iMyanmarHouse.com - Best Property Website for Myanmar
×



ငယ္ငယ္တုံးက ေက်ာင္းသင္ခန္းစာထဲမွာ သင္ခဲ့ရတဲ့ သံလိုက္ရဲ႕သေဘာတရားလိုပါပဲ။ မ်ိဳးတူရာခ်င္းဆို တြန္းကန္ၿပီး မ်ိဳးမတူရာခ်င္းဆို ဆြဲငင္တတ္ပါတယ္။ သမီးရည္းစားဆက္ဆံေရးမွာလည္း ဒီသေဘာတရားပါပဲ။ ဆန႔္က်င္ဘက္လိင္အခ်င္းခ်င္း တစ္ေယာက္ကိုယ္တစ္ေယာက္ ဆြဲေဆာင္မႈရွိၾကတာဟာ သဘာဝတရားပါပဲေနာ္။

ဒါေပမယ့္ ဆန႔္က်င္ဘက္အရာေတြခ်ည္း တစ္ေယာက္ကိုယ္တစ္ေယာက္ ဆြဲငင္ႏိုင္စြမ္း ရွိၾကတာမဟုတ္ေသးပါဘူး။ ေလ့လာမႈအသစ္တစ္ခုရဲ႕အဆိုအရေတာ့ အခ်ိန္အၾကာႀကီးတြဲလာတဲ့ စုံတြဲေတြမွာ အႀကိဳက္ခ်င္းတူညီေလ့ရွိၾကပါတယ္တဲ့။

ပိုလန္ႏိုင္ငံနဲ႔ ဂ်ာမနီႏိုင္ငံက သုေတသီေတြဟာ အသက္ (၁၈) ႏွစ္ကေန (၆၈) ႏွစ္ၾကား လိင္ကြဲစုံတြဲ (၁၀၀) ေက်ာ္ကို ေမးျမန္းျခင္းျဖင့္ သုေတသနတစ္ခုကို ျပဳလုပ္ခဲ့ၾကပါတယ္။ သူတို႔ေမးျမန္းခဲ့တဲ့ စုံတြဲေတြထဲမွာ တြဲလာတာ (၃) လပဲရွိေသးတဲ့ အတြဲေတြပါသလို (၄၅) ႏွစ္ေက်ာ္တြဲလာတဲ့ အတြဲေတြလည္း ပါပါတယ္။ သုေတသီေတြဟာ စမ္းသပ္ခံပုဂၢိဳလ္တစ္ဦးခ်င္းစီကို ထိပ္ဖ်ားမွာ သစ္ၾကမ္းပိုးေခါက္၊ လာဗင္ဒါပန္း၊ ကိုကာကိုလာ၊ မက္မြန္သီး၊ သားေရနံ႔ အစရွိတဲ့ အနံ႔ေလးေတြ သုတ္လိမ္းထားတဲ့ တုတ္ေခ်ာင္းေလးေတြေပးၿပီး ရွဴေစျခင္းျဖင့္ သုေတသနျပဳလုပ္ခဲ့ၾကတာျဖစ္ပါတယ္။

တခ်ိဳ႕စုံတြဲေတြရွိတယ္။ ေကာင္ေလးျဖစ္ျဖစ္ ေကာင္မေလးျဖစ္ျဖစ္ တစ္ေယာက္ေယာက္က အရမ္းေခ်ာ၊ အရမ္းငယ္ေနၿပီး တစ္ေယာက္ကေတာ့ ႐ုပ္ဆိုးတာမ်ိဳးေလ။

ၿပီးေတာ့ သူတို႔ကို အနံ႔ျပင္းအားကိုလည္း (၁) ကေန (၅) အတြင္း အဆင့္သတ္မွတ္ခိုင္းခဲ့ပါတယ္။ ေနာက္ၿပီးေတာ့ စမ္းသပ္ခံ ပုဂၢိဳလ္ေတြဟာ အခ်ိဳ၊ အခ်ဥ္၊ အငန္၊ အခါး၊ အစပ္ အစရွိတဲ့ အရသာေလးေတြထည့္ထားတဲ့ စပေရးဘူးေလးေတြနဲ႔လည္း စမ္းသပ္ခံခဲ့ရပါတယ္။ ၿပီးသြားတဲ့အခါ သုေတသီေတြက တစ္ဦးခ်င္းစီရဲ႕တုံ႔ျပန္မႈေတြကို သူတို႔ရဲ႕လက္တြဲေဖာ္ရဲ႕ တုံ႔ျပန္မႈေတြနဲ႔ ႏႈိင္းယွဥ္ ခဲ့ၾကပါေသးတယ္။

