iMyanmarHouse.com - Best Property Website for Myanmar
×



အခ်စ္ေရးေတြက ႐ႈပ္ေထြးပါတယ္။

လူႏွစ္ဦးရဲ႕ ဘဝကို ေပါင္းစပ္ရာမွာ တစ္ဦးရဲ႕စိတ္ကို တစ္ဦး နားလည္ဖုိ႔ ခက္ခဲပါတယ္။ ဒါ့အျပင္ ကိုယ္လိုခ်င္တဲ့ အခ်စ္ေရးနဲ႔ သူလိုခ်င္တဲ့ အခ်စ္ေရး မတူညီတဲ့အခါ စိတ္ပ်က္စရာေတြ ၾကံဳေတြ႔ရတတ္ပါတယ္။ အခ်စ္က အဓိကလို႔ ယူဆၿပီး ျပႆနာေတြကို ၿပီးရင္ ၿပီးသြာတာပဲလို႔ ေတြးသူေတြရွိသလို စိတ္ပ်က္သြားသူေတြလည္း ရွိပါတယ္။ ဒီအခ်က္ေတြနဲ႔ ညီေနၿပီဆုိရင္ေတာ့ သင့္ရဲက အခ်စ္ေရးမွာ မေပ်ာ္ေတာ့ဘူး၊ စိတ္ကုန္ေနၿပီဆုိတာ ျပေနပါတယ္။

၁။ ကိုယ့္ဘဝကိုယ္ မေပ်ာ္ေတာ့ဘူး။

သင္တုိ႔ႏွစ္ေယာက္ စတင္ခ်စ္ႀကိဳက္ခ်ိန္က သင္ခံစားခဲ့ရတဲ့ ခံစားခ်က္မ်ဳိး သင့္ခ်စ္သူက သင့္ကို လံုးဝမေပးႏုိင္ေတာ့တာ ျပႆနာ မဟုတ္ပါဘူး။ ဒါေပမဲ့ သူ႔ေၾကာင့္ ဘယ္လိုမွ ကိုယ့္ဘဝကိုယ္ မေပ်ာ္ပိုက္ေတာ့ဘူး၊ သူ႔ေၾကာင့္ အျမဲစိတ္ညစ္ေနရၿပီဆုိရင္ ဒါက ျပႆနာ ျဖစ္လာပါၿပီ။

၂။ အၿမဲတမ္း ေခ်ာင္းေျမာင္းေနမိၿပီ

ဘယ္လိုဆက္ဆံေရးမ်ဳိးမဆို အျပန္အလွန္ ယံုၾကည္မႈလိုအပ္ပါတယ္။ အဲဒီလုိမဟုတ္ဘဲ အၿမဲတမ္း သူ႔ကို သင္မသကၤာျဖစ္ေနရၿပီး နည္းအမ်ဳိးမ်ဳိးသံုးၿပီး သူဘာလုပ္တယ္၊ ဘယ္မွာရွိတယ္ဆုိတာ ေခ်ာင္းေျမာင္းေနရၿပီ ဆုိရင္ေတာ့ ဒါဟာ ေကာင္းတဲ့လကၡဏာ မဟုတ္ပါဘူး။


၃။ ကတိေတြ ထားရမွာ ေၾကာက္ေနမိၿပီ

သူနဲ႔ ခ်စ္ေနတာ ႏွစ္ေပါင္းမ်ားစြာၾကာၿပီး လက္ထပ္ဖို႔အတြက္ စဥ္းစားခဲ့ဖူးေပမဲ့ အခုအခါမွာေတာ့ ဘယ္ေတာ့လက္ထပ္မယ္လို႔ ကတိျပဳဖို႔ စိုးရြံ႕ေနမိၿပီ။

၄။ သူမရွိတဲ့ဘဝက ပိုေပ်ာ္စရာေကာင္းမယ္လုိ႔ ေတြးမိေနၿပီ

စိတ္ကူးယဥ္တယ္ဆုိတာ ႀကိဳက္သလို ယဥ္ခြင့္ရွိပါတယ္။ ဒါေပမဲ့ သင့္ရဲ႕ ေပ်ာ္ရႊင္စရာစိတ္ကူးယဥ္ ကမာၻေလးတိုင္းမွာ သူမပါလာဘူးဆုိရင္ေတာ့ သင္တုိ႔ရဲ႕ အခ်စ္ေရးက မေကာင္းေတာ့တဲ့အတြက္ေၾကာင့္ ျဖစ္တယ္။ သင္ ဝန္မခံခ်င္ေပမဲ့ အဲဒီအခ်စ္ေရးမွာ သင္ မေပ်ာ္ေတာ့ဘူး။

၅။ မေက်မခ်မ္းစိတ္ေတြ မ်ားေနၿပီ

အခ်စ္ေရးက စတင္ အက္ကြဲလာတဲ့အခါ တစ္ခ်ိန္က သင္အရမ္းခ်စ္ပါတယ္ဆုိတဲ့ သူနဲ႔ ပတ္သက္သမွ် အရာအားလံုးက စိတ္ပ်က္စရာ၊ မေက်နပ္စရာေတြ ျဖစ္လာပါတယ္။ အဲဒီလို ျဖစ္လာၿပီဆုိရင္ေတာ့ သင္တုိ႔အခ်စ္ေရးက ပ်က္စီးဖို႔ နီးကပ္ေနပါၿပီ။

