iMyanmarHouse.com - Best Property Website for Myanmar
×


ဟာသသ႐ုပ္ေဆာင္ ကစ္ကစ္ရဲ႕ က်န္းမာေရးအတြက္ ထာဝရအလႉရွင္ ထပ္မံ ထြက္ေပၚလို႔ လာၿပီလို႔ ခင္သဇင္က ဝမ္းသာအားရနဲ႔ ေျပာျပလာပါတယ္. လက္ရွိမွာလည္း ကစ္ကစ္ရဲ႕ က်န္းမာေရးက အနည္းငယ္ေကာင္းမြန္လာၿပီလို႔ ဆိုပါတယ္.

သ႐ုပ္ေဆာင္ ခင္သဇင္က ဟာသသ႐ုပ္ေဆာင္ ကစ္ကစ္ရဲ႕ က်န္းမာေရးအတြက္ ထာဝရ အလႉရွင္တစ္ဦး ေပၚလာလို႔ ဝမ္းသာပီတိျဖစ္လို႔ေနပါတယ္. ဒီ အလႉရွင္ရဲ႕ ေလးစားစရာ ေကာင္းတဲ့ စိတ္ဓာတ္ကိုလည္း အခုလို ခ်ီးက်ဴး ေျပာျပခဲ့ပါေသးတယ္.

'' မကစ္ အတြက္ ထာဝရ အလႉရွင္ ေနာက္ထပ္တစ္ဦးကေတာ့ မႏၲေလး Zwe Wathan Construction company မွ Managing Director ကိုေသာ္ဇင္လင္း ျဖစ္ပါတယ္. Post ေအာက္မွာ လႉခ်င္လို႔ comment ေလးထားၿပီး ဆက္သြယ္လာလို႔ messenger ကတဆင့္ လွမ္း ဆက္သြယ္ျဖစ္ပါတယ္။ ေတာ္ေတာ္ေလး ကို သဒၵါ အားႀကီးပါတယ္။ ခင္သဇင္ မႏၲေလး ေရာက္ ေနတုန္း တစ္ႏွစ္စာ ၁၂ သိန္း တိတိ ကို အရင္ေပးထားပါရေစ ဆိုၿပီး ေရာက္ေနတဲ့ ေနရာအထိကို လာလႉသြားတာပါ။ သူကလည္း မကစ္နဲ႔ လူခ်င္းရင္းႏွီးလို႔ မဟုတ္ပဲ အင္တာနက္မွာ မကစ္အေၾကာင္းေတြ႕တိုင္း စိတ္မေကာင္း ျဖစ္မိလြန္းလို႔ ကိုယ္ခ်င္းစာမိတာနဲ႔ ဒီလို ရာသက္ပန္ အလႉရွင္ လုပ္ဖို႔ ဆုံးျဖတ္လိုက္တာပါတဲ့ သဒၵါ အား အရမ္း ေကာင္းလြန္းတဲ့ အကို ေသာ္ဇင္တို႔ မိသားစု က်န္းမာေပ်ာ္႐ႊင္ၿပီး လုပ္ငန္းမ်ား ဆထက္တစ္ပိုး ပိုၿပီး အဆင္ေျပပါေစ.Facebook မွ သူငယ္ခ်င္းမ်ားလည္း ဤ ကုသိုလ္ အလႉကို သာဓုေခၚဆိုေပးၾကပါဦးရွင္' ဆိုၿပီးေတာ့ ဒီဇင္ဘာလ ၁၇ ရက္ေန႔ ည ၁၁ နာရီ ၁၆ မိနစ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့တာျဖစ္ပါတယ္.

ဟာသသ႐ုပ္ေဆာင္ ကစ္ကစ္ရဲ႕ က်န္းမာေရးအေျခအေနေကာင္းလာၿပီလို႔ သ႐ုပ္ေဆာင္ ခင္သဇင္က ေျပာျပခဲ့ပါေသးတယ္. အေရးေပၚ က်န္းမာ ေရး အေျခအေန တစ္ခုကို ျဖတ္သန္းလာႏိုင္ခဲ့တာျဖစ္ၿပီး အဆုတ္ေရာဂါအေျခအေနကေတာ့ ေကာင္းသြားၿပီလို႔ သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေျပာျပခဲ့ဖူးပါတယ္.

'' ဒီေန႔ မကစ္ ေဆး႐ုံတက္တာ တစ္လတိတိ ျပည့္တဲ့ ေန႔ပါ။ က်န္းမာလာတယ္ေတာ့ မဟုတ္ေသးေပမယ့္ ေသရမယ့္ အခ်ိန္ တစ္ခုကိုေတာ့ ေက်ာ္ျဖတ္ ႏိုင္ခဲ့ပါၿပီ။ အဆုတ္ျပသနာေတာ့ မရွိေတာ့ပါဘူူး။ ႏွလုံးကေတာ့ ပုံမွန္ အလုပ္လုပ္ဖို႔ ခက္ေနေသးတဲ့ အတြက္ အိပ္ေပ်ာ္ေနခ်ိန္ေတြ မွာ ေမ်ာခ်င္ သလို ျဖစ္ျဖစ္ သြားတဲ့ အတြက္ ဆရာဝန္ကေတာ့ ေသခ်ာ ေစာင့္ၾကည့္ခိုင္းထားဆဲပါ'' လို႔ ေျပာပါတယ္။

