iMyanmarHouse.com - Best Property Website for Myanmar
×


အသက္အ႐ြယ္ ရလာၿပီဆိုတာနဲ႔ အဓိက သိသာတာက မ်က္လုံးေတြပါပဲ။ သင့္မ်က္လုံး တဝိုက္မွာ အေရးေၾကာင္းေတြ ေတြ႕ေနရၿပီ ဆိုတာနဲ႔ သင္ဘယ္ေလာက္ ပင္ပန္းၿပီး အ႐ြယ္က်ေနၿပီလဲဆိုတာ ခန႔္မွန္းလို႔ရပါတယ္။ ဒါေၾကာင့္ ငယ္႐ြယ္ႏုပ်ိဳမႈကို ဆက္လက္ ထိန္းထားဖို႔အတြက္ အေရးေၾကာင္းေတြ မျဖစ္ေစႏိုင္တဲ့ နည္းလမ္းေလးေတြကို ေဝမွ်ေပးလိုက္ပါတယ္။

(၁) ဆဲလ္ေသေတြ ဖယ္ရွားပါ

ငယ္႐ြယ္ႏုပ်ိဳမႈကို ေဖာ္ေဆာင္ဖို႔အတြက္ က်န္းမာလွပတဲ့ အသားအေရကို ရေစႏိုင္တဲ့ အလြယ္ကူဆုံးနည္းလမ္းက Exfoliate လုပ္ျခင္း (ဆဲလ္ေသေတြ ဖယ္ရွားျခင္း) ျဖစ္တယ္လို႔ Jonna Vergas Skincare ရဲ႕ Founder ျဖစ္သူက ဆိုပါတယ္။ တပတ္ကို ႏွစ္ႀကိမ္ေလာက္ ဆဲလ္ေသဖယ္ရွားတဲ့ Scrub မ်ိဳး လုပ္ေပးမယ္ဆိုရင္ Skincare ေတြက အသားထဲ အလြယ္တကူ စိမ့္ဝင္ႏိုင္တာေၾကာင့္ ပိုၿပီးသိသာတဲ့ အက်ိဳးဆက္ကို ရေစႏိုင္ပါတယ္။

(၂) ညင္သာစြာ ထိေတြ႕ပါ

မ်က္ႏွာဟာ ခႏၶာကိုယ္ရဲ႕ က်န္တဲ့ အစိတ္အပိုင္းေတြထက္ ပိုၿပီးႏူးညံ့တာေၾကာင့္ ညင္သာစြာ ထိေတြ႕သင့္ပါတယ္။ မ်က္လုံးနားတဝိုက္ကို Skincare လိမ္းတဲ့အခါ လက္ေခ်ာင္းေလးေတြနဲ႔ အတြင္းဘက္ကေန အျပင္ဘက္ကို ပုတ္ၿပီး လိမ္းေပးပါ။ အေရျပားကို ဖိဆြဲတာမ်ိဳး မလုပ္မိေအာင္ သတိျပဳပါ။

(၃) ေအးျမေနပါေစ

မ်က္ႏွာသစ္တဲ့အခါ ေရပူနဲ႔ မသစ္ပါနဲ႔။ ေရပူက မ်က္ႏွာကို ေျခာက္ေသြ႕ေစၿပီး အစိုဓာတ္ေတြေလ်ာ့ပါးေစသလို ယားယံတာမ်ိဳးလည္း ျဖစ္တတ္ပါတယ္။ အလွကုန္ပစၥည္းေတြကို ေအးတဲ့ေနရာမွာ သိမ္းထားေပးပါ။ ဒီလိုလုပ္ျခင္းအားျဖင့္ ပစၥည္းေတြ ၾကာရွည္ခံသလို အာနိသင္ ေလ်ာ့ပါးသြားတာမ်ိဳးလည္း မရွိေတာ့ပါဘူး။

(၄) ဟင္းသီးဟင္း႐ြက္ စားသုံးပါ

ဖက္တီးအက္ဆစ္ျပည့္ဝတဲ့ အေစ့အဆံေတြ၊ ဥနဲ႔ ေထာပတ္သီးေတြ စားသုံးသင့္သလို အင္တီေအာက္ဆီးဒင့္ဓာတ္ေတြ ႂကြယ္ဝစြာပါဝင္တဲ့ အသီးအႏွံမ်ိဳးစုံကိုလည္း စားသုံးေပးသင့္ပါတယ္။ အေရာင္စုံ သစ္သီးဝလံနဲ႔ ဟင္းသီးဟင္း႐ြက္နဲ႔အတူ တေန႔ကို အနည္းဆုံးေရ ၈ ခြက္ ေသာက္သုံးေပးသင့္ပါတယ္။ ဒါ့အျပင္ ဝိုင္နီကလည္း အသားအေရကို အေထာက္အကူျပဳတာေၾကာင့္ ေသာက္သုံးေပးပါ။

