iMyanmarHouse.com - Best Property Website for Myanmar
×


ေရႊထူးနဲ႔ ေရႊမံႈဟာဆိုရင္ေတာ့ စတြဲကတည္းက တစ္ေယာက္မ်က္နွာပဲတစ္ေယာက္ၾကည့္ျပီးအရိပ္တၾကည့္ၾကည့္နဲ႔ ခ်စ္ေနခဲ့ၾကတာဟာ အရပ္ရွစ္မ်က္နွာစလံုးက ပရိသတ္ေတြအတြက္အားက်စရာၾကီးကုိျဖစ္ေနေတာ့တာပါ။ ေရႊနွစ္ေရႊဟာအခုဆိုရင္ လက္ထပ္ျပီးလို႔ ပ်ားရည္ဆမ္းခရီးကုိ Europe တစ္ခြင္ျပဲျပဲစင္ေအာင္ထြက္ခဲ့ၾကျပီး ရန္ကုန္ကုိျပန္ေရာက္ေနၾကျပီျဖစ္ပါတယ္။ ေရႊမႈံက MC နဲ႔ အင္တာဗ်ဴးမွာ ပ်ားရည္ဆမ္းခရီးတစ္ေလွ်ာက္ ေရႊထူးရဲ႕ခ်စ္တတ္ပံုေတြအလိုလိုက္ဂရုစိုက္ပံုေတြနဲ႔ ေပ်ာ္ရႊင္ရတဲ့အမွတ္တရေတြကုိ ေျပာျပလာခဲ့ပါတယ္။

ဒါ့အျပင္ ေရႊထူးရဲ႕အလိုလိုက္ဂရုစုိက္တတ္ပံုေတြကုိလည္း “ခရီးသြားတဲ့အခ်ိန္မွာ ေနမေကာင္းတာေတြနဲ႔သြားၾကံဳေတာ့ သူ႔မွာ ဒုကၡေရာက္ေတာ့တာေပါ့။တစ္ခ်ိန္လံုးသူ႔ကုိအီေနျပီးေတာ့ခ်ီခိုင္းတယ္။ ေလယာဥ္ေပၚမွာဆိုရင္လည္းအဲ့လိုပဲ သူ႔ကုိအီျပီးခ်ီခိုင္းလို႔ သူ႔မွာခ်ီျပီးေခ်ာ့ရတယ္။ေလယာဥ္မယ္ေတြက သူ႔ကုိဝုိင္းၾကည့္ျပီး ရယ္ၾကတယ္။သဲေနမေကာင္းလို႔ဆိုျပီးသူ႔မွာခ်ီျပီးသိပ္ျပီးထုိင္ရက္ၾကီးအိပ္ေပ်ာ္ေနတယ္။ တစ္လမ္းလံုးေခ်ာ့သိပ္ျပီးရန္ကုန္ေရာက္လာတယ္။အဲ့ဒါကေတာ့ အနီးကပ္ဆံုးအမွတ္တရပါပဲ”လို႔ ေပ်ာ္ရႊင္စြာေျပာျပထားပါတယ္။


