iMyanmarHouse.com - Best Property Website for Myanmar
×


 ၾကာစိနဲ႔ ဆုဟန္နီၿဖိဳးတို႔ရဲ့ သမီးငယ္ေလးကိုေတာ့ ဆုသဒၶါျမတ္နိုး လို႔ နာမည္ေပးလိုက္ပါၿပီ. အဲ့ဒီေနာက္ သမီးေလး ေမြးဖြားၿပီးတဲ့ေနာက္မွ ျပဳလုပ္ျဖစ္တဲ့ အလႉအတန္းေတြ အေၾကာင္းကိုလည္း ေျပာျပလာပါတယ္.

ဟာသသ႐ုပ္ေဆာင္ ၾကာစိနဲ႔ ဇနီးျဖစ္သူ ဆုဟန္နီၿဖိဳးတို႔ဟာ ဒီဇင္ဘာလ ၁၂ ရက္ေန႔ကပဲ သမီးေလးအတြက္ နာမည္အရင္းေလး မွည့္ေပးလိုက္ၿပီျဖစ္ပါတယ္. ဇနီးျဖစ္သူကို အရမ္းခ်စ္တတ္တဲ့ ၾကာစိက သမီးငယ္ေလးရဲ့ နာမည္မွာ ေမေမ့ နာမည္ပါေအာင္ ဆုသဒၶါျမတ္နိုး လို႔ အမည္ေပးခဲ့ေၾကာင္း သိရပါတယ္.

” ေမေမေပးတဲ့ နာမည္ စံရတီထိပ္ထား. ေဖေဖေပးတဲ့ နာမည္ ဆုသဒၶါျမတ္နိုး. ေမေမဆုဟန္နီၿဖိဳး ရဲ့ သမီးေလး. ေမေမ့နာမည္ေလး ပါေစခ်င္တဲ့ ေဖေဖကိုအလိုလိုက္ ကိုယ္ေရြးထားတဲ့နာမည္ေလး တစ္ထစ္ေလ်ာ့ၿပီး အိမ္နာမည္ေလး အျဖစ္နဲ႔ ထိပ္ထားေလးရဲ့ နာမည္ရင္း ဆုသဒၶါျမတ္နိုး ပါရွင့္” ဆိုၿပီးေတာ့ ဒီဇင္ဘာလ ၁၂ ရက္ေန႔ည ၉ နာရီေက်ာ္က ၾကာစိရဲ့ ဇနီးျဖစ္သူ ဆုဟန္နီၿဖိဳးရဲ့ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့တာပါ.


အဲ့ဒီေနာက္ အလႉေရစက္ လက္နဲ႔ မကြာ လႉဒါန္းေလ့ရွိတဲ့ ၾကာစိတို႔ ဇနီးေမာင္ႏွံက သမီးေလး ဆုသဒၶါျမတ္နိုးကို ေမြးဖြားၿပီးတဲ့ေနာက္ ပထမဆုံးအႀကိမ္ အလႉအတန္း လုပ္ျဖစ္ခဲ့တဲ့ အေၾကာင္းကိုလည္း ေျပာျပလာပါတယ္.

” ခ်စ္အမအလႈ ေက်ာက္ပန္ေတာင္းၿမိဳ႕ႏွစ္က်ပ္ခြဲေက်းရြာမွာ သပိတ္လြယ္ အမွတ္တရ သမီးေလး ဆုသဒၶါျမတ္နိုးရဲ့၂လ အရြယ္ ပထမဆုံး နားသမဂၤလာ” ဆိုၿပီးေတာ့လည္း ဆက္လက္ေရးသားထားတာ ေတြ႕ရပါတယ္.

သ႐ုပ္ေဆာင္ ၾကာစိနဲ႔ ဆုဟန္နီၿဖိဳးတို႔ဟာ မၾကာခဏ အလႉအတန္းေတြ လုပ္ျဖစ္ေနတဲ့ ဇနီးေမာင္ႏွံ ႏွစ္ဦးျဖစ္ပါတယ္. မၾကာေသးခင္ကလည္း ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ ႏွစ္က်ပ္ခြဲေက်းရြာမွာရွိတဲ့ ေရွးေဟာင္း သိမ္ေက်ာင္းေတာ္ႀကီးအတြက္ လိုအပ္ခ်က္ေတြ ျဖည့္ဆည္းေပးနိုင္ဖို႔အတြက္ အလႉအတန္းေတြ လုပ္ခဲ့ပါေသးတယ္.

သ႐ုပ္ေဆာင္ ၾကာစိနဲ႔ ဆုဟန္နီၿဖိဳးတို႔ဟာ ခ်စ္သူသက္တမ္း ၂ ႏွစ္ေက်ာ္အၾကာမွာ အိမ္ေထာင္ျပဳခဲ့ၾကတာျဖစ္ပါတယ္. သမီးေလးကိုေတာ့ ၂၀၁၈ ခုႏွစ္ စက္တင္ဘာလ ၂၄ ရက္ေန႔ က ရွမ္းျပည္နယ္ ေတာင္ႀကီး ၿမိဳ႕မွာ ေမြးဖြားခဲ့တာျဖစ္ပါတယ္. လက္ရွိမွာလည္း သူတို႔ မိသားစုေလးက ေပ်ာ္စရာေကာင္း လွပါတယ္.

