iMyanmarHouse.com - Best Property Website for Myanmar
×

အခုခ်ိန္က ေထာပတ္သီးေပါတဲ့ အခ်ိန္မို႔ က်န္းမာေရးနဲ႔လည္း ညီၫြတ္တဲ့အျပင္ ျပင္ဆင္ခ်က္ျပဳတ္ရတာလည္း လြယ္တဲ့ ေထာပတ္သီး ေျပာင္းဖူးသုပ္လုပ္နည္း ေျပာျပေပးခ်င္ပါတယ္။ ေထာပတ္သီးကို မ်ားေသာအားျဖင့္ အသီးအတိုင္း စားတတ္ၾကသလို ဇြန္းနဲ႔ျခစ္ၿပီး ႏို႔ဆီနဲ႔ ေဖ်ာ္စားတာမ်ိဳးလည္း စားၾကပါတယ္။

ေထာပတ္သီး ေျပာင္းဖူးသုပ္ကေတာ့ စားေနက် ပုံစံနဲ႔ ကြဲထြက္ၿပီး အခ်ိဳပြဲအေနနဲ႔ မဟုတ္ဘဲ ဟင္းလ်ာပုံစံမ်ိဳးမို႔ အရသာ အသစ္အဆန္း ျဖစ္မွာပါ။

ပါဝင္တဲ့ပစၥည္းေတြကေတာ့ —

ေထာပတ္သီး
ေျပာင္းဖူး
ခ်ယ္ရီခရမ္းခ်ဥ္သီး
ၾကက္သြန္နီ
နံနံပင္
သံလြင္ဆီ
သံပုရာရည္
ၾကက္သြန္ျဖဴ
ဆား
င႐ုပ္ေကာင္းတို႔ လိုအပ္ပါတယ္။

အရင္ဆုံးေျပာင္းဖူးကို ျပဳတ္ၿပီး အေစ့ေႁခြထားပါ။ ေထာပတ္သီးကိုလည္း အခြံႏႊာၿပီး အေနေတာ္ အတုံးေလးေတြ တုံးထားပါ။ ၾကက္သြန္နီကို ပါးပါးလွီးၿပီး ၾကက္သြန္ျဖဴကို စတုံးစခုေထာင္းပါ။ ခ်ယ္ရီ ခရမ္းခ်ဥ္သီးေတြ ထက္ျခမ္း ျခမ္းထားပါ။

အားလုံးျပင္ဆင္ၿပီးၿပီဆိုရင္ ပန္းကန္းလုံးတလုံးထဲ ေထာပတ္သီး၊ ေျပာင္းဖူး၊ ခရမ္းခ်ဥ္သီး၊ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴနဲ႔ နံနံပင္တို႔ကို အားလုံး ေရာထည့္လိုက္ပါ။ အရသာအတြက္ ဆား၊ အသားမႈန႔္၊ သံလြင္ဆီတို႔နဲ႔ နယ္ၿပီး စိတ္ႀကိဳက္ အရသာေပၚ မူတည္ၿပီး သံပုရာသီးညႇစ္ထည့္ပါ။

ၿပီးရင္ အစာပလာ အားလုံးကို ႏွံ႔ေအာင္ေရာေမႊၿပီး ျမည္းၾကည့္ပါ။ အေနေတာ္ပဲဆိုရင္ ေနာက္ဆုံး င႐ုပ္ေကာင္း အနည္းငယ္ ျဖဴးလိုက္ရင္ က်န္းမာေရးနဲ႔ ညီၫြတ္ၿပီး အရသာတမ်ိဳးဆန္းတဲ့ ေထာပတ္သီးေျပာင္းဖူးသုပ္ ရပါၿပီ။

Credit:Irrawaddy

# Unicode Version ျဖင့္ ဖတ္ပါ #

အခုချိန်က ထောပတ်သီးပေါတဲ့ အချိန်မို့ ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့အပြင် ပြင်ဆင်ချက်ပြုတ်ရတာလည်း လွယ်တဲ့ ထောပတ်သီး ပြောင်းဖူးသုပ်လုပ်နည်း ပြောပြပေးချင်ပါတယ်။ ထောပတ်သီးကို များသောအားဖြင့် အသီးအတိုင်း စားတတ်ကြသလို ဇွန်းနဲ့ခြစ်ပြီး နို့ဆီနဲ့ ဖျော်စားတာမျိုးလည်း စားကြပါတယ်။

ထောပတ်သီး ပြောင်းဖူးသုပ်ကတော့ စားနေကျ ပုံစံနဲ့ ကွဲထွက်ပြီး အချိုပွဲအနေနဲ့ မဟုတ်ဘဲ ဟင်းလျာပုံစံမျိုးမို့ အရသာ အသစ်အဆန်း ဖြစ်မှာပါ။

ပါဝင်တဲ့ပစ္စည်းတွေကတော့ —

ထောပတ်သီး
ပြောင်းဖူး
ချယ်ရီခရမ်းချဉ်သီး
ကြက်သွန်နီ
နံနံပင်
သံလွင်ဆီ
သံပုရာရည်
ကြက်သွန်ဖြူ
ဆား
ငရုပ်ကောင်းတို့ လိုအပ်ပါတယ်။

အရင်ဆုံးပြောင်းဖူးကို ပြုတ်ပြီး အစေ့ခြွေထားပါ။ ထောပတ်သီးကိုလည်း အခွံနွှာပြီး အနေတော် အတုံးလေးတွေ တုံးထားပါ။ ကြက်သွန်နီကို ပါးပါးလှီးပြီး ကြက်သွန်ဖြူကို စတုံးစခုထောင်းပါ။ ချယ်ရီ ခရမ်းချဉ်သီးတွေ ထက်ခြမ်း ခြမ်းထားပါ။

အားလုံးပြင်ဆင်ပြီးပြီဆိုရင် ပန်းကန်းလုံးတလုံးထဲ ထောပတ်သီး၊ ပြောင်းဖူး၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ နံနံပင်တို့ကို အားလုံး ရောထည့်လိုက်ပါ။ အရသာအတွက် ဆား၊ အသားမှုန့်၊ သံလွင်ဆီတို့နဲ့ နယ်ပြီး စိတ်ကြိုက် အရသာပေါ် မူတည်ပြီး သံပုရာသီးညှစ်ထည့်ပါ။

ပြီးရင် အစာပလာ အားလုံးကို နှံ့အောင်ရောမွှေပြီး မြည်းကြည့်ပါ။ အနေတော်ပဲဆိုရင် နောက်ဆုံး ငရုပ်ကောင်း အနည်းငယ် ဖြူးလိုက်ရင် ကျန်းမာရေးနဲ့ ညီညွတ်ပြီး အရသာတမျိုးဆန်းတဲ့ ထောပတ်သီးပြောင်းဖူးသုပ် ရပါပြီ။
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
Top