အိမ္ေထာင္ဦးစီးျဖစ္သြားတဲ့ ေရႊထူးက အိမ္ရွင္မ ကုိ ပိုက္ဆံေတြျပန္အပ္တတ္ေနျပီဆိုတဲ့အေၾကာင္းကုိလည္း “ဒါကမိန္းမေတြရဲ႕ထံုးစံဆိုိုေတာ့လည္း သူပုိက္ဆံအပ္တယ္ေပါ့ေနာ္။အပ္ျပီးေတာ့ လမ္းစားရိတ္ျပန္ေတာင္းတယ္။ ဒီေန႔လည္းေလယာဥ္ကြင္းသြားတာ။မုန္႔စားဖို႔ပုိက္ဆံေပးလိုက္ဦးဆိုတာနဲ႔ နွစ္ေသာင္းခြဲအရင္ထုတ္ေပးလိုက္တာ။ နွစ္ေသာင္းခြဲထုတ္ေပးေတာ့ဘာလုပ္ဖို႔လဲဆိုေတာ့ မုန္႔စားဖို႔ေလလုိ႔ သဲကအရင္က ေလယာဥ္ကြင္းသြားရင္ တစ္ေသာင္းေလာက္ပဲကုန္တာလို႔။ မရဘူးေလတဲ့။ သူမ်ားေတြေကြ်းရဦးမယ္တဲ့။ သူမ်ားေတြကို သူ႔ဘာသာရွင္းခိုင္းေပါ့လို႔။ သူကစိတ္ဆိုးတယ္။အဲဒါနဲ႔ ေရာ့ေရာ့ေရာ့ သံုးေသာင္းယူသြားဆိုျပီး။ ေနာက္မွအားလံုးဝုိင္းေျပာၾကလို႔ ငါးေသာင္းေတာ့ေပးလိုက္မယ္။ပုိလို႔ရွိရင္ေတာ့ျပန္ေပးဆိုေတာ့ ေအးေအးေအး ျပန္ေပးမယ္တဲ့ဆိုျပီး စိတ္ဆုိးျပီးထြက္သြားတယ္။ အရမ္းခ်စ္ဖုိ႔ေကာင္းပါတယ္”လို႔ ရယ္ေမာရင္းေဖာက္သည္ခ်ထားပါတယ္။

ေရႊမံႈက အိမ္ေထာင္ေရးကုိအဓြန္႔ရွည္တည္တံ့ဖို႔စဥ္းစားထားတာေတြအေၾကာင္း “လူေတြက ေျပာတယ္။ဒါက ရကာစမို႔ဒီလိုျဖစ္ေနတာပါဆိုျပီး။ သဲက အိမ္ေထာင္ေရးေတြလည္းအမ်ားၾကီးျမင္ဖူးတယ္။ RS ေတြလည္းအမ်ားၾကီးေတြ႕ဖူးတယ္။ သဲအခုရယ္ေနတယ္ေပ်ာ္ေနတယ္။အခုျဖစ္တဲ့ဟာကုိပဲသဲကေတာ့စိတ္ဝင္စားတယ္။ဒါကုိၾကာရွည္ထိန္းသြားနုိင္ဖုိ႔ပဲသဲစဥ္းစားတယ္။ ဒီလိုမ်ိဳးေလးအျမဲျဖစ္ရင္ေတာ့အေကာင္းဆံုးေပ့ါ။ဒီအိမ္ေထာင္ေရးကုိပဲသဲၾကာရွည္ထိန္းသြားနုိင္ေအာင္ၾကိဳးစားမယ္။ လူၾကီးေတြဆံုးမတာကုိနားေထာင္မယ္”လို႔ ရင့္က်က္သြားတဲ့အသံနဲ႔ လူၾကီးဆန္ဆန္ေတြးေတြးဆဆေျပာထားခဲ့သလို


 ေရႊမံႈရတီက အျမဲတမ္းဖီလင္ကြန္ဖီးဒန္႔ပါပဲဆိုျပီးေတာ့လည္း “ပရိသတ္ကေျပာၾကတယ္။ အိမ္ေထာင္က်သြားေတာ့ကြန္ဖီးဒန္႔မရွိေတာ့ဘူးလားဆိုျပီးေတာ့။ သဲက အပ်ိဳတုန္းကလည္းကြန္ဖီးဒန္႔ရွိတယ္။ အိမ္ေထာင္က်ျပီးသြားလည္းကြန္ဖိီးဒန္႔ရွိတယ္။ အျမဲတမ္းဖီလင္ကြန္ဖီးဒန္႔ပါပဲ။အဲဒါပဲေျပာခ်င္ပါတယ္”လို႔ ေျဖၾကားသြားပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ေရႊနွစ္ေရႊစံုတြဲကုိခ်စ္ၾကလား။ သူတို႔နွစ္ေယာက္အတူတြဲျပီးရိုက္ထားတဲ့ဇာတ္ကားၾကီးရံုတင္ရင္ေရာသြားၾကည့္ၾကမွာလား။ ေနာက္ထပ္ဇာတ္ကားေတြအတူဖန္ၾကီးၾကရင္ေရာအားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။

