iMyanmarHouse.com - Best Property Website for Myanmar
×


မယ္လိုဒီရဲ႕ သားေလး သိဒၶိစစ္က ေက်ာင္းက ဆု ရရွိခဲ့တယ္လို႔ ဝမ္းသာအားရနဲ႔ မယ္လိုဒီက ေျပာျပလာပါတယ္. သားေလး သိဒၶိစစ္က အခုဆိုရင္ ၃ ႏွစ္ေက်ာ္ အ႐ြယ္ကို ေရာက္ရွိေနပါၿပီ.

သ႐ုပ္ေဆာင္ မယ္လိုဒီရဲ႕ တစ္ဦးတည္းေသာ သားေလး သိဒၵိစစ္က ေက်ာင္းမွာ ဆုရတဲ့အတြက္ ေမေမ မယ္လိုဒီတစ္ေယာက္ အေပ်ာ္ႀကီး ေပ်ာ္ေနတာကို ေတြ႕ရပါတယ္. ဒီ့အတြက္လည္း သူ႔ရင္ထဲက ပီတိစကားေတြကို အခုလို ေျပာျပထားပါေသးတယ္. ခ

''ေက်ာင္းမွာသားသားဆုရလို႔ ဓာတ္ပုံ လိုတယ္တဲ့ ေတာင္းထားတာၾကာၿပီတဲ့. ဟုတ္ကဲ့ပါရွင္. မနက္ျဖန္ရေအာင္ လုပ္ေပးပါမယ္ရွင္. ဘာမွမထူးခြၽန္ ညဏ္ကသာတုံး တာ မိသားစုအတြက္ေတာ့ လုပ္ႏိုင္သား အရင္လို ႀကိဳးစားရေတာ့မည္.ကဲ ငါဟဲ့ ခင္စြမ္းၾကည္ ထူးခြၽန္လို႔ ေက်းဇူးပါသားသားေရ ေမေမ ပိုႀကိဳးစားပါ့မယ္'' ဆိုၿပီးေတာ့ ဒီဇင္ဘာလ ၁၈ ရက္ေန႔ ညေန ၃ နာရီခြဲက သူ႔ရဲ႕ ေဖ့စ္ဘြတ္အေကာင့္မွာ ေရးသားခဲ့တာျဖစ္ပါတယ္.


သိဒၶိစစ္ေလးဟာ ဉာဏ္ေကာင္းတဲ့ ကေလး တစ္ေယာက္ျဖစ္ပါတယ္. ပညာေရးမွာသာ ထူးခြၽန္ယုံမက ေမေမ နဲ႔ ဝါသနာတူတဲ့ အႏုပညာ အလုပ္ေတြမွာလည္း ထူးခြၽန္တဲ့ ကေလးေလး တစ္ေယာက္ပါ.အခုဆိုရင္ ၃ ႏွစ္ေက်ာ္အ႐ြယ္ေရာက္ေနပါၿပီ. သူက ၂၀၁၈ ခုႏွစ္ ဇြန္လ ၄ ရက္ေန႔ကတည္းက ေက်ာင္းစတတ္ေနရၿပီလို႔ သိရပါတယ္။ ေမြးကင္းစကေလးအ႐ြယ္ကေန ဒီေန႔ အခ်ိန္ထိ အားေပးလာၾကတဲ့ သိဒၶိစစ္ ေလးရဲ႕ ပရိသတ္ေတြကလည္း တစ္ေန႔ထက္ တစ္ေန႔ အခ်စ္ပိုလို႔ေနပါတယ္။

သားေလး သိဒၶိစစ္ဟာ ငယ္ငယ္ကတည္းက ကေလးပစၥည္းေၾကာ္ျငာေလးေတြ႐ိုက္ကူးေနရတာျဖစ္ပါတယ္။ သူ႔ရဲ႕ အႏုပညာအလုပ္ကေန ရရွိလာတဲ့ ေငြေၾကးနဲ႔ အလႉအတန္းေတြလည္း လုပ္ႏိုင္ခဲ့တယ္။ မိဘေတြကိုလည္း တစ္ဖက္တစ္လမ္းကေန ကူညီႏိုင္ခဲ့တယ္ဆိုၿပီးေတာ့လည္း မယ္လိုဒီကသူ႔ရဲ႕ ေဖ့စ္ဘြတ္ကေနတဆင့္ ေျပာျပခဲ့ဖူးပါတယ္။


သ႐ုပ္ေဆာင္မယ္လိုဒီနဲ႔ သူ႔ရဲ႕ သားေလး သိဒၶိစစ္တို႔ရဲ႕ ေပ်ာ္႐ႊင္စရာေကာင္းတဲ့ဓာတ္ပုံေလးေတြကို လူမႈကြန္ယက္စာ မ်က္ႏွာေပၚမွာ မၾကာခဏ ဆိုသလို တင္ေလ့ရွိၿပီး မယ္လိုဒီကိုခ်စ္တဲ့ ပရိသတ္ေတြကလည္း သားေလးသိဒၵိစစ္အေပၚ အခ်စ္ေတြပိုခဲ့ ရပါေသးတယ္။ မယ္လိုဒီကေတာ့ အခုလက္ရွိမွာ ဗီဒီယိုဇာတ္ကား၊ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြကိုလည္း လက္ခံ႐ိုက္ကူး ေနၿပီျဖစ္တယ္လို႔ သိရပါတယ္။

