iMyanmarHouse.com - Best Property Website for Myanmar
×


ဒီတစ္ခါေတာ့ ေကဒရာမာခ်စ္ပရိသတ္ၾကီးအတြက္ ဒီဇင္ဘာလအတြင္းထြက္ရွိထားတဲ႔ကုိရီးယားဇာတ္လမ္းတြဲေလးေတြကုိ လက္မလႊတ္တမ္းၾကည့္ရေအာင္ ဘယ္သူရဲ ႔ဘာဇာတ္ကားေတြထြက္ေနမလဲဆုိတာ ျပန္ျပီးေတာ့သတင္းေကာင္းေလးေပးသြားမွာျဖစ္ပါတယ္။ကဲ ဘာဇာတ္လမ္းတြဲေလးေတြလဲ အတူတူဖတ္ၾကည့္လိုက္ရေအာင္


The Lost Card?


ဒီဇာတ္လမ္းတြဲေလးကုိေတာ့ ဒီဇင္ဘာ ၁ရက္ေန႔ကစျပီး tvN ကေန ထုတ္လႊင့္ျပသေနျပီျဖစ္ပါတယ္။ဒီကားေလးမွာေတာ့ မင္းသားေခ်ာေလး Kim Min Suk ၊ Lee Shi Won ၊ Kim Jin Yup တုိ႔က အဓိကပါ၀င္သရုပ္ေဆာင္ထားပါတယ္။ATM စက္ထဲကေန ကတ္ျပန္မထြက္လာေတာ့ပဲ ကတ္ေပ်ာက္ရွာပံုေတာ္ဖြင့္ရတဲ႔ဇာတ္လမ္းေလးကုိ စိတ္၀င္စားဖြယ္အေၾကာင္းအရာေတြန႔ဲတင္ဆက္ရိုက္ကူးထားတာျဖစ္လုိ႔ ပရိသတ္ေတြအတြက္အသစ္အဆန္းဇာတ္လမ္းအမ်ိဳးအစားေလးျဖစ္ႏုိင္ပါတယ္။

Fate and Fury


ဒီဇာတ္လမ္းတြဲေလးကေတာ့ အလိမ္အညာမ်ိဳးစံုနဲ႔ေယာက်ာ္းေလးတစ္ေယာက္ကုိဆြဲေဆာင္ဖုိ႔ၾကိဳးစားတဲ႔မိန္းကေလးတစ္ေယာက္နဲ႔ အဲ႔ဒီအလိမ္အညာေတြကုိမွယံုမိျပီးအခ်စ္မွာေပ်ာ္၀င္သြားတဲ႔ေယာက်ာ္းေလးတစ္ေယာက္တုိ႔ရဲ႔ အေၾကာင္းကုိ ရုိက္ကူးထားတဲ႔ အခ်စ္ဒရာမာဇာတ္လမ္းတြဲေကာင္းေလးျဖစ္ပါတယ္။ပရိသတ္ေတြသေဘာက်ႏွစ္သက္ၾကတဲ႔ Lee Min Jung ၊Joo Sang Woo ၊ So Yi Hyun စတဲ႔အႏုပညာရွင္ေတြပါ၀င္ထားတာျဖစ္လုိ႔ အၾကိဳက္ေတြ႔မယ့္ဇာတ္လမ္းေလးျဖစ္ပါတယ္။

Memories of the Alhambra


ဒီဇာတ္လမ္းတြဲေလးကေတာ့ အခုလက္ရွိပရိသတ္တစ္ခ်ိဳ႔ၾကည့္ရႈအားေပးေနၾကပါျပီ။ဒီကားမွာေတာ့ မင္းသားေခ်ာ Hyun Bin နဲ႔ မင္းသမီး Park Shin Hye တုိ႔အဓိကပါ၀င္သရုပ္ေဆာင္ထားျပီး ဒီဇင္ဘာ ၁ရက္ေန႔က စတင္ထုတ္လႊင့္ျပသေနျပီျဖစ္ပါတယ္။သူငယ္ခ်င္းရဲ႔ သစၥာေဖာက္
မႈကုိခံစားလိုက္ရတဲ႔ ရင္းႏွီးျမွဳပ္ႏွံမႈကုမၸဏီစီအီးအုိဟာ စီးပြားေရးကိစၥနဲ႔စပိန္ကုိခရီးထြက္လာခဲ႔ရာကေန ထူးဆန္းဖြယ္အျဖစ္အပ်က္ေတြ ျဖစ္ေပၚလာတဲ႔အေၾကာင္းကုိ ရုိက္ကူးထားတဲ႔ ဇာတ္လမ္းတြဲေလးျဖစ္ပါတယ္။

