iMyanmarHouse.com - Best Property Website for Myanmar
×


အဆက္ေဟာင္းကို ေမ့ပစ္လိုက္ဖို႔ဆိုတာ အမ်ိဳးသားထုအတြက္ မလြယ္ကူတဲ့ကိစၥတစ္ခုျဖစ္တတ္ပါတယ္။အခ်ိန္ၾကာၿပီး ခက္ခဲတတ္သလို ႏွစ္ဦးသား မိတ္ေဆြအေပါင္းအသင္းေတြ၊ လည္ပတ္ရာေနရာေတြနဲ႔ ေနရပ္ေတြ တူေနမယ္ဆိုရင္ ပိုၿပီး ႐ႈပ္ေထြးေနတတ္ပါတယ္။ဒါ့ေၾကာင့္ ခ်စ္သူရည္းစားနဲ႔ အေၾကာင္းမသင့္လို႔ လမ္းခြဲျပတ္စဲ ၿပီးတဲ့ေနာက္မွာ အဆက္ေဟာင္း စိတ္ထဲကထုတ္ပစ္လိုက္ႏိုင္မယ့္ နည္းလမ္းေတြကို စုစည္းေဖာ္ျပလိုက္ပါတယ္။

၁။ သူမကို အေလးအနက္တန္ဖိုးထားေနတာေတြ ရပ္လိုက္ပါ။

သူမက သင့္အတြက္ ဘုရားေပးတဲ့ဆု ဒါမွမဟုတ္ အျခားမရွိဖူးစားဖက္လို႔ သတ္မွတ္ထားတာမ်ိဳးကို ရပ္လိုက္ပါ။
သူမက မျပည့္စံုပါဘူး။ ေျပာရရင္ နီးေတာင္မွ မနီးစပ္ပါဘူး။ သူမရဲ႕မေကာင္းတဲ့အခ်က္ေတြကို စဥ္းစားပါ။သင့္မိတ္ေဆြေတြက သူမမေကာင္းေၾကာင္းေျပာတာကို နားေထာင္လိုက္ပါ။ သူမကို အေလးအနက္ တန္ဖိုးထားမေနပဲ အျခားမိန္းမေတြနဲ႔ တန္းတူပဲ သေဘာထားလိုက္ပါ။

၂။ အားလံုးကို အဆံုးသတ္ပါ။

လမ္းခြဲျပတ္ဆဲေတာ့မယ္ဆိုရင္ ပတ္သက္သမွ်အေၾကာင္းေတြကို အဆံုးသတ္လိုက္ဖို႔ ႀကိဳးစားပါ။ ေနာက္ထပ္ ဘယ္ေတာ့မွ ထပ္မေတြ႕ပါနဲ႔။

၃။ သူမကို မဆက္သြယ္ပါနဲ႔။

ဒီအခ်က္က အေရးအႀကီးဆံုးျဖစ္ပါတယ္။ လံုး၀မဆက္သြယ္မိပါေစနဲ႔။ လမ္းမွာေတြ႕ရင္ေတာင္ မေခၚမိပါေစနဲ႔။လိုအပ္ရင္ကိုယ္ရွိေနမွာပါလို႔ ကတိေပးခဲ့မိရင္ေတာင္ ေမ့လိုက္ပါ။ အဆက္အသြယ္မျပတ္ေနၿပီး ေမွ်ာ္လင့္ေနတာက အခ်ိန္ကုန္ၿပီး အက်ိဳးမထူးတဲ့အလုပ္ျဖစ္ပါတယ္။သူမဖုန္းနံပါတ္ကို ဖုန္းထဲကေရာ၊ ဦးေႏွာက္ထဲကပါ ဖ်က္လိုက္ပါ။ မက္ေဆ့ဂ်္လည္း မပို႔ပါနဲ႔။ Facebook မွာလည္း Unfriend လုပ္ပါ။သူမ Profile ပံုမွာ ေနာက္ဘဲတစ္ေပြနဲ႔ ပံုတက္လာရင္ သင္ျမင္ခ်င္မွာမဟုတ္ပါဘူး။ ဒါ့ေၾကာင့္ အားလံုးကို ရွင္းပစ္လိုက္ပါ