Credit:Duwun

# Unicode Version ျဖင့္ ဖတ္ပါ #

မယ်လိုဒီရဲ့ သားလေး သိဒ္ဓိစစ်က ကျောင်းက ဆု ရရှိခဲ့တယ်လို့ ဝမ်းသာအားရနဲ့ မယ်လိုဒီက ပြောပြလာပါတယ်. သားလေး သိဒ္ဓိစစ်က အခုဆိုရင် ၃ နှစ်ကျော် အရွယ်ကို ရောက်ရှိနေပါပြီ.

သရုပ်ဆောင် မယ်လိုဒီရဲ့ တစ်ဦးတည်းသော သားလေး သိဒ္ဒိစစ်က ကျောင်းမှာ ဆုရတဲ့အတွက် မေမေ မယ်လိုဒီတစ်ယောက် အပျော်ကြီး ပျော်နေတာကို တွေ့ရပါတယ်. ဒီ့အတွက်လည်း သူ့ရင်ထဲက ပီတိစကားတွေကို အခုလို ပြောပြထားပါသေးတယ်. ခ

''ကျောင်းမှာသားသားဆုရလို့ ဓာတ်ပုံ လိုတယ်တဲ့ တောင်းထားတာကြာပြီတဲ့. ဟုတ်ကဲ့ပါရှင်. မနက်ဖြန်ရအောင် လုပ်ပေးပါမယ်ရှင်. ဘာမှမထူးချွန် ညဏ်ကသာတုံး တာ မိသားစုအတွက်တော့ လုပ်နိုင်သား အရင်လို ကြိုးစားရတော့မည်.ကဲ ငါဟဲ့ ခင်စွမ်းကြည် ထူးချွန်လို့ ကျေးဇူးပါသားသားရေ မေမေ ပိုကြိုးစားပါ့မယ်'' ဆိုပြီးတော့ ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ ၃ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့တာဖြစ်ပါတယ်.

သိဒ္ဓိစစ်လေးဟာ ဉာဏ်ကောင်းတဲ့ ကလေး တစ်ယောက်ဖြစ်ပါတယ်. ပညာရေးမှာသာ ထူးချွန်ယုံမက မေမေ နဲ့ ဝါသနာတူတဲ့ အနုပညာ အလုပ်တွေမှာလည်း ထူးချွန်တဲ့ ကလေးလေး တစ်ယောက်ပါ.အခုဆိုရင် ၃ နှစ်ကျော်အရွယ်ရောက်နေပါပြီ. သူက ၂၀၁၈ ခုနှစ် ဇွန်လ ၄ ရက်နေ့ကတည်းက ကျောင်းစတတ်နေရပြီလို့ သိရပါတယ်။ မွေးကင်းစကလေးအရွယ်ကနေ ဒီနေ့ အချိန်ထိ အားပေးလာကြတဲ့ သိဒ္ဓိစစ် လေးရဲ့ ပရိသတ်တွေကလည်း တစ်နေ့ထက် တစ်နေ့ အချစ်ပိုလို့နေပါတယ်။

သားလေး သိဒ္ဓိစစ်ဟာ ငယ်ငယ်ကတည်းက ကလေးပစ္စည်းကြော်ငြာလေးတွေရိုက်ကူးနေရတာဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာအလုပ်ကနေ ရရှိလာတဲ့ ငွေကြေးနဲ့ အလှူအတန်းတွေလည်း လုပ်နိုင်ခဲ့တယ်။ မိဘတွေကိုလည်း တစ်ဖက်တစ်လမ်းကနေ ကူညီနိုင်ခဲ့တယ်ဆိုပြီးတော့လည်း မယ်လိုဒီကသူ့ရဲ့ ဖေ့စ်ဘွတ်ကနေတဆင့် ပြောပြခဲ့ဖူးပါတယ်။

သရုပ်ဆောင်မယ်လိုဒီနဲ့ သူ့ရဲ့ သားလေး သိဒ္ဓိစစ်တို့ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ဓာတ်ပုံလေးတွေကို လူမှုကွန်ယက်စာ မျက်နှာပေါ်မှာ မကြာခဏ ဆိုသလို တင်လေ့ရှိပြီး မယ်လိုဒီကိုချစ်တဲ့ ပရိသတ်တွေကလည်း သားလေးသိဒ္ဒိစစ်အပေါ် အချစ်တွေပိုခဲ့ ရပါသေးတယ်။ မယ်လိုဒီကတော့ အခုလက်ရှိမှာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း လက်ခံရိုက်ကူး နေပြီဖြစ်တယ်လို့ သိရပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top