iMyanmarHouse.com - Best Property Website for Myanmar
×

အရင္ဆံုး ေျပာခ်င္တာက အခုမွ မတ္မတ္အရြယ္ပဲရွိပါေသးတယ္ေနာ္။ အန္တီလို႔လာေခၚရင္ မခံပါနဲ႔။ (ရံုးကအစ္မႀကီး ဒီစာကိုမျမင္ပါေစနဲ႔ :P) အသက္ ၃၀ ဆိုတာ မငယ္လြန္း မႀကီးလြန္းနဲ႔ ရင့္က်က္မႈေတြ ျပည့္စံုၿပီး ကိုယ္သြားခ်င္တဲ့လမ္းကို ေျခလွမ္းမွန္မွန္နဲ႔ ေလွ်ာက္ႏိုင္ေနၿပီျဖစ္ပါတယ္။ အလုပ္တည္တည္တံ့တံ့၊ အိမ္ေထာင္ရက္သားေတြက်ၿပီး တခ်ိဳ႕ဆို ကေလးေတြလည္း ရွိၿပီဆိုေတာ့ ေဝယ်ာဝစၥေတြကို ဇယ္ဆက္မျပတ္ေအာင္လုပ္ရင္း တစ္ေန႔မွာ ၂၄ နာရီထက္ ပိုရွိရင္ေကာင္းမယ္လို႔႔ ေတြးမိေနတဲ့အခ်ိန္ေပါ့။ အဲဒီအခ်ိန္မွာ ခႏၶာကိုယ္ရဲ႕ ဒီေရပမာျမင့္တက္လာတဲ့ ဝိတ္၊ အဆီနဲ႔ မ်က္ႏွာေပၚက တျဖည္းျဖည္းမ်ားလာတဲ့ အေရးေၾကာင္းေတြကို သတိမမူမိဘဲ ျဖစ္တတ္ပါတယ္။

အသက္ ၃၀ အရြယ္မွာ ခႏၶာကိုယ္က စေလ်ာ့တြဲလာၿပီး မ်က္ႏွာေပၚမွာလည္း အေရးေၾကာင္းနဲ႔ အမည္းစက္ေတြ စၿပီးမ်ားလာတဲ့ အရြယ္ေပါ့။ အဲဒီေတာ့ Anti-oxidant လို႔ေခၚတဲ့ အိုမင္းရင့္ေရာ္မႈကို ကာကြယ္ေပးတဲ့ ဓာတ္ေတြပါဝင္တဲ့ အစားအစာေတြကို မ်ားမ်ားစားေပးဖို႔ လိုအပ္ပါတယ္။ ဒါေပမဲ့ အစားအစာဆိုရင္လည္း တျခားမလိုအပ္တဲ့ အဆီနဲ႔ ကိုလက္စထေရာဓာတ္ေတြ ပါဝင္လာတတ္တာမို႔ အႏၱရာယ္အကင္းဆံုးျဖစ္တဲ့ သဘာဝ ငါးနဲ႔ အသီးအရြက္ေတြကိုပဲ ညႊန္းေပးသြားပါ့မယ္လို႔။

၁။ သလဲသီး

အသားအေရ ေျခာက္ေသြ႔ၾကမ္းတမ္းတတ္တဲ့ အရြယ္ေရာက္ေနတာမို႔ ဗီတာမင္စီ ဓာတ္မ်ားမ်ားပါဝင္တဲ့ သလဲသီးကို မ်ားမ်ားစားေပးသင့္ပါတယ္။ သလဲသီးထဲမွာရွိတဲ့ အရည္ထဲမွာ ဗီတာမင္စီဓာတ္တင္မဟုတ္ဘဲ ခႏၶာကိုယ္မွာ ေကာ္လာဂ်င္ ပိုမိုထြက္ေစတာေၾကာင့္ အသားအေရကို ပိုမိုၿပီး ေခ်ာေမြ႔ႏုပ်ိဳေစပါတယ္ေနာ္။ တစ္ပတ္တစ္ခါ သလဲသီးကို ပန္းကန္လံုးတစ္လံုးစာ စားေပးပါလို႔။

၂။ ဘလူးဘယ္ရီသီး

ဒီဘလူးဘယ္ရီသီး တစ္လံုးခ်င္းစီမွာ တျခားဘယ္အစားအစာနဲ႔ ယွဥ္ယွဥ္ antioxidant ဓာတ္ေတြပိုၿပီး ပါဝင္ေနတာမို႔ ေနေလာင္ဒဏ္၊ စိတ္ဖိစီးမႈနဲ႔ cardio (ႏွလံုးခုန္ႏႈန္း ျမန္ေစေသာ ေလ့က်င့္ခန္း) ေလ့က်င့္ခန္းေတြ အလြန္အမင္းလုပ္လို႔ ျဖစ္လာတဲ့ အေရးေၾကာင္းေတြကို ကာကြယ္ကုသေပးႏိုင္ပါတယ္။ တစ္ေန႔ကို ပန္းကန္လံုး တစ္ဝက္စာ ဘလူးဘယ္ရီသီး စားေပးရင္ အသားအေရတြဲတာကို ကာကြယ္ေပးၿပီး အေရးေၾကာင္းေတြကိုလည္း ေလွ်ာ႔ခ်ေပးႏိုင္ပါတယ္။