၄။ ေလ့က်င့္ခန္းလုပ္ပါ။

အရင္ကလို ေကာင္မေလးနဲ႔ အခ်ိန္ျဖဳန္းစရာမရွိေတာ့တဲ့အခါမွာ ဘာလုပ္လို႔ဘာကိုင္ရမွန္း မသိျဖစ္တတ္ပါတယ္။ဒီလိုအခ်ိန္မ်ိဳးမွာ Gym ကိုသြားၿပီး ေလ့က်င့္ခန္းေတြ လုပ္ဖို႔ အၾကံေပးခ်င္ပါတယ္။ ဒါဆိုရင္ လမ္းခြဲၿပီးေနာက္ျဖစ္တတ္တဲ့ အသဲကြဲေရာဂါအတြက္ က်န္းမာေရးနဲ႔ညီညြတ္တဲ့ နည္းလမ္းတစ္ခုျဖစ္ပါတယ္။ဒါ့အျပင္ ခႏၶာကိုယ္ပံုစံက်လာတဲ့အတြက္ ကိုယ့္ကိုယ္ကို ယုံၾကည္မႈရွိလာႏိုင္သလို Gym ေနာက္ထပ္ေကာင္မေလးတစ္ေယာက္ရဖို႔ အခြင့္အလမ္းရွိတယ္ ဆိုတာကိုလည္း မေမ့ပါနဲ႔။

၅။ ေပးခဲ့တဲ့ပစၥည္းေတြ ျပန္ယူမေနပါနဲ႔ေတာ့။

ဒီပစၥည္းေတြျပန္ယူလို႔ စိတ္ခံစားခ်က္ေတြ သက္သာသြားမယ္မထင္လိုက္ပါနဲ႔။ ေပးၿပီးသားပစၥည္းေတြကို ေမ့လိုက္ပါ။ လွဴလိုက္တယ္လို႔ သေဘာထားပါ။

၆။ သူငယ္ခ်င္းေတြနဲ႔ ပိုတြဲပါ။

ရည္းစားရၿပီဆိုတာနဲ႔ သူငယ္ခ်င္းေတြန႔ဲ ေတြ႕ဆံုေပ်ာ္ပါးရတာကို စြန္႔လႊတ္လိုက္ရေလ့ရွိပါတယ္။ဒါ့ေၾကာင့္ လမ္းခြဲျပတ္ဆဲအၿပီးမွာ ေဘာ္ဒါေတြနဲ႔ ျပန္တြဲၿပီး အခ်ိန္ျဖဳန္းတာ အေကာင္းဆံုးပါပဲ။ ေပ်ာ္စရာေကာင္း႐ုံတင္မကပဲ အသဲကြဲေရာဂါကိုလည္း ကုစားေပးႏိုင္ပါတယ္။ဒီနည္းလမ္းကလည္း အဆက္ေဟာင္းကို ေမ့ပစ္လိုက္ႏိုင္ဖို႔ အေကာင္းဆံုးနည္းလမ္းျဖစ္ပါတယ္။

၇။ ဆိုး၀ါးတဲ့အခ်ိန္ေတြကို ျပန္စဥ္းစားပါ။

အဆက္ေဟာင္းနဲ႔ ဘယ္လိုေပ်ာ္ခဲ့တာ၊ ဘယ္လိုခ်စ္ခဲ့တာေတြကို ေခါင္းထဲက ထုတ္ပစ္လိုက္ပါေတာ့။သူမကို ေမ့ပစ္လိုက္ဖို႔ အေရးအႀကီးဆံုးအခ်က္က စိတ္ပ်က္စရာအခ်ိန္ေတြကို ျပန္စဥ္းစားလိုက္ဖို႔ပဲ ျဖစ္ပါတယ္။ႏွစ္ဦးသားအၾကားက ျပႆနာေတြ၊ ရန္ျဖစ္ရတာေတြကို ျပန္ေတြးပါ။ သူမရဲ႕မေကာင္းတဲ့အက်င့္ေတြကို ျပန္စဥ္းစားပါ။

