iMyanmarHouse.com - Best Property Website for Myanmar
×



ကိုယ္ပိုင္အခ်ိန္ေတြအားလံုးကို ပရဟိတအလုပ္ေတြနဲ႕ အခ်ိန္ကုန္ခဲ့တဲ့ လူပ်ိဳႀကီး ေဝဠဳေက်ာ္ရဲ႕ မဂၤလာသတင္းက မၾကာခင္မွာ ၾကားရေတာ့မွာပါ။

ကိုယ္ပိုင္အခ်ိန္ေတြအားလံုးကို ပရဟိတအလုပ္ေတြနဲ႕ အခ်ိန္ကုန္ေနရတဲ့ သရုပ္ေဆာင္ ေဝဠဳေက်ာ္က အခုခ်ိန္ထိ လူပ်ိဳႀကီးဆိုတဲ့ ဂုဏ္ပုဒ္ကို ဆက္လက္ထိန္းထားသူတစ္ဦးလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ မၾကာခင္မွာ ေဝဠဳေက်ာ္ဟာ အဲ့ဒီဂုဏ္ပုဒ္ကို ဆက္လက္ထိန္းထားႏုိင္ေတာ့မယ့္ အေျခအေနမရွိေတာ့ပါဘူး။

ဘာလို႕လည္းဆိုေတာ့  သူအရမ္းခ်စ္ရမယ့္ သူကို ေတြ႕ထားၿပီလို႕ မီဒီယာေတြကေန တဆင့္ ရင္ဖြင့္လိုက္တာေၾကာင့္ပါ။ ခ်စ္သူရေနၿပီဆိုတဲ့ သတင္းေတြနဲ႕ ပတ္သက္ၿပီး ေဝဠဳေက်ာ္က  Duwun media ကို ယခုလို ေျပာျပခဲ့ပါတယ္။

"ရည္းစားရေနၿပီလိုေတာ့ မဟုတ္ပါဘူး။ နီးစပ္ေနပါၿပီ။ အႏုပညာလည္း ေျပာလို႕ရတယ္။ သူက အႏုပညာလည္း ေျပာလို႕ရတယ္။ ပရဟိတ လည္း ေျပာလို႕ရတယ္။ အဲ့လို ၾကားထဲက ေရြးထားတာေပ့ါ။ သတင္းေကာငး္က ၾကားခ်င္လည္း ၾကားရမယ္။ မၾကားခ်င္လည္း မၾကားရဘူး ေပ့ါေနာ္။ ကၽြန္ေတာ္တစ္ကယ္ အိမ္ေထာင္ျပဳမယ္ဆိုတာ တစ္ကယ္ခ်စ္လို႕ပါ။ တအားခ်စ္လို႔ပါ။ အခ်စ္ေတြ အဆံုးသတ္မယ့္ အခ်ိန္ ေရာက္လာ ေတာ့မွာေပ့ါေနာ္။ ကၽြန္ေတာ္တအားခ်စ္တဲ့သူေတြ႕ထားၿပီလို႕ ေျပာလို႕ရပါတယ္။ ကၽြန္ေတာ့္ဘက္ကေတာ့ ေသခ်ာသြားၿပီ သူ႕ဘက္ကေတာ့ ရဲစခန္းတိုင္ထားတယ္" လို႕ ရယ္ရယ္ေမာေမာနဲ႕ ေျပာျပခဲ့တာ ျဖစ္ပါတယ္။

သူ႕ရဲ႕ လက္ရွိအရြယ္ဟာ လိႈင္းပုတ္တိုင္း သစ္ရြက္လႈပ္လိုင္း ရင္ခုန္တတ္တဲ့ အရြယ္မဟုတ္ေတာ့တာေၾကာင့္ အခ်စ္ေတြ စစ္မွသာ ခ်စ္ခ်င္ေတာ့တာဆိုၿပီး သူက ဆက္လက္ေျပာျပထားပါေသးတယ္။

