iMyanmarHouse.com - Best Property Website for Myanmar
×


ေရႊထူးနဲ႕ ေရႊမံႈရတီတို႕ အတူဖန္တီးထားတဲ့ "အမွား" ဆိုတဲ့ သီခ်င္းေလးက ပရိသတ္ေတြၾကားထဲမွာ ေရပန္းစားလို႕ ေနပါတယ္။ အဲ့ဒီသီခ်င္းကို ဒီဇင္ဘာ(၆) ရက္ေန႕က သူတို႕ရဲ႕ ကိုယ္ပိုင္ေဖ့စ္ဘြတ္ေတြမွာ တင္ခဲ့တာျဖစ္ၿပီး အခုဆိုရင္ ၾကည့္ရႈသူ (၃)သိန္းေက်ာ္သြားခဲ့ပါၿပီ။

ေရႊထူးနဲ႕ ေရႊမံႈရတီတို႕ အတူတူဆုိထားတဲ့ သီခ်ငး္သစ္ေလးက ပရိသတ္ေတြၾကားမွာ ေရပန္းစားလို႕ေနပါတယ္။ ဒီဇင္ဘာ(၆) ရက္ေန႕ ေရႊထူးနဲ႕ ေရႊမံႈတို႕ရဲ႕ ေဖ့စ္ဘြတ္မွာ သူတို႕ႏွစ္ဦးပထမဆံုး အတူပံုေဖာ္ထားတဲ့ သီခ်င္းတစ္ပုဒ္ကို တင္ေပးခဲ့ပါတယ္။

"အမွား" လို႕ နာမည္ေပးထားတဲ့ သူတို႕ႏွစ္ေယာက္ရဲ႕ သီခ်င္းဟာ ေရႊမံႈရတီအတြက္ ပထမဆံုး သီခ်င္းလည္း ျဖစ္ပါတယ္။ ေရႊထူးကိုယ္တိုင္ ေရးေပးထားတဲ့ အဲ့ဒီသီခ်င္းမွာ ပါဝင္သီဆိုထားတဲ့ ေရႊမံႈရတီရဲ႕ အသံကလည္း လံုးဝကို အမိုက္စားပါပဲ။ ေရႊထူးေျပာသလိုပဲ ေရႊမံႈက သီခ်င္းဆို တာနဲ႕ ပတ္သက္လာရင္ သြားေျပာင္လို႕ ရတဲ့အထဲမွာ မပါဘူးဆိုတာ သီခ်င္းက သက္ေသခံလို႕ေနပါတယ္။

သူတို႕ႏွစ္ဦး သီဆိုထားတဲ့ " အမွား" ဆိုတဲ့ သီခ်င္းေလးက အခုဆိုရင္ ၾကည့္ရႈသူ (၃)သိန္းေက်ာ္ ရွိလို႕သြားပါၿပီ။ မၾကည္ရေသးတဲ့ ပရိသတ္ေတြအတြက္ ဗိဒိယိုဖိုင္ေလး ထည့္ေပးလိုက္တယ္ေနာ္။


စာသားအမိုက္စားေတြနဲ႕ ထိထိမိမိသီဆိုထားသလို သူတို႕ႏွစ္ဦးရဲ႕ သရုပ္ေဆာင္မႈကလည္း အရမ္းကို မိုက္လွပါတယ္။ အိုက္တင္ပိုင္းမွာ ေျပာစရာမလိုေအာင္ သရုပ္ေဆာင္တတ္တဲ့ ေရႊမံႈအတြက္ သီခ်င္းထဲမွာ သရုပ္ေဆာင္မႈက ေျပာစရာမလိုလွေအာင္ ပီျပင္လွပါတယ္။

