iMyanmarHouse.com - Best Property Website for Myanmar
×


အက္ရွင္ရုပ္ရွင္ကားေတြ၊ ဖိုက္တင္အခန္းေတြမွာ ကိုယ္တိုင္ပါဝင္သရုပ္ေဆာင္တဲ့ မင္းသားမင္းသမီးဆိုတာ သိပ္ရွားပါတယ္။ ဒါေၾကာင့္ သရုပ္ဆာင္ေတြနဲ႔ ဆင္တူတဲ့မ်က္ႏွာေပါက္ရွိသူ စတန္႕သမားေတြကို အစားထိုးအသံုးျပဳေလ့ရွိပါတယ္။

စတန္႕သရုပ္ေဆာင္ေတြထဲ အမ်ိဳးသားေတြအျပင္ အမ်ိဳးသမီးစတန္႕သမားေတြလည္း ရွိပါတယ္။ ဒီထဲကမွ အာဖရိကန္သူ အသက္ (၃၇) ႏွစ္အရြယ္ Olivia Jackson ကေတာ့ ထိပ္တန္း စတန္႕မယ္ထဲအပါအဝင္ျဖစ္ပါတယ္။ သူမဟာ ကမၻာေက်ာ္ဇာတ္ကားေတြျဖစ္တဲ့ Death Race: Inferno, Mad Max: Fury Road မွာ Rosie ေနရာ၊ Resident Evil: The Final Chapter မွာေတာ့ မင္းသမီး Milla Jovovich တို႔ရဲ႕ စတန္႕မင္းသမီးအျဖစ္ တာဝန္ယူခဲ့ပါတယ္။


ဒီအျပင္ Marvel ရုပ္ရွင္ကားေတြျဖစ္တဲ့ Guardian of the Galaxy မွာ ဇာတ္ေကာင္ Nebula ေနရာနဲ႔ Avengers: Age of Ultron မွာေတာ့ ဇာတ္ေကာင္ Scarlet Witch ေနရာတို႔မွာလည္း စတန္႕မယ္အျဖစ္ သရုပ္ေဆာင္ခဲ့ပါတယ္။

စတန္႕မင္းသမီးျဖစ္တာေၾကာင့္ ထိခိုက္ဒဏ္ရာရတာမဆန္းေပမယ့္ ၂၀၁၅ ခုႏွစ္တုန္းက ကမၻာေက်ာ္ Resident Evil ရုပ္ရွင္ရိုက္ကြင္းကေတာ့ သူမတစ္ဘဝလံုးကို ေဇာက္ထိုးမိုးေမွ်ာ္ျဖစ္ေစခဲ့ပါတယ္။ သူမကိုစတန္႕သမားအျဖစ္ေခၚယူခဲ့စဥ္က တိုက္ခိုက္တဲ့အခန္းမ်ားအတြက္သာျဖစ္မယ့္ မထင္မွတ္ဘဲမိုးရြာခဲ့တာေၾကာင့္ ရိုက္ကြင္းအေနအထားကို ေျပာင္းလဲပစ္ခဲ့ပါတယ္။


တိုက္ခိုက္တဲ့ပံုစံသရုပ္ေဆာင္ရမယ့္အစား ေမာ္ေတာ္ဆိုင္ကယ္ အရွိန္ျမွင့္စီးတဲ့အခန္းကို မင္းသမီး Milla Jovovich အစား သရုပ္ေဆာင္ေပးဖို႔ ျဖစ္လာခဲ့ပါတယ္။ စတန္႕လုပ္ရတဲ့ေနရာဟာ Pelindaba, Pretoria, South Africa ျဖစ္ပါတယ္။ ဇာတ္ညႊန္းအရေတာ့ Olivia စာ ဆိုင္ကယ္ကို အရွိန္ျမွင့္ကာစီးလာစဥ္ အေရွ႕ဘက္မွယာဥ္တစ္စီးျဖင့္ သူမဆိုင္ကယ္စီးေနပံုကို ရိုက္ကူးရမွာပါ။

