iMyanmarHouse.com - Best Property Website for Myanmar
×


ေဖြးေဖြးက လြန္ခဲ့တဲ့ ၄ ႏွစ္တုန္းကရုိက္ထားတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးကုိ ၾကည့္ခြင့္ရေတာ့မွာျဖစ္လုိ႔ ေပ်ာ္ရႊင္ေနတာကုိ ေတြ႔ရပါတယ္။ လက္ရွိ မွာေတာ့ သူမက ရုိက္ကူးေရးေတြ နားထားတယ္လုိ႔ ဆုိပါတယ္။

ေဖြးေဖြးတစ္ေယာက္  ငယ္ဘဝကုိ အလြမ္းေျပေစမယ့္ ရုပ္ရွင္ဇာတ္ကားေလးအေၾကာင္းေျပာျပလာပါတယ္။ ဒီဇာတ္ကားကုိေတာ့ '' ရည္းစား တစ္ဝမ္းကြဲ'' လုိ႔ နာမည္ေပးထားတာျဖစ္ၿပီး မၾကာခင္ ပရိသတ္အေရွ႕ေရာက္လာေတာ့မွာျဖစ္လုိ႔ သူကုိယ္တုိင္လည္း ဒီဇာတ္ကားေလးကုိ ရင္ခုန္စြာနဲ႔ ေစာင့္ေမွ်ာ္ေနတဲ့အေၾကာင္း ေျပာျပလာပါတယ္။

''လြန္ခဲ့ တဲ့ ေလးႏွစ္ခြဲက ငယ္ဘဝ အလြမ္းေျပ အခ်စ္ကားေလး ခုေတာ့ရံုတင္ျဖစ္ပါၿပီ 'ရည္းစားတစ္ဝမ္းကြဲ'ဟာသ ေပါ့ေပါ့ပါးပါး ေလးေတြ ေလၽွာ့ရိုက္ျဖစ္တဲ့ၾကားက ရွားရွားပါးပါး ကားေလး'' ဆုိၿပီးေတာ့ ဒီဇင္ဘာလ ၄ ရက္ေန႔ ည ၉ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္မွာ ေရးသား ခဲ့ပါတယ္။ ဒီရုပ္ရွင္ဇာတ္ကားကုိေတာ့ ဒီဇင္ဘာလ ၂၁ ရက္ေန႔ဆုိရင္ ျမန္မာတစ္ႏုိင္ငံလုံးက ရုပ္ရွင္ရုံေတြမွာ ရုံတင္ျပသေတာ့မယ္လုိ႔ သိရပါ တယ္။

ဒီဇာတ္ကားမွာ ဇာတ္ကားကို ဒါရိုက္တာ ကိုေဇာ္(အရုဏ္ဦး) က ရိုက္ကူးထားတာ ျဖစ္ၿပီး စိုင္းစိုင္းခမ္းလိႈင္၊ ေဖြးေဖြးနဲ႕ ျမႏွင္းရည္လြင္တို႕က အဓိက ပါဝင္သရုပ္ေဆာင္ထားၾကတာပါ။ စိုင္းစိုင္းနဲ႕ ေဖြးေဖြးဟာ အႏုပညာေလာကမွာ ေအာင္ျမင္မႈကိုယ္စီ ရရွိထားတဲ့ အႏုပညာရွင္ေတြ ျဖစ္ပါတယ္။ေဖြးေဖြးနဲ႕ အတူသရုပ္ေဆာင္ထားတဲ့ စိုင္းစိုင္းရဲ႕ ဇာတ္ကားအတြက္ ပရိသတ္ေတြ ရင္ခုန္ေနၾကပါၿပီ။

ေဖြးေဖြးက လက္ရွိမွာ ရိုက္ကူးေရးေတြ နားထားတယ္လို႕ သိရပါတယ္။ ဒီဇင္ဘာလထဲမွာေတာ့ ၂၀၁၉ခုနွစ္တြင္ ရိုက္ကူးမယ့္ အက္ရွင္ ဇာတ္ကား တစ္ကားအတြက္ အတိုက္အခိုက္ပိုင္းနဲ႕ ပတ္သက္ၿပိး ေလ့က်င့္မႈေတြ လုပ္ရေတာ့မယ္လို႕ ပရိသတ္ေတြနဲ႕ ေျပာထားတဲ့ Live မွာ ေျပာခဲ့ဖူးပါတယ္။