"လူတစ္ခါ တစ္ခါတေလ ေလာကမွာအခ်စ္ ဆိုတာက အင္မတန္မွ နူးညံ့သိမ္ေမြ႕တယ္။ တစ္ခါတေလက်ရင္ ဒီတုိင္းေလး ၾကည့္ၿပီးခ်စ္ ေနရတာ ကိုက အရသာတစ္မ်ိဳးေပ့ါ။ ပြင့္ပြင့္လင္းလင္း သိလုိက္ၿပီးမွ ခ်စ္ရတာလည္း အရသာ တစ္မ်ိဳးေပ့ါ။ ရျခင္း ပိုင္ဆိုင္ျခင္းေတြ ပါလာမွ ခ်စ္ရတာ လည္း အရသာတစ္မ်ိဳး။ မရလိုက္ေတာ့လည္း ခ်စ္ေနဦးမွာေပါ။ ဟိုတုန္းက အခ်စ္က သစ္ရြက္လႈပ္လို႕ လိႈင္းပုတ္ရင္ ရင္ခုန္တတ္တဲ့ အရြယ္ ေလ။ကၽြန္ေတာ္က အခု သစ္ရြက္လႈပ္လို႕ လိႈင္းပုတ္ရံုနဲ႕ ရင္မခုန္ေတာ့ဘူး တစ္ခါအခ်စ္ေတြ စစ္မွ ခ်စ္ခ်င္ေတာ့တာ" လို႕ ဒီဇင္ဘာ(၃) ရက္ေန႕ က ျပဳလုပ္တဲ့  လူမႈထူးခၽြန္ဆုခ်ီးျမွင့္ပြဲမွာ ေျဖဆိုခဲ့တာ ျဖစ္ပါတယ္။


ေဝဠဳေက်ာ္က သူဟာအရမ္းကို ခ်စ္တတ္တဲ့ ေယာက္်ားတစ္ေယာက္ျဖစ္တယ္လို႕ ဆုိပါတယ္။ဘဝမွာ အေၾကာင္းေၾကာင္းေၾကာင့္ လြဲေခ်ာ္ခဲ့တာ ေတြအမ်ားႀကီး ရွိသလို မွားယြင္းခဲ့တာေတြလည္း အမ်ားႀကီးရွိပါတယ္တဲ့။ လက္ျပႏႈတ္ဆက္သြားသူေတြအားလံုးကိုလည္း သူ႕အေနနဲ႕ ေက်းဇူး တင္သလို သူလက္ျပႏႈတ္ဆက္ခဲ့ရသူေတြအကုန္လံုးကိုလည္း ေတာင္းပန္ပါတယ္လို႕ Duwun Media ရဲ႕ အင္တာဗ်ဴးမွာ ေျဖဆုိေပးခဲ့ ပါေသး တယ္။

ေဝဠဳေက်ာ္ဟာ ပရိသတ္ေတြ ေလးစားအားက်ရတဲ့ သရုပ္ေဆာင္ တစ္ဦးလည္း ျဖစ္ပါတယ္။ ေဝဠဳေက်ာ္ဟာ ၂၀၀၉ခုႏွစ္ကစၿပီး လူမႈ အက်ိဳးျပဳ အလုပ္ေတြကို လုပ္ကိုင္ဖို႕ ေဝဠဳေက်ာ္ ေဖာင္ေဒးရွင္းကို စၿပီး တည္ေထာင္ျဖစ္ခဲ့တာပါ။ ေဝဠဳေက်ာ္က အႏုပညာအလုပ္ေတြ သာမက ပရဟိတအလုပ္ေတြကိုပါ အားတတ္သေရာ ပါဝင္လႈပ္ရွားေနသူ တစ္ဦး ျဖစ္ပါတယ္။


Credit:Duwun

# Unicode Version ျဖင့္ ဖတ္ပါ #

ကိုယ်ပိုင်အချိန်တွေအားလုံးကို ပရဟိတအလုပ်တွေနဲ့ အချိန်ကုန်ခဲ့တဲ့ လူပျိုကြီး ဝေဠုကျော်ရဲ့ မင်္ဂလာသတင်းက မကြာခင်မှာ ကြားရတော့မှာပါ။

ကိုယ်ပိုင်အချိန်တွေအားလုံးကို ပရဟိတအလုပ်တွေနဲ့ အချိန်ကုန်နေရတဲ့ သရုပ်ဆောင် ဝေဠုကျော်က အခုချိန်ထိ လူပျိုကြီးဆိုတဲ့ ဂုဏ်ပုဒ်ကို ဆက်လက်ထိန်းထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် မကြာခင်မှာ ဝေဠုကျော်ဟာ အဲ့ဒီဂုဏ်ပုဒ်ကို ဆက်လက်ထိန်းထားနိုင်တော့မယ့် အခြေအနေမရှိတော့ပါဘူး။

ဘာလို့လည်းဆိုတော့  သူအရမ်းချစ်ရမယ့် သူကို တွေ့ထားပြီလို့ မီဒီယာတွေကနေ တဆင့် ရင်ဖွင့်လိုက်တာကြောင့်ပါ။ ချစ်သူရနေပြီဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ဝေဠုကျော်က  Duwun media ကို ယခုလို ပြောပြခဲ့ပါတယ်။

