iMyanmarHouse.com - Best Property Website for Myanmar
×


ေဘာ္ဒီအမိုက္စားနဲ႔ မင္းသမီး သင္ဇာဝင့္ေက်ာ္ကေတာ့ ယခုေနာက္ပိုင္းမွာ သူ႔ခႏၶာကုိယ္ေကာက္ေၾကာင္း ေပၚလြင္တဲ့ဝတ္စားဆင္ယင္မႈေတြကို ျပဳလုပ္လာတာေတြ႔ရပါတယ္။ ဒါေပမယ့္လည္း သူ႔ရဲ႔ ေခတ္နဲ႔အညီဝတ္စားဆင္ယင္မႈေတြကိုေတာ့ အားေပးေထာက္ခံတဲ့သူေတြ ရွိသလို ေဝဖန္ုျပစ္တင္ေနတဲ့သူေတြကိုလည္း ေတြ႔ရပါတယ္။

တခ်ိဳ႔ကေတာ့ ျပင္းျပင္းထန္ထန္ကို ေဝဖန္ခဲ့ၾကတာ ျဖစ္ျပီး သင္ဇာဝင့္ေက်ာ္ရဲ့ ဖခင္နဲ႔ မိခင္ကေတာ့ သူတို႔သမီးအတြက္ စိတ္မေကာင္းျဖစ္ေနေၾကာင္း သိရပါတယ္။ သမီးအေပၚ ျပင္းထန္စြာေဝဖန္ေနၾကတဲ့အေပၚ စိတ္မေကာင္းျဖစ္မိတယ္လို႔ သင္ဇာဝင့္ေက်ာ္ရဲ့ အေဖနဲ႔ အေမကေတာ့ ေျပာၾကားသြားခဲ့ပါတယ္။

သင္ဇာဝင့္ေက်ာ္ရဲ့ မိဘေတြကေတာ့ MC နဲ႔အင္တာဗ်ဴးတြင္ “အန္တီကေတာ့ သူ႔ကိုဆရာဝန္ျဖစ္ေစခ်င္တာပါ။ ဒါေပမယ့္လည္း ျဖစ္ေစခ်င္တာကေတာ့ မျဖစ္လာခဲ့ပါဘူး။ သူ႔ရဲ့ဝါသနာနဲ႔ ပါရမီက ဒီအႏုပညာဖက္မွာ ပိုျပီးေတာ့ ဝါသနာထံုေနတာေပါ့ေနာ္။ သူ႔ဝါသနာက ဒါပဲဆိုေတာ့ သူျဖစ္ေစခ်င္တဲ့ဟာ သူလုပ္ခ်င္တဲ့ဟာကိုပဲ အန္တီတို႔က ေသခ်ာျပဳစုပ်ိဳးေထာင္ေပးခဲ့တာေပါ့”

“သူ႔က ဆယ္လီတေယာက္ျဖစ္တဲ့အခါက်ေတာ့ သူ႔ကိုျမင္တဲ့အခါမွာ ၾကည့္တဲ့အခါမွာလည္း သူ႔ေခတ္သူ႔ေနရာနဲ႔သူ ၾကည့္ေစခ်င္ပါတယ္။ အဓိကကေတာ့ သူတေယာက္ထဲကို ေျပာတာမဟုတ္ပါဘူး။ ေခတ္ေရစီးေၾကာင္းအရ ဆယ္လီတေယာက္ဟာ သူ႔ရဲ့ကာရိုက္တာကဘာလဲ။ သူေလွ်ာက္လွမ္းသြားတဲ့ လမ္းေၾကာင္းက ဘာလဲ။ အန္ကယ့္အေနနဲ႔ကေတာ့ ေဘးပတ္ဝန္းက်င္က အဲ့လိုမ်ိဳး နားလည္ေစခ်င္ပါတယ္”

“စိတ္ခံစားမႈအေနနဲ႔ကေတာ့ ကိုယ့္သမီးေလးကို ဘာပဲျဖစ္ျဖစ္ေပါ့ ၾကည့္ေနတဲ့သူေတြကေတာ့ အႏုပညာရွင္ေတြဆိုေတာ့ ႏုႏုရြရြလွလွပပေလးလို႔ ထင္ေကာင္းထင္လိမ့္မယ္။ ဒါေပမယ့္လည္း တကယ္က သူတို႔ဘဝကအရမး္ပင္ပန္းတယ္။ သရုပ္ေဆာင္ရတဲ့အပိုင္းမွာ သူတို႔ကာရိုက္တာနဲ႔ လိုက္ဖက္ေအာင္ သရုပ္ေဆာင္ရတဲ့အတြက္ေပါ့။ တခါတေလက်ေတာ့ ကိုယ္ေမြးထားတဲ့သမီးေလးက ဘဝမွာ ၾကမ္းၾကမ္းတမ္းတမ္းနဲ႔ ရုန္းကန္ေနရေတာ့ ဂရုဏာေတာ့ ျဖစ္မိတယ္။

