iMyanmarHouse.com - Best Property Website for Myanmar
×


က်န္းမာေရးနဲ႔ ညီၫႊတ္ေစဖို႔အတြက္ရယ္၊ အာဟာရျပည့္ဝတဲ့ အစားအစာေတြ ရရွိဖို႔အတြက္ေတာ့ မီးဖိုေခ်ာင္ဟာ အဓိကက်တဲ့ ေနရာတခုပါ။ အစားအစာ အမ်ားစုကို ေရခဲေသတၱာနဲ႔ မီးဖိုေခ်ာင္မွာ အမ်ားဆုံး သိုေလွာင္ သိမ္းဆည္းတတ္ၾကၿပီး အခုေဖာ္ျပေပးမယ့္ အစားအစာေတြကေတာ့ မီးဖိုေခ်ာင္ထဲမွာ မထားသင့္တဲ့ အစားအစာေတြပဲ ျဖစ္ပါတယ္။

(၁) ေျပာင္းဖူး


အာဟာရ သိပၸံပညာရွင္ေတြရဲ႕ အဆိုအရ ေျပာင္းဖူးကို အခန္းအပူခ်ိန္ထဲမွာ ထားတဲ့အခါ ေျပာင္းဖူးမွာပါဝင္တဲ့ သၾကားဓာတ္ ၅၀ရာခိုင္ႏႈန္းခန႔္ဟာ ဆုံးရႈံးကုန္တယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ ေျပာင္းဖူးေတြကို သိမ္းဆည္းဖို႔ အေကာင္းဆုံးနဲ႔ အာဟာရဓာတ္ အျပည့္အဝ ရရွိေစမယ့္ နည္းလမ္းကေတာ့ ေရခဲေသတၱာထဲမွာ သိမ္းဆည္းဖို႔ပဲ ျဖစ္ပါတယ္။

(၂) သစ္သီးယိုမ်ား


သစ္သီးယို အမ်ားစုကေတာ့ အခန္းအပူခ်ိန္ထဲမွာ ၄၈ နာရီေက်ာ္ ထားၿပီးတဲ့ေနာက္ပိုင္းဆိုရင္ စားသုံးဖို႔ မသင့္ေတာ္ေတာ့တာေၾကာင့္ မီးဖိုေခ်ာင္ထဲမွာ ၾကာၾကာ မထားသင့္တဲ့ အစားအစာ တမ်ိဳး ျဖစ္ပါတယ္။

(၃) အေစ့အဆန္


အေစ့အဆန္ေတြဟာဆိုရင္လည္း ေလလုံတဲ့ဘူးတခုထဲထည့္ၿပီး ေရခဲေသတၱာထဲမွာ သိမ္းဆည္းထားမယ္ဆိုရင္ ၆လေလာက္အထိ ၾကာရွည္ခံတဲ့ အစားအစာျဖစ္ေပမယ့္ အခန္းအပူခ်ိန္ထဲမွာဆိုရင္ေတာ့ ၾကာၾကာထားၿပီး မစားသုံးသင့္တဲ့ အစားအစာပဲျဖစ္ပါတယ္။

(၄) အုန္းဆီ


အုန္းဆီကို ေရခဲေသတၱာထဲမွာ သိမ္းဆည္းဖို႔ဆိုတာဟာ အနည္းငယ္ ထူးဆန္းေကာင္း ထူးဆန္းႏိုင္ေပမယ့္ အုန္းဆီေတြ ေရရွည္မွာ ဆီေၾကးေစာ္ မနံဖို႔နဲ႔ အာဟာရဓာတ္ေတြ မဆုံးရႈံးေစဖို႔အတြက္ကေတာ့ အခန္းအပူခ်ိန္မွာ ထားျခင္းထက္ ေရခဲေသတၱာထဲမွာ သိမ္းဆည္းျခင္းက အသင့္ေတာ္ဆုံးပဲ ျဖစ္ပါတယ္။

(၅) ငွက္ေပ်ာသီး


မမွည့္ေသးတဲ့ ငွက္ေပ်ာသီးကို မီးဖိုေခ်ာင္ထဲမွာ ထားျခင္းက ကိစၥ မရွိေပမယ့္ စားလို႔ရေလာက္တဲ့ အေနအထားအထိ မွည့္ေနၿပီဆိုရင္ေတာ့ အခန္းအပူခ်ိန္က ငွက္ေပ်ာသီးေတြကို မည္းသြားေစႏိုင္တာေၾကာင့္ ေရခဲေသတၱာထဲမွာ ထားေပးသင့္ပါတယ္။

