iMyanmarHouse.com - Best Property Website for Myanmar
×


မေန႔က 27.12.2018 မွာ အိျႏၵာေက်ာ္ဇင္၊လူမင္း၊မင္းေမာ္ကြန္း၊ ဝါဝါေအာင္၊ ရဲရင့္ေအာင္၊ေရႊအိမ္စည္၊ခင္လိႈင္၊ကုိေပါက္ စသျဖင့္ နာမည္ၾကီးအနုပညာရွင္ေတြေရာ တက္သစ္စအနုပညာရွင္ေတြပါအားလံုးပါဝင္တဲ့ ရုပ္ရွင္ဇာတ္ကားၾကီးမိတ္ဆက္ပြဲအခမ္းအနားျပဳလုပ္ခဲ့ပါတယ္။] အဲဒီပြဲကုိ မီဒီယာေတြေတာ္ေတာ္မ်ားမ်ားကလည္းတက္ေရာက္ျပီးသတင္းရယူခဲ့ၾကပါတယ္။ အဲဒီလိုသတင္းယူခဲ့ရာမွာ မထင္မွတ္ထားတာတစ္ခုျဖစ္ပြားခဲ့ပါတယ္။ အဲဒါကေတာ့ စာနယ္ဇင္းသမားတစ္ေယာက္ရဲ႕ေမးခြန္းကုိ ဦးခင္လိႈင္က ေဒါသတၾကီးတံု႔ျပန္ေမးခြန္းထုတ္ခဲ့တဲ့ကိစၥပါပဲ။

စာနယ္ဇင္းတစ္ဦးက ရုပ္ရွင္နယ္ပယ္ကအနုပညာသမားေတြက နာမည္ၾကီးသရုပ္ေဆာင္ေတြရဲ႕ဝိတ္နဲ႔သံုးျပီး ဘာမွသိပ္အနွစ္သာရမရွိတဲ့ ရုပ္ရွင္ေတြနဲ႔ ပရိသတ္ကုိဂ်င္းထည့္ေနတယ္ဆိုတဲ့သေဘာမ်ိဳးေမးခြန္းတစ္ခုေမးျမန္းခဲ့ပါတယ္။

 ေမးလိုက္ပံုကေတာ့ “အရင္ျမန္မာကားေတြကဆို ဝိတ္ေတြအမ်ားၾကီးသံုးတယ္ေပါ့ေနာ္။ နာမည္ၾကီးေတြအမ်ားၾကီးပါဝင္တယ္။ဇာတ္လမ္းကဂ်င္းထည့္ခံရတယ္ေပါ့ေနာ္ ပရိသတ္ေတြကုိ အခုလည္း ဒီကားက ဂ်င္းပါတီေတာ့ ဂ်င္းပါတီေပါ့ေနာ္။ဘယ္လုိအိုင္ဒီယာမ်ိဳး messageမ်ိဳးလဲ။ နည္းနည္းဆန္းဆန္းျပားျပားေပါ့။ ဘာလို႔လဲဆိုေတာ့ သံုးထားတဲ့ဟာေတြက စူပါေတြဆိုေတာ့ေလ ဇာတ္လမ္းကဘယ္ေလာက္ထိေကာင္းမြန္မလဲ။ပရိသတ္ကုိနည္းနည္းအာမခံေပးပါဦး”လို႔ ေမးခဲ့တာပါ။


အဲဒီေမးခြန္းကုိၾကားတာနဲ႔ ခင္လိႈင္ကခ်က္ခ်င္းပဲ မုိက္ကုိေကာက္ကုိင္ျပီး “ခဏေလးပါ။ ပရိသတ္ကုိ ဂ်င္းထည့္ခံရတယ္ဆိုတာဘာကုိေျပာခ်င္တာလဲမသိဘူး”လို႔ ေမးခဲ့ပါတယ္။ အဲဒီမွာ ေမးခြန္းေမးသူက “ပရိသတ္ေတြေျပာၾကတာေျပာတာပါ”လုိ႔ ျပန္ေျဖခဲ့ေပမယ့္ ခင္လိႈင္က ခ်က္ခ်င္းပဲမတ္တပ္ထရပ္လာျပီး “အခုဟာက ပရိသတ္ေျပာတာမဟုတ္ဘူး ခင္ဗ်ားေျပာတာျဖစ္ေနတယ္ေလ”လို႔ ျပန္ေျပာခဲ့ပါတယ္။