 ဒါေပမယ့္လည္း အျမဲတမ္းမိခင္တေယာက္အေနနဲ႔ကေတာ့ ဘာသာေရးလုပ္တဲ့အခ်ိန္မွာ ဆုေတာင္းေပးပါတယ္။ အိမ္ေထာင္ေရးကေတာ့ သူတသက္လံုးခ်စ္ခ်စ္ခင္ခင္ ေပါင္းသင္းသြားရမယ့္ လူမ်ိဳးဆိုေတာ့ သူ႔စိတ္ၾကိဳက္အရည္အခ်င္းရွိတဲ့လူမ်ိဳးဆိုရင္ေတာ့ အန္တီိတို႔ဖက္က ျငင္းစရာအေၾကာင္း မရွိပါဘူး။ ခုထက္ထိေတာ့ သူအဲ့လိုမ်ိဳးဆံုးျဖတ္ခ်က္ေတာ့ မရွိေသးပါဘူး”

“အရမ္းၾကီးသူ႔ကို ခ်ဳပ္ခ်ယ္တာေတြ မရွိပါဘူး။ တခါတေလက်ရင္ေတာ့ သူ႔ဝတ္စားထားတဲ့ဟာေတြကို မီဒီယာေတြမွာ ေဝဖန္ထားတာေတြ ဆိုးဆိုးရြားရြားေျပာထားတာေတြ ေတြ႔ရင္ေတာ့ အန္တီက စိတ္မေကာင္းပါဘူး။ သူလည္း အႏုပညာလုပ္ေနတဲ့ သက္တမ္းကလည္း မနည္းေတာ့ပါဘူး။

တခါတေလက်ေတာ့ သူအလုပ္နဲ႔ပတ္သက္ျပီး ဆံုးျဖတ္ခ်က္ခ်ရတာေတြ ရွိပါတယ္။ တခါတေလက်ေတာ့လည္း စိတ္ထဲမွာ မေကာင္းတာေတာ့ ရွိပါတယ္။ ေဝဖန္တာေတြ ေျပာတာေတြ ဆိုတာေတြက်ေတာ့ ရင္ထဲမွာ မေကာင္းပါဘူး” ဟုေျပာၾကားသြား ခဲ့ပါတယ္။


Credit:Realthadin

# Unicode Version ျဖင့္ ဖတ္ပါ #

ဘော်ဒီအမိုက်စားနဲ့ မင်းသမီး သင်ဇာဝင့်ကျော်ကတော့ ယခုနောက်ပိုင်းမှာ သူ့ခန္ဓာကိုယ်ကောက်ကြောင်း ပေါ်လွင်တဲ့ဝတ်စားဆင်ယင်မှုတွေကို ပြုလုပ်လာတာတွေ့ရပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ ခေတ်နဲ့အညီဝတ်စားဆင်ယင်မှုတွေကိုတော့ အားပေးထောက်ခံတဲ့သူတွေ ရှိသလို ဝေဖန်ုပြစ်တင်နေတဲ့သူတွေကိုလည်း တွေ့ရပါတယ်။

တချို့ကတော့ ပြင်းပြင်းထန်ထန်ကို ဝေဖန်ခဲ့ကြတာ ဖြစ်ပြီး သင်ဇာဝင့်ကျော်ရဲ့ ဖခင်နဲ့ မိခင်ကတော့ သူတို့သမီးအတွက် စိတ်မကောင်းဖြစ်နေကြောင်း သိရပါတယ်။ သမီးအပေါ် ပြင်းထန်စွာဝေဖန်နေကြတဲ့အပေါ် စိတ်မကောင်းဖြစ်မိတယ်လို့ သင်ဇာဝင့်ကျော်ရဲ့ အဖေနဲ့ အမေကတော့ ပြောကြားသွားခဲ့ပါတယ်။