၃။ ကိုက္လန္နဲ႔ ဟင္းႏုႏြယ္ရြက္

အမွ်င္ဓာတ္ေတြ အမ်ားႀကီးပါဝင္တာမို႔ ဝမ္းမခ်ဳပ္ေအာင္ဆိုၿပီး ငယ္ငယ္တုန္းက ကိုယ့္မိဘနဲ႔ လူႀကီးေတြ အတင္းခ်ဳပ္ေကၽြးတာ ခံခဲ့ရတယ္မလား။ မညာခ်င္စမ္းပါနဲ႔ကြာ။ အခုေတာ့ အဲဒီလိုခ်ဳပ္ေကၽြးေနစရာမလိုဘဲ ကိုယ့္အသိစိတ္နဲ႔ကိုယ္ စားရမယ့္အခ်ိန္ျဖစ္ေနပါၿပီေနာ္။ Phytonutrients ဓာတ္ေတြ အမ်ားႀကီးပါဝင္တာမို႔ အသားအေရကို တင္းရင္းေစတဲ့ေနရာမွာ ဆရာတစ္ဆူပါပဲ။ တစ္ပတ္တစ္ခါ တစ္မ်ိဳးတည္းျဖစ္ေစ၊ ႏွစ္မ်ိဳးလံုး ေရာၿပီးေတာ့ျဖစ္ေစ စားေပးသင့္ပါတယ္။

၄။ ဖရဲသီး

ဖရဲသီးဆိုတဲ့ အသံၾကားတာနဲ႔ အရည္ရႊမ္းရႊမ္း၊ ခ်ိဳခ်ိဳေအးေအး ေမႊးေမႊးအရသာေလးနဲ႔ နီနီရဲရဲအသီးကို ေျပးျမင္ၾကမွာပါ။ ခ်ိဳေအးေမႊးရံုတင္မကပါဘူး anti-oxidant၊ ဗီတာမင္ စီ နဲ႔ ပိုတက္စီယမ္ဓာတ္ေတြ ပါဝင္ၿပီး ခႏၶာကုိယ္အတြင္းက ဆဲလ္ေတြရဲ႕ ေရဓာတ္နဲ႔ အာဟာရဓာတ္ေတြကို ညွိေပးတာေၾကာင့္ အသားအေရကို စိုျပည္ၿပီး လွပေစပါတယ္။ တစ္ပတ္မွာ အနည္းဆံုး ႏွစ္ႀကိမ္ေလာက္ စားေပးသင့္ပါတယ္ေနာ္။

၅။ သံလြင္ဆီ

အရင္တုန္းက ကိုယ့္အိမ္မွာ ဘာဆီအမ်ိဳးအစားပဲ သံုးခဲ့သံုးခဲ့ အခုခ်ိန္ကေနစၿပီး သံလြင္ဆီကို အစားထိုးသံုးေပးပါ။ သံလြင္ဆီက ေကာင္းမြန္တဲ့အဆီျဖစ္ၿပီး အသားအေရအတြက္ေရာ ဆံပင္နဲ႔ တျခားလက္သည္း ေျခသည္းေတြအတြက္ပါ အေရးပါတဲ့ Omega-3 ဓာတ္ေတြ ႂကြယ္ဝစြာ ပါဝင္တာမို႔ တစ္ရက္ကို တစ္ဇြန္းစာ ကိုယ္စားသံုးတဲ့ အစားအစာေတြထဲ ထည့္စားသင့္ပါတယ္။

ဒီလို ျဖည့္စြက္စာေလးေတြကို ေသခ်ာစားသံုးေပးသြားရင္ မ်က္ႏွာမွာ အေရးအေၾကာင္းေပါေနတာေတြ၊ အေရျပားေတြ ေျခာက္ေသြ႔ၾကမ္းတမ္းၿပီး အမည္းစက္ေတြ အမ်ားႀကီးျဖစ္လာတာကို ကာကြယ္ေပးႏုိင္ၿပီး ေလွ်ာ႔လည္းေလွ်ာ႔ခ်ေပးႏိုင္ပါတယ္။ ဒါ့အျပင္ ေနေလာင္ဒဏ္ကာကြယ္တဲ့ ခရင္မ္၊ ေရဓာတ္ျဖည့္ခရင္မ္ေတြကိုလည္း မ်ားမ်ားသံုးေပးပါ။ အေရးေၾကာင္းေတြ မျဖစ္ေအာင္ မိတ္ကပ္လိမ္းတဲ့အခါမွာလည္း အရမ္းေတြပြတ္ဆြဲၿပီး မလိမ္းပါနဲ႔။ မ်က္လံုးနားမွာ အေရးအေၾကာင္းေတြ မေပၚေအာင္ ေနပူထဲထြက္တဲ့အခါမွာ ေနကာမ်က္မွန္ကို အၿမဲတပ္ေပးပါလို႔။

