iMyanmarHouse.com - Best Property Website for Myanmar
×


သူငယ္ခ်င္းျဖစ္သူ မိုးေအာင္ရင္အတြက္ ေအးျမတ္သူက အားေပးစကားေျပာျပလာပါတယ္. ေထာင္ဒဏ္ ၁၇ ႏွစ္ က်ခံခဲ့တာေၾကာင့္လည္း အရမ္းကို စိတ္မေကာင္းျဖစ္ေနတယ္လို႔ ဆိုပါတယ္.

ေအးျမတ္သူက သူငယ္ခ်င္းျဖစ္သူ မိုးေအာင္ရင္အတြက္ စိတ္မေကာင္းျဖစ္လို႔ေနပါတယ္. အလုပ္နဲ႔ ေထာင္ဒဏ္ ၁၇ ႏွစ္က်ခဲ့ရအေနအထားကို ဥပမာထားၿပီး  ေနာင္ကို ဆင္ျခင္သြားေစခ်င္တဲ့ အေၾကာင္းေတြကို မီဒီယာေတြကေနတဆင့္ ေျပာျပလာပါတယ္


'' တစ္ခါတေလက်ရင္ လူေတြဟာ ကိုယ့္အမွားတစ္ခုအတြက္ ကိုယ္ေပးဆပ္ရတာ တန္ရဲ႕လားလို႔ ပဲ ေအးျမတ္သူ ျပန္စဥ္းစားပါတယ္. မွားတဲ့သူကို ဥပမာယူၿပီးေတာ့ ကိုယ့္အလွည့္က်ရင္ မမွားရေအာင္ ေပးဆပ္မႈေတြနဲ႔ မမွ်တဲ့ ဝန္ႀကီး ထမ္းရမွာ စိတ္မေကာင္းေတာ့ ေနာင္ကိုလည္း ဆင္ျခင္ေစခ်င္ပါတယ္. သူ႔အတြက္ လည္း စိတ္မေကာင္းဘူး ကိုယ့္ရဲ႕ အခ်ိန္ေကာင္းေတြကို ဆုံးရႈံးသြားရမွာျဖစ္တဲ့အတြက္ သူငယ္ခ်င္းတစ္ေယာက္အေနနဲ႔ စိတ္မေကာင္းအရမ္းျဖစ္မိပါတယ္''

ေအးျမတ္သူက အႏုပညာအလုပ္ေတြ အတူတူ တြဲလုပ္ျဖစ္ခဲ့တဲ့ သူငယ္ခ်င္း မိုးေအာင္ရင္အတြက္ အားေပးစကားေျပာျပလာပါတယ္. အဲ့ဒီေနာက္ ပိုၿပီးေတာ့လည္း ရင့္က်က္ေစခ်င္တယ္လို႔ ဒီဇင္ဘာလ ၁၂ ရက္ေန႔က ကားဖြင့္ပြဲမွာ ေျဖဆိုခဲ့တာပါ


'' စိတ္ဓာတ္ႀကံ့ခိုင္ပါ. ဒါေပမယ့္ သူကလည္း စိတ္ဓာတ္ႀကံ့ခိုင္မယ့္ လူမ်ိဳးပါ. သူ အထဲမွာေနတဲ့အခါ စာေတြလည္း အမ်ားႀကီးဖတ္တယ္လို႔ ၾကားပါတယ္. က်န္းမာေရးလည္း လိုက္စားတယ္လို႔ ၾကားရတဲ့အတြက္ အရမ္းကို ဝမ္းသာပါတယ္. ဘဝမွာ အၿမဲတမ္း တိုက္ပြဲေတြက တိုက္ေနရမွာ အခုက သူ႔ကိုယ္သူ ျပန္ၿပီး တိုက္ရမယ့္ အခ်ိန္မ်ိဳးျဖစ္ေနပါၿပီ. သူ႔ကိုပိုၿပီးေတာ့ ရင့္က်က္ေစခ်င္ပါတယ္ ကိုယ့္ကိုယ္ကို ျပန္တိုက္တာ ႏိုင္ပါေစ'' လို႔ ဆုေတာင္းစကားဆိုခဲ့ပါတယ္.

