iMyanmarHouse.com - Best Property Website for Myanmar
×





Credit:Burmese

# Unicode Version ဖြင့် ဖတ်ပါ #

ရိုးရှင်းပွင့်လင်းလွန်းတဲ့စိတ်ကြောင့် ပရိသတ်တွေရဲ့အချစ်ကို အပြည့်အဝရရှိထားတဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ သူမကိုယ်သူမ အမြဲ ယုံကြည်မှုရှိပြီး တက်ကြွလန်းဆန်းနေတတ်တဲ့ ဆွဲဆောင်မှုရှိလွန်းသူလေး တစ်ဦးပါ။ လတ်တလောမှာတော့ သင်ဇာလေးက ရိုက်ကူးရေးတစ်ခုကို တဘက်လေးတစ်ထည်သာပတ်ပြီး ပြုလုပ်နေရတာကြောင့် အရမ်းတွေချမ်းနေတဲ့အကြောင်းကို လူမှုကွန်ယက်ပေါ်မှာ တင်ထားတာ တွေ့ရပါတယ်။

 
ချစ်ပရိသတ်တွေအတွက် အရမ်းအေးတဲ့ ရာသီမှာ အလုပ်တွေလုပ်နေရတဲ့ သင်ဇာလေးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။အနုပညာသမားကောင်းတစ်ဦးဖြစ်တဲ့ သင်ဇာလေးကတော့ အခက်အခဲတွေကို မမှုပဲ သူမချစ်တဲ့ အနုပညာကိုသာ အကောင်းဆုံးနဲ့ တာဝန်အကျေဆုံး ပုံဖော်နေတာပဲ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ကတော့ လတ်တလောမှာ အချစ်ရေးကို စိတ်မဝင်စားသေးပဲ ချစ်ရတဲ့ မိသားစုရယ် သူငယ်ချင်းတွေရယ်နဲ့အတူ ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ချစ်ပရိသတ်တွေလည်း အအေးဒဏ်ကိုမမှုပဲ အနုပညာကိုသာ အကောင်းဆုံးပုံဖော်နေတဲ့ သင်ဇာလေးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top