iMyanmarHouse.com - Best Property Website for Myanmar
×
Credit: Em Em
# Unicode Version ဖြင့် ဖတ်ပါ #
အစားအသောက်ဆင်ခြင်စွာ စားသုံးခြင်းဟာ ဝိတ်လျှော့နေသူတွေအတွက် အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အစားအသောက် လျှော့စားတိုင်းလည်း ထင်သလောက် ဝိတ်မကျနိုင်ပါဘူး။ အကြောင်းကတော့ ရွေးချယ်တဲ့ အစားအသောက် မမှန်တာကြောင့်ပါ။ ခုဖော်ပြပေးမှာကတော့ အစားအသောက်ရှောင်တာ၊ လျှော့တာနဲ့ပတ်သက်လို့ လူတော်တော်များများ မှားတတ်တဲ့ အယူအဆတွေပဲဖြစ်ပါတယ်။ ကြည့်လိုက်ပါဦးနော်။
(၁) ညာဖက်က အစားအစာနဲ့ ဘယ်ဖက်ကအစားအစာ ကယ်လိုရီအတူတူပဲဆိုတာ သင်သိထားဖို့လိုပါတယ်။
(၂) စပျစ်သီးခြောက် အနည်းငယ်ထက်စာရင် လတ်ဆတ်တဲ့အသီးကို အဝစားတာကမှ ပိုပြီး ကယ်လိုရီနည်းပါသေးတယ်
(၃) သင်ဝနေတာ သကြားကြောင့် မဟုတ်ပါဘူး၊ စားသောက်ပုံ မမှန်တာကြောင့်ပါ။ ဘယ်ဖက်ကသကြားဟာ ၁၀၀ ဂရမ်ဖြစ်ပြီး ကယ်လိုရီ ၄၀၀ ပဲရှိပါတယ်။ ညာဖက်ကမုန့်တွေကတော့ ၁၀၀ ဂရမ်းသကြားပါတာချင်းအတူတူ ကယ်လိုရီ ၁၃၀၀ ကျော်ပါတယ်။
(၄) အာလူးကြော်ပဲသင့်ကိုဝစေတာမဟုတ်ပါဘူး၊ ဖော်ပြထားတဲ့ အစားအသောက်တွေထဲက ဘာစားစားသင့်ကို ဝလာစေပါတယ်။
(၅) ဘယ်ဖက်က ထောပတ်သုတ်ထားတဲ့ ပေါင်မုန့်ဖြစ်ပြီး ညာဖက်က ယိုသုတ်ထားတဲ့ပေါင်မုန့်ပါ။ ယိုသုတ်ထားတဲ့ ပေါင်မုန့်က ပိုပြီးကယ်လိုရီနည်းပါတယ်။
(၆) ဘယ်ဖက်က ထောပတ်သီးနဲ့ပေါင်မုန့်(၅၅၀ကယ်လိုရီ) ဖြစ်ပြီး ညာဖက်က ပေါင်မုန့်၊ ဝက်သားပြားနဲ့ ကြက်ဥ(၃၆၀ကယ်လိုရီ)ဖြစ်ပါတယ်။
(၇) ဗိုက်ဆာနေတဲ့အချိန်မှာ နည်းနည်းလေးနဲ့ (ဘယ်ဖက်ကပုံ -၁၅၀၀ကယ်လိုရီ) အချိုတွေ၊ အဆိမ့်တွေစားတာထက် (ညာဖက်ကပုံ-၄၇၀ကယ်လိုရီ) ဆီနည်းနည်းနဲ့အဝစားတာ သင့်အတွက်ပိုကောင်းပါတယ်။
(၈) ဆန်ညိုပဲစားစား၊ ဆန်ဖြူပဲစားစား ကယ်လိုရီပါဝင်မှုက အတူတူပါပဲ။
(၉) အယ်မွန်စေ့ ၁၀၀ဂရမ်ထက် ဘယ်ဖက်က ပါစတာကပိုပြီး ကယ်လိုရီနည်းပါတယ်။
(၁၀) ထမင်းစားချိန်က အဓိကမဟုတ်ပါဘူး။ ဘယ်အချိန်စားစား အဆီတက်တာကတော့ အတူတူပါပဲ။
(၁၁) ထောပတ်သီးဖြစ်နေတာနဲ့ပဲ သူ့ရဲ့ ကယ်လိုရီကလျော့မသွားပါဘူး။ ဒါကြောင့် ဘာစားစား သင့်ခန္ဓာကိုယ်ထဲမှာ ၁၇၅ ကယ်လိုရီရောက်သွားမှာကတော့ အသေအချာပါပဲ။
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top