iMyanmarHouse.com - Best Property Website for Myanmar
×









Credit: Realthadin

#Unicode Version#

မင်းသမီးလေး စိုးပြည့်သဇင်ကတော့ ချိုသာတဲ့အပြုံး၊ ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ အသံအေးအေးလေးတွေကြောင့် လူချစ်လူခင် ပေါများနေသူလေး ဖြစ်ပါတယ်။ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားတွေများစွာ ရိုက်ကူးအောင်မြင်နေတဲ့စိုးပြည့်က အခုတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းချင်းသာ လုပ်ကိုင်နေပါတယ်။ လတ်တလောမှာ စိုးပြည့်က သူတို့ညီအစ်မတွေပူးပေါင်းဖွင့်ထားတဲ့ ဆိုင်လေးမှာ ဦးစီးလုပ်ကိုင်နေတာ ဖြစ်ပါတယ် ။

ချစ်စရာကောင်းတဲ့ စိုးပြည့်က အားလပ်ချိန်လေးတွေကို ဆိုင်မှာ ဈေးရောင်းရင်းနဲ့ပဲ ကုန်ဆုံးလေ့ရှိတာလည်း ဖြစ်ပါတယ် ။ ဒါကြောင့်လည်း စိုးပြည့်တို့ဆိုင်လေးက အချိန်ခဏလေးအတွင်းမှာတင် ဝယ်ယူအားပေးသူအပြည့်နဲ့ ရောင်းအားကောင်းနေတာ ဖြစ်ပါတယ် ။ အခုလည်း စိုးပြည့်က ပိတ်ရက်မှာ ဆိုင်ကဝန်ထမ်းညီမလေးတွေနဲ့အတူ ဆိုင်စောင့်ရင်း ပျော်ရွှင်နေတဲ့ ပုံလေးတွေကို facebook မှာ တင်လိုက်ပါတယ် ။

မာနကင်းပြီး ဖော်ဖော်ရွေရွေ ခင်မင်တတ်တဲ့ စိုးပြည့်က ဝန်ထမ်းညီမလေးတွေအပေါ်မှာလည်း စေတနာမေတ္တာအပြည့်နဲ့ ညီအစ်မအရင်းတွေလို ဆက်ဆံတတ်တာလည်း ဖြစ်ပါတယ် ။ အခုလည်း စိုးပြည့်က ဝန်ထမ်းလေးတွေကြားမှာ ကလေးလေးတစ်ယောက်လို အပြုံးလေးနဲ့ ပျော်ရွှင်နေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးလေး စိုးပြည့်သဇင်ရဲ့ ချစ်စရာပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top