iMyanmarHouse.com - Best Property Website for Myanmar
×


ေရအက်ိဳးေတာ္ေဆာင္ တစ္ဦးအျဖစ္ ေရအခက္အခဲျဖစ္ေနတဲ့ ေဒသေတြကို ေရတြင္း၊ ေရကန္ေတြ တူးေဖာ္ လႉဒါန္းလွ်က္ရွိတဲ့ သ႐ုပ္ေဆာင္ ခင္လႈိင္က ဒီဇင္ဘာ(၂၆) ရက္ေန႔က တတိယအႀကိမ္ ေရတြင္းအလႉအျဖစ္ ေခ်ာက္ၿမိဳ႕ မန္က်ည္းကုန္းေက်း႐ြာမွာ ျပဳလုပ္ခဲ့ပါတယ္။

သ႐ုပ္ေဆာင္ခင္လႈိင္ဟာ အလႉအတန္းနဲ႔ ပတ္သက္လာရင္ လက္မေႏွးသူတစ္ဦးျဖစ္ပါတယ္။ဇာတ္ကား႐ိုက္ကြင္း ၿပီးတိုင္းမွာလည္း ပံ့ပိုးေပးခဲ့ၾကတဲ့ စက္အဖြဲ႕သားေတြကို မၾကာခဏ အလႉအတန္းျပဳလုပ္ေလ့ရွိပါတယ္။ အဲ့ဒီေနာက္ ေရလိုအပ္တဲ့ ေက်း႐ြာေတြ အတြက္ ကိုလည္း ေရအက်ိဳးေတာ္ေဆာင္ တစ္ဦးအျဖစ္ တာဝန္ယူေဆာင္႐ြက္ေနတာကို ေတြ႕ရပါတယ္။


ဒီေန႔(ဒီဇင္ဘာ၂၆ရက္)မွာလည္း ခင္လႈိင္ဦးစီးတဲ့ တတိယေျမာက္ စက္ေရးတြင္း လႉဒါန္းပြဲ အခမ္းအနားကို ေခ်ာက္ၿမိဳ႕ မန္က်ည္းကုန္းေက်း႐ြာမွာ ျပဳလုပ္ခဲ့ပါတယ္။

“ဒီေန႔ ကြၽန္ေတာ္တို႔ ေရကုသိုလ္အက်ိဳးေတာ္ေဆာင္အသင္းရဲ႕ တတိယအႀကိမ္ေျမာက္ စက္ေရတြင္း ေရစင္ ေရစက္ မီးစက္ ေပးအပ္လႉဒါန္းပြဲ အခမ္းအနားကို ေခ်ာက္ၿမိဳ႕မန္က်ည္းကုန္းေက်း႐ြာတြင္ေအာင္ျမင္စြာလႉဒါန္းခဲ့ပါသည္ ေရကုသိုလ္ရွင္အေပါင္းတို႔အားသာဓုအႏုေမာဓနာေခၚဆိုႏိုင္ပါသည္” ဆိုၿပီး ခင္လႈိင္ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားတာေတြ႕ရပါတယ္။


ခင္လႈိင္ဟာ အႏုပညာေလာကမွာလည္း ပရိသတ္အားေပးမႈ ရရွိထားသူ တစ္ဦးျဖစ္ၿပီး က်ရာဇာတ္႐ုပ္ကို ပီျပင္စြာ သ႐ုပ္ေဆာင္ႏိုင္မႈ ေတြ ေၾကာင့္ အႏုပညာေလာကမွာ ယခုခ်ိန္ထိ ရပ္တည္ေနႏိုင္ေနသူလည္း ျဖစ္ပါတယ္။ လက္ရွိမွာလည္း ႐ုံတင္ျပသလွ်က္ရွိတဲ့ ႐ုပ္ရွင္ဇာတ္ကား ႀကီးေတြမွာလည္း ပါဝင္သ႐ုပ္ေဆာင္ထားပါေသးတယ္။