ကစ္ကစ္ဟာ သူ႔ရဲ႕ က်န္းမာေရးအတြက္ ေငြေၾကးေထာက္ပံ့ခဲ့သူမ်ားကို လည္း ဆုေတာင္း ေမတၱာပို႔သလွ်က္ရွိတယ္လို႔ ခင္သင္ဇင္က ေျပာပါတယ္။ ပရိသတ္ေတြကိုလည္း အစားအေသာက္နဲ႔ ပတ္သက္ၿပီး ဆင္ျခင္ႏိုင္ေစဖို႔ စကားလက္ေဆာင္ပါးခဲ့ေသးတယ္ဆိုတာကို ဒီဇင္ဘာလ ၂ ရက္ေန႔ ည ၇ နာရီက ခင္သဇင္ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့ပါတယ္။


''မကစ္အခုလို အသက္ဆုံးရႈံးမႈကေန လြန္ေျမာက္ႏိုင္ခဲ့တာ ပါဝင္ လႉဒါန္းသူ ေျမာက္ျမားစြာရဲ႕ ေစတနာ သဒၵါ စြမ္းအားေၾကာင့္ပါ။ မကစ္ ကလည္း ၇ ရက္ သားသမီး အားလုံးကို ပန္းလိုေမႊးၿပီး ေရလို ေအးေစဖို႔ အၿမဲ ဆုေတာင္းေပးေနေၾကာင္း စကားပါးလိုက္ပါေသးတယ္။ သူက လႉဒါန္းသူ မ်ားရဲ႕ ေစတနာ သဒၵါ ကုသိုလ္အား အထေျမာက္ေစရန္ အစားကို လုံးဝကို လိုတာထက္ကို ပိုေရွာင္ေၾကာင္း တဖြဖြ ေျပာရွာ ပါတယ္''လို႔ ဆက္လက္ေျပာျပခဲံ့ပါတယ္။

သ႐ုပ္ေဆာင္ ကစ္ကစ္ဟာ ဆီးခ်ိဳေရာဂါကိုခံစားေနသလို ေက်ာက္ကပ္ ကပါ မေကာင္းတဲ့အတြက္ အခ်ိန္ေတာ္ၾကာ ေဆးကုသမႈ ခံယူခဲ့ရ တာေၾကာင့္ အႏုပညာအလုပ္ေတြနဲ႔ေရာပရိသတ္ေတြနဲ႔ပါ အဆက္အသြယ္ျပတ္ခဲ့ရပါတယ္။ ကစ္ကစ္ဟာ ၂၀၁၈ခုႏွစ္ ႏွစ္စပိုင္းတုန္းက က်န္းမာေရး အေျခအေနေတာ္ေတာ့္ကို မေကာင္းခဲ့တာပါ။

Credit:Duwun

# Unicode Version ျဖင့္ ဖတ္ပါ #

ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့ ကျန်းမာရေးအတွက် ထာဝရအလှူရှင် ထပ်မံ ထွက်ပေါ်လို့ လာပြီလို့ ခင်သဇင်က ဝမ်းသာအားရနဲ့ ပြောပြလာပါတယ်. လက်ရှိမှာလည်း ကစ်ကစ်ရဲ့ ကျန်းမာရေးက အနည်းငယ်ကောင်းမွန်လာပြီလို့ ဆိုပါတယ်.

သရုပ်ဆောင် ခင်သဇင်က ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့ ကျန်းမာရေးအတွက် ထာဝရ အလှူရှင်တစ်ဦး ပေါ်လာလို့ ဝမ်းသာပီတိဖြစ်လို့နေပါတယ်. ဒီ အလှူရှင်ရဲ့ လေးစားစရာ ကောင်းတဲ့ စိတ်ဓာတ်ကိုလည်း အခုလို ချီးကျူး ပြောပြခဲ့ပါသေးတယ်.