Credit: Burmese.asia

# Unicode Version ျဖင့္ ဖတ္ပါ #

ရွှေထူးနဲ့ ရွှေမှုံဟာဆိုရင်တော့ စတွဲကတည်းက တစ်ယောက်မျက်နှာပဲတစ်ယောက်ကြည့်ပြီးအရိပ်တကြည့်ကြည့်နဲ့ ချစ်နေခဲ့ကြတာဟာ အရပ်ရှစ်မျက်နှာစလုံးက ပရိသတ်တွေအတွက်အားကျစရာကြီးကိုဖြစ်နေတော့တာပါ။ ရွှေနှစ်ရွှေဟာအခုဆိုရင် လက်ထပ်ပြီးလို့ ပျားရည်ဆမ်းခရီးကို Europe တစ်ခွင်ပြဲပြဲစင်အောင်ထွက်ခဲ့ကြပြီး ရန်ကုန်ကိုပြန်ရောက်နေကြပြီဖြစ်ပါတယ်။ ရွှေမှုံက MC နဲ့ အင်တာဗျူးမှာ ပျားရည်ဆမ်းခရီးတစ်လျှောက် ရွှေထူးရဲ့ချစ်တတ်ပုံတွေအလိုလိုက်ဂရုစိုက်ပုံတွေနဲ့ ပျော်ရွှင်ရတဲ့အမှတ်တရတွေကို ပြောပြလာခဲ့ပါတယ်။

ဒါ့အပြင် ရွှေထူးရဲ့အလိုလိုက်ဂရုစိုက်တတ်ပုံတွေကိုလည်း “ခရီးသွားတဲ့အချိန်မှာ နေမကောင်းတာတွေနဲ့သွားကြုံတော့ သူ့မှာ ဒုက္ခရောက်တော့တာပေါ့။တစ်ချိန်လုံးသူ့ကိုအီနေပြီးတော့ချီခိုင်းတယ်။ လေယာဉ်ပေါ်မှာဆိုရင်လည်းအဲ့လိုပဲ သူ့ကိုအီပြီးချီခိုင်းလို့ သူ့မှာချီပြီးချော့ရတယ်။လေယာဉ်မယ်တွေက သူ့ကိုဝိုင်းကြည့်ပြီး ရယ်ကြတယ်။သဲနေမကောင်းလို့ဆိုပြီးသူ့မှာချီပြီးသိပ်ပြီးထိုင်ရက်ကြီးအိပ်ပျော်နေတယ်။ တစ်လမ်းလုံးချော့သိပ်ပြီးရန်ကုန်ရောက်လာတယ်။အဲ့ဒါကတော့ အနီးကပ်ဆုံးအမှတ်တရပါပဲ”လို့ ပျော်ရွှင်စွာပြောပြထားပါတယ်။

