iMyanmarHouse.com - Best Property Website for Myanmar
×


ခင္လႈိင္က ဇနီးျဖစ္သူနဲ႔ အတူ အမွတ္တရ ျဖစ္ေစမယ့္ တက္တူးပုံေတြ အတူတူ ထိုးခဲ့တယ္လို႔ ဆိုပါတယ္. သူတို႔ ဇနီးေမာင္ႏွံကို အားက်ရတဲ့ ပရိသတ္ေတြ. အႏုပညာအသိုင္းအဝိုင္းက အေပါင္းအသင္းေတြလည္း အမ်ားႀကီးပါပဲ.

သ႐ုပ္ေဆာင္ ခင္လႈိင္နဲ႔ ဇနီးျဖစ္သူ မငယ္ေလးတို႔က အမွတ္တရ တက္တူးေလးေတြ ထိုးခဲ့ၾကတာကို ေတြ႕ရပါတယ္. ဇနီးျဖစ္သူကေတာ့ သူတို႔ ဇနီးေမာင္ႏွံ ႏွစ္ေယာက္ပုံ တက္တူး ထိုးခဲ့တာျဖစ္ၿပီး ခင္လႈိင္ကေတာ့ မ်က္ဝန္းပုံေတြကို တက္တူးထိုးခဲ့တယ္လို႔ ဆိုပါတယ္.



'' မေန႔ညကျဖစ္သည္ ကြၽန္ေတာ္တို႔ရဲ႕အမွတ္တရပုံေလးကို ထပ္တူျဖစ္ေအာင္ေရးေပးနိင္တဲ့ကိုေဇႀကီးကိုေက်းဇူးပါ ကြၽန္ေတာ္ကေတာ့အၾကည့္တစ္ခ်က္ယူခဲ့တယ္'' ဆိုၿပီးေတာ့ ဒီဇင္ဘာလ ၁၇ ရက္ေန႔ မနက္ ၁၁ နာရီက သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့ပါတယ္. အဲ့ဒီေနာက္ ခင္လႈိင္တို႔ ဇနီးေမာင္ႏွံရဲ႕ မဂၤလာဝတ္စုံနဲ႔ တက္တူး ပုံေတြကိုလည္း တင္ခဲ့တာကို ေတြ႕ရပါတယ္.

သ႐ုပ္ေဆာင္ ခင္လႈိင္တစ္ေယာက္ မၾကာခင္က က်ေရာက္ခဲ့တဲ့ သူ႔ရဲ႕ခ်စ္ဇနီးေခ်ာ မငယ္ေလးရဲ႕ ေမြးေန႔အမွတ္တရအတြက္ ၾကည္ႏူးစရာေကာင္းတဲ့ ေမြးေန႔ ဆုေတာင္းစကား ေျပာခဲ့ပါေသးတယ္.


'' ဒီေန႔ ကြၽန္ေတာ္ခ်စ္ေသာ ခ်စ္ငယ္ေလးရဲ႕ေမြးေန႔ ေမြးေန႔လက္ေဆာင္ မြမြ'' ဆိုၿပီးေတာ့ ဒီဇင္ဘာလ ၁၂ ရက္ေန႔ ေန႔လည္ ၁ နာရီက သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့ပါတယ္. အဲ့ဒီေနာက္ ခ်စ္ဇနီးေခ်ာနဲ႔ အမွတ္တရ ဓာတ္ပုံေတြကိုလည္း အတူတြဲတင္ခဲ့ပါေသးတယ္. ခင္လႈိင္ တို႔ ဇနီးေမာင္ႏွံမွာေတာ့ သား ၂ ေယာက္ သမီး တစ္ေယာက္ အျပင္ ခ်စ္စရာေကာင္းတဲ့ ေျမးေလးေတြ ပိုင္ဆိုင္ထားတာ ေတြ႕ရပါတယ္.

ပရိသတ္အခိုင္အမာရရွိထားတဲ့ ဇာတ္ပို႔ ဇာတ္ရံသ႐ုပ္ေဆာင္ ခင္လႈိင္ကေတာ့ လိုခ်င္တဲ့မိသားစုဘဝေလးကို ပိုင္ဆိုင္ထားတာပါလို႔ဆိုပါတယ္။ သားသမီး ၃ ေယာက္စလုံး ကလည္း လိမၼာၾကတယ္၊သားအႀကီးဆုံးက အိမ္ေထာင္ၾကၿပီးသြားလို႔ ကေလးရေနၿပီ၊ သားငယ္ကေတာ့ ေနရဲပါ အႏုပညာအလုပ္လုပ္ ေနတယ္၊ သမီးငယ္ကေတာ့ တကၠသိုလ္ ဒုတိယႏွစ္တက္ေနတယ္လို႔ Duwun Media ကိုေျပာျပခဲ့ပါတယ္။