၆။ အတိတ္ကိုပဲ တမ္းတေနတယ္

စခ်စ္စက ဘယ္လုိဆုိၿပီး ျပန္ေျပာင္းေတြးၿပီး ၾကည္ႏူးတာ ဘာမွမျဖစ္ပါဘူး။ ဒါေပမဲ့ အရင္တုန္းကလိုပဲ ျပန္ျဖစ္ခ်င္စိတ္ေတြနဲ႔ အခုျဖစ္ေနတာေတြကို မေက်မနပ္ျဖစ္ေနၿပီဆုိရင္ တစ္ခုခု မွားယြင္းေနပါၿပီ။

Credit:Lwinpyin

# Unicode Version ျဖင့္ ဖတ္ပါ #

အချစ်ရေးတွေက ရှုပ်ထွေးပါတယ်။

လူနှစ်ဦးရဲ့ ဘဝကို ပေါင်းစပ်ရာမှာ တစ်ဦးရဲ့စိတ်ကို တစ်ဦး နားလည်ဖို့ ခက်ခဲပါတယ်။ ဒါ့အပြင် ကိုယ်လိုချင်တဲ့ အချစ်ရေးနဲ့ သူလိုချင်တဲ့ အချစ်ရေး မတူညီတဲ့အခါ စိတ်ပျက်စရာတွေ ကြုံတွေ့ရတတ်ပါတယ်။ အချစ်က အဓိကလို့ ယူဆပြီး ပြဿနာတွေကို ပြီးရင် ပြီးသွာတာပဲလို့ တွေးသူတွေရှိသလို စိတ်ပျက်သွားသူတွေလည်း ရှိပါတယ်။ ဒီအချက်တွေနဲ့ ညီနေပြီဆိုရင်တော့ သင့်ရဲက အချစ်ရေးမှာ မပျော်တော့ဘူး၊ စိတ်ကုန်နေပြီဆိုတာ ပြနေပါတယ်။

၁။ ကိုယ့်ဘဝကိုယ် မပျော်တော့ဘူး။

သင်တို့နှစ်ယောက် စတင်ချစ်ကြိုက်ချိန်က သင်ခံစားခဲ့ရတဲ့ ခံစားချက်မျိုး သင့်ချစ်သူက သင့်ကို လုံးဝမပေးနိုင်တော့တာ ပြဿနာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ကြောင့် ဘယ်လိုမှ ကိုယ့်ဘဝကိုယ် မပျော်ပိုက်တော့ဘူး၊ သူ့ကြောင့် အမြဲစိတ်ညစ်နေရပြီဆိုရင် ဒါက ပြဿနာ ဖြစ်လာပါပြီ။

၂။ အမြဲတမ်း ချောင်းမြောင်းနေမိပြီ

ဘယ်လိုဆက်ဆံရေးမျိုးမဆို အပြန်အလှန် ယုံကြည်မှုလိုအပ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ အမြဲတမ်း သူ့ကို သင်မသင်္ကာဖြစ်နေရပြီး နည်းအမျိုးမျိုးသုံးပြီး သူဘာလုပ်တယ်၊ ဘယ်မှာရှိတယ်ဆိုတာ ချောင်းမြောင်းနေရပြီ ဆိုရင်တော့ ဒါဟာ ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။

၃။ ကတိတွေ ထားရမှာ ကြောက်နေမိပြီ

သူနဲ့ ချစ်နေတာ နှစ်ပေါင်းများစွာကြာပြီး လက်ထပ်ဖို့အတွက် စဉ်းစားခဲ့ဖူးပေမဲ့ အခုအခါမှာတော့ ဘယ်တော့လက်ထပ်မယ်လို့ ကတိပြုဖို့ စိုးရွံ့နေမိပြီ။

၄။ သူမရှိတဲ့ဘဝက ပိုပျော်စရာကောင်းမယ်လို့ တွေးမိနေပြီ

စိတ်ကူးယဉ်တယ်ဆိုတာ ကြိုက်သလို ယဉ်ခွင့်ရှိပါတယ်။ ဒါပေမဲ့ သင့်ရဲ့ ပျော်ရွှင်စရာစိတ်ကူးယဉ် ကမ္ဘာလေးတိုင်းမှာ သူမပါလာဘူးဆိုရင်တော့ သင်တို့ရဲ့ အချစ်ရေးက မကောင်းတော့တဲ့အတွက်ကြောင့် ဖြစ်တယ်။ သင် ဝန်မခံချင်ပေမဲ့ အဲဒီအချစ်ရေးမှာ သင် မပျော်တော့ဘူး။

၅။ မကျေမချမ်းစိတ်တွေ များနေပြီ

အချစ်ရေးက စတင် အက်ကွဲလာတဲ့အခါ တစ်ချိန်က သင်အရမ်းချစ်ပါတယ်ဆိုတဲ့ သူနဲ့ ပတ်သက်သမျှ အရာအားလုံးက စိတ်ပျက်စရာ၊ မကျေနပ်စရာတွေ ဖြစ်လာပါတယ်။ အဲဒီလို ဖြစ်လာပြီဆိုရင်တော့ သင်တို့အချစ်ရေးက ပျက်စီးဖို့ နီးကပ်နေပါပြီ။

၆။ အတိတ်ကိုပဲ တမ်းတနေတယ်

စချစ်စက ဘယ်လိုဆိုပြီး ပြန်ပြောင်းတွေးပြီး ကြည်နူးတာ ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ အရင်တုန်းကလိုပဲ ပြန်ဖြစ်ချင်စိတ်တွေနဲ့ အခုဖြစ်နေတာတွေကို မကျေမနပ်ဖြစ်နေပြီဆိုရင် တစ်ခုခု မှားယွင်းနေပါပြီ။


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top