iMyanmarHouse.com - Best Property Website for Myanmar
×



မိုးေအာင္ရင္ရဲ႕ ေထာင္ဒဏ္ (၁၇) ႏွစ္ ျပစ္ဒဏ္ကိုေတာ့ မိသားစုဝင္ေတြနဲ႕ ထပ္တူ ျပည္သူလူထုကလည္း သေဘာမက်ခဲ့ပါဘူး။ မိုးေအာင္ရင္ရဲ႕ အျဖစ္ကေတာ့ ေရွ႕ေနငွားမွ ေထာင္လံုးလံုးက် ဆိုသလိုပဲ အမႈသည္အေပၚ တာဝန္မေက်တဲ့ အမႈလိုက္မ်ိဳးနဲ႕ ၾကံဳဆံုခဲ့ရပါတယ္။ ရည္ရြယ္ခ်က္နဲ႕ လုပ္ငန္းစဥ္ တလြဲျဖစ္ေနတဲ့ မူးယစ္ႏွိမ္နင္းေရး တပ္ဖြဲ႕အေၾကာင္းနဲ႕ အမႈအတြက္ အယူခံဝင္မွာျဖစ္ေၾကာင္း မိုးေအာင္ရင္ရဲ႕ ဦးေလးျဖစ္သူကေတာ့ ေျပာၾကားပါတယ္။

မိုးေအာင္ရင္ အဖမ္းခံရခ်ိန္ တစ္ေလွ်ာက္လံုးမွာ လိုက္ပါေဆာင္ရြက္ေပးေနတဲ့ ဦးေလးျဖစ္သူက MC နဲ႕ အင္တာဗ်ဴးမွာ ခုလို ခေရေစ့တြင္းက် ေျပာျပသြားပါတယ္။

“ေရွ႕ေနဆိုတာကလည္း အမႈ ၂ ခုလံုးအတြက္ ေဒၚရီရီဝင္းဆိုတဲ့ ေရွ႕ေနကို ငွားတာပါ။ ငွားတယ္ ဆိုတာကလည္း ဦးတို႕က မသိဘူး။ ဒီအမႈျဖစ္တဲ့အခ်ိန္မွာ ဦး ေအာင္ရင္ကို မက္ဆင္ဂ်ာကေန လွမ္းေျပာတယ္။ မိုးေအာင္ရင္ေတာ့ ဒီလိုျဖစ္ေနတယ္ ဘယ္လိုလုပ္မလဲ ဆိုေတာ့ ေရွ႕ေနငွား လုပ္စရာရွိတာ လိုက္လုပ္ေပးဆိုေတာ့ ဦးက ပုစြန္ေတာင္ ရဲစခန္း ေရာက္သြားျပီ။ ပုစြန္ေတာင္ IO ကပဲ မူးယစ္နဲ႕ ကၽြမ္းက်င္တယ္ တရားရံုးနဲ႕ ပတ္သက္ေနက် ပိုင္ႏိုင္တယ္ဆိုတဲ့ ေဒၚရီရီဝင္းကို ငွားလိုက္တာ။ ဒါေပမဲ့ ဦးတို႕ထင္သေလာက္ မစြမ္းေဆာင္ႏိုင္ခဲ့ဘူး။ ေတာ္ေတာ္ညံ့တယ္ ေျပာရမွာေပါ့။ သက္ေသတစ္ေယာက္ကို ဘယ္လိုထြက္ဆိုရမယ္ ဆိုတာေတာင္ မသင္တတ္ဘူး။

မိုးေအာင္ရင္ကလည္း မင္းသားသာ မင္းသား။ အသက္သာ ၃၀ ေက်ာ္ေနတာ။ စကားက ေသခ်ာမေျပာတတ္ မဆိုတတ္ဘူး။ သူ႕ညီမကေတာ့ ေတာ္ပါတယ္။ ညီအစ္ကိုဝမ္းကြဲေတြထဲမွာေတာ့ မိုးေအာင္ရင္က အၾကီးဆံုးေပါ့။ သူ႕မင္းသားအလုပ္ပဲ သူလုပ္ျပီး က်န္တဲ့ကိစၥေတြ သိပ္ျပီးေတာ့ မေျပာတတ္ဘူး။ ဦးတို႕က ကိုယ္ထိလက္ေရာက္ ဘာမွမလုပ္ဘဲ ေရွ႕ေနနဲ႕ပဲ လုပ္ေပးလိုက္တာ။