'' မကစ် အတွက် ထာဝရ အလှူရှင် နောက်ထပ်တစ်ဦးကတော့ မန္တလေး Zwe Wathan Construction company မှ Managing Director ကိုသော်ဇင်လင်း ဖြစ်ပါတယ်. Post အောက်မှာ လှူချင်လို့ comment လေးထားပြီး ဆက်သွယ်လာလို့ messenger ကတဆင့် လှမ်း ဆက်သွယ်ဖြစ်ပါတယ်။ တော်တော်လေး ကို သဒ္ဒါ အားကြီးပါတယ်။ ခင်သဇင် မန္တလေး ရောက် နေတုန်း တစ်နှစ်စာ ၁၂ သိန်း တိတိ ကို အရင်ပေးထားပါရစေ ဆိုပြီး ရောက်နေတဲ့ နေရာအထိကို လာလှူသွားတာပါ။ သူကလည်း မကစ်နဲ့ လူချင်းရင်းနှီးလို့ မဟုတ်ပဲ အင်တာနက်မှာ မကစ်အကြောင်းတွေ့တိုင်း စိတ်မကောင်း ဖြစ်မိလွန်းလို့ ကိုယ်ချင်းစာမိတာနဲ့ ဒီလို ရာသက်ပန် အလှူရှင် လုပ်ဖို့ ဆုံးဖြတ်လိုက်တာပါတဲ့ သဒ္ဒါ အား အရမ်း ကောင်းလွန်းတဲ့ အကို သော်ဇင်တို့ မိသားစု ကျန်းမာပျော်ရွှင်ပြီး လုပ်ငန်းများ ဆထက်တစ်ပိုး ပိုပြီး အဆင်ပြေပါစေ.Facebook မှ သူငယ်ချင်းများလည်း ဤ ကုသိုလ် အလှူကို သာဓုခေါ်ဆိုပေးကြပါဦးရှင်' ဆိုပြီးတော့ ဒီဇင်ဘာလ ၁၇ ရက်နေ့ ည ၁၁ နာရီ ၁၆ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်.

ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့ ကျန်းမာရေးအခြေအနေကောင်းလာပြီလို့ သရုပ်ဆောင် ခင်သဇင်က ပြောပြခဲ့ပါသေးတယ်. အရေးပေါ် ကျန်းမာ ရေး အခြေအနေ တစ်ခုကို ဖြတ်သန်းလာနိုင်ခဲ့တာဖြစ်ပြီး အဆုတ်ရောဂါအခြေအနေကတော့ ကောင်းသွားပြီလို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြောပြခဲ့ဖူးပါတယ်.

'' ဒီနေ့ မကစ် ဆေးရုံတက်တာ တစ်လတိတိ ပြည့်တဲ့ နေ့ပါ။ ကျန်းမာလာတယ်တော့ မဟုတ်သေးပေမယ့် သေရမယ့် အချိန် တစ်ခုကိုတော့ ကျော်ဖြတ် နိုင်ခဲ့ပါပြီ။ အဆုတ်ပြသနာတော့ မရှိတော့ပါဘူူး။ နှလုံးကတော့ ပုံမှန် အလုပ်လုပ်ဖို့ ခက်နေသေးတဲ့ အတွက် အိပ်ပျော်နေချိန်တွေ မှာ မျောချင် သလို ဖြစ်ဖြစ် သွားတဲ့ အတွက် ဆရာဝန်ကတော့ သေချာ စောင့်ကြည့်ခိုင်းထားဆဲပါ'' လို့ ပြောပါတယ်။

ကစ်ကစ်ဟာ သူ့ရဲ့ ကျန်းမာရေးအတွက် ငွေကြေးထောက်ပံ့ခဲ့သူများကို လည်း ဆုတောင်း မေတ္တာပို့သလျှက်ရှိတယ်လို့ ခင်သင်ဇင်က ပြောပါတယ်။ ပရိသတ်တွေကိုလည်း အစားအသောက်နဲ့ ပတ်သက်ပြီး ဆင်ခြင်နိုင်စေဖို့ စကားလက်ဆောင်ပါးခဲ့သေးတယ်ဆိုတာကို ဒီဇင်ဘာလ ၂ ရက်နေ့ ည ၇ နာရီက ခင်သဇင်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

''မကစ်အခုလို အသက်ဆုံးရှုံးမှုကနေ လွန်မြောက်နိုင်ခဲ့တာ ပါဝင် လှူဒါန်းသူ မြောက်မြားစွာရဲ့ စေတနာ သဒ္ဒါ စွမ်းအားကြောင့်ပါ။ မကစ် ကလည်း ၇ ရက် သားသမီး အားလုံးကို ပန်းလိုမွှေးပြီး ရေလို အေးစေဖို့ အမြဲ ဆုတောင်းပေးနေကြောင်း စကားပါးလိုက်ပါသေးတယ်။ သူက လှူဒါန်းသူ များရဲ့ စေတနာ သဒ္ဒါ ကုသိုလ်အား အထမြောက်စေရန် အစားကို လုံးဝကို လိုတာထက်ကို ပိုရှောင်ကြောင်း တဖွဖွ ပြောရှာ ပါတယ်''လို့ ဆက်လက်ပြောပြခဲံ့ပါတယ်။

သရုပ်ဆောင် ကစ်ကစ်ဟာ ဆီးချိုရောဂါကိုခံစားနေသလို ကျောက်ကပ် ကပါ မကောင်းတဲ့အတွက် အချိန်တော်ကြာ ဆေးကုသမှု ခံယူခဲ့ရ တာကြောင့် အနုပညာအလုပ်တွေနဲ့ရောပရိသတ်တွေနဲ့ပါ အဆက်အသွယ်ပြတ်ခဲ့ရပါတယ်။ ကစ်ကစ်ဟာ ၂၀၁၈ခုနှစ် နှစ်စပိုင်းတုန်းက ကျန်းမာရေး အခြေအနေတော်တော့်ကို မကောင်းခဲ့တာပါ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top