ေနာက္ဆုံးရလာတဲ့ ရလဒ္ေတြအရေတာ့ စုံတြဲတစ္တြဲဟာ အတူေနခ်ိန္ၾကာျမင့္လာေလေလ.. သူတို႔ႏွစ္သက္တဲ့ အနံ႔၊ အရသာေတြဟာ တူညီႏိုင္ေျခပိုမ်ားေလေလပဲ ဆိုတာကို ေတြ႕ရွိခဲ့ရပါတယ္။ အထူးသျဖင့္ အရသာပိုင္းမွာ ဒီရလဒ္ဟာ လုံးဝမွန္ကန္ေနတာကို ေတြ႕ရွိရပါတယ္။ ဒါဟာဘာေၾကာင့္မ်ားပါလဲ။

သုေတသီေတြကေတာ့ အတူတူေနျခင္းျဖင့္ တစ္မိုးေအာက္တည္းမွာ ေအးအတူ၊ ပူအမွ်ေနလာခဲ့တဲ့အတြက္ စုံတြဲေတြရဲ႕ ႀကိဳက္ႏွစ္သက္မႈေတြဟာလည္း တူညီေနရတာ ျဖစ္ႏိုင္တယ္လို႔ ယုံၾကည္ၾကပါတယ္။ ဥပမာအားျဖင့္ မနက္တိုင္း ေကာ္ဖီတူတူေသာက္တဲ့ စုံတြဲေတြဟာ ၾကာလာရင္အက်င့္ျဖစ္လာၿပီး ခဏတာေလးေဝးရရင္ေတာင္ ေကာ္ဖီေသာက္ခ်ိန္တိုင္း မိမိရဲ႕ပါတနာကို သတိရေနတတ္တာမ်ိဳးေပါ့။

အခ်ိန္ၾကာလာတာနဲ႔အမွ် စတင္လက္တြဲခဲ့တဲ့အခ်ိန္ကထက္ အဲဒီလို ပတ္ဝန္းက်င္လႈံ႕ေဆာ္မႈေလးေတြကို သူတို႔အက်င့္ျဖစ္လာသလို ပိုၿပီးလည္း ႏွစ္သက္လာပါလိမ့္မယ္။

ဒါေပမယ့္ တူညီတဲ့အစားအေသာက္ေတြ၊ တူညီတဲ့ရနံ႔ေတြကို ႏွစ္သက္တိုင္းလည္း သာယာေပ်ာ္႐ႊင္တဲ့ အိမ္ေထာင္ေရး (သို႔) ဆက္ဆံေရးတစ္ခုကို ရရွိပိုင္ဆိုင္ႏိုင္လိမ့္မယ္လို႔လည္း တစ္ထစ္ခ် ေျပာလို႔ေတာ့ မရေသးပါဘူး။ ေဒတာေတြအရဆိုရင္ သမီးရည္းစား (၂) ဦးဟာ တူညီတဲ့အစားအေသာက္ေတြကို ႏွစ္သက္ၾကတာမွန္ေပမယ့္ သူတို႔ရဲ႕ဆက္ဆံေရးကိုေတာ့ ညည္းေငြ႕ေနၾကၿပီး သေဘာမက်ေတာ့တာလည္း ျဖစ္ေနႏိုင္ပါတယ္။

Credit: Duwun

# Unicode Version ျဖင့္ ဖတ္ပါ #

ငယ်ငယ်တုံးက ကျောင်းသင်ခန်းစာထဲမှာ သင်ခဲ့ရတဲ့ သံလိုက်ရဲ့သဘောတရားလိုပါပဲ။ မျိုးတူရာချင်းဆို တွန်းကန်ပြီး မျိုးမတူရာချင်းဆို ဆွဲငင်တတ်ပါတယ်။ သမီးရည်းစားဆက်ဆံရေးမှာလည်း ဒီသဘောတရားပါပဲ။ ဆန့်ကျင်ဘက်လိင်အချင်းချင်း တစ်ယောက်ကိုယ်တစ်ယောက် ဆွဲဆောင်မှုရှိကြတာဟာ သဘာဝတရားပါပဲနော်။

ဒါပေမယ့် ဆန့်ကျင်ဘက်အရာတွေချည်း တစ်ယောက်ကိုယ်တစ်ယောက် ဆွဲငင်နိုင်စွမ်း ရှိကြတာမဟုတ်သေးပါဘူး။ လေ့လာမှုအသစ်တစ်ခုရဲ့အဆိုအရတော့ အချိန်အကြာကြီးတွဲလာတဲ့ စုံတွဲတွေမှာ အကြိုက်ချင်းတူညီလေ့ရှိကြပါတယ်တဲ့။