Credit:Irrawaddy

# Unicode Version ျဖင့္ ဖတ္ပါ #

ကျန်းမာရေးနဲ့ ညီညွှတ်စေဖို့အတွက်ရယ်၊ အာဟာရပြည့်ဝတဲ့ အစားအစာတွေ ရရှိဖို့အတွက်တော့ မီးဖိုချောင်ဟာ အဓိကကျတဲ့ နေရာတခုပါ။ အစားအစာ အများစုကို ရေခဲသေတ္တာနဲ့ မီးဖိုချောင်မှာ အများဆုံး သိုလှောင် သိမ်းဆည်းတတ်ကြပြီး အခုဖော်ပြပေးမယ့် အစားအစာတွေကတော့ မီးဖိုချောင်ထဲမှာ မထားသင့်တဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။

(၁) ပြောင်းဖူး

အာဟာရ သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ ပြောင်းဖူးကို အခန်းအပူချိန်ထဲမှာ ထားတဲ့အခါ ပြောင်းဖူးမှာပါဝင်တဲ့ သကြားဓာတ် ၅၀ရာခိုင်နှုန်းခန့်ဟာ ဆုံးရှုံးကုန်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပြောင်းဖူးတွေကို သိမ်းဆည်းဖို့ အကောင်းဆုံးနဲ့ အာဟာရဓာတ် အပြည့်အဝ ရရှိစေမယ့် နည်းလမ်းကတော့ ရေခဲသေတ္တာထဲမှာ သိမ်းဆည်းဖို့ပဲ ဖြစ်ပါတယ်။

(၂) သစ်သီးယိုများ

သစ်သီးယို အများစုကတော့ အခန်းအပူချိန်ထဲမှာ ၄၈ နာရီကျော် ထားပြီးတဲ့နောက်ပိုင်းဆိုရင် စားသုံးဖို့ မသင့်တော်တော့တာကြောင့် မီးဖိုချောင်ထဲမှာ ကြာကြာ မထားသင့်တဲ့ အစားအစာ တမျိုး ဖြစ်ပါတယ်။

(၃) အစေ့အဆန်

အစေ့အဆန်တွေဟာဆိုရင်လည်း လေလုံတဲ့ဘူးတခုထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းဆည်းထားမယ်ဆိုရင် ၆လလောက်အထိ ကြာရှည်ခံတဲ့ အစားအစာဖြစ်ပေမယ့် အခန်းအပူချိန်ထဲမှာဆိုရင်တော့ ကြာကြာထားပြီး မစားသုံးသင့်တဲ့ အစားအစာပဲဖြစ်ပါတယ်။

(၄) အုန်းဆီ

အုန်းဆီကို ရေခဲသေတ္တာထဲမှာ သိမ်းဆည်းဖို့ဆိုတာဟာ အနည်းငယ် ထူးဆန်းကောင်း ထူးဆန်းနိုင်ပေမယ့် အုန်းဆီတွေ ရေရှည်မှာ ဆီကြေးစော် မနံဖို့နဲ့ အာဟာရဓာတ်တွေ မဆုံးရှုံးစေဖို့အတွက်ကတော့ အခန်းအပူချိန်မှာ ထားခြင်းထက် ရေခဲသေတ္တာထဲမှာ သိမ်းဆည်းခြင်းက အသင့်တော်ဆုံးပဲ ဖြစ်ပါတယ်။

(၅) ငှက်ပျောသီး

မမှည့်သေးတဲ့ ငှက်ပျောသီးကို မီးဖိုချောင်ထဲမှာ ထားခြင်းက ကိစ္စ မရှိပေမယ့် စားလို့ရလောက်တဲ့ အနေအထားအထိ မှည့်နေပြီဆိုရင်တော့ အခန်းအပူချိန်က ငှက်ပျောသီးတွေကို မည်းသွားစေနိုင်တာကြောင့် ရေခဲသေတ္တာထဲမှာ ထားပေးသင့်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top