iMyanmarHouse.com - Best Property Website for Myanmar
×













Credit: Phyo lay

# Unicode Version ဖြင့် ဖတ်ပါ #

အမတစ်ယောက်က ရှားစောင်းလက်ပတ်ယိုလေး တင်ထားတာတွေ့လို့ ညီမလည်းပြန်ရှယ်ပါရစေနော်

ဝတဲ့သူတွေ ဒါမှမဟုတ် ဗိုက်ပူတဲ့သူတွေအတွက်အရမ်းအဆင်ပြေတယ် အိမ်ရှင်မတော်တော်များများရဲ့ဒုက္ခကဗိုက်ပူတာပါပဲ
ညီမလေ အဲ့ယိုလုပ်နည်းကိုမေမေကတဆင့်သိတာပါ စားကြည့်တော့တကယ်ဗိုက်ကျတယ်ရှင့်

●ရှားစောင်းလက်ပတ် ငါးတက်လောက်ကိုဘေးကစူးသွားတွေကို ဓားနဲ့ခွာပီး လက်တစ်ဆစ်လောက်လေးတွေကိုလှီးပါ
(အခွံမနွှာတော့ ထုပ်ထုပ်ထုပ် နဲ့စားလို့ကောင်းသလိုပိုဆေးဖက်ဝင်တာပေါ့)

●ထန်းလျက်(အညို)ငါးကျပ်သားလောက်ကို ဆီ ၅ကျပ်သားလောက်ထဲကို ထည့်ပီးအရည်ပျော်အောင်မွှေပါ

●ထန်းလျက်အရည်ပျော်သွားရင် ရှားစောင်းလက်ပတ်ထည့်ပါ ရှားစောင်းလတ်ပတ်က အရည်ထွက်တဲ့အတွက်ခနခနမွှေပေးပါ

●ရှားစောင်းလက်ပတ်အရည်ခမ်းသွားပီးနည်းနည်းခပ်ပျစ်ပျစ်ဖြစ်လာရင် ငှက်ပျောသီးဖီးကြမ်း နှစ်လုံးကိုပါးပါးလှီးထည့်ပါ
(ငှက်ပျောသီးကများလျှင်ချဉ်တတ်လို့နှစ်လုံးဆိုလုံလောက်ပါပြီ)

●ကြက်ဥနှစ်လုံးကိုမွှေပီးမှထည့်ပါ ဇွန်းနဲ့အဆက်မပြတ်မွှေပေးပါ ကပ်သွားနိုင်တဲ့အတွက်ကြောင့်ပါ

●ပြီးရင်တကယ်ကိုအရသာရှိတဲ့ ရှားစောင်းလတ်ပတ်ယိုလေးရပါပြီရှင် အဖုံးလုံတဲ့ပုလင်းလေးထဲကိုထည့်သိမ်းပြီးစားလို့ရပါပြီ

ညီမ အစကထင်ထားတာတာက ဆီတွေလည်းများတယ် ကြက်ဥ ငှက်ပျောသီးရောဆိုတော့ဝိတ်တက်မှာပဲလို့ထင်ထားတာ

ဒါပေမယ့်တကယ်စားကြည့်တော့ဝမ်းလည်းမှန်သလို မိန်းကလေးတွေနဲ့ပတ်သတ်တဲ့ရောဂါတွေကိုလည်းကာကွယ်ပေးတယ်ဆိုတော့ စားရကျိုးနပ်ပီပေါ့နော်

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top