မိုးေအာင္ရင္ကိုေတာ့ မူးယစ္ေဆးဝါးနဲ႔ စိတ္ကိုေျပာင္းလဲေစႏိုင္ေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒ ပုဒ္မ ၂၇၀/၁၆ ျဖင့္ ၂၀၁၆ ခုႏွစ္ ၾသဂုတ္လ ၂၉ ရက္ေန႔ က ပုဇြန္ေတာင္ ၿမိဳ႕နယ္က သူ႔ရဲ႕ ခ်စ္သူေနအိမ္မွာ ဖမ္းဆီးခံခဲ့ရတာျဖစ္ပါတယ္.


အခုခ်ိန္မွာေတာ့ ႏိုဝင္ဘာလ ၂၆ ရက္ေန႔က ပုဇြန္ေတာင္ ၿမိဳ႕နယ္ တရား႐ုံးကေန မူးယစ္ေဆးဝါး လက္ဝယ္ေတြ႕ရွိမႈနဲ႔ သုံးစြဲမႈတို႔အတြက္ ေထာင္ဒဏ္ ၅ ႏွစ္. အဲ့ဒီေနာက္ ရန္ကုန္ အေရွ႕ပိုင္းခ႐ိုင္တရား႐ုံးကေန ဒီဇင္ဘာလ ၁၂ ရက္ေန႔က မူးယစ္ေဆးဝါး ေရာင္းခ်မႈနဲ႔ ေထာင္ဒဏ္ ၁၂ ႏွစ္ က်ခံေစခဲ့တာျဖစ္ပါတယ္.

အဲ့ဒါေၾကာင့္လည္း မိုးေအာင္ရင္အတြက္ စိတ္မေကာင္းျဖစ္ေနၾကတဲ့ မိသားစုဝင္မ်ား. အႏုပညာရွင္ မ်ား နဲ႔ ပရိသတ္ေတြလည္း အမ်ားႀကီးရွိပါတယ္. အဲ့ဒီအထဲမွာမွ သ႐ုပ္ေဆာင္ ေအးျမတ္သူကလည္း တစ္ေယာက္ အပါအဝင္ျဖစ္ပါတယ္. ေအးျမတ္သူက လက္ရွိမွာ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ ဆက္တိုက္ ႐ိုက္ကူးေနတာကို ေတြ႕ရပါတယ္.

Credit:Duwun

# Unicode Version ျဖင့္ ဖတ္ပါ #

သူငယ်ချင်းဖြစ်သူ မိုးအောင်ရင်အတွက် အေးမြတ်သူက အားပေးစကားပြောပြလာပါတယ်. ထောင်ဒဏ် ၁၇ နှစ် ကျခံခဲ့တာကြောင့်လည်း အရမ်းကို စိတ်မကောင်းဖြစ်နေတယ်လို့ ဆိုပါတယ်.

အေးမြတ်သူက သူငယ်ချင်းဖြစ်သူ မိုးအောင်ရင်အတွက် စိတ်မကောင်းဖြစ်လို့နေပါတယ်. အလုပ်နဲ့ ထောင်ဒဏ် ၁၇ နှစ်ကျခဲ့ရအနေအထားကို ဥပမာထားပြီး  နောင်ကို ဆင်ခြင်သွားစေချင်တဲ့ အကြောင်းတွေကို မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်.