၈။ လြတ္လပ္မႈကို ခံစားလိုက္ပါ။

ခ်စ္သူရည္းစားရွိေနတာက ေနာက္ဆံတင္းစရာေတြ မ်ားလွပါတယ္။ ရည္းစားနဲ႔ျပတ္ၿပီး တစ္ေယာက္တည္း ျဖစ္သြားခ်ိန္ဟာ လုပ္ခ်င္တာေတြလုပ္ေဆာင္ဖို႔ အေကာင္းဆံုးျဖစ္ပါတယ္။တစ္ညလံုးေလွ်ာက္လည္မလား၊ သူငယ္ခ်င္းေတြနဲ ခရီးသြားမလား၊ တစ္ေနကုန္ထိုင္ၿပီး ဇာတ္ကားေတြၾကည့္ေနမလား၊ လုပ္ခ်င္တာအားလုံး လုပ္ဖို႔ လြတ္လပ္သြားတယ္ဆိုတာ သတိျပဳပါ။ဒီလိုလြတ္လပ္မႈေတြကို ခံစားရင္း အဆက္ေဟာင္းကို ေမ့သြားပါလိမ့္မယ္။

၉။ ေနာက္တစ္ေယာက္နဲ႔ တြဲလိုက္ပါ။

အဆက္ေဟာင္းကို မေမ့ႏိုင္တဲ့ ေယာကၤ်ားေလးအမ်ားစုဟာ အသစ္တစ္ေယာက္ကို မေတြ႕မွာကို စိုးရိမ္ေနတတ္တာေၾကာင့္ အခ်စ္ေဟာင္းကိုပဲ တမ္းတေနတတ္ၾကတာျဖစ္ပါတယ္။ဒါ့ေၾကာင့္ ေနာက္တစ္ေယာက္ရွာလိုက္တာက အေကာင္းဆံုးနည္းလမ္းျဖစ္ပါတယ္။ခဏပဲ တြဲရမယ္ဆိုရင္ေတာင္ ငါ့မွာ အဆက္ေဟာင္းအျပင္ တြဲႏိုင္တဲ့ မိန္းကေလးရွိပါေသးလား ဆိုတာ သေဘာေပါက္လာပါလိမ့္မယ္။

Credit: Gelteman Magazine

# Unicode Version ျဖင့္ ဖတ္ပါ #

အဆက်ဟောင်းကို မေ့ပစ်လိုက်ဖို့ဆိုတာ အမျိုးသားထုအတွက် မလွယ်ကူတဲ့ကိစ္စတစ်ခုဖြစ်တတ်ပါတယ်။အချိန်ကြာပြီး ခက်ခဲတတ်သလို နှစ်ဦးသား မိတ်ဆွေအပေါင်းအသင်းတွေ၊ လည်ပတ်ရာနေရာတွေနဲ့ နေရပ်တွေ တူနေမယ်ဆိုရင် ပိုပြီး ရှုပ်ထွေးနေတတ်ပါတယ်။ဒါ့ကြောင့် ချစ်သူရည်းစားနဲ့ အကြောင်းမသင့်လို့ လမ်းခွဲပြတ်စဲ ပြီးတဲ့နောက်မှာ အဆက်ဟောင်း စိတ်ထဲကထုတ်ပစ်လိုက်နိုင်မယ့် နည်းလမ်းတွေကို စုစည်းဖော်ပြလိုက်ပါတယ်။

