iMyanmarHouse.com - Best Property Website for Myanmar
×



အခ်စ္ဦးဆိုတာ ပထမဦးဆံုးခ်စ္ခဲ့ဖူးတဲ့ ခ်စ္သူကို ရည္ရြယ္တာပါ။ လူတိုင္းလိုလိုမွာ အခ်စ္ဦးေတာ့ ရွိမွာပါ။ ဒါေပမယ့္ အခ်စ္ဦးနဲ႔ အခ်စ္ဆံုးဆိုတာ ယွဥ္လာရင္ အခ်စ္ဦးကေတာ့ ေနာက္မွာက်န္ခဲ့ပါတယ္။

အခ်စ္ဆံုးနဲ႔ယွဥ္ရင္ အခ်စ္ဦးဆိုတာ ဘာမွအေရးမပါေၾကာင္း ေသခ်ာေနတဲ့ အခ်က္ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။ လက္ရွိ သင့္ခ်စ္သူအတြက္ သင္ဟာ အခ်စ္ဦးျဖစ္ခ်င္မွျဖစ္မယ္ ဒါေပမယ့္လည္း သူ႔အခ်စ္ဆံုးက သင္ဆိုရင္ေတာ့ သင္ဟာအရမး္ကုိ ကံေကာငး္တဲ့သူပါ။


(၁) အခ်စ္ဆံုးေၾကာင့္ ေမွ်ာ္လင့္ခ်က္ေတြရွိလာတယ္

အခ်စ္ဦးနဲ႔လြဲသြားတဲ့အခါမွာ စိတ္ဓာတ္ေတြက်ျပီး အခ်စ္ဆိုတာၾကီးကိုေတာင္ စိတ္ကုန္ေနတတ္ပါတယ္။ အခ်စ္ဆံုးဆိုတာက အခ်စ္ဦးနဲ႔တုန္းက ေပ်ာက္ဆံုးခဲ့တဲ့ ေမွ်ာ္လင့္ခ်က္ေတြ၊ ယံုၾကည္ခ်က္ေတြ အားလံုးကုိ ျပန္လည္ႏုိးထ ေစႏိုင္တဲ့သူပါ။ ေရွ႕ဆက္ရမယ့္ အနာဂတ္ေတြအတြက္ အားအင္ေတြေပးျပီး ေမွ်ာ္လင့္ခ်က္ေတြကို ျပန္လည္ႏိုးထ ေစႏိုင္တဲ့သူပါ။ ဒါေၾကာင့္ အခ်စ္ဦးဆိုတာ အခ်စ္ဆံုးနဲ႕ယွဥ္ရင္ ဘာမွမေျပာပေလာက္ပါဘူး။

အခ်စ္ဦးနဲ႔ကြဲသြားတဲ့အခါ ႏွလံုးသားထဲက ဒဏ္ရာေတြ၊ နာၾကည္းမႈေတြ၊ လြမး္ဆြတ္သတိရေနတဲ့ခံစားခ်က္ေတြအားလံုးကုိ ေပ်ာက္ကင္းသြားေစႏိုင္တာ အခ်စ္ဆံုးပါပဲ။ အခ်စ္ဆံုးနဲ႔ေတြ႕ျပီဆိုရင္ အခ်စ္ဆံုးနဲ႔ပတ္သက္သမွ် ခံစားခ်က္ေတြ၊ ဒဏ္ရာေတြအားလံုး ေပ်ာက္ကြယ္သြားမွာျဖစ္ျပီး အခ်စ္ဆံုးနဲ႔ယွဥ္လာတဲ့အခါ အခ်စ္ဦးက ဘာမွမဟုတ္ပါလားဆိုတာကုိ နားလည္သြားပါလိမ့္မယ္။

(၃) ပိုျပီး ၾကံ့ခိုင္လာေစတယ္

အခ်စ္ဆံုးနဲ႔ေတြ႕တဲ့အခါ လူတစ္ေယာက္ဟာ စိတ္ပိုင္းဆိုင္ရာမွာ ပိုျပီးၾကံ့ခိုင္သြားပါတယ္။ အနာဂတ္အတြက္ ေတြးေခၚလာတယ္၊ ေလာကၾကီးကိုရင္ဆုိင္ရဲသြားတယ္၊ အရာရာကိုအေကာင္းျမင္ျပီး လဲက်တဲ့အခ်ိန္ေတြမွာေတာင္ ျပန္ထႏိုင္သြားပါတယ္။ ဘယ္ေလာက္ေမာပန္းေနတဲ့အခ်ိ္န္ေတြပဲျဖစ္ပါေစ အခ်စ္ရဆံုးသူရဲ႕ မ်က္ႏွာေလးကို ျမင္လိုက္ရရင္၊ အသံေလးကုိ ၾကားလုိက္ရရင္ အေမာေတြေျပျပီး စိတ္ထဲမွာခ်မး္ေျမ့သြားပါတယ္။ ဒါေၾကာင့္ အခ်စ္ဆံုးသာလွ်င္ လူတစ္ေယာက္ရဲ႕ဘဝမွာ အေလးနက္ဆံုးခံစားခ်က္ေတြကို ျဖစ္ေပၚေစတဲ့သူပါ။