My Strange Hero ( Revenge is Back )


ဒီဇာတ္လမ္းတြဲေလးကေတာ့ အခ်စ္ဟာသဒရာမာဇာတ္လမ္းတြဲေလးျဖစ္ပါတယ္။အခ်စ္ဦးမိန္းကေလးနဲ႔ေက်ာင္းသားတစ္ေယာက္ရဲ ႔ေခ်ာက္ခ်မႈေၾကာင့္ ေက်ာင္းကေနအထုတ္ခံလိုက္ရတဲ႔ ေက်ာင္းသားေလးတစ္ေယာက္ဘယ္လိုျပန္ျပီး တံု႔ျပန္ေခ်ပမလဲဆုိတာ စိတ္၀င္စားဖြယ္ဇာတ္လမ္းဇာတ္ကြက္ေတြနဲ႔ဖန္တီးရိုက္ကူးထားတာပါ။ဒီကားမွာေတာ့ ႏႈတ္ခမ္းနီမေလးေတြသေဘာက်ႏွစ္သက္ၾကတဲ႔မင္းသားေခ်ာ Yoo Seung Ho ၊Kwak Dong Yun ၊မင္းသမီး Jo Bo Ah တုိ႔က အဓိကပါ၀င္သရုပ္ေဆာင္ထားပါတယ္။

Bad Detective

ဒီဇာတ္လမ္းတြဲကေတာ့ စိတၱဇဆန္ဆန္ျပစ္မႈေတြနဲ႔ပတ္သက္လုိ႔ စိတ္၀င္စားဖြယ္ေကာင္းေအာင္ရိုက္ကူးထားတဲ႔ဇာတ္လမ္းေလးျဖစ္ပါတယ္။ဥာဏ္ေကာင္းလြန္းတဲ့လူသတ္သမားတရားခံနဲ႔ တရားမ်ွတမႈရွိျပီး အရည္အခ်င္းအျပည့္ရွိတဲ႔စံုေထာက္တုိ႔အၾကား မရုိးႏုိင္တဲ႔ဇာတ္ကြက္ေတြနဲ႔ဖမ္းစားထားတာျဖစ္လုိ႔ပရိသတ္ၾကီးမပ်င္းမရိၾကည့္ရႈရမွာအမွန္ပါပဲ။ဒီဇာတ္လမ္းတြဲမွာဆုိရင္ Shin Ha Kyun ၊ Lee Seol ၊ Park Ho San စတဲ႔အႏုပညာရွင္ေတြက ပါ၀င္သရုပ္ေဆာင္ထားပါတယ္။

ကဲ ဇာတ္လမ္းတြဲေကာင္းေလးေတြျဖစ္လုိ႔ လက္မလႊတ္စတမး္ၾကည့္လိုက္ဦးေနာ္

Credit: Trend

# Unicode Version ျဖင့္ ဖတ္ပါ #

ဒီတစ်ခါတော့ ကေဒရာမာချစ်ပရိသတ်ကြီးအတွက် ဒီဇင်ဘာလအတွင်းထွက်ရှိထားတဲ့ကိုရီးယားဇာတ်လမ်းတွဲလေးတွေကို လက်မလွှတ်တမ်းကြည့်ရအောင် ဘယ်သူရဲ့ဘာဇာတ်ကားတွေထွက်နေမလဲဆိုတာ ပြန်ပြီးတော့သတင်းကောင်းလေးပေးသွားမှာဖြစ်ပါတယ်။ကဲ ဘာဇာတ်လမ်းတွဲလေးတွေလဲ အတူတူဖတ်ကြည့်လိုက်ရအောင်


The Lost Card?

ဒီဇာတ်လမ်းတွဲလေးကိုတော့ ဒီဇင်ဘာ ၁ရက်နေ့ကစပြီး tvN ကနေ ထုတ်လွှင့်ပြသနေပြီဖြစ်ပါတယ်။ဒီကားလေးမှာတော့ မင်းသားချောလေး Kim Min Suk ၊ Lee Shi Won ၊ Kim Jin Yup တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ATM စက်ထဲကနေ ကတ်ပြန်မထွက်လာတော့ပဲ ကတ်ပျောက်ရှာပုံတော်ဖွင့်ရတဲ့ဇာတ်လမ်းလေးကို စိတ်ဝင်စားဖွယ်အကြောင်းအရာတွေနဲ့တင်ဆက်ရိုက်ကူးထားတာဖြစ်လို့ ပရိသတ်တွေအတွက်အသစ်အဆန်းဇာတ်လမ်းအမျိုးအစားလေးဖြစ်နိုင်ပါတယ်။