ပိုလန်နိုင်ငံနဲ့ ဂျာမနီနိုင်ငံက သုတေသီတွေဟာ အသက် (၁၈) နှစ်ကနေ (၆၈) နှစ်ကြား လိင်ကွဲစုံတွဲ (၁၀၀) ကျော်ကို မေးမြန်းခြင်းဖြင့် သုတေသနတစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။ သူတို့မေးမြန်းခဲ့တဲ့ စုံတွဲတွေထဲမှာ တွဲလာတာ (၃) လပဲရှိသေးတဲ့ အတွဲတွေပါသလို (၄၅) နှစ်ကျော်တွဲလာတဲ့ အတွဲတွေလည်း ပါပါတယ်။ သုတေသီတွေဟာ စမ်းသပ်ခံပုဂ္ဂိုလ်တစ်ဦးချင်းစီကို ထိပ်ဖျားမှာ သစ်ကြမ်းပိုးခေါက်၊ လာဗင်ဒါပန်း၊ ကိုကာကိုလာ၊ မက်မွန်သီး၊ သားရေနံ့ အစရှိတဲ့ အနံ့လေးတွေ သုတ်လိမ်းထားတဲ့ တုတ်ချောင်းလေးတွေပေးပြီး ရှူစေခြင်းဖြင့် သုတေသနပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

တချို့စုံတွဲတွေရှိတယ်။ ကောင်လေးဖြစ်ဖြစ် ကောင်မလေးဖြစ်ဖြစ် တစ်ယောက်ယောက်က အရမ်းချော၊ အရမ်းငယ်နေပြီး တစ်ယောက်ကတော့ ရုပ်ဆိုးတာမျိုးလေ။

ပြီးတော့ သူတို့ကို အနံ့ပြင်းအားကိုလည်း (၁) ကနေ (၅) အတွင်း အဆင့်သတ်မှတ်ခိုင်းခဲ့ပါတယ်။ နောက်ပြီးတော့ စမ်းသပ်ခံ ပုဂ္ဂိုလ်တွေဟာ အချို၊ အချဉ်၊ အငန်၊ အခါး၊ အစပ် အစရှိတဲ့ အရသာလေးတွေထည့်ထားတဲ့ စပရေးဘူးလေးတွေနဲ့လည်း စမ်းသပ်ခံခဲ့ရပါတယ်။ ပြီးသွားတဲ့အခါ သုတေသီတွေက တစ်ဦးချင်းစီရဲ့တုံ့ပြန်မှုတွေကို သူတို့ရဲ့လက်တွဲဖော်ရဲ့ တုံ့ပြန်မှုတွေနဲ့ နှိုင်းယှဉ် ခဲ့ကြပါသေးတယ်။

နောက်ဆုံးရလာတဲ့ ရလဒ်တွေအရတော့ စုံတွဲတစ်တွဲဟာ အတူနေချိန်ကြာမြင့်လာလေလေ.. သူတို့နှစ်သက်တဲ့ အနံ့၊ အရသာတွေဟာ တူညီနိုင်ခြေပိုများလေလေပဲ ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ အထူးသဖြင့် အရသာပိုင်းမှာ ဒီရလဒ်ဟာ လုံးဝမှန်ကန်နေတာကို တွေ့ရှိရပါတယ်။ ဒါဟာဘာကြောင့်များပါလဲ။

သုတေသီတွေကတော့ အတူတူနေခြင်းဖြင့် တစ်မိုးအောက်တည်းမှာ အေးအတူ၊ ပူအမျှနေလာခဲ့တဲ့အတွက် စုံတွဲတွေရဲ့ ကြိုက်နှစ်သက်မှုတွေဟာလည်း တူညီနေရတာ ဖြစ်နိုင်တယ်လို့ ယုံကြည်ကြပါတယ်။ ဥပမာအားဖြင့် မနက်တိုင်း ကော်ဖီတူတူသောက်တဲ့ စုံတွဲတွေဟာ ကြာလာရင်အကျင့်ဖြစ်လာပြီး ခဏတာလေးဝေးရရင်တောင် ကော်ဖီသောက်ချိန်တိုင်း မိမိရဲ့ပါတနာကို သတိရနေတတ်တာမျိုးပေါ့။

အချိန်ကြာလာတာနဲ့အမျှ စတင်လက်တွဲခဲ့တဲ့အချိန်ကထက် အဲဒီလို ပတ်ဝန်းကျင်လှုံ့ဆော်မှုလေးတွေကို သူတို့အကျင့်ဖြစ်လာသလို ပိုပြီးလည်း နှစ်သက်လာပါလိမ့်မယ်။

ဒါပေမယ့် တူညီတဲ့အစားအသောက်တွေ၊ တူညီတဲ့ရနံ့တွေကို နှစ်သက်တိုင်းလည်း သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေး (သို့) ဆက်ဆံရေးတစ်ခုကို ရရှိပိုင်ဆိုင်နိုင်လိမ့်မယ်လို့လည်း တစ်ထစ်ချ ပြောလို့တော့ မရသေးပါဘူး။ ဒေတာတွေအရဆိုရင် သမီးရည်းစား (၂) ဦးဟာ တူညီတဲ့အစားအသောက်တွေကို နှစ်သက်ကြတာမှန်ပေမယ့် သူတို့ရဲ့ဆက်ဆံရေးကိုတော့ ညည်းငွေ့နေကြပြီး သဘောမကျတော့တာလည်း ဖြစ်နေနိုင်ပါတယ်။



 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top