံမှုကို ခံစားနေရတဲ့ ကလေးတွေဟာလည်း အိပ်ရာပေါ်မှာ အပေါ့သွားတတ်လို့ မိဘ သို့မဟုတ် အုပ်ထိန်းသူ တယောက်ယောက်ဟာ ကလေးရဲ့ ခံစားချက်တွေကိုမေးဖို့လိုပါတယ်။

ဒီလို မေးမြန်းတဲ့ အခါမှာလည်း ကလေးကို မရယ်ဖို့နဲ့ ကလေးဖက်က ခံစားချက်ကို အမှန်တကယ် ဖွင့်ဟပြောလာအောင် လုပ်ဖို့ လိုအပ်ပါတယ်။ အိပ်ရာပေါ်မှာ အပေါ့သွားလို့ ဆိုပြီး ကလေးကို ရိုက်နှက်တာမျိုးတွေ မလုပ်ဖို့လည်း သတိပေးချင်ပါတယ်။

(၅) ဆုချပါ

ဆုပေး ဒဏ်ပေးစနစ်ဟာ ကလေးကို ထိန်းကျောင်းတဲ့ နေရာမှာ အထိရောက်ဆုံးစနစ် တခုဖြစ်ပါတယ်။ ညဖက် အိပ်ရာပေါ် အပေါ့မသွားရင် ဆုပေးမယ်ဆိုတဲ့ ကတိကိုပေးထားပါ။ သူတို့က ဘာမှတော့ မတတ်နိုင်ပေမယ့် ဒါဟာ စိတ်ပိုင်းဆိုင်ရာ စမ်းသပ်ချက်မျိုးပါပဲ။

အပေါ်မှာ ပြောပြခဲ့တဲ့ ညဖက် ရေလျော့တိုက်ခြင်း၊ အပေါ့သွားဖို့ နှိုးရင် ထခြင်း စတာတွေ အတွက်လည်း ဆုပေးမယ်ဆိုရင် ကလေးက သင်ပြောသလို လိုက်လုပ်မှာ သေချာပါတယ်။ တခုရှိတာက ဆုပေးမယ်လို့ ကတိပေးထားရင် တကယ်ပေးဖို့ပါပဲ။ ကလေးက သင့်အပေါ်ကို ယုံကြည့်မှုရှိလာအောင် သင်ကိုယ်တိုင် တည်ဆောက်ဖို့ လိုပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top