Olivia ဆိုင္ကယ္စီးတဲ့ ကဒ္ကိုအျမန္ရိုက္ကူးၿပီး ဆိုင္ကယ္ဆက္သြားလို႔ရေအာင္ ကင္မရာကိုအျမန္ဖယ္ေပးရမွာျဖစ္ေပမယ့္ ကံဆိုးစြာနဲ႔ပဲ ရုပ္ရွင္အဖြဲ႕သားေတြရဲ႕ ေပါ့ဆမႈေၾကာင့္ ကင္မရာဖယ္တာေနာက္က်သြားခဲ့ၿပီး ဆိုင္ကယ္ေမွာက္သြားခဲ့ပါတယ္။

ဆိုက္ကယ္ေမွာက္ခဲ့တဲ့ဒဏ္ေၾကာင့္ ႏွစ္ေတြၾကာေနတာေတာင္ အခုထက္ထိ ေဝဒနာေတြခံစားေနရၿပီး ေဆးကုသမႈခံယူေနရတုန္းပါ။ မ်က္ႏွာစုတ္ျပတ္သြားျခင္းေၾကာင့္ အမာရြတ္မ်ားစြာျဖစ္သြားျခင္း၊ ေက်ာရိုးလိမ္သြားျခင္း၊ လက္ေမာင္းရိုးျပဳတ္ထြက္သြားျခင္း၊ နံရုိးမ်ားက်ိဳးၿပီး အဆုတ္ကိုထိုးေဖာက္မိျခင္းစတာေတြကို ဆိုးရြားစြာ ခံစားခဲ့ရပါတယ္။

စတန္႕လုပ္ေနတုန္း ဇာတ္ညႊန္းအရ ဆိုင္ကယ္ဦးထုပ္လည္း ေစာင္းမထားရတဲ့အတြက္ အခုလိုမ်ိဳးဒဏ္ရာေတြဟာ ပိုျပင္းထန္ခဲ့တာပါ။ ခႏၶာကုိယ္ရွိ အားလံုးနီးပါးေသာအရိုးမ်ားက်ိဳးေစခဲ့ၿပီး ဘယ္ဖက္လက္ဟာလည္း ဒီဒဏ္ေတြေၾကာင့္ပဲ တံေတာင္ဆစ္ကေန ျဖတ္ပစ္လိုက္ရပါတယ္။


မေတာ္တဆမႈျဖစ္ျဖစ္ၿပီးခ်င္းကတည္းက ေနာက္ထပ္ (၁၇)ရက္ၾကာေအာင္ ကိုမာအေနအထားနဲ႔ သတိေမ့ေျမာေနခဲ့ရပါေသးတယ္။ သံုးႏွစ္အၾကာမွာေတာ့ သက္သာလာစျပဳေနၿပီျဖစ္တဲ့ Olivia ဟာ ကင္မရာကရိန္းကိုထိန္းခ်ဳပ္သူ၊ ယာဥ္ေမာင္းသူနဲ႔ ရုပ္ရွင္ဒါရိုက္တာတို႕ကို Gauteng အထက္လႊတ္ေတာ္မွ တရားစြဲဆိုခဲ့ပါတယ္။

သူမဟာအခုလိုဒုကၡိတမျဖစ္ခင္က ျဗိတိန္မွာ တစ္လကို ယူရို (၂၀,၀၀၀) နဲ႔ Resident Evil ရိုက္ကြင္းအတြက္ တစ္လကို ယူရို (၁၂,၅၀၀) ရရွိေနခဲ့တာပါ။ စတန္႕မယ္ျဖစ္တဲ့အေလ်ာက္ လက္ျဖတ္လိုက္ရတဲ့အတြက္ ေနာက္ပိုင္းမွာ အလုပ္ရဖို႔ဆိုတာ Olivia အတြက္ေတာ့ အေတာ္ေလးကိုခက္ခဲသြားပါၿပီ။ ဒါေၾကာင့္သူမ နစ္နာခဲ့ရတဲ့အေျခအေနေပၚ ေရွးရႈကာ တရားရံုးမွတရားဝင္ ေလ်ာ္ေၾကးအျဖစ္ ယူရို (၂.၂) မီလီယံကို ေတာင္းဆိုခဲ့တာပဲျဖစ္ပါတယ္။