Credit:Burmese.asia

# Unicode Version ျဖင့္ ဖတ္ပါ #

 ကြာစိနဲ့ ဆုဟန်နီဖြိုးတို့ရဲ့ သမီးငယ်လေးကိုတော့ ဆုသဒ္ဓါမြတ်နိုး လို့ နာမည်ပေးလိုက်ပါပြီ. အဲ့ဒီနောက် သမီးလေး မွေးဖွားပြီးတဲ့နောက်မှ ပြုလုပ်ဖြစ်တဲ့ အလှူအတန်းတွေ အကြောင်းကိုလည်း ပြောပြလာပါတယ်.

ဟာသသရုပ်ဆောင် ကြာစိနဲ့ ဇနီးဖြစ်သူ ဆုဟန်နီဖြိုးတို့ဟာ ဒီဇင်ဘာလ ၁၂ ရက်နေ့ကပဲ သမီးလေးအတွက် နာမည်အရင်းလေး မှည့်ပေးလိုက်ပြီဖြစ်ပါတယ်. ဇနီးဖြစ်သူကို အရမ်းချစ်တတ်တဲ့ ကြာစိက သမီးငယ်လေးရဲ့ နာမည်မှာ မေမေ့ နာမည်ပါအောင် ဆုသဒ္ဓါမြတ်နိုး လို့ အမည်ပေးခဲ့ကြောင်း သိရပါတယ်.

” မေမေပေးတဲ့ နာမည် စံရတီထိပ်ထား. ဖေဖေပေးတဲ့ နာမည် ဆုသဒ္ဓါမြတ်နိုး. မေမေဆုဟန်နီဖြိုး ရဲ့ သမီးလေး. မေမေ့နာမည်လေး ပါစေချင်တဲ့ ဖေဖေကိုအလိုလိုက် ကိုယ်ရွေးထားတဲ့နာမည်လေး တစ်ထစ်လျော့ပြီး အိမ်နာမည်လေး အဖြစ်နဲ့ ထိပ်ထားလေးရဲ့ နာမည်ရင်း ဆုသဒ္ဓါမြတ်နိုး ပါရှင့်” ဆိုပြီးတော့ ဒီဇင်ဘာလ ၁၂ ရက်နေ့ည ၉ နာရီကျော်က ကြာစိရဲ့ ဇနီးဖြစ်သူ ဆုဟန်နီဖြိုးရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာပါ.


အဲ့ဒီနောက် အလှူရေစက် လက်နဲ့ မကွာ လှူဒါန်းလေ့ရှိတဲ့ ကြာစိတို့ ဇနီးမောင်နှံက သမီးလေး ဆုသဒ္ဓါမြတ်နိုးကို မွေးဖွားပြီးတဲ့နောက် ပထမဆုံးအကြိမ် အလှူအတန်း လုပ်ဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း ပြောပြလာပါတယ်.

” ချစ်အမအလှု ကျောက်ပန်တောင်းမြို့နှစ်ကျပ်ခွဲကျေးရွာမှာ သပိတ်လွယ် အမှတ်တရ သမီးလေး ဆုသဒ္ဓါမြတ်နိုးရဲ့၂လ အရွယ် ပထမဆုံး နားသမင်္ဂလာ” ဆိုပြီးတော့လည်း ဆက်လက်ရေးသားထားတာ တွေ့ရပါတယ်.

သရုပ်ဆောင် ကြာစိနဲ့ ဆုဟန်နီဖြိုးတို့ဟာ မကြာခဏ အလှူအတန်းတွေ လုပ်ဖြစ်နေတဲ့ ဇနီးမောင်နှံ နှစ်ဦးဖြစ်ပါတယ်. မကြာသေးခင်ကလည်း ကျောက်ပန်းတောင်းမြို့နယ် နှစ်ကျပ်ခွဲကျေးရွာမှာရှိတဲ့ ရှေးဟောင်း သိမ်ကျောင်းတော်ကြီးအတွက် လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ဖို့အတွက် အလှူအတန်းတွေ လုပ်ခဲ့ပါသေးတယ်.

သရုပ်ဆောင် ကြာစိနဲ့ ဆုဟန်နီဖြိုးတို့ဟာ ချစ်သူသက်တမ်း ၂ နှစ်ကျော်အကြာမှာ အိမ်ထောင်ပြုခဲ့ကြတာဖြစ်ပါတယ်. သမီးလေးကိုတော့ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့ က ရှမ်းပြည်နယ် တောင်ကြီး မြို့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်. လက်ရှိမှာလည်း သူတို့ မိသားစုလေးက ပျော်စရာကောင်း လှပါတယ်.
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top