ပရိသတ္ရဲ႕ လက္ခံအားေပးမႈကို ရရွိထားသူ သူမဟာ ၂၀၁၂ခုႏွစ္တြင္ လက္ပံ ရုပ္ရွင္ဇာတ္ကားနဲ႕ အေကာင္းဆံုး အမ်ိဳးသမီး ဇာတ္ေဆာင္ ဆုကို ရရွိခဲ့ပါတယ္။၂၀၁၅ခုႏွစ္မွာေတာ့ ကၽြန္မက ႏွင္းဆီပါေမာင္ ရုပ္ရွင္ဇာတ္ကားႀကီးနဲ႕ အေကာင္းဆံုး အမ်ိဳးသမီး ဇာတ္ေဆာင္ဆုကို ပိုင္ဆိုင္ထာားႏိုင္သူ တစ္ဦးလည္း ျဖစ္ပါတယ္။

Credit: Duwun


#Unicode Version#

ဖွေးဖွေးက လွန်ခဲ့တဲ့ ၄ နှစ်တုန်းကရိုက်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ကြည့်ခွင့်ရတော့မှာဖြစ်လို့ ပျော်ရွှင်နေတာကို တွေ့ရပါတယ်။ လက်ရှိ မှာတော့ သူမက ရိုက်ကူးရေးတွေ နားထားတယ်လို့ ဆိုပါတယ်။

ဖွေးဖွေးတစ်ယောက်  ငယ်ဘဝကို အလွမ်းပြေစေမယ့် ရုပ်ရှင်ဇာတ်ကားလေးအကြောင်းပြောပြလာပါတယ်။ ဒီဇာတ်ကားကိုတော့ '' ရည်းစား တစ်ဝမ်းကွဲ'' လို့ နာမည်ပေးထားတာဖြစ်ပြီး မကြာခင် ပရိသတ်အရှေ့ရောက်လာတော့မှာဖြစ်လို့ သူကိုယ်တိုင်လည်း ဒီဇာတ်ကားလေးကို ရင်ခုန်စွာနဲ့ စောင့်မျှော်နေတဲ့အကြောင်း ပြောပြလာပါတယ်။

''လွန်ခဲ့ တဲ့ လေးနှစ်ခွဲက ငယ်ဘဝ အလွမ်းပြေ အချစ်ကားလေး ခုတော့ရုံတင်ဖြစ်ပါပြီ 'ရည်းစားတစ်ဝမ်းကွဲ'ဟာသ ပေါ့ပေါ့ပါးပါး လေးတွေ လျှော့ရိုက်ဖြစ်တဲ့ကြားက ရှားရှားပါးပါး ကားလေး'' ဆိုပြီးတော့ ဒီဇင်ဘာလ ၄ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသား ခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကိုတော့ ဒီဇင်ဘာလ ၂၁ ရက်နေ့ဆိုရင် မြန်မာတစ်နိုင်ငံလုံးက ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသတော့မယ်လို့ သိရပါ တယ်။

ဒီဇာတ်ကားမှာ ဇာတ်ကားကို ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) က ရိုက်ကူးထားတာ ဖြစ်ပြီး စိုင်းစိုင်းခမ်းလှိုင်၊ ဖွေးဖွေးနဲ့ မြနှင်းရည်လွင်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာပါ။ စိုင်းစိုင်းနဲ့ ဖွေးဖွေးဟာ အနုပညာလောကမှာ အောင်မြင်မှုကိုယ်စီ ရရှိထားတဲ့ အနုပညာရှင်တွေ ဖြစ်ပါတယ်။ဖွေးဖွေးနဲ့ အတူသရုပ်ဆောင်ထားတဲ့ စိုင်းစိုင်းရဲ့ ဇာတ်ကားအတွက် ပရိသတ်တွေ ရင်ခုန်နေကြပါပြီ။

ဖွေးဖွေးက လက်ရှိမှာ ရိုက်ကူးရေးတွေ နားထားတယ်လို့ သိရပါတယ်။ ဒီဇင်ဘာလထဲမှာတော့ ၂၀၁၉ခုနှစ်တွင် ရိုက်ကူးမယ့် အက်ရှင် ဇာတ်ကား တစ်ကားအတွက် အတိုက်အခိုက်ပိုင်းနဲ့ ပတ်သက်ပြိး လေ့ကျင့်မှုတွေ လုပ်ရတော့မယ်လို့ ပရိသတ်တွေနဲ့ ပြောထားတဲ့ Live မှာ ပြောခဲ့ဖူးပါတယ်။

ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင် ဆုကို ရရှိခဲ့ပါတယ်။၂၀၁၅ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထာားနိုင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top