 ဒီတရားရံုးနဲ႕ ပတ္သက္တဲ့ ထြက္ဆိုခ်က္ေတြကိုေတာ့ ေရွ႕ေနကတဆင့္ ေတာင္းထားျပီေပ့ါေနာ္။ ေတာင္းထားတဲ့ အေျဖရမွ ဘာဆက္လုပ္ရမယ္ သိမွာေပါ့ေနာ္။ ဒါေပမဲ့ ဥေပေဒအားျဖင့္ သူျပဌာန္းထားတဲ့ ဥေပဒနဲ႕ တရားရံုးက စီရင္လိုက္တဲ့ ဥေပဒကို မွားတယ္ဆိုျပီး ဦးတို႕မျငင္းဘူး။ ဒါေပမဲ့ မရွိတာကို ရွိတယ္ဆိုျပီး ကပ္လိုက္ရင္ေတာ့ ဲ။ ဒီဥပေဒ ဘာေၾကာင့္ ကပ္သြားလဲ ဆိုတာမွာပဲ စကားေျပာတာေပါ့။” လို႕ ဆိုပါတယ္။

အမႈျဖစ္စဥ္အခ်ိန္က အေၾကာင္းအရာေတြနဲ႕ ငွာနဆိုင္ရာေတြအေၾကာင္းကိုလည္း ခုလိုမ်ိဳး ေျပာျပသြားပါတယ္။

“မူးယစ္က သြားျပီးဖမ္းတယ္ဆိုတည္း ဘလိုင္းၾကီး ဖမ္းတာ မဟုတ္ဘူး။ သတင္းရလို႕ ဖမ္းတာ။ ဒါေပမဲ့ ဖမ္းတယ္ဆိုကတည္းက မိုးေအာင္ရင္ကို သြားဖမ္း ပါလာတာပဲ လိုခ်င္တယ္။ ျပီးမွကပ္တာ။ ဒီမွာလည္း မ်ိဳးစံုေပါ့ေနာ္။ သူ႕အိမ္မဟုတ္ဘူး ေျပာတာကို အိမ္ဟုတ္ေအာင္ မိုးေအာင္ရင္ဘက္က ထြက္မယ့္ သက္ေသေတြကို ရဲက မ်ိဳးစံုျခိမ္းေျခာက္တယ္။ သူ႕သူငယ္ခ်င္းေတြဆိုလည္း မင္းတို႕ေကာင္းေကာင္းမြန္မြန္ ထြက္ခ်င္တယ္ဆိုရင္ လိုက္ျပ ၊ လိုက္မျပရင္ ပိုနာမယ္ ဒါမ်ိဳးက တစ္မ်ိဳး ၊ ဆဲတာထိုးတာ ရွိမယ္။ ဟုိေရာက္တဲ့အခ်ိန္က် အကုန္လံုး ထြက္ေပးတာပဲေလ။


 မိုးေအာင္ရင္ရဲ႕ ေကာင္မေလးေရာ ေကာင္မေလး အေမေရာ တရားရံုးမွာ ထြက္ဆိုရတယ္။ ထြက္တယ္ဆိုတာက သူ႕ကိုယ္ေပၚမွာ မရွိဘူး။ ဒီပစၥည္းလည္း သူ႕ပစၥည္းမဟုတ္ဘူး။ ဒါေပမဲ့ ေလာေလာဆယ္ေတာ့ မိုးေအာင္ရင္ ပစၥည္း လက္မွတ္ထိုးဆိုျပီး ထိုးခိုင္းတာ။ ဒီအခ်ိန္မွာ ေသြးပူေနတဲ့အခ်ိန္ ရဲေတြလာဖမ္းတယ္ဆိုေတာ့ သံုးစြဲတယ္လည္း ဝန္ခံတယ္ လက္မွတ္ထိုးတယ္။” ဆိုျပီး ေျပာျပသြားပါတယ္။