ခင္လႈိင့္ကိုေတာ့ အလႉအတန္းနဲ႔ ပတ္သက္လာရင္လည္း လက္မေႏွးသူတစ္ေယာက္လို႔ ေျပာရမွာပါ။ အၿမဲတမ္းလိုလို စတုဒီသာ အလႉေတြ ျပဳလုပ္လ်က္ ရွိၿပီး ၿပီးခဲ့ေသာလပိုင္းေလာက္က ေရရွားပါးေသာ ေနရာမ်ားကို သူကိုယ္တိုင္ဦးစီးၿပီး အလႉေငြမ်ားေကာက္ခံကာ သြားေရာက္လႉ ဒါန္းခဲ့တာကိုလည္း ေတြ႕ရပါတယ္။

Credit:Duwun

# Unicode Version ျဖင့္ ဖတ္ပါ #

ရေအကျိုးတော်ဆောင် တစ်ဦးအဖြစ် ရေအခက်အခဲဖြစ်နေတဲ့ ဒေသတွေကို ရေတွင်း၊ ရေကန်တွေ တူးဖော် လှူဒါန်းလျှက်ရှိတဲ့ သရုပ်ဆောင် ခင်လှိုင်က ဒီဇင်ဘာ(၂၆) ရက်နေ့က တတိယအကြိမ် ရေတွင်းအလှူအဖြစ် ချောက်မြို့ မန်ကျည်းကုန်းကျေးရွာမှာ ပြုလုပ်ခဲ့ပါတယ်။

သရုပ်ဆောင်ခင်လှိုင်ဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးသူတစ်ဦးဖြစ်ပါတယ်။ဇာတ်ကားရိုက်ကွင်း ပြီးတိုင်းမှာလည်း ပံ့ပိုးပေးခဲ့ကြတဲ့ စက်အဖွဲ့သားတွေကို မကြာခဏ အလှူအတန်းပြုလုပ်လေ့ရှိပါတယ်။ အဲ့ဒီနောက် ရေလိုအပ်တဲ့ ကျေးရွာတွေ အတွက် ကိုလည်း ရေအကျိုးတော်ဆောင် တစ်ဦးအဖြစ် တာဝန်ယူဆောင်ရွက်နေတာကို တွေ့ရပါတယ်။

ဒီနေ့(ဒီဇင်ဘာ၂၆ရက်)မှာလည်း ခင်လှိုင်ဦးစီးတဲ့ တတိယမြောက် စက်ရေးတွင်း လှူဒါန်းပွဲ အခမ်းအနားကို ချောက်မြို့ မန်ကျည်းကုန်းကျေးရွာမှာ ပြုလုပ်ခဲ့ပါတယ်။

“ဒီနေ့ ကျွန်တော်တို့ ရေကုသိုလ်အကျိုးတော်ဆောင်အသင်းရဲ့ တတိယအကြိမ်မြောက် စက်ရေတွင်း ရေစင် ရေစက် မီးစက် ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ချောက်မြို့မန်ကျည်းကုန်းကျေးရွာတွင်အောင်မြင်စွာလှူဒါန်းခဲ့ပါသည် ရေကုသိုလ်ရှင်အပေါင်းတို့အားသာဓုအနုမောဓနာခေါ်ဆိုနိုင်ပါသည်” ဆိုပြီး ခင်လှိုင်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

ခင်လှိုင်ဟာ အနုပညာလောကမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ဦးဖြစ်ပြီး ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်မှု တွေ ကြောင့် အနုပညာလောကမှာ ယခုချိန်ထိ ရပ်တည်နေနိုင်နေသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း ရုံတင်ပြသလျှက်ရှိတဲ့ ရုပ်ရှင်ဇာတ်ကား ကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

ခင်လှိုင့်ကိုတော့ အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးသူတစ်ယောက်လို့ ပြောရမှာပါ။ အမြဲတမ်းလိုလို စတုဒီသာ အလှူတွေ ပြုလုပ်လျက် ရှိပြီး ပြီးခဲ့သောလပိုင်းလောက်က ရေရှားပါးသော နေရာများကို သူကိုယ်တိုင်ဦးစီးပြီး အလှူငွေများကောက်ခံကာ သွားရောက်လှူ ဒါန်းခဲ့တာကိုလည်း တွေ့ရပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top