၁။ သူမကို အလေးအနက်တန်ဖိုးထားနေတာတွေ ရပ်လိုက်ပါ။

သူမက သင့်အတွက် ဘုရားပေးတဲ့ဆု ဒါမှမဟုတ် အခြားမရှိဖူးစားဖက်လို့ သတ်မှတ်ထားတာမျိုးကို ရပ်လိုက်ပါ။
သူမက မပြည့်စုံပါဘူး။ ပြောရရင် နီးတောင်မှ မနီးစပ်ပါဘူး။ သူမရဲ့မကောင်းတဲ့အချက်တွေကို စဉ်းစားပါ။သင့်မိတ်ဆွေတွေက သူမမကောင်းကြောင်းပြောတာကို နားထောင်လိုက်ပါ။ သူမကို အလေးအနက် တန်ဖိုးထားမနေပဲ အခြားမိန်းမတွေနဲ့ တန်းတူပဲ သဘောထားလိုက်ပါ။

၂။ အားလုံးကို အဆုံးသတ်ပါ။

လမ်းခွဲပြတ်ဆဲတော့မယ်ဆိုရင် ပတ်သက်သမျှအကြောင်းတွေကို အဆုံးသတ်လိုက်ဖို့ ကြိုးစားပါ။ နောက်ထပ် ဘယ်တော့မှ ထပ်မတွေ့ပါနဲ့။

၃။ သူမကို မဆက်သွယ်ပါနဲ့။

ဒီအချက်က အရေးအကြီးဆုံးဖြစ်ပါတယ်။ လုံးဝမဆက်သွယ်မိပါစေနဲ့။ လမ်းမှာတွေ့ရင်တောင် မခေါ်မိပါစေနဲ့။လိုအပ်ရင်ကိုယ်ရှိနေမှာပါလို့ ကတိပေးခဲ့မိရင်တောင် မေ့လိုက်ပါ။ အဆက်အသွယ်မပြတ်နေပြီး မျှော်လင့်နေတာက အချိန်ကုန်ပြီး အကျိုးမထူးတဲ့အလုပ်ဖြစ်ပါတယ်။သူမဖုန်းနံပါတ်ကို ဖုန်းထဲကရော၊ ဦးနှောက်ထဲကပါ ဖျက်လိုက်ပါ။ မက်ဆေ့ဂျ်လည်း မပို့ပါနဲ့။ Facebook မှာလည်း Unfriend လုပ်ပါ။သူမ Profile ပုံမှာ နောက်ဘဲတစ်ပွေနဲ့ ပုံတက်လာရင် သင်မြင်ချင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် အားလုံးကို ရှင်းပစ်လိုက်ပါ

၄။ လေ့ကျင့်ခန်းလုပ်ပါ။

အရင်ကလို ကောင်မလေးနဲ့ အချိန်ဖြုန်းစရာမရှိတော့တဲ့အခါမှာ ဘာလုပ်လို့ဘာကိုင်ရမှန်း မသိဖြစ်တတ်ပါတယ်။ဒီလိုအချိန်မျိုးမှာ Gym ကိုသွားပြီး လေ့ကျင့်ခန်းတွေ လုပ်ဖို့ အကြံပေးချင်ပါတယ်။ ဒါဆိုရင် လမ်းခွဲပြီးနောက်ဖြစ်တတ်တဲ့ အသဲကွဲရောဂါအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ဒါ့အပြင် ခန္ဓာကိုယ်ပုံစံကျလာတဲ့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာနိုင်သလို Gym နောက်ထပ်ကောင်မလေးတစ်ယောက်ရဖို့ အခွင့်အလမ်းရှိတယ် ဆိုတာကိုလည်း မမေ့ပါနဲ့။

၅။ ပေးခဲ့တဲ့ပစ္စည်းတွေ ပြန်ယူမနေပါနဲ့တော့။

ဒီပစ္စည်းတွေပြန်ယူလို့ စိတ်ခံစားချက်တွေ သက်သာသွားမယ်မထင်လိုက်ပါနဲ့။ ပေးပြီးသားပစ္စည်းတွေကို မေ့လိုက်ပါ။ လှူလိုက်တယ်လို့ သဘောထားပါ။