ရည္ရြယ္ခ်က္နဲ႕ လုပ္ငန္းစဥ္တလြဲျဖစ္ေနတဲ့ မူးယစ္တပ္ဖြဲ႕ အေၾကာင္းကိုလည္း ခုလိုမ်ိဳး ေျပာျပသြားပါတယ္။

“မူးယစ္အဖြဲ႕ကေတာ့ အဓိကက သံုးစြဲသူ ပေပ်ာက္ေရး လုပ္ေနတာေပါ့ေနာ္။ သံုးစြဲသူပေပ်ာက္ရင္ပဲ ေရာင္းခ်သူေတြ သယ္ေဆာင္မယ့္သူေတြ ေပ်ာက္သြားမယ္လို႕ ယူဆေနပံုရတယ္။ သယ္ေဆာင္လာတယ္ ဒီကိုေရာက္လာတယ္ ဆိုတာက ဒီမွာလုပ္တဲ့သူ မရွိဘဲ ဟိုကေန အဆင့္ဆင့္ သယ္လာတာပါ။ ဒါေပမဲ့ သယ္ေဆာင္တဲ့ ကယ္ရီေတြမ်ားျပီး သံုးစြဲသူနည္းေနတဲ့အခ်ိန္မွာ တကယ္တမ္း Main ေတြကို ဘယ္သူမွ မမိေသးပါဘူး။


ဒါေပမဲ့ ဦးတို႕တင္ျပတာေတြသည္ အစိုးရကို ေစာ္ကားတာမဟုတ္ဘူး။ ဌာနဆိုင္ရတာကို ေစာ္ကားတာ မဟုတ္ဘူး။ ဒါေပမဲ့ လုပ္ေနတဲ့ ရည္ရြယ္ခ်က္နဲ႕ လုပ္ငန္းတာဝန္ေလးေတြေတာ့ လြဲမွားေနတယ္ ဆိုတာေလး။ သူတို႕ဒီလို အမႈကပ္လိုက္တဲ့အတြက္ ဘာေၾကာင့္ကပ္တယ္ ဆိုတာကိုသာ ေဖာ္ထုတ္ခ်င္တာ။” ဆုိျပီး ေျပာျပသြားပါတယ္။

မိုးေအာင္ရင္အမႈနဲ႕ပတ္သက္ျပီး အယူခံဆက္တက္သြားမွာျဖစ္လို႕ တရားေသာရလဒ္ ထြက္လာမလား ဆိုတာကိုေတာ့ ျပည္သူေတြက ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

Credit: Burmese.asia

# Unicode Version ျဖင့္ ဖတ္ပါ #

မိုးအောင်ရင်ရဲ့ ထောင်ဒဏ် (၁၇) နှစ် ပြစ်ဒဏ်ကိုတော့ မိသားစုဝင်တွေနဲ့ ထပ်တူ ပြည်သူလူထုကလည်း သဘောမကျခဲ့ပါဘူး။ မိုးအောင်ရင်ရဲ့ အဖြစ်ကတော့ ရှေ့နေငှားမှ ထောင်လုံးလုံးကျ ဆိုသလိုပဲ အမှုသည်အပေါ် တာဝန်မကျေတဲ့ အမှုလိုက်မျိုးနဲ့ ကြုံဆုံခဲ့ရပါတယ်။ ရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ် တလွဲဖြစ်နေတဲ့ မူးယစ်နှိမ်နင်းရေး တပ်ဖွဲ့အကြောင်းနဲ့ အမှုအတွက် အယူခံဝင်မှာဖြစ်ကြောင်း မိုးအောင်ရင်ရဲ့ ဦးလေးဖြစ်သူကတော့ ပြောကြားပါတယ်။

မိုးအောင်ရင် အဖမ်းခံရချိန် တစ်လျှောက်လုံးမှာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ဦးလေးဖြစ်သူက MC နဲ့ အင်တာဗျူးမှာ ခုလို ခရေစေ့တွင်းကျ ပြောပြသွားပါတယ်။