Credit:Burmese.asia

# Unicode Version ျဖင့္ ဖတ္ပါ #

အက်ရှင်ရုပ်ရှင်ကားတွေ၊ ဖိုက်တင်အခန်းတွေမှာ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်တဲ့ မင်းသားမင်းသမီးဆိုတာ သိပ်ရှားပါတယ်။ ဒါကြောင့် သရုပ်ဆာင်တွေနဲ့ ဆင်တူတဲ့မျက်နှာပေါက်ရှိသူ စတန့်သမားတွေကို အစားထိုးအသုံးပြုလေ့ရှိပါတယ်။

စတန့်သရုပ်ဆောင်တွေထဲ အမျိုးသားတွေအပြင် အမျိုးသမီးစတန့်သမားတွေလည်း ရှိပါတယ်။ ဒီထဲကမှ အာဖရိကန်သူ အသက် (၃၇) နှစ်အရွယ် Olivia Jackson ကတော့ ထိပ်တန်း စတန့်မယ်ထဲအပါအဝင်ဖြစ်ပါတယ်။ သူမဟာ ကမ္ဘာကျော်ဇာတ်ကားတွေဖြစ်တဲ့ Death Race: Inferno, Mad Max: Fury Road မှာ Rosie နေရာ၊ Resident Evil: The Final Chapter မှာတော့ မင်းသမီး Milla Jovovich တို့ရဲ့ စတန့်မင်းသမီးအဖြစ် တာဝန်ယူခဲ့ပါတယ်။

ဒီအပြင် Marvel ရုပ်ရှင်ကားတွေဖြစ်တဲ့ Guardian of the Galaxy မှာ ဇာတ်ကောင် Nebula နေရာနဲ့ Avengers: Age of Ultron မှာတော့ ဇာတ်ကောင် Scarlet Witch နေရာတို့မှာလည်း စတန့်မယ်အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။

စတန့်မင်းသမီးဖြစ်တာကြောင့် ထိခိုက်ဒဏ်ရာရတာမဆန်းပေမယ့် ၂၀၁၅ ခုနှစ်တုန်းက ကမ္ဘာကျော် Resident Evil ရုပ်ရှင်ရိုက်ကွင်းကတော့ သူမတစ်ဘဝလုံးကို ဇောက်ထိုးမိုးမျှော်ဖြစ်စေခဲ့ပါတယ်။ သူမကိုစတန့်သမားအဖြစ်ခေါ်ယူခဲ့စဉ်က တိုက်ခိုက်တဲ့အခန်းများအတွက်သာဖြစ်မယ့် မထင်မှတ်ဘဲမိုးရွာခဲ့တာကြောင့် ရိုက်ကွင်းအနေအထားကို ပြောင်းလဲပစ်ခဲ့ပါတယ်။

တိုက်ခိုက်တဲ့ပုံစံသရုပ်ဆောင်ရမယ့်အစား မော်တော်ဆိုင်ကယ် အရှိန်မြှင့်စီးတဲ့အခန်းကို မင်းသမီး Milla Jovovich အစား သရုပ်ဆောင်ပေးဖို့ ဖြစ်လာခဲ့ပါတယ်။ စတန့်လုပ်ရတဲ့နေရာဟာ Pelindaba, Pretoria, South Africa ဖြစ်ပါတယ်။ ဇာတ်ညွှန်းအရတော့ Olivia စာ ဆိုင်ကယ်ကို အရှိန်မြှင့်ကာစီးလာစဉ် အရှေ့ဘက်မှယာဉ်တစ်စီးဖြင့် သူမဆိုင်ကယ်စီးနေပုံကို ရိုက်ကူးရမှာပါ။