Credit: Hnin Ei Oo (For Her Myanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
အရင်ဆုံး ပြောချင်တာက အခုမှ မတ်မတ်အရွယ်ပဲရှိပါသေးတယ်နော်။ အန်တီလို့လာခေါ်ရင် မခံပါနဲ့။ (ရုံးကအစ်မကြီး ဒီစာကိုမမြင်ပါစေနဲ့ :P) အသက် ၃၀ ဆိုတာ မငယ်လွန်း မကြီးလွန်းနဲ့ ရင့်ကျက်မှုတွေ ပြည့်စုံပြီး ကိုယ်သွားချင်တဲ့လမ်းကို ခြေလှမ်းမှန်မှန်နဲ့ လျှောက်နိုင်နေပြီဖြစ်ပါတယ်။ အလုပ်တည်တည်တံ့တံ့၊ အိမ်ထောင်ရက်သားတွေကျပြီး တချို့ဆို ကလေးတွေလည်း ရှိပြီဆိုတော့ ဝေယျာဝစ္စတွေကို ဇယ်ဆက်မပြတ်အောင်လုပ်ရင်း တစ်နေ့မှာ ၂၄ နာရီထက် ပိုရှိရင်ကောင်းမယ်လို့ တွေးမိနေတဲ့အချိန်ပေါ့။ အဲဒီအချိန်မှာ ခန္ဓာကိုယ်ရဲ့ ဒီရေပမာမြင့်တက်လာတဲ့ ဝိတ်၊ အဆီနဲ့ မျက်နှာပေါ်က တဖြည်းဖြည်းများလာတဲ့ အရေးကြောင်းတွေကို သတိမမူမိဘဲ ဖြစ်တတ်ပါတယ်။

အသက် ၃၀ အရွယ်မှာ ခန္ဓာကိုယ်က စလျော့တွဲလာပြီး မျက်နှာပေါ်မှာလည်း အရေးကြောင်းနဲ့ အမည်းစက်တွေ စပြီးများလာတဲ့ အရွယ်ပေါ့။ အဲဒီတော့ Anti-oxidant လို့ခေါ်တဲ့ အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးတဲ့ ဓာတ်တွေပါဝင်တဲ့ အစားအစာတွေကို များများစားပေးဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ အစားအစာဆိုရင်လည်း တခြားမလိုအပ်တဲ့ အဆီနဲ့ ကိုလက်စထရောဓာတ်တွေ ပါဝင်လာတတ်တာမို့ အန္တရာယ်အကင်းဆုံးဖြစ်တဲ့ သဘာဝ ငါးနဲ့ အသီးအရွက်တွေကိုပဲ ညွှန်းပေးသွားပါ့မယ်လို့။

၁။ သလဲသီး

အသားအရေ ခြောက်သွေ့ကြမ်းတမ်းတတ်တဲ့ အရွယ်ရောက်နေတာမို့ ဗီတာမင်စီ ဓာတ်များများပါဝင်တဲ့ သလဲသီးကို များများစားပေးသင့်ပါတယ်။ သလဲသီးထဲမှာရှိတဲ့ အရည်ထဲမှာ ဗီတာမင်စီဓာတ်တင်မဟုတ်ဘဲ ခန္ဓာကိုယ်မှာ ကော်လာဂျင် ပိုမိုထွက်စေတာကြောင့် အသားအရေကို ပိုမိုပြီး ချောမွေ့နုပျိုစေပါတယ်နော်။ တစ်ပတ်တစ်ခါ သလဲသီးကို ပန်းကန်လုံးတစ်လုံးစာ စားပေးပါလို့။

၂။ ဘလူးဘယ်ရီသီး

ဒီဘလူးဘယ်ရီသီး တစ်လုံးချင်းစီမှာ တခြားဘယ်အစားအစာနဲ့ ယှဉ်ယှဉ် antioxidant ဓာတ်တွေပိုပြီး ပါဝင်နေတာမို့ နေလောင်ဒဏ်၊ စိတ်ဖိစီးမှုနဲ့ cardio (နှလုံးခုန်နှုန်း မြန်စေသော လေ့ကျင့်ခန်း) လေ့ကျင့်ခန်းတွေ အလွန်အမင်းလုပ်လို့ ဖြစ်လာတဲ့ အရေးကြောင်းတွေကို ကာကွယ်ကုသပေးနိုင်ပါတယ်။ တစ်နေ့ကို ပန်းကန်လုံး တစ်ဝက်စာ ဘလူးဘယ်ရီသီး စားပေးရင် အသားအရေတွဲတာကို ကာကွယ်ပေးပြီး အရေးကြောင်းတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