သင်ဇာဝင့်ကျော်ရဲ့ မိဘတွေကတော့ MC နဲ့အင်တာဗျူးတွင် “အန်တီကတော့ သူ့ကိုဆရာဝန်ဖြစ်စေချင်တာပါ။ ဒါပေမယ့်လည်း ဖြစ်စေချင်တာကတော့ မဖြစ်လာခဲ့ပါဘူး။ သူ့ရဲ့ဝါသနာနဲ့ ပါရမီက ဒီအနုပညာဖက်မှာ ပိုပြီးတော့ ဝါသနာထုံနေတာပေါ့နော်။ သူ့ဝါသနာက ဒါပဲဆိုတော့ သူဖြစ်စေချင်တဲ့ဟာ သူလုပ်ချင်တဲ့ဟာကိုပဲ အန်တီတို့က သေချာပြုစုပျိုးထောင်ပေးခဲ့တာပေါ့”

“သူ့က ဆယ်လီတယောက်ဖြစ်တဲ့အခါကျတော့ သူ့ကိုမြင်တဲ့အခါမှာ ကြည့်တဲ့အခါမှာလည်း သူ့ခေတ်သူ့နေရာနဲ့သူ ကြည့်စေချင်ပါတယ်။ အဓိကကတော့ သူတယောက်ထဲကို ပြောတာမဟုတ်ပါဘူး။ ခေတ်ရေစီးကြောင်းအရ ဆယ်လီတယောက်ဟာ သူ့ရဲ့ကာရိုက်တာကဘာလဲ။ သူလျှောက်လှမ်းသွားတဲ့ လမ်းကြောင်းက ဘာလဲ။ အန်ကယ့်အနေနဲ့ကတော့ ဘေးပတ်ဝန်းကျင်က အဲ့လိုမျိုး နားလည်စေချင်ပါတယ်”

“စိတ်ခံစားမှုအနေနဲ့ကတော့ ကိုယ့်သမီးလေးကို ဘာပဲဖြစ်ဖြစ်ပေါ့ ကြည့်နေတဲ့သူတွေကတော့ အနုပညာရှင်တွေဆိုတော့ နုနုရွရွလှလှပပလေးလို့ ထင်ကောင်းထင်လိမ့်မယ်။ ဒါပေမယ့်လည်း တကယ်က သူတို့ဘဝကအရမ်းပင်ပန်းတယ်။ သရုပ်ဆောင်ရတဲ့အပိုင်းမှာ သူတို့ကာရိုက်တာနဲ့ လိုက်ဖက်အောင် သရုပ်ဆောင်ရတဲ့အတွက်ပေါ့။ တခါတလေကျတော့ ကိုယ်မွေးထားတဲ့သမီးလေးက ဘဝမှာ ကြမ်းကြမ်းတမ်းတမ်းနဲ့ ရုန်းကန်နေရတော့ ဂရုဏာတော့ ဖြစ်မိတယ်။

 ဒါပေမယ့်လည်း အမြဲတမ်းမိခင်တယောက်အနေနဲ့ကတော့ ဘာသာရေးလုပ်တဲ့အချိန်မှာ ဆုတောင်းပေးပါတယ်။ အိမ်ထောင်ရေးကတော့ သူတသက်လုံးချစ်ချစ်ခင်ခင် ပေါင်းသင်းသွားရမယ့် လူမျိုးဆိုတော့ သူ့စိတ်ကြိုက်အရည်အချင်းရှိတဲ့လူမျိုးဆိုရင်တော့ အန်တီတို့ဖက်က ငြင်းစရာအကြောင်း မရှိပါဘူး။ ခုထက်ထိတော့ သူအဲ့လိုမျိုးဆုံးဖြတ်ချက်တော့ မရှိသေးပါဘူး”

“အရမ်းကြီးသူ့ကို ချုပ်ချယ်တာတွေ မရှိပါဘူး။ တခါတလေကျရင်တော့ သူ့ဝတ်စားထားတဲ့ဟာတွေကို မီဒီယာတွေမှာ ဝေဖန်ထားတာတွေ ဆိုးဆိုးရွားရွားပြောထားတာတွေ တွေ့ရင်တော့ အန်တီက စိတ်မကောင်းပါဘူး။ သူလည်း အနုပညာလုပ်နေတဲ့ သက်တမ်းကလည်း မနည်းတော့ပါဘူး။ တခါတလေကျတော့ သူအလုပ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချရတာတွေ ရှိပါတယ်။ တခါတလေကျတော့လည်း စိတ်ထဲမှာ မကောင်းတာတော့ ရှိပါတယ်။ ဝေဖန်တာတွေ ပြောတာတွေ ဆိုတာတွေကျတော့ ရင်ထဲမှာ မကောင်းပါဘူး” ဟုပြောကြားသွား ခဲ့ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top