ခင္လႈိင္ဟာ အႏုပညာေလာကမွာလည္း ပရိသတ္အားေပးမႈ ရရွိထားသူ တစ္ဦးျဖစ္ၿပီး က်ရာဇာတ္႐ုပ္ကို ပီျပင္စြာ သ႐ုပ္ေဆာင္ႏိုင္မႈ ေတြ ေၾကာင့္ အႏုပညာေလာကမွာ ယခုခ်ိန္ထိ ရပ္တည္ေနႏိုင္ေနသူလည္း ျဖစ္ပါတယ္။ လက္ရွိမွာလည္း ႐ုံတင္ျပသလွ်က္ရွိတဲ့ ႐ုပ္ရွင္ဇာတ္ကား ႀကီးေတြမွာလည္း ပါဝင္သ႐ုပ္ေဆာင္ထားပါေသးတယ္။

Credit:Duwun

# Unicode Version ျဖင့္ ဖတ္ပါ #

ခင်လှိုင်က ဇနီးဖြစ်သူနဲ့ အတူ အမှတ်တရ ဖြစ်စေမယ့် တက်တူးပုံတွေ အတူတူ ထိုးခဲ့တယ်လို့ ဆိုပါတယ်. သူတို့ ဇနီးမောင်နှံကို အားကျရတဲ့ ပရိသတ်တွေ. အနုပညာအသိုင်းအဝိုင်းက အပေါင်းအသင်းတွေလည်း အများကြီးပါပဲ.

သရုပ်ဆောင် ခင်လှိုင်နဲ့ ဇနီးဖြစ်သူ မငယ်လေးတို့က အမှတ်တရ တက်တူးလေးတွေ ထိုးခဲ့ကြတာကို တွေ့ရပါတယ်. ဇနီးဖြစ်သူကတော့ သူတို့ ဇနီးမောင်နှံ နှစ်ယောက်ပုံ တက်တူး ထိုးခဲ့တာဖြစ်ပြီး ခင်လှိုင်ကတော့ မျက်ဝန်းပုံတွေကို တက်တူးထိုးခဲ့တယ်လို့ ဆိုပါတယ်.

'' မနေ့ညကဖြစ်သည် ကျွန်တော်တို့ရဲ့အမှတ်တရပုံလေးကို ထပ်တူဖြစ်အောင်ရေးပေးနိင်တဲ့ကိုဇေကြီးကိုကျေးဇူးပါ ကျွန်တော်ကတော့အကြည့်တစ်ချက်ယူခဲ့တယ်'' ဆိုပြီးတော့ ဒီဇင်ဘာလ ၁၇ ရက်နေ့ မနက် ၁၁ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်. အဲ့ဒီနောက် ခင်လှိုင်တို့ ဇနီးမောင်နှံရဲ့ မင်္ဂလာဝတ်စုံနဲ့ တက်တူး ပုံတွေကိုလည်း တင်ခဲ့တာကို တွေ့ရပါတယ်.

သရုပ်ဆောင် ခင်လှိုင်တစ်ယောက် မကြာခင်က ကျရောက်ခဲ့တဲ့ သူ့ရဲ့ချစ်ဇနီးချော မငယ်လေးရဲ့ မွေးနေ့အမှတ်တရအတွက် ကြည်နူးစရာကောင်းတဲ့ မွေးနေ့ ဆုတောင်းစကား ပြောခဲ့ပါသေးတယ်.

'' ဒီနေ့ ကျွန်တော်ချစ်သော ချစ်ငယ်လေးရဲ့မွေးနေ့ မွေးနေ့လက်ဆောင် မွမွ'' ဆိုပြီးတော့ ဒီဇင်ဘာလ ၁၂ ရက်နေ့ နေ့လည် ၁ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်. အဲ့ဒီနောက် ချစ်ဇနီးချောနဲ့ အမှတ်တရ ဓာတ်ပုံတွေကိုလည်း အတူတွဲတင်ခဲ့ပါသေးတယ်. ခင်လှိုင် တို့ ဇနီးမောင်နှံမှာတော့ သား ၂ ယောက် သမီး တစ်ယောက် အပြင် ချစ်စရာကောင်းတဲ့ မြေးလေးတွေ ပိုင်ဆိုင်ထားတာ တွေ့ရပါတယ်.

ပရိသတ်အခိုင်အမာရရှိထားတဲ့ ဇာတ်ပို့ ဇာတ်ရံသရုပ်ဆောင် ခင်လှိုင်ကတော့ လိုချင်တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပါလို့ဆိုပါတယ်။ သားသမီး ၃ ယောက်စလုံး ကလည်း လိမ္မာကြတယ်၊သားအကြီးဆုံးက အိမ်ထောင်ကြပြီးသွားလို့ ကလေးရနေပြီ၊ သားငယ်ကတော့ နေရဲပါ အနုပညာအလုပ်လုပ် နေတယ်၊ သမီးငယ်ကတော့ တက္ကသိုလ် ဒုတိယနှစ်တက်နေတယ်လို့ Duwun Media ကိုပြောပြခဲ့ပါတယ်။

ခင်လှိုင်ဟာ အနုပညာလောကမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ဦးဖြစ်ပြီး ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်မှု တွေ ကြောင့် အနုပညာလောကမှာ ယခုချိန်ထိ ရပ်တည်နေနိုင်နေသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း ရုံတင်ပြသလျှက်ရှိတဲ့ ရုပ်ရှင်ဇာတ်ကား ကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top