“ရှေ့နေဆိုတာကလည်း အမှု ၂ ခုလုံးအတွက် ဒေါ်ရီရီဝင်းဆိုတဲ့ ရှေ့နေကို ငှားတာပါ။ ငှားတယ် ဆိုတာကလည်း ဦးတို့က မသိဘူး။ ဒီအမှုဖြစ်တဲ့အချိန်မှာ ဦး အောင်ရင်ကို မက်ဆင်ဂျာကနေ လှမ်းပြောတယ်။ မိုးအောင်ရင်တော့ ဒီလိုဖြစ်နေတယ် ဘယ်လိုလုပ်မလဲ ဆိုတော့ ရှေ့နေငှား လုပ်စရာရှိတာ လိုက်လုပ်ပေးဆိုတော့ ဦးက ပုစွန်တောင် ရဲစခန်း ရောက်သွားပြီ။ ပုစွန်တောင် IO ကပဲ မူးယစ်နဲ့ ကျွမ်းကျင်တယ် တရားရုံးနဲ့ ပတ်သက်နေကျ ပိုင်နိုင်တယ်ဆိုတဲ့ ဒေါ်ရီရီဝင်းကို ငှားလိုက်တာ။ ဒါပေမဲ့ ဦးတို့ထင်သလောက် မစွမ်းဆောင်နိုင်ခဲ့ဘူး။ တော်တော်ညံ့တယ် ပြောရမှာပေါ့။ သက်သေတစ်ယောက်ကို ဘယ်လိုထွက်ဆိုရမယ် ဆိုတာတောင် မသင်တတ်ဘူး။

မိုးအောင်ရင်ကလည်း မင်းသားသာ မင်းသား။ အသက်သာ ၃၀ ကျော်နေတာ။ စကားက သေချာမပြောတတ် မဆိုတတ်ဘူး။ သူ့ညီမကတော့ တော်ပါတယ်။ ညီအစ်ကိုဝမ်းကွဲတွေထဲမှာတော့ မိုးအောင်ရင်က အကြီးဆုံးပေါ့။ သူ့မင်းသားအလုပ်ပဲ သူလုပ်ပြီး ကျန်တဲ့ကိစ္စတွေ သိပ်ပြီးတော့ မပြောတတ်ဘူး။ ဦးတို့က ကိုယ်ထိလက်ရောက် ဘာမှမလုပ်ဘဲ ရှေ့နေနဲ့ပဲ လုပ်ပေးလိုက်တာ။

 ဒီတရားရုံးနဲ့ ပတ်သက်တဲ့ ထွက်ဆိုချက်တွေကိုတော့ ရှေ့နေကတဆင့် တောင်းထားပြီပေ့ါနော်။ တောင်းထားတဲ့ အဖြေရမှ ဘာဆက်လုပ်ရမယ် သိမှာပေါ့နော်။ ဒါပေမဲ့ ဥပေဒေအားဖြင့် သူပြဌာန်းထားတဲ့ ဥပေဒနဲ့ တရားရုံးက စီရင်လိုက်တဲ့ ဥပေဒကို မှားတယ်ဆိုပြီး ဦးတို့မငြင်းဘူး။ ဒါပေမဲ့ မရှိတာကို ရှိတယ်ဆိုပြီး ကပ်လိုက်ရင်တော့ ဲ။ ဒီဥပဒေ ဘာကြောင့် ကပ်သွားလဲ ဆိုတာမှာပဲ စကားပြောတာပေါ့။” လို့ ဆိုပါတယ်။

အမှုဖြစ်စဉ်အချိန်က အကြောင်းအရာတွေနဲ့ ငှာနဆိုင်ရာတွေအကြောင်းကိုလည်း ခုလိုမျိုး ပြောပြသွားပါတယ်။