၆။ သူငယ်ချင်းတွေနဲ့ ပိုတွဲပါ။

ရည်းစားရပြီဆိုတာနဲ့ သူငယ်ချင်းတွေနဲ့ တွေ့ဆုံပျော်ပါးရတာကို စွန့်လွှတ်လိုက်ရလေ့ရှိပါတယ်။ဒါ့ကြောင့် လမ်းခွဲပြတ်ဆဲအပြီးမှာ ဘော်ဒါတွေနဲ့ ပြန်တွဲပြီး အချိန်ဖြုန်းတာ အကောင်းဆုံးပါပဲ။ ပျော်စရာကောင်းရုံတင်မကပဲ အသဲကွဲရောဂါကိုလည်း ကုစားပေးနိုင်ပါတယ်။ဒီနည်းလမ်းကလည်း အဆက်ဟောင်းကို မေ့ပစ်လိုက်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

၇။ ဆိုးဝါးတဲ့အချိန်တွေကို ပြန်စဉ်းစားပါ။

အဆက်ဟောင်းနဲ့ ဘယ်လိုပျော်ခဲ့တာ၊ ဘယ်လိုချစ်ခဲ့တာတွေကို ခေါင်းထဲက ထုတ်ပစ်လိုက်ပါတော့။သူမကို မေ့ပစ်လိုက်ဖို့ အရေးအကြီးဆုံးအချက်က စိတ်ပျက်စရာအချိန်တွေကို ပြန်စဉ်းစားလိုက်ဖို့ပဲ ဖြစ်ပါတယ်။နှစ်ဦးသားအကြားက ပြဿနာတွေ၊ ရန်ဖြစ်ရတာတွေကို ပြန်တွေးပါ။ သူမရဲ့မကောင်းတဲ့အကျင့်တွေကို ပြန်စဉ်းစားပါ။

၈။ လွတ်လပ်မှုကို ခံစားလိုက်ပါ။

ချစ်သူရည်းစားရှိနေတာက နောက်ဆံတင်းစရာတွေ များလှပါတယ်။ ရည်းစားနဲ့ပြတ်ပြီး တစ်ယောက်တည်း ဖြစ်သွားချိန်ဟာ လုပ်ချင်တာတွေလုပ်ဆောင်ဖို့ အကောင်းဆုံးဖြစ်ပါတယ်။တစ်ညလုံးလျှောက်လည်မလား၊ သူငယ်ချင်းတွေနဲ ခရီးသွားမလား၊ တစ်နေကုန်ထိုင်ပြီး ဇာတ်ကားတွေကြည့်နေမလား၊ လုပ်ချင်တာအားလုံး လုပ်ဖို့ လွတ်လပ်သွားတယ်ဆိုတာ သတိပြုပါ။ဒီလိုလွတ်လပ်မှုတွေကို ခံစားရင်း အဆက်ဟောင်းကို မေ့သွားပါလိမ့်မယ်။

၉။ နောက်တစ်ယောက်နဲ့ တွဲလိုက်ပါ။

အဆက်ဟောင်းကို မမေ့နိုင်တဲ့ ယောင်္ကျားလေးအများစုဟာ အသစ်တစ်ယောက်ကို မတွေ့မှာကို စိုးရိမ်နေတတ်တာကြောင့် အချစ်ဟောင်းကိုပဲ တမ်းတနေတတ်ကြတာဖြစ်ပါတယ်။ဒါ့ကြောင့် နောက်တစ်ယောက်ရှာလိုက်တာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ခဏပဲ တွဲရမယ်ဆိုရင်တောင် ငါ့မှာ အဆက်ဟောင်းအပြင် တွဲနိုင်တဲ့ မိန်းကလေးရှိပါသေးလား ဆိုတာ သဘောပေါက်လာပါလိမ့်မယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top