ေရႊထူးနဲ႕ ေရႊမံႈရတီတို႕စံုတြဲဟာ လက္ရွိမွာ ဟန္နီးမြန္း ခရီးကေန ျပန္ေရာက္လို႕ေနပါၿပီ။ ေရႊမံႈရတီကလည္း အႏုပညာအလုပ္ေတြ ျပန္လုပ္ေနပါၿပီ။ လက္ရွိမွာ ေရႊထူးက အႏုပညာအလုပ္ေတြ ျပန္လုပ္ေနၿပီျဖစ္တဲ့ ေရႊမံႈရတီရဲ႕ ရႈတင္ ေတြကို  လုိက္ေပးေနတာေတြ႕ရပါတယ္။

သူတို႕ႏွစ္ေယာက္ဟာ ဒါရိုက္တာ ညႊန္႕ျမန္မာညီညီေအာင္ ရိုက္ထားတဲ့ "ဧည့္သည္" ဆိုတဲ့ ရုပ္ရွင္ဇာတ္ကားမွာလည္း အတူတြဲၿပီး ရိုက္ကူး ရင္းနဲ႕ ခ်စ္သူေတြ ျဖစ္သြားခဲ့ၾကတာ ျဖစ္ပါတယ္။ ေရႊထူးဟာ ဂီတအပုိင္းမွာေတာ့ ပရိသတ္အခုိင္အမာ ရရွိပုိင္ဆုိင္ထားသူျဖစ္ပါတယ္။ ေရႊမႈံရ တီကလည္း သရုပ္ေဆာင္ဘက္မွာ ပရိသတ္အခုိင္အမာရရွိထားသူျဖစ္ပါတယ္။

ေရႊထူးနဲ႕ ေရႊမံႈရတီတို႕ ဟာ ေအာက္တိုဘာ(၃၀) ရက္ေန႕ကေ နျပည္ေတာ္ Park Royal hotel မွာ ႏွစ္ဦးသေဘာတူ လက္မွတ္ေရးထိုးခဲ့ၾကတာ ျဖစ္ၿပီး ႏိုဝင္ဘာ(၉) ရက္ေန႕မွာ ေမွာ္ဘီၿမိဳ႕နယ္မွာ ရွိတဲ့ ေအာင္ဇဗၺဴေတာရေက်ာင္းမွာ မဂၤလာဦးဆြမ္းေကၽြး အလွဴျပဳလုပ္ခဲ့ပါတယ္။


မဂၤလာဧည့္ခံပြဲကိုေတာ့ ႏိုဝင္ဘာ(၁၁) ရက္ေန႕က ရန္ကုန္ၿမိဳ႕၊ အင္းလ်ားလိတ္ဟိုတယ္မွာ ခ်စ္တဲ့အႏုပညာညီအစ္ကို ေမာင္ႏွမေတြနဲ႕ ေပ်ာ္ရႊင္စြာ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

Credit:Duwun

# Unicode Version ျဖင့္ ဖတ္ပါ #

ရွှေထူးနဲ့ ရွှေမှုံရတီတို့ အတူဖန်တီးထားတဲ့ "အမှား" ဆိုတဲ့ သီချင်းလေးက ပရိသတ်တွေကြားထဲမှာ ရေပန်းစားလို့ နေပါတယ်။ အဲ့ဒီသီချင်းကို ဒီဇင်ဘာ(၆) ရက်နေ့က သူတို့ရဲ့ ကိုယ်ပိုင်ဖေ့စ်ဘွတ်တွေမှာ တင်ခဲ့တာဖြစ်ပြီး အခုဆိုရင် ကြည့်ရှုသူ (၃)သိန်းကျော်သွားခဲ့ပါပြီ။


ရွှေထူးနဲ့ ရွှေမှုံရတီတို့ အတူတူဆိုထားတဲ့ သီချင်းသစ်လေးက ပရိသတ်တွေကြားမှာ ရေပန်းစားလို့နေပါတယ်။ ဒီဇင်ဘာ(၆) ရက်နေ့ ရွှေထူးနဲ့ ရွှေမှုံတို့ရဲ့ ဖေ့စ်ဘွတ်မှာ သူတို့နှစ်ဦးပထမဆုံး အတူပုံဖော်ထားတဲ့ သီချင်းတစ်ပုဒ်ကို တင်ပေးခဲ့ပါတယ်။