Olivia ဆိုင်ကယ်စီးတဲ့ ကဒ်ကိုအမြန်ရိုက်ကူးပြီး ဆိုင်ကယ်ဆက်သွားလို့ရအောင် ကင်မရာကိုအမြန်ဖယ်ပေးရမှာဖြစ်ပေမယ့် ကံဆိုးစွာနဲ့ပဲ ရုပ်ရှင်အဖွဲ့သားတွေရဲ့ ပေါ့ဆမှုကြောင့် ကင်မရာဖယ်တာနောက်ကျသွားခဲ့ပြီး ဆိုင်ကယ်မှောက်သွားခဲ့ပါတယ်။

ဆိုက်ကယ်မှောက်ခဲ့တဲ့ဒဏ်ကြောင့် နှစ်တွေကြာနေတာတောင် အခုထက်ထိ ဝေဒနာတွေခံစားနေရပြီး ဆေးကုသမှုခံယူနေရတုန်းပါ။ မျက်နှာစုတ်ပြတ်သွားခြင်းကြောင့် အမာရွတ်များစွာဖြစ်သွားခြင်း၊ ကျောရိုးလိမ်သွားခြင်း၊ လက်မောင်းရိုးပြုတ်ထွက်သွားခြင်း၊ နံရိုးများကျိုးပြီး အဆုတ်ကိုထိုးဖောက်မိခြင်းစတာတွေကို ဆိုးရွားစွာ ခံစားခဲ့ရပါတယ်။

စတန့်လုပ်နေတုန်း ဇာတ်ညွှန်းအရ ဆိုင်ကယ်ဦးထုပ်လည်း စောင်းမထားရတဲ့အတွက် အခုလိုမျိုးဒဏ်ရာတွေဟာ ပိုပြင်းထန်ခဲ့တာပါ။ ခန္ဓာကိုယ်ရှိ အားလုံးနီးပါးသောအရိုးများကျိုးစေခဲ့ပြီး ဘယ်ဖက်လက်ဟာလည်း ဒီဒဏ်တွေကြောင့်ပဲ တံတောင်ဆစ်ကနေ ဖြတ်ပစ်လိုက်ရပါတယ်။

မတော်တဆမှုဖြစ်ဖြစ်ပြီးချင်းကတည်းက နောက်ထပ် (၁၇)ရက်ကြာအောင် ကိုမာအနေအထားနဲ့ သတိမေ့မြောနေခဲ့ရပါသေးတယ်။ သုံးနှစ်အကြာမှာတော့ သက်သာလာစပြုနေပြီဖြစ်တဲ့ Olivia ဟာ ကင်မရာကရိန်းကိုထိန်းချုပ်သူ၊ ယာဉ်မောင်းသူနဲ့ ရုပ်ရှင်ဒါရိုက်တာတို့ကို Gauteng အထက်လွှတ်တော်မှ တရားစွဲဆိုခဲ့ပါတယ်။

သူမဟာအခုလိုဒုက္ခိတမဖြစ်ခင်က ဗြိတိန်မှာ တစ်လကို ယူရို (၂၀,၀၀၀) နဲ့ Resident Evil ရိုက်ကွင်းအတွက် တစ်လကို ယူရို (၁၂,၅၀၀) ရရှိနေခဲ့တာပါ။ စတန့်မယ်ဖြစ်တဲ့အလျောက် လက်ဖြတ်လိုက်ရတဲ့အတွက် နောက်ပိုင်းမှာ အလုပ်ရဖို့ဆိုတာ Olivia အတွက်တော့ အတော်လေးကိုခက်ခဲသွားပါပြီ။ ဒါကြောင့်သူမ နစ်နာခဲ့ရတဲ့အခြေအနေပေါ် ရှေးရှုကာ တရားရုံးမှတရားဝင် လျော်ကြေးအဖြစ် ယူရို (၂.၂) မီလီယံကို တောင်းဆိုခဲ့တာပဲဖြစ်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top