iMyanmarHouse.com - Best Property Website for Myanmar
×



1. စိတ်ရှည်ရမယ်


2.ဟာသ


3. လေးစားမှု




5.ယုံကြည်မှု


6. ကျေနပ်မှု



Credit: Duwun

# Unicode Version ဖြင့် ဖတ်ပါ #

ကိုယ်က လက်ထပ်ဖို့ရွေးချယ်တာမဟုတ်သေးဘဲ ရည်းစား ကောင်လေးအဖြစ် လက်ခံမှာဖြစ်ပါတယ်။ကောင်လေးတစ်ယောက်ကို လက်တွဲဖော်အဖြစ် လေးလေးနက်နက်မတွဲမီ သူ့မှာဒီအချက်လေးတွေရှိလား ကြည့်သင့်ပါတယ်။ ဘယ်လို အသိုင်းအဝိုင်း၊ ဘယ်လိုအလုပ်၊ ငွေကြေးဘယ်လောက်ဝင်လဲဆိုတာတွေ မကြည့်သင့်သေးပါဘူး။ ကိုယ်က လက်ထပ်ဖို့ရွေးချယ်တာမဟုတ်သေးဘဲ ရည်းစားကောင်လေးအဖြစ် လက်ခံမှာဖြစ်ပါတယ်။

1. စိတ်ရှည်ရမယ်

ပထမဆုံးကောင်လေးဟာ စိတ်ရှည်ရပါမယ်။ တစ်ချိန်လုံး သင့်ကိုစိတ်တိုနေတယ့်လူ မဖြစ်သင့်ပါဘူး။

2.ဟာသ

ပထမဆုံးကောင်လေးဟာ တစ်ချိန်လုံး လေးလေးနက်နက်ကြီးနေနေတဲ့လူထက် ဟာသရှိတဲ့လူ ဖြစ်သင့်ပါတယ်။

3. လေးစားမှု

သူငယ်ချင်း၊မိဘ၊ဆရာ၊လုပ်ဖော်ကိုင်ဖက်စတဲ့လူတွေအပေါ် သူ့ဘက်က အလွန်အကျွံမလေးမစား အပြုအမူတွေရှိတယ်ဆို မကောင်းပါဘူး။ သင့်ကို မလေးစားတဲ့တစ်နေ့ရောက်လာမှာပါ။

4. အကောင်းမြင်စိတ်ဓာတ်

သင်နဲ့အချိန်တော်တော်များများ ရှိတဲ့လူဖြစ်တာမို့ အကောင်းမြင်စိတ်ဓာတ်ရှိသင့်ပါတယ်။ အရာရာကို အဆိုးမြင်တတ်တဲ့စိတ်ဟာ အနေနီးတဲ့လူကို ကူးစက်ပါတယ်။

5.ယုံကြည်မှု

သင့်ကို တစ်ချိန်လုံး သံသယတွေများပြီး မယုံမကြည်ဖြစ်မနေသင့်ပါဘူး။

6. ကျေနပ်မှု

ပထမဆုံးကောင်လေးဟာ သူ့ဘဝသူကျေနပ်ပြီး ရောင့်ရဲတဲ့လူဖြစ်သင့်ပါတယ်။

ပထမဆုံးတွဲတဲ့လူဟာ လက်ထပ်မယ့်လူ မဟုတ်သေးပါဘူး။ ဒီအချက်ကို သဘောပေါက်သင့်ပါတယ်။
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top