"အမှား" လို့ နာမည်ပေးထားတဲ့ သူတို့နှစ်ယောက်ရဲ့ သီချင်းဟာ ရွှေမှုံရတီအတွက် ပထမဆုံး သီချင်းလည်း ဖြစ်ပါတယ်။ ရွှေထူးကိုယ်တိုင် ရေးပေးထားတဲ့ အဲ့ဒီသီချင်းမှာ ပါဝင်သီဆိုထားတဲ့ ရွှေမှုံရတီရဲ့ အသံကလည်း လုံးဝကို အမိုက်စားပါပဲ။ ရွှေထူးပြောသလိုပဲ ရွှေမှုံက သီချင်းဆို တာနဲ့ ပတ်သက်လာရင် သွားပြောင်လို့ ရတဲ့အထဲမှာ မပါဘူးဆိုတာ သီချင်းက သက်သေခံလို့နေပါတယ်။

စာသားအမိုက်စားတွေနဲ့ ထိထိမိမိသီဆိုထားသလို သူတို့နှစ်ဦးရဲ့ သရုပ်ဆောင်မှုကလည်း အရမ်းကို မိုက်လှပါတယ်။ အိုက်တင်ပိုင်းမှာ ပြောစရာမလိုအောင် သရုပ်ဆောင်တတ်တဲ့ ရွှေမှုံအတွက် သီချင်းထဲမှာ သရုပ်ဆောင်မှုက ပြောစရာမလိုလှအောင် ပီပြင်လှပါတယ်။

သူတို့နှစ်ဦး သီဆိုထားတဲ့ " အမှား" ဆိုတဲ့ သီချင်းလေးက အခုဆိုရင် ကြည့်ရှုသူ (၃)သိန်းကျော် ရှိလို့သွားပါပြီ။ မကြည်ရသေးတဲ့ ပရိသတ်တွေအတွက် ဗိဒိယိုဖိုင်လေး ထည့်ပေးလိုက်တယ်နော်။


ရွှေထူးနဲ့ ရွှေမှုံရတီတို့စုံတွဲဟာ လက်ရှိမှာ ဟန်နီးမွန်း ခရီးကနေ ပြန်ရောက်လို့နေပါပြီ။ ရွှေမှုံရတီကလည်း အနုပညာအလုပ်တွေ ပြန်လုပ်နေပါပြီ။ လက်ရှိမှာ ရွှေထူးက အနုပညာအလုပ်တွေ ပြန်လုပ်နေပြီဖြစ်တဲ့ ရွှေမှုံရတီရဲ့ ရှုတင် တွေကို  လိုက်ပေးနေတာတွေ့ရပါတယ်။

သူတို့နှစ်ယောက်ဟာ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ထားတဲ့ "ဧည့်သည်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း အတူတွဲပြီး ရိုက်ကူး ရင်းနဲ့ ချစ်သူတွေ ဖြစ်သွားခဲ့ကြတာ ဖြစ်ပါတယ်။ ရွှေထူးဟာ ဂီတအပိုင်းမှာတော့ ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ရွှေမှုံရ တီကလည်း သရုပ်ဆောင်ဘက်မှာ ပရိသတ်အခိုင်အမာရရှိထားသူဖြစ်ပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဟာ အောက်တိုဘာ(၃၀) ရက်နေ့ကေ နပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။

မင်္ဂလာဧည့်ခံပွဲကိုတော့ နိုဝင်ဘာ(၁၁) ရက်နေ့က ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်မှာ ချစ်တဲ့အနုပညာညီအစ်ကို မောင်နှမတွေနဲ့ ပျော်ရွှင်စွာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top