အိမ်ထောင်ဦးစီးဖြစ်သွားတဲ့ ရွှေထူးက အိမ်ရှင်မ ကို ပိုက်ဆံတွေပြန်အပ်တတ်နေပြီဆိုတဲ့အကြောင်းကိုလည်း “ဒါကမိန်းမတွေရဲ့ထုံးစံဆိုတော့လည်း သူပိုက်ဆံအပ်တယ်ပေါ့နော်။အပ်ပြီးတော့ လမ်းစားရိတ်ပြန်တောင်းတယ်။ ဒီနေ့လည်းလေယာဉ်ကွင်းသွားတာ။မုန့်စားဖို့ပိုက်ဆံပေးလိုက်ဦးဆိုတာနဲ့ နှစ်သောင်းခွဲအရင်ထုတ်ပေးလိုက်တာ။ နှစ်သောင်းခွဲထုတ်ပေးတော့ဘာလုပ်ဖို့လဲဆိုတော့ မုန့်စားဖို့လေလို့ သဲကအရင်က လေယာဉ်ကွင်းသွားရင် တစ်သောင်းလောက်ပဲကုန်တာလို့။ မရဘူးလေတဲ့။ သူများတွေကျွေးရဦးမယ်တဲ့။ သူများတွေကို သူ့ဘာသာရှင်းခိုင်းပေါ့လို့။ သူကစိတ်ဆိုးတယ်။အဲဒါနဲ့ ရော့ရော့ရော့ သုံးသောင်းယူသွားဆိုပြီး။ နောက်မှအားလုံးဝိုင်းပြောကြလို့ ငါးသောင်းတော့ပေးလိုက်မယ်။ပိုလို့ရှိရင်တော့ပြန်ပေးဆိုတော့ အေးအေးအေး ပြန်ပေးမယ်တဲ့ဆိုပြီး စိတ်ဆိုးပြီးထွက်သွားတယ်။ အရမ်းချစ်ဖို့ကောင်းပါတယ်”လို့ ရယ်မောရင်းဖောက်သည်ချထားပါတယ်။

ရွှေမှုံက အိမ်ထောင်ရေးကိုအဓွန့်ရှည်တည်တံ့ဖို့စဉ်းစားထားတာတွေအကြောင်း “လူတွေက ပြောတယ်။ဒါက ရကာစမို့ဒီလိုဖြစ်နေတာပါဆိုပြီး။ သဲက အိမ်ထောင်ရေးတွေလည်းအများကြီးမြင်ဖူးတယ်။ RS တွေလည်းအများကြီးတွေ့ဖူးတယ်။ သဲအခုရယ်နေတယ်ပျော်နေတယ်။အခုဖြစ်တဲ့ဟာကိုပဲသဲကတော့စိတ်ဝင်စားတယ်။ဒါကိုကြာရှည်ထိန်းသွားနိုင်ဖို့ပဲသဲစဉ်းစားတယ်။ ဒီလိုမျိုးလေးအမြဲဖြစ်ရင်တော့အကောင်းဆုံးပေ့ါ။ဒီအိမ်ထောင်ရေးကိုပဲသဲကြာရှည်ထိန်းသွားနိုင်အောင်ကြိုးစားမယ်။ လူကြီးတွေဆုံးမတာကိုနားထောင်မယ်”လို့ ရင့်ကျက်သွားတဲ့အသံနဲ့ လူကြီးဆန်ဆန်တွေးတွေးဆဆပြောထားခဲ့သလို ရွှေမှုံရတီက အမြဲတမ်းဖီလင်ကွန်ဖီးဒန့်ပါပဲဆိုပြီးတော့လည်း “ပရိသတ်ကပြောကြတယ်။ အိမ်ထောင်ကျသွားတော့ကွန်ဖီးဒန့်မရှိတော့ဘူးလားဆိုပြီးတော့။ သဲက အပျိုတုန်းကလည်းကွန်ဖီးဒန့်ရှိတယ်။ အိမ်ထောင်ကျပြီးသွားလည်းကွန်ဖီးဒန့်ရှိတယ်။ အမြဲတမ်းဖီလင်ကွန်ဖီးဒန့်ပါပဲ။အဲဒါပဲပြောချင်ပါတယ်”လို့ ဖြေကြားသွားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ရွှေနှစ်ရွှေစုံတွဲကိုချစ်ကြလား။ သူတို့နှစ်ယောက်အတူတွဲပြီးရိုက်ထားတဲ့ဇာတ်ကားကြီးရုံတင်ရင်ရောသွားကြည့်ကြမှာလား။ နောက်ထပ်ဇာတ်ကားတွေအတူဖန်ကြီးကြရင်ရောအားပေးကြမှာလား။ပြောခဲ့ကြပါဦး။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top