iMyanmarHouse.com - Best Property Website for Myanmar
×










Credit:Realthadin

# Unicode Version ဖြင့် ဖတ်ပါ #

ဖြူဖြူထွေးကတော့ တက္ကသိုလ်ကျောင်းသူလေးကနေ ဟာသတွေလုပ်ပြီး tiktok တွေ ကစားလို့ လူသိများလာတဲ့ ကောင်မလေးတစ်ယောက်ဆိုတာ ပရိတ်သတ်ကြီး သိမှာပါ။ဖြူဖြူထွေးက အနုပညာပိုးလေးပါသူမို့ ကကွက်တွေကလည်း အလန်းတွေကတတ်ရုံအပြင် သရုပ်ဆောင်ကလည်း ကောင်းလို့ ပရိတ်သတ်တွေရဲ့ အားပေးမှု့ကို ရရှိလာတဲ့ အနုပညာ ကြယ်ပွင့်လေးတစ်ပွင့်ပဲ ဖြစ်ပါတယ်။

ဖြူဖြူထွေးက အခုနောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှု့တွေ ဆက်တိုက်ဆိုသလို ရှိလာပါတယ်။video ကားတွေ ရိုက်နေတဲ့ အပြင် ကြော်ငြာတွေလည်း လက်ခံရိုက်ကူးနေပါတယ်။ဖြူဖြူထွေးကို အားပေးတဲ့ ပရိတ်သတ်ကြီး ရှိသလို ဝေဖန်တဲ့ ပရိတ်သတ်ကြီးလည်းရှိပါတယ်။ဖြူဖြူထွေးကတော့ သူ့လုပ်စရာရှိတဲ့ အလုပ်ကိုပဲ လုပ်ရင်း အောင်မြင်မှု့လမ်းကြောင်းပေါ်ကိုပဲ လျှောက်နေတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။

ဖြူဖြူထွေးက အမြဲတမ်း မြန်မြန်ဆန်ဆန်လေးနဲ့ သနပ်ခါးလေးနဲ့ ပဲ နေတဲ့သူက ကြော်ငြာရိုက်ကွင်းတစ်ခုမှာ ဆံပင်အတုလေးနဲ့ ခပ်မိုက်မိုက်ပုံစံလေးအသွင်နဲ့ပြင်ဆင်ထားလို့ သူမရဲ့ ပုံစံလေးကို ပရိတ်သတ်တွေက အဆိုတော် ဆယ်လီနာဂိုးမက် နဲ့ တူတယ်လို့ ပြောနေကြပါတယ်။ဆံပင်အရှည် အကောက်လေးနဲ့ လိုက်တဲ့ သူမက ကော်ပတ်ရုပ်လေးနဲ့ တူတဲ့ အပြင်အဆင်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top