(၅) ညဘက္ အိပ္ရာဝင္ခ်ိန္မွာ ဂ႐ုစိုက္ပါ

အသက္အ႐ြယ္ ရလာတာနဲ႔ အိပ္ခါနီးမွာ Anti-aging Cream မျဖစ္မေန သုံးပါ။ သင့္အေရျပားကို အစိုဓာတ္ျပည့္ဝေစၿပီး အေရးေၾကာင္း ေလ်ာ့ပါးေစတဲ့ အလွကုန္ပစၥည္းတခု ေ႐ြးခ်ယ္ၿပီး သုံးေပးသင့္ပါတယ္။

(၆) Eye-cream သုံးပါ

မ်က္လုံးကိုပဲ အထူးသီးသန႔္ ဂ႐ုစိုက္ခ်င္သူေတြကေတာ့ Retinoids, Peptides, Hydrating Agents စတာေတြပါဝင္တဲ့ ခရင္မ္မ်ိဳး သုံးပါ။ ဒါ့အျပင္ မ်က္လုံးတဝိုက္ျဖစ္တာေၾကာင့္ အေပ်ာ့စား Skincare မ်ိဳးကို ေ႐ြးခ်ယ္ပါလို႔ Doctor Fusco က အႀကံျပဳထားပါတယ္။

(၇) ကာကြယ္ပါ

ကမ္းေျခသြားမွ Sunscreen သုံးတာမ်ိဳး လုပ္မယ့္အစား ပုံမွန္သုံးေပးသင့္ပါတယ္။ ေနသိပ္မပူတဲ့ေန႔ေတြမွာ SPF 15 ပါတာ သုံးၿပီး ေနပူတဲ့ေန႔ေတြမွာေတာ့ SPF 30 ပါတာ သုံးပါ။ ဒါ့အျပင္ ေနပူထဲ ထြက္မယ္ဆိုရင္ ေနကာမ်က္မွန္ တပ္ျခင္းအားျဖင့္ မ်က္စိကို ထိေတြ႕တဲ့ UV ေတြကို ကာကြယ္ေပးႏိုင္သလို အေရးေၾကာင္းျဖစ္လာမွာကိုလည္း ကာကြယ္ေပးပါတယ္။

(၈) အိပ္ေရး ဝပါေစ

တေန႔ကို ၈ နာရီကေန ၁၀ နာရီထိ အိပ္ေရးဝဝ အိပ္စက္မယ္ဆိုရင္ မ်က္လုံး အေရးေၾကာင္းျဖစ္ျခင္းကေန ကာကြယ္ေပးႏိုင္ပါတယ္။ ဒါ့အျပင္ သက္ေသာင့္သက္သာ အိပ္စက္ႏိုင္ဖို႔အတြက္ ပိုးသားလိုမ်ိဳး ႏူးညံံံ့တဲ့ ေခါင္းအုံးမ်ိဳးကို ေ႐ြးခ်ယ္ပါ။

Credit: Irrawaddy

# Unicode Version ျဖင့္ ဖတ္ပါ #

အသက်အရွယ် ရလာပြီဆိုတာနဲ့ အဓိက သိသာတာက မျက်လုံးတွေပါပဲ။ သင့်မျက်လုံး တဝိုက်မှာ အရေးကြောင်းတွေ တွေ့နေရပြီ ဆိုတာနဲ့ သင်ဘယ်လောက် ပင်ပန်းပြီး အရွယ်ကျနေပြီလဲဆိုတာ ခန့်မှန်းလို့ရပါတယ်။ ဒါကြောင့် ငယ်ရွယ်နုပျိုမှုကို ဆက်လက် ထိန်းထားဖို့အတွက် အရေးကြောင်းတွေ မဖြစ်စေနိုင်တဲ့ နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

(၁) ဆဲလ်သေတွေ ဖယ်ရှားပါ

ငယ်ရွယ်နုပျိုမှုကို ဖော်ဆောင်ဖို့အတွက် ကျန်းမာလှပတဲ့ အသားအရေကို ရစေနိုင်တဲ့ အလွယ်ကူဆုံးနည်းလမ်းက Exfoliate လုပ်ခြင်း (ဆဲလ်သေတွေ ဖယ်ရှားခြင်း) ဖြစ်တယ်လို့ Jonna Vergas Skincare ရဲ့ Founder ဖြစ်သူက ဆိုပါတယ်။ တပတ်ကို နှစ်ကြိမ်လောက် ဆဲလ်သေဖယ်ရှားတဲ့ Scrub မျိုး လုပ်ပေးမယ်ဆိုရင် Skincare တွေက အသားထဲ အလွယ်တကူ စိမ့်ဝင်နိုင်တာကြောင့် ပိုပြီးသိသာတဲ့ အကျိုးဆက်ကို ရစေနိုင်ပါတယ်။