 ေမးသူက ပရိသတ္ေတြေျပာတာကုိ comment ကေနဖတ္ျပီး ေျပာရတာပါလို႔ျပန္ေခ်ပခဲ့ေပမယ့္ ခင္လိႈ္င္က “ပရိသတ္ကေမးတာဆိုရင္ေတာ့ ကြ်န္ေတာ္တို႔လက္ခံပါတယ္။ ဒါေပမယ့္ စာနယ္ဇင္းတစ္ေယာက္အေနနဲ႔ ကြ်န္ေတာ္တုိ႔အနုပညာရွင္ေတြကုိ အဲဒီလိုေျပာတာက်ေတာ့အဓိပၸါယ္သိပ္မရွိဘူးလို႔ ကြ်န္ေတာ္တို႔ခံစားရတယ္ဗ်”လို႔ သူ႔ရဲ႕မေက်နပ္ခ်က္ကို ဖြင့္ထုတ္ေဖာ္ျပခဲ့ပါတယ္။

အဲဒီအခ်ိန္မွာ ေမးခြန္းေမးသူက ပရိသတ္ေတြက ေျပာေနၾကလို႔ ေမးရတာပါလို႔ ေျဖရွင္းလိုက္ေတာ့မွ ခင္လိႈင္က “အမွန္တကယ္ေတာ့ အဲဒီလိုသြားရမွာေလ။ အစကတည္းက စေမးကတည္းက ပရိသတ္ေတြက ေျပာေနၾကတယ္။ဘယ္လိုေျပာခ်င္လဲေပါ့။ အဲ့လိုသြားရမွာ။ အခုက ဂ်င္းထည့္တယ္ဆိုတဲ့စကားက ငါ့ညီမေျပာေနသလိုၾကီးျဖစ္ေနတယ္ေလ”လို႔ ေျပာျပီး ေဒါသမေျပေသးပံုနဲ႔ ျပန္ထုိင္သြားခဲ့ပါတယ္။


အဲဒီမွာ ဇာတ္ညႊန္း ရာဇဝင္ကုိက ဇာတ္ကားနာမည္က ဂ်င္းပါတီမဟုတ္ပဲ ဂ်င္ပါတီသာျဖစ္ေၾကာင္း “အရင္ဆံုးေျပာခ်င္တာက ဒီကားရဲ႕နာမည္က ဂ်င္ပါတီပါ ဂ်င္းပါတီမဟုတ္ပါဘူး။ ဂ်င္ဆိုတာက မႊတ္ေနေအာင္လည္တဲ့အရာဝတၳဳတစ္ခုကုိ ကြ်န္ေတာ္တို႔က တင္စားတာပါ။ ဒါေၾကာင့္ ဒီကားထဲမွာပါတဲ့လူေတြအားလံုးကလူလည္ေတြပါ။ ဒီလူလည္ေတြၾကားထဲမွာ သူတို႔ခ်င္းေတြ ပတ္ျပီးေတာ့လိမ္တဲ့ဇာတ္ကုိကြ်န္ေတာ္တို႔ ျပမွာပါ။

 ဒါေၾကာင့္ ဂ်င္းပါတီမဟုတ္ဘူး ဂ်င္ပါတီပါခင္ဗ်”လို႔ ရွင္းျပသြားျပီး ဇာတ္ညႊန္းကုိဘယ္လိုအာမခံခ်က္ေပးမွာလဲဆိုတာကုိ “ဇာတ္ညႊန္းပုိင္းကုိေမးခ်င္တဲ့လူေတြရွိရင္လည္း ဒီမွာကြ်န္ေတာ္တို႔ဇာတ္ညႊန္းသမားသံုးဦးပါ။ ကိုမင္းေမာ္ကြန္းပါတယ္၊ကုိသက္ဦးေမာင္ပါတယ္။ ကြ်န္ေတာ္လည္းပါတယ္။ ကိုေပါက္တို႔ဘာတို႔ေတြလည္းဝိုင္းျပီးေခါင္းစားထားတယ္။ဒီဇာတ္လမ္းသည္ တစ္ေခါင္းတည္းက ထြက္တဲ့ဇာတ္မဟုတ္ပါဘူး။ ေခါင္းေပါင္းမ်ားစြာက နိႈက္ထုတ္ထားတဲ့ကားျဖစ္တဲ့အတြက္ ဇာတ္လမ္းဇာတ္အိမ္ခိုင္မာမႈကုိအာမခံပါတယ္”လို႔ ေျဖၾကားေပးထားပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ဂ်င္ပါတီကုိ အားေပးဖို႔အဆင္သင့္ျဖစ္ေနၾကျပီလား။ ဂ်င္ပါတီဇာတ္ကားၾကီးထဲက ဘယ္မင္းသားမင္းသမီးကုိအၾကိဳက္ဆံုးျဖစ္မလဲ။ ဇာတ္လမ္းကေရာ တကယ္ပဲေကာင္းမယ္ထင္လား။ေျပာခဲ့ၾကပါဦး။