'' တစ်ခါတလေကျရင် လူတွေဟာ ကိုယ့်အမှားတစ်ခုအတွက် ကိုယ်ပေးဆပ်ရတာ တန်ရဲ့လားလို့ ပဲ အေးမြတ်သူ ပြန်စဉ်းစားပါတယ်. မှားတဲ့သူကို ဥပမာယူပြီးတော့ ကိုယ့်အလှည့်ကျရင် မမှားရအောင် ပေးဆပ်မှုတွေနဲ့ မမျှတဲ့ ဝန်ကြီး ထမ်းရမှာ စိတ်မကောင်းတော့ နောင်ကိုလည်း ဆင်ခြင်စေချင်ပါတယ်. သူ့အတွက် လည်း စိတ်မကောင်းဘူး ကိုယ့်ရဲ့ အချိန်ကောင်းတွေကို ဆုံးရှုံးသွားရမှာဖြစ်တဲ့အတွက် သူငယ်ချင်းတစ်ယောက်အနေနဲ့ စိတ်မကောင်းအရမ်းဖြစ်မိပါတယ်''

အေးမြတ်သူက အနုပညာအလုပ်တွေ အတူတူ တွဲလုပ်ဖြစ်ခဲ့တဲ့ သူငယ်ချင်း မိုးအောင်ရင်အတွက် အားပေးစကားပြောပြလာပါတယ်. အဲ့ဒီနောက် ပိုပြီးတော့လည်း ရင့်ကျက်စေချင်တယ်လို့ ဒီဇင်ဘာလ ၁၂ ရက်နေ့က ကားဖွင့်ပွဲမှာ ဖြေဆိုခဲ့တာပါ

'' စိတ်ဓာတ်ကြံ့ခိုင်ပါ. ဒါပေမယ့် သူကလည်း စိတ်ဓာတ်ကြံ့ခိုင်မယ့် လူမျိုးပါ. သူ အထဲမှာနေတဲ့အခါ စာတွေလည်း အများကြီးဖတ်တယ်လို့ ကြားပါတယ်. ကျန်းမာရေးလည်း လိုက်စားတယ်လို့ ကြားရတဲ့အတွက် အရမ်းကို ဝမ်းသာပါတယ်. ဘဝမှာ အမြဲတမ်း တိုက်ပွဲတွေက တိုက်နေရမှာ အခုက သူ့ကိုယ်သူ ပြန်ပြီး တိုက်ရမယ့် အချိန်မျိုးဖြစ်နေပါပြီ. သူ့ကိုပိုပြီးတော့ ရင့်ကျက်စေချင်ပါတယ် ကိုယ့်ကိုယ်ကို ပြန်တိုက်တာ နိုင်ပါစေ'' လို့ ဆုတောင်းစကားဆိုခဲ့ပါတယ်.

မိုးအောင်ရင်ကိုတော့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၂၇၀/၁၆ ဖြင့် ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့ က ပုဇွန်တောင် မြို့နယ်က သူ့ရဲ့ ချစ်သူနေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်.

အခုချိန်မှာတော့ နိုဝင်ဘာလ ၂၆ ရက်နေ့က ပုဇွန်တောင် မြို့နယ် တရားရုံးကနေ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ သုံးစွဲမှုတို့အတွက် ထောင်ဒဏ် ၅ နှစ်. အဲ့ဒီနောက် ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးကနေ ဒီဇင်ဘာလ ၁၂ ရက်နေ့က မူးယစ်ဆေးဝါး ရောင်းချမှုနဲ့ ထောင်ဒဏ် ၁၂ နှစ် ကျခံစေခဲ့တာဖြစ်ပါတယ်.

အဲ့ဒါကြောင့်လည်း မိုးအောင်ရင်အတွက် စိတ်မကောင်းဖြစ်နေကြတဲ့ မိသားစုဝင်များ. အနုပညာရှင် များ နဲ့ ပရိသတ်တွေလည်း အများကြီးရှိပါတယ်. အဲ့ဒီအထဲမှာမှ သရုပ်ဆောင် အေးမြတ်သူကလည်း တစ်ယောက် အပါအဝင်ဖြစ်ပါတယ်. အေးမြတ်သူက လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက် ရိုက်ကူးနေတာကို တွေ့ရပါတယ်.
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top