၃။ ကိုက်လန်နဲ့ ဟင်းနုနွယ်ရွက်

အမျှင်ဓာတ်တွေ အများကြီးပါဝင်တာမို့ ဝမ်းမချုပ်အောင်ဆိုပြီး ငယ်ငယ်တုန်းက ကိုယ့်မိဘနဲ့ လူကြီးတွေ အတင်းချုပ်ကျွေးတာ ခံခဲ့ရတယ်မလား။ မညာချင်စမ်းပါနဲ့ကွာ။ အခုတော့ အဲဒီလိုချုပ်ကျွေးနေစရာမလိုဘဲ ကိုယ့်အသိစိတ်နဲ့ကိုယ် စားရမယ့်အချိန်ဖြစ်နေပါပြီနော်။ Phytonutrients ဓာတ်တွေ အများကြီးပါဝင်တာမို့ အသားအရေကို တင်းရင်းစေတဲ့နေရာမှာ ဆရာတစ်ဆူပါပဲ။ တစ်ပတ်တစ်ခါ တစ်မျိုးတည်းဖြစ်စေ၊ နှစ်မျိုးလုံး ရောပြီးတော့ဖြစ်စေ စားပေးသင့်ပါတယ်။

၄။ ဖရဲသီး

ဖရဲသီးဆိုတဲ့ အသံကြားတာနဲ့ အရည်ရွှမ်းရွှမ်း၊ ချိုချိုအေးအေး မွှေးမွှေးအရသာလေးနဲ့ နီနီရဲရဲအသီးကို ပြေးမြင်ကြမှာပါ။ ချိုအေးမွှေးရုံတင်မကပါဘူး anti-oxidant၊ ဗီတာမင် စီ နဲ့ ပိုတက်စီယမ်ဓာတ်တွေ ပါဝင်ပြီး ခန္ဓာကိုယ်အတွင်းက ဆဲလ်တွေရဲ့ ရေဓာတ်နဲ့ အာဟာရဓာတ်တွေကို ညှိပေးတာကြောင့် အသားအရေကို စိုပြည်ပြီး လှပစေပါတယ်။ တစ်ပတ်မှာ အနည်းဆုံး နှစ်ကြိမ်လောက် စားပေးသင့်ပါတယ်နော်။

၅။ သံလွင်ဆီ

အရင်တုန်းက ကိုယ့်အိမ်မှာ ဘာဆီအမျိုးအစားပဲ သုံးခဲ့သုံးခဲ့ အခုချိန်ကနေစပြီး သံလွင်ဆီကို အစားထိုးသုံးပေးပါ။ သံလွင်ဆီက ကောင်းမွန်တဲ့အဆီဖြစ်ပြီး အသားအရေအတွက်ရော ဆံပင်နဲ့ တခြားလက်သည်း ခြေသည်းတွေအတွက်ပါ အရေးပါတဲ့ Omega-3 ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာမို့ တစ်ရက်ကို တစ်ဇွန်းစာ ကိုယ်စားသုံးတဲ့ အစားအစာတွေထဲ ထည့်စားသင့်ပါတယ်။

ဒီလို ဖြည့်စွက်စာလေးတွေကို သေချာစားသုံးပေးသွားရင် မျက်နှာမှာ အရေးအကြောင်းပေါနေတာတွေ၊ အရေပြားတွေ ခြောက်သွေ့ကြမ်းတမ်းပြီး အမည်းစက်တွေ အများကြီးဖြစ်လာတာကို ကာကွယ်ပေးနိုင်ပြီး လျှော့လည်းလျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် နေလောင်ဒဏ်ကာကွယ်တဲ့ ခရင်မ်၊ ရေဓာတ်ဖြည့်ခရင်မ်တွေကိုလည်း များများသုံးပေးပါ။ အရေးကြောင်းတွေ မဖြစ်အောင် မိတ်ကပ်လိမ်းတဲ့အခါမှာလည်း အရမ်းတွေပွတ်ဆွဲပြီး မလိမ်းပါနဲ့။ မျက်လုံးနားမှာ အရေးအကြောင်းတွေ မပေါ်အောင် နေပူထဲထွက်တဲ့အခါမှာ နေကာမျက်မှန်ကို အမြဲတပ်ပေးပါလို့။

Credit: Hnin Ei Oo (For Her Myanmar)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top