"ရည်းစားရနေပြီလိုတော့ မဟုတ်ပါဘူး။ နီးစပ်နေပါပြီ။ အနုပညာလည်း ပြောလို့ရတယ်။ သူက အနုပညာလည်း ပြောလို့ရတယ်။ ပရဟိတ လည်း ပြောလို့ရတယ်။ အဲ့လို ကြားထဲက ရွေးထားတာပေ့ါ။ သတင်းကောင်းက ကြားချင်လည်း ကြားရမယ်။ မကြားချင်လည်း မကြားရဘူး ပေ့ါနော်။ ကျွန်တော်တစ်ကယ် အိမ်ထောင်ပြုမယ်ဆိုတာ တစ်ကယ်ချစ်လို့ပါ။ တအားချစ်လို့ပါ။ အချစ်တွေ အဆုံးသတ်မယ့် အချိန် ရောက်လာ တော့မှာပေ့ါနော်။ ကျွန်တော်တအားချစ်တဲ့သူတွေ့ထားပြီလို့ ပြောလို့ရပါတယ်။ ကျွန်တော့်ဘက်ကတော့ သေချာသွားပြီ သူ့ဘက်ကတော့ ရဲစခန်းတိုင်ထားတယ်" လို့ ရယ်ရယ်မောမောနဲ့ ပြောပြခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ လက်ရှိအရွယ်ဟာ လှိုင်းပုတ်တိုင်း သစ်ရွက်လှုပ်လိုင်း ရင်ခုန်တတ်တဲ့ အရွယ်မဟုတ်တော့တာကြောင့် အချစ်တွေ စစ်မှသာ ချစ်ချင်တော့တာဆိုပြီး သူက ဆက်လက်ပြောပြထားပါသေးတယ်။

"လူတစ်ခါ တစ်ခါတလေ လောကမှာအချစ် ဆိုတာက အင်မတန်မှ နူးညံ့သိမ်မွေ့တယ်။ တစ်ခါတလေကျရင် ဒီတိုင်းလေး ကြည့်ပြီးချစ် နေရတာ ကိုက အရသာတစ်မျိုးပေ့ါ။ ပွင့်ပွင့်လင်းလင်း သိလိုက်ပြီးမှ ချစ်ရတာလည်း အရသာ တစ်မျိုးပေ့ါ။ ရခြင်း ပိုင်ဆိုင်ခြင်းတွေ ပါလာမှ ချစ်ရတာ လည်း အရသာတစ်မျိုး။ မရလိုက်တော့လည်း ချစ်နေဦးမှာပေါ။ ဟိုတုန်းက အချစ်က သစ်ရွက်လှုပ်လို့ လှိုင်းပုတ်ရင် ရင်ခုန်တတ်တဲ့ အရွယ် လေ။ကျွန်တော်က အခု သစ်ရွက်လှုပ်လို့ လှိုင်းပုတ်ရုံနဲ့ ရင်မခုန်တော့ဘူး တစ်ခါအချစ်တွေ စစ်မှ ချစ်ချင်တော့တာ" လို့ ဒီဇင်ဘာ(၃) ရက်နေ့ က ပြုလုပ်တဲ့  လူမှုထူးချွန်ဆုချီးမြှင့်ပွဲမှာ ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။


ဝေဠုကျော်က သူဟာအရမ်းကို ချစ်တတ်တဲ့ ယောက်ျားတစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ဘဝမှာ အကြောင်းကြောင်းကြောင့် လွဲချော်ခဲ့တာ တွေအများကြီး ရှိသလို မှားယွင်းခဲ့တာတွေလည်း အများကြီးရှိပါတယ်တဲ့။ လက်ပြနှုတ်ဆက်သွားသူတွေအားလုံးကိုလည်း သူ့အနေနဲ့ ကျေးဇူး တင်သလို သူလက်ပြနှုတ်ဆက်ခဲ့ရသူတွေအကုန်လုံးကိုလည်း တောင်းပန်ပါတယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုပေးခဲ့ ပါသေး တယ်။

ဝေဠုကျော်ဟာ ပရိသတ်တွေ လေးစားအားကျရတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ ဝေဠုကျော်ဟာ ၂၀၀၉ခုနှစ်ကစပြီး လူမှု အကျိုးပြု အလုပ်တွေကို လုပ်ကိုင်ဖို့ ဝေဠုကျော် ဖောင်ဒေးရှင်းကို စပြီး တည်ထောင်ဖြစ်ခဲ့တာပါ။ ဝေဠုကျော်က အနုပညာအလုပ်တွေ သာမက ပရဟိတအလုပ်တွေကိုပါ အားတတ်သရော ပါဝင်လှုပ်ရှားနေသူ တစ်ဦး ဖြစ်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top