Fate and Fury

ဒီဇာတ်လမ်းတွဲလေးကတော့ အလိမ်အညာမျိုးစုံနဲ့ယောကျာ်းလေးတစ်ယောက်ကိုဆွဲဆောင်ဖို့ကြိုးစားတဲ့မိန်းကလေးတစ်ယောက်နဲ့ အဲ့ဒီအလိမ်အညာတွေကိုမှယုံမိပြီးအချစ်မှာပျော်ဝင်သွားတဲ့ယောကျာ်းလေးတစ်ယောက်တို့ရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ အချစ်ဒရာမာဇာတ်လမ်းတွဲကောင်းလေးဖြစ်ပါတယ်။ပရိသတ်တွေသဘောကျနှစ်သက်ကြတဲ့ Lee Min Jung ၊Joo Sang Woo ၊ So Yi Hyun စတဲ့အနုပညာရှင်တွေပါဝင်ထားတာဖြစ်လို့ အကြိုက်တွေ့မယ့်ဇာတ်လမ်းလေးဖြစ်ပါတယ်။

Memories of the Alhambra

ဒီဇာတ်လမ်းတွဲလေးကတော့ အခုလက်ရှိပရိသတ်တစ်ချို့ကြည့်ရှုအားပေးနေကြပါပြီ။ဒီကားမှာတော့ မင်းသားချော Hyun Bin နဲ့ မင်းသမီး Park Shin Hye တို့အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဒီဇင်ဘာ ၁ရက်နေ့က စတင်ထုတ်လွှင့်ပြသနေပြီဖြစ်ပါတယ်။သူငယ်ချင်းရဲ့ သစ္စာဖောက်
မှုကိုခံစားလိုက်ရတဲ့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီစီအီးအိုဟာ စီးပွားရေးကိစ္စနဲ့စပိန်ကိုခရီးထွက်လာခဲ့ရာကနေ ထူးဆန်းဖွယ်အဖြစ်အပျက်တွေ ဖြစ်ပေါ်လာတဲ့အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။

My Strange Hero ( Revenge is Back )

ဒီဇာတ်လမ်းတွဲလေးကတော့ အချစ်ဟာသဒရာမာဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။အချစ်ဦးမိန်းကလေးနဲ့ကျောင်းသားတစ်ယောက်ရဲ့ချောက်ချမှုကြောင့် ကျောင်းကနေအထုတ်ခံလိုက်ရတဲ့ ကျောင်းသားလေးတစ်ယောက်ဘယ်လိုပြန်ပြီး တုံ့ပြန်ချေပမလဲဆိုတာ စိတ်ဝင်စားဖွယ်ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ဖန်တီးရိုက်ကူးထားတာပါ။ဒီကားမှာတော့ နှုတ်ခမ်းနီမလေးတွေသဘောကျနှစ်သက်ကြတဲ့မင်းသားချော Yoo Seung Ho ၊Kwak Dong Yun ၊မင်းသမီး Jo Bo Ah တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

Bad Detective

ဒီဇာတ်လမ်းတွဲကတော့ စိတ္တဇဆန်ဆန်ပြစ်မှုတွေနဲ့ပတ်သက်လို့ စိတ်ဝင်စားဖွယ်ကောင်းအောင်ရိုက်ကူးထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ဉာဏ်ကောင်းလွန်းတဲ့လူသတ်သမားတရားခံနဲ့ တရားမျှတမှုရှိပြီး အရည်အချင်းအပြည့်ရှိတဲ့စုံထောက်တို့အကြား မရိုးနိုင်တဲ့ဇာတ်ကွက်တွေနဲ့ဖမ်းစားထားတာဖြစ်လို့ပရိသတ်ကြီးမပျင်းမရိကြည့်ရှုရမှာအမှန်ပါပဲ။ဒီဇာတ်လမ်းတွဲမှာဆိုရင် Shin Ha Kyun ၊ Lee Seol ၊ Park Ho San စတဲ့အနုပညာရှင်တွေက ပါဝင်သရုပ်ဆောင်ထားပါတယ်။

ကဲ ဇာတ်လမ်းတွဲကောင်းလေးတွေဖြစ်လို့ လက်မလွှတ်စတမ်းကြည့်လိုက်ဦးနော်
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top