“မူးယစ်က သွားပြီးဖမ်းတယ်ဆိုတည်း ဘလိုင်းကြီး ဖမ်းတာ မဟုတ်ဘူး။ သတင်းရလို့ ဖမ်းတာ။ ဒါပေမဲ့ ဖမ်းတယ်ဆိုကတည်းက မိုးအောင်ရင်ကို သွားဖမ်း ပါလာတာပဲ လိုချင်တယ်။ ပြီးမှကပ်တာ။ ဒီမှာလည်း မျိုးစုံပေါ့နော်။ သူ့အိမ်မဟုတ်ဘူး ပြောတာကို အိမ်ဟုတ်အောင် မိုးအောင်ရင်ဘက်က ထွက်မယ့် သက်သေတွေကို ရဲက မျိုးစုံခြိမ်းခြောက်တယ်။ သူ့သူငယ်ချင်းတွေဆိုလည်း မင်းတို့ကောင်းကောင်းမွန်မွန် ထွက်ချင်တယ်ဆိုရင် လိုက်ပြ ၊ လိုက်မပြရင် ပိုနာမယ် ဒါမျိုးက တစ်မျိုး ၊ ဆဲတာထိုးတာ ရှိမယ်။ ဟိုရောက်တဲ့အချိန်ကျ အကုန်လုံး ထွက်ပေးတာပဲလေ။

 မိုးအောင်ရင်ရဲ့ ကောင်မလေးရော ကောင်မလေး အမေရော တရားရုံးမှာ ထွက်ဆိုရတယ်။ ထွက်တယ်ဆိုတာက သူ့ကိုယ်ပေါ်မှာ မရှိဘူး။ ဒီပစ္စည်းလည်း သူ့ပစ္စည်းမဟုတ်ဘူး။ ဒါပေမဲ့ လောလောဆယ်တော့ မိုးအောင်ရင် ပစ္စည်း လက်မှတ်ထိုးဆိုပြီး ထိုးခိုင်းတာ။ ဒီအချိန်မှာ သွေးပူနေတဲ့အချိန် ရဲတွေလာဖမ်းတယ်ဆိုတော့ သုံးစွဲတယ်လည်း ဝန်ခံတယ် လက်မှတ်ထိုးတယ်။” ဆိုပြီး ပြောပြသွားပါတယ်။

ရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ်တလွဲဖြစ်နေတဲ့ မူးယစ်တပ်ဖွဲ့ အကြောင်းကိုလည်း ခုလိုမျိုး ပြောပြသွားပါတယ်။

“မူးယစ်အဖွဲ့ကတော့ အဓိကက သုံးစွဲသူ ပပျောက်ရေး လုပ်နေတာပေါ့နော်။ သုံးစွဲသူပပျောက်ရင်ပဲ ရောင်းချသူတွေ သယ်ဆောင်မယ့်သူတွေ ပျောက်သွားမယ်လို့ ယူဆနေပုံရတယ်။ သယ်ဆောင်လာတယ် ဒီကိုရောက်လာတယ် ဆိုတာက ဒီမှာလုပ်တဲ့သူ မရှိဘဲ ဟိုကနေ အဆင့်ဆင့် သယ်လာတာပါ။ ဒါပေမဲ့ သယ်ဆောင်တဲ့ ကယ်ရီတွေများပြီး သုံးစွဲသူနည်းနေတဲ့အချိန်မှာ တကယ်တမ်း Main တွေကို ဘယ်သူမှ မမိသေးပါဘူး။

ဒါပေမဲ့ ဦးတို့တင်ပြတာတွေသည် အစိုးရကို စော်ကားတာမဟုတ်ဘူး။ ဌာနဆိုင်ရတာကို စော်ကားတာ မဟုတ်ဘူး။ ဒါပေမဲ့ လုပ်နေတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ငန်းတာဝန်လေးတွေတော့ လွဲမှားနေတယ် ဆိုတာလေး။ သူတို့ဒီလို အမှုကပ်လိုက်တဲ့အတွက် ဘာကြောင့်ကပ်တယ် ဆိုတာကိုသာ ဖော်ထုတ်ချင်တာ။” ဆိုပြီး ပြောပြသွားပါတယ်။

မိုးအောင်ရင်အမှုနဲ့ပတ်သက်ပြီး အယူခံဆက်တက်သွားမှာဖြစ်လို့ တရားသောရလဒ် ထွက်လာမလား ဆိုတာကိုတော့ ပြည်သူတွေက စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top