Credit: Realthadin

# Unicode Version ျဖင့္ ဖတ္ပါ #

မနေ့က 27.12.2018 မှာ အိန္ဒြာကျော်ဇင်၊လူမင်း၊မင်းမော်ကွန်း၊ ဝါဝါအောင်၊ ရဲရင့်အောင်၊ရွှေအိမ်စည်၊ခင်လှိုင်၊ကိုပေါက် စသဖြင့် နာမည်ကြီးအနုပညာရှင်တွေရော တက်သစ်စအနုပညာရှင်တွေပါအားလုံးပါဝင်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးမိတ်ဆက်ပွဲအခမ်းအနားပြုလုပ်ခဲ့ပါတယ်။] အဲဒီပွဲကို မီဒီယာတွေတော်တော်များများကလည်းတက်ရောက်ပြီးသတင်းရယူခဲ့ကြပါတယ်။ အဲဒီလိုသတင်းယူခဲ့ရာမှာ မထင်မှတ်ထားတာတစ်ခုဖြစ်ပွားခဲ့ပါတယ်။ အဲဒါကတော့ စာနယ်ဇင်းသမားတစ်ယောက်ရဲ့မေးခွန်းကို ဦးခင်လှိုင်က ဒေါသတကြီးတုံ့ပြန်မေးခွန်းထုတ်ခဲ့တဲ့ကိစ္စပါပဲ။

စာနယ်ဇင်းတစ်ဦးက ရုပ်ရှင်နယ်ပယ်ကအနုပညာသမားတွေက နာမည်ကြီးသရုပ်ဆောင်တွေရဲ့ဝိတ်နဲ့သုံးပြီး ဘာမှသိပ်အနှစ်သာရမရှိတဲ့ ရုပ်ရှင်တွေနဲ့ ပရိသတ်ကိုဂျင်းထည့်နေတယ်ဆိုတဲ့သဘောမျိုးမေးခွန်းတစ်ခုမေးမြန်းခဲ့ပါတယ်။

 မေးလိုက်ပုံကတော့ “အရင်မြန်မာကားတွေကဆို ဝိတ်တွေအများကြီးသုံးတယ်ပေါ့နော်။ နာမည်ကြီးတွေအများကြီးပါဝင်တယ်။ဇာတ်လမ်းကဂျင်းထည့်ခံရတယ်ပေါ့နော် ပရိသတ်တွေကို အခုလည်း ဒီကားက ဂျင်းပါတီတော့ ဂျင်းပါတီပေါ့နော်။ဘယ်လိုအိုင်ဒီယာမျိုး messageမျိုးလဲ။ နည်းနည်းဆန်းဆန်းပြားပြားပေါ့။ ဘာလို့လဲဆိုတော့ သုံးထားတဲ့ဟာတွေက စူပါတွေဆိုတော့လေ ဇာတ်လမ်းကဘယ်လောက်ထိကောင်းမွန်မလဲ။ပရိသတ်ကိုနည်းနည်းအာမခံပေးပါဦး”လို့ မေးခဲ့တာပါ။

အဲဒီမေးခွန်းကိုကြားတာနဲ့ ခင်လှိုင်ကချက်ချင်းပဲ မိုက်ကိုကောက်ကိုင်ပြီး “ခဏလေးပါ။ ပရိသတ်ကို ဂျင်းထည့်ခံရတယ်ဆိုတာဘာကိုပြောချင်တာလဲမသိဘူး”လို့ မေးခဲ့ပါတယ်။ အဲဒီမှာ မေးခွန်းမေးသူက “ပရိသတ်တွေပြောကြတာပြောတာပါ”လို့ ပြန်ဖြေခဲ့ပေမယ့် ခင်လှိုင်က ချက်ချင်းပဲမတ်တပ်ထရပ်လာပြီး “အခုဟာက ပရိသတ်ပြောတာမဟုတ်ဘူး ခင်ဗျားပြောတာဖြစ်နေတယ်လေ”လို့ ပြန်ပြောခဲ့ပါတယ်။