(၄) ပိုျပီးနားလည္မႈရွိသြားတယ္

အခ်စ္ဦးဟာ ပထမဆံုး အေတြ႕အၾကံဳျဖစ္တာေၾကာင့္ မရင့္က်က္မႈေတြ၊ အမွားေတြအမ်ားၾကီးနဲ႔ အဆံုးသတ္သြားရေလ့ရွိပါတယ္။ ဒါေပမယ့္လညး္ အခ်စ္ဆံုးနဲ႔ေတြ႕တဲ့အခါမွာေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ၾကားမွာ နားလည္မႈေတြပိုရွိလာတယ္၊ ပိုျပီးရင့္က်က္လာတယ္၊ ပိုျပီးညွိႏိႈင္းတတ္လာျပီး အခ်စ္ေရးဟာလည္း ခိုင္ျမဲသြားပါေတာ့တယ္။ ဒါေၾကာင့္ အခ်စ္ဦးဆိုတာ အခ်စ္ဆံုးနဲ႔ေတြ႔ဆံုတဲ့အခါမွာ အမွားေတြထပ္မလုပ္မိေစဖို႔ သင္ခန္းစာေတြေပးလိုက္တဲ့ သူတစ္ေယာက္သာျဖစ္ပါတယ္။

(၅) သင့္အတြက္အေကာင္းဆံုးဆိုတာ သေဘာေပါက္ေစတယ္

အခ်စ္ဦးနဲ႔ကြဲသြားျပီးေနာက္ အခ်စ္ဆံုးနဲ႔ေတြ႕လာတဲ့အခါမွာ အခ်စ္ဆံုးသည္သာ သင့္အတြက္ အေကာင္းဆံုးဆိုတာ သေဘာေပါက္လာမွာပါ။ အခ်စ္ဦးေလာက္ဘယ္သူ႔ကိုမွ မခ်စ္ႏိုင္ေတာ့ေလာက္ဘူးလို႔ သင္ထင္ခဲ့တာေတြအားလံုးကို အခ်စ္ဆံုးနဲ႔ ေတြ႕တဲ့အခါမွာ မွားတယ္ဆိုတာကို သင္သိသြားမွာပါ။ ဒါ့အျပင္ အခ်စ္ဆံုးနဲ႔ ေတြ႕ဆံုဖို႔ျဖစ္လာေစခဲ့တဲ့ အခ်စ္ဦးကို သင္ေက်းဇူးတင္ေနမိမွာပါ။ သူနဲ႔သာမကြဲခဲ့ရင္ အခ်စ္ဆံုးကိုေတြ႕ရမွာ မဟုတ္ဘူးေလ။

Credit: Auntymay

# Unicode Version ျဖင့္ ဖတ္ပါ #

အချစ်ဦးဆိုတာ ပထမဦးဆုံးချစ်ခဲ့ဖူးတဲ့ ချစ်သူကို ရည်ရွယ်တာပါ။ လူတိုင်းလိုလိုမှာ အချစ်ဦးတော့ ရှိမှာပါ။ ဒါပေမယ့် အချစ်ဦးနဲ့ အချစ်ဆုံးဆိုတာ ယှဉ်လာရင် အချစ်ဦးကတော့ နောက်မှာကျန်ခဲ့ပါတယ်။

အချစ်ဆုံးနဲ့ယှဉ်ရင် အချစ်ဦးဆိုတာ ဘာမှအရေးမပါကြောင်း သေချာနေတဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ လက်ရှိ သင့်ချစ်သူအတွက် သင်ဟာ အချစ်ဦးဖြစ်ချင်မှဖြစ်မယ် ဒါပေမယ့်လည်း သူ့အချစ်ဆုံးက သင်ဆိုရင်တော့ သင်ဟာအရမ်းကို ကံကောင်းတဲ့သူပါ။

(၁) အချစ်ဆုံးကြောင့် မျှော်လင့်ချက်တွေရှိလာတယ်

အချစ်ဦးနဲ့လွဲသွားတဲ့အခါမှာ စိတ်ဓာတ်တွေကျပြီး အချစ်ဆိုတာကြီးကိုတောင် စိတ်ကုန်နေတတ်ပါတယ်။ အချစ်ဆုံးဆိုတာက အချစ်ဦးနဲ့တုန်းက ပျောက်ဆုံးခဲ့တဲ့ မျှော်လင့်ချက်တွေ၊ ယုံကြည်ချက်တွေ အားလုံးကို ပြန်လည်နိုးထ စေနိုင်တဲ့သူပါ။ ရှေ့ဆက်ရမယ့် အနာဂတ်တွေအတွက် အားအင်တွေပေးပြီး မျှော်လင့်ချက်တွေကို ပြန်လည်နိုးထ စေနိုင်တဲ့သူပါ။ ဒါကြောင့် အချစ်ဦးဆိုတာ အချစ်ဆုံးနဲ့ယှဉ်ရင် ဘာမှမပြောပလောက်ပါဘူး။