(၂) ညင်သာစွာ ထိတွေ့ပါ

မျက်နှာဟာ ခန္ဓာကိုယ်ရဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေထက် ပိုပြီးနူးညံ့တာကြောင့် ညင်သာစွာ ထိတွေ့သင့်ပါတယ်။ မျက်လုံးနားတဝိုက်ကို Skincare လိမ်းတဲ့အခါ လက်ချောင်းလေးတွေနဲ့ အတွင်းဘက်ကနေ အပြင်ဘက်ကို ပုတ်ပြီး လိမ်းပေးပါ။ အရေပြားကို ဖိဆွဲတာမျိုး မလုပ်မိအောင် သတိပြုပါ။

(၃) အေးမြနေပါစေ

မျက်နှာသစ်တဲ့အခါ ရေပူနဲ့ မသစ်ပါနဲ့။ ရေပူက မျက်နှာကို ခြောက်သွေ့စေပြီး အစိုဓာတ်တွေလျော့ပါးစေသလို ယားယံတာမျိုးလည်း ဖြစ်တတ်ပါတယ်။ အလှကုန်ပစ္စည်းတွေကို အေးတဲ့နေရာမှာ သိမ်းထားပေးပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ပစ္စည်းတွေ ကြာရှည်ခံသလို အာနိသင် လျော့ပါးသွားတာမျိုးလည်း မရှိတော့ပါဘူး။

(၄) ဟင်းသီးဟင်းရွက် စားသုံးပါ

ဖက်တီးအက်ဆစ်ပြည့်ဝတဲ့ အစေ့အဆံတွေ၊ ဥနဲ့ ထောပတ်သီးတွေ စားသုံးသင့်သလို အင်တီအောက်ဆီးဒင့်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ အသီးအနှံမျိုးစုံကိုလည်း စားသုံးပေးသင့်ပါတယ်။ အရောင်စုံ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်နဲ့အတူ တနေ့ကို အနည်းဆုံးရေ ၈ ခွက် သောက်သုံးပေးသင့်ပါတယ်။ ဒါ့အပြင် ဝိုင်နီကလည်း အသားအရေကို အထောက်အကူပြုတာကြောင့် သောက်သုံးပေးပါ။

(၅) ညဘက် အိပ်ရာဝင်ချိန်မှာ ဂရုစိုက်ပါ

အသက်အရွယ် ရလာတာနဲ့ အိပ်ခါနီးမှာ Anti-aging Cream မဖြစ်မနေ သုံးပါ။ သင့်အရေပြားကို အစိုဓာတ်ပြည့်ဝစေပြီး အရေးကြောင်း လျော့ပါးစေတဲ့ အလှကုန်ပစ္စည်းတခု ရွေးချယ်ပြီး သုံးပေးသင့်ပါတယ်။

(၆) Eye-cream သုံးပါ

မျက်လုံးကိုပဲ အထူးသီးသန့် ဂရုစိုက်ချင်သူတွေကတော့ Retinoids, Peptides, Hydrating Agents စတာတွေပါဝင်တဲ့ ခရင်မ်မျိုး သုံးပါ။ ဒါ့အပြင် မျက်လုံးတဝိုက်ဖြစ်တာကြောင့် အပျော့စား Skincare မျိုးကို ရွေးချယ်ပါလို့ Doctor Fusco က အကြံပြုထားပါတယ်။

(၇) ကာကွယ်ပါ

ကမ်းခြေသွားမှ Sunscreen သုံးတာမျိုး လုပ်မယ့်အစား ပုံမှန်သုံးပေးသင့်ပါတယ်။ နေသိပ်မပူတဲ့နေ့တွေမှာ SPF 15 ပါတာ သုံးပြီး နေပူတဲ့နေ့တွေမှာတော့ SPF 30 ပါတာ သုံးပါ။ ဒါ့အပြင် နေပူထဲ ထွက်မယ်ဆိုရင် နေကာမျက်မှန် တပ်ခြင်းအားဖြင့် မျက်စိကို ထိတွေ့တဲ့ UV တွေကို ကာကွယ်ပေးနိုင်သလို အရေးကြောင်းဖြစ်လာမှာကိုလည်း ကာကွယ်ပေးပါတယ်။

(၈) အိပ်ရေး ဝပါစေ

တနေ့ကို ၈ နာရီကနေ ၁၀ နာရီထိ အိပ်ရေးဝဝ အိပ်စက်မယ်ဆိုရင် မျက်လုံး အရေးကြောင်းဖြစ်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် သက်သောင့်သက်သာ အိပ်စက်နိုင်ဖို့အတွက် ပိုးသားလိုမျိုး နူးညံံံ့တဲ့ ခေါင်းအုံးမျိုးကို ရွေးချယ်ပါ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top