 မေးသူက ပရိသတ်တွေပြောတာကို comment ကနေဖတ်ပြီး ပြောရတာပါလို့ပြန်ချေပခဲ့ပေမယ့် ခင်လှိုင်က “ပရိသတ်ကမေးတာဆိုရင်တော့ ကျွန်တော်တို့လက်ခံပါတယ်။ ဒါပေမယ့် စာနယ်ဇင်းတစ်ယောက်အနေနဲ့ ကျွန်တော်တို့အနုပညာရှင်တွေကို အဲဒီလိုပြောတာကျတော့အဓိပ္ပါယ်သိပ်မရှိဘူးလို့ ကျွန်တော်တို့ခံစားရတယ်ဗျ”လို့ သူ့ရဲ့မကျေနပ်ချက်ကို ဖွင့်ထုတ်ဖော်ပြခဲ့ပါတယ်။

အဲဒီအချိန်မှာ မေးခွန်းမေးသူက ပရိသတ်တွေက ပြောနေကြလို့ မေးရတာပါလို့ ဖြေရှင်းလိုက်တော့မှ ခင်လှိုင်က “အမှန်တကယ်တော့ အဲဒီလိုသွားရမှာလေ။ အစကတည်းက စမေးကတည်းက ပရိသတ်တွေက ပြောနေကြတယ်။ဘယ်လိုပြောချင်လဲပေါ့။ အဲ့လိုသွားရမှာ။ အခုက ဂျင်းထည့်တယ်ဆိုတဲ့စကားက ငါ့ညီမပြောနေသလိုကြီးဖြစ်နေတယ်လေ”လို့ ပြောပြီး ဒေါသမပြေသေးပုံနဲ့ ပြန်ထိုင်သွားခဲ့ပါတယ်။

အဲဒီမှာ ဇာတ်ညွှန်း ရာဇဝင်ကိုက ဇာတ်ကားနာမည်က ဂျင်းပါတီမဟုတ်ပဲ ဂျင်ပါတီသာဖြစ်ကြောင်း “အရင်ဆုံးပြောချင်တာက ဒီကားရဲ့နာမည်က ဂျင်ပါတီပါ ဂျင်းပါတီမဟုတ်ပါဘူး။ ဂျင်ဆိုတာက မွှတ်နေအောင်လည်တဲ့အရာဝတ္ထုတစ်ခုကို ကျွန်တော်တို့က တင်စားတာပါ။ ဒါကြောင့် ဒီကားထဲမှာပါတဲ့လူတွေအားလုံးကလူလည်တွေပါ။ ဒီလူလည်တွေကြားထဲမှာ သူတို့ချင်းတွေ ပတ်ပြီးတော့လိမ်တဲ့ဇာတ်ကိုကျွန်တော်တို့ ပြမှာပါ။

 ဒါကြောင့် ဂျင်းပါတီမဟုတ်ဘူး ဂျင်ပါတီပါခင်ဗျ”လို့ ရှင်းပြသွားပြီး ဇာတ်ညွှန်းကိုဘယ်လိုအာမခံချက်ပေးမှာလဲဆိုတာကို “ဇာတ်ညွှန်းပိုင်းကိုမေးချင်တဲ့လူတွေရှိရင်လည်း ဒီမှာကျွန်တော်တို့ဇာတ်ညွှန်းသမားသုံးဦးပါ။ ကိုမင်းမော်ကွန်းပါတယ်၊ကိုသက်ဦးမောင်ပါတယ်။ ကျွန်တော်လည်းပါတယ်။ ကိုပေါက်တို့ဘာတို့တွေလည်းဝိုင်းပြီးခေါင်းစားထားတယ်။ဒီဇာတ်လမ်းသည် တစ်ခေါင်းတည်းက ထွက်တဲ့ဇာတ်မဟုတ်ပါဘူး။ ခေါင်းပေါင်းများစွာက နှိုက်ထုတ်ထားတဲ့ကားဖြစ်တဲ့အတွက် ဇာတ်လမ်းဇာတ်အိမ်ခိုင်မာမှုကိုအာမခံပါတယ်”လို့ ဖြေကြားပေးထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဂျင်ပါတီကို အားပေးဖို့အဆင်သင့်ဖြစ်နေကြပြီလား။ ဂျင်ပါတီဇာတ်ကားကြီးထဲက ဘယ်မင်းသားမင်းသမီးကိုအကြိုက်ဆုံးဖြစ်မလဲ။ ဇာတ်လမ်းကရော တကယ်ပဲကောင်းမယ်ထင်လား။ပြောခဲ့ကြပါဦး။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top