အချစ်ဦးနဲ့ကွဲသွားတဲ့အခါ နှလုံးသားထဲက ဒဏ်ရာတွေ၊ နာကြည်းမှုတွေ၊ လွမ်းဆွတ်သတိရနေတဲ့ခံစားချက်တွေအားလုံးကို ပျောက်ကင်းသွားစေနိုင်တာ အချစ်ဆုံးပါပဲ။ အချစ်ဆုံးနဲ့တွေ့ပြီဆိုရင် အချစ်ဆုံးနဲ့ပတ်သက်သမျှ ခံစားချက်တွေ၊ ဒဏ်ရာတွေအားလုံး ပျောက်ကွယ်သွားမှာဖြစ်ပြီး အချစ်ဆုံးနဲ့ယှဉ်လာတဲ့အခါ အချစ်ဦးက ဘာမှမဟုတ်ပါလားဆိုတာကို နားလည်သွားပါလိမ့်မယ်။

(၃) ပိုပြီး ကြံ့ခိုင်လာစေတယ်

အချစ်ဆုံးနဲ့တွေ့တဲ့အခါ လူတစ်ယောက်ဟာ စိတ်ပိုင်းဆိုင်ရာမှာ ပိုပြီးကြံ့ခိုင်သွားပါတယ်။ အနာဂတ်အတွက် တွေးခေါ်လာတယ်၊ လောကကြီးကိုရင်ဆိုင်ရဲသွားတယ်၊ အရာရာကိုအကောင်းမြင်ပြီး လဲကျတဲ့အချိန်တွေမှာတောင် ပြန်ထနိုင်သွားပါတယ်။ ဘယ်လောက်မောပန်းနေတဲ့အချိန်တွေပဲဖြစ်ပါစေ အချစ်ရဆုံးသူရဲ့ မျက်နှာလေးကို မြင်လိုက်ရရင်၊ အသံလေးကို ကြားလိုက်ရရင် အမောတွေပြေပြီး စိတ်ထဲမှာချမ်းမြေ့သွားပါတယ်။ ဒါကြောင့် အချစ်ဆုံးသာလျှင် လူတစ်ယောက်ရဲ့ဘဝမှာ အလေးနက်ဆုံးခံစားချက်တွေကို ဖြစ်ပေါ်စေတဲ့သူပါ။

(၄) ပိုပြီးနားလည်မှုရှိသွားတယ်

အချစ်ဦးဟာ ပထမဆုံး အတွေ့အကြုံဖြစ်တာကြောင့် မရင့်ကျက်မှုတွေ၊ အမှားတွေအများကြီးနဲ့ အဆုံးသတ်သွားရလေ့ရှိပါတယ်။ ဒါပေမယ့်လည်း အချစ်ဆုံးနဲ့တွေ့တဲ့အခါမှာတော့ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ နားလည်မှုတွေပိုရှိလာတယ်၊ ပိုပြီးရင့်ကျက်လာတယ်၊ ပိုပြီးညှိနှိုင်းတတ်လာပြီး အချစ်ရေးဟာလည်း ခိုင်မြဲသွားပါတော့တယ်။ ဒါကြောင့် အချစ်ဦးဆိုတာ အချစ်ဆုံးနဲ့တွေ့ဆုံတဲ့အခါမှာ အမှားတွေထပ်မလုပ်မိစေဖို့ သင်ခန်းစာတွေပေးလိုက်တဲ့ သူတစ်ယောက်သာဖြစ်ပါတယ်။

(၅) သင့်အတွက်အကောင်းဆုံးဆိုတာ သဘောပေါက်စေတယ်

အချစ်ဦးနဲ့ကွဲသွားပြီးနောက် အချစ်ဆုံးနဲ့တွေ့လာတဲ့အခါမှာ အချစ်ဆုံးသည်သာ သင့်အတွက် အကောင်းဆုံးဆိုတာ သဘောပေါက်လာမှာပါ။ အချစ်ဦးလောက်ဘယ်သူ့ကိုမှ မချစ်နိုင်တော့လောက်ဘူးလို့ သင်ထင်ခဲ့တာတွေအားလုံးကို အချစ်ဆုံးနဲ့ တွေ့တဲ့အခါမှာ မှားတယ်ဆိုတာကို သင်သိသွားမှာပါ။ ဒါ့အပြင် အချစ်ဆုံးနဲ့ တွေ့ဆုံဖို့ဖြစ်လာစေခဲ့တဲ့ အချစ်ဦးကို သင်ကျေးဇူးတင်နေမိမှာပါ။ သူနဲ့သာမကွဲခဲ့ရင် အချစ်ဆုံးကိုတွေ့ရမှာ မဟုတ်ဘူးလေ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top