iMyanmarHouse.com - Best Property Website for Myanmar
×

ပရိသတ္ေတြၾကားမွာေတာ့ လက္တေလာမွာ အရမ္းကို ေရပန္စားေနတဲ့ ရုပ္ရွင္ကား Trailer တစ္ခုရွိပါတယ္။” ရန္သူ ” ရုပ္ရွင္ကားရဲ႕ Trailer ပါ။ ဒီဇင္ဘာ(၁)ရက္ေန႔ကမွ Official Trailer တင္ခဲ့ၿပီး ဒီဇင္ဘာ (၃) ေန႔လည္ ေလာက္ အထိ ဒီကားရဲ႕ Trailer ဗီဒီယိုဖိုင္ကို ၾကည့္ရႈသူ (669K Views) အထိ ရွိခဲ့တာကိုေတြ႔ရပါတယ္။ ဒီကား မွာေတာ့ ၀တ္မႈံေရႊရည္နဲ႔ ေနျခည္ဦးရဲ႕ သရုပ္ေဆာင္ခ်က္ေတြကို ပရိသတ္ေတြက ေၾကြေနၾကတာကို ေတြ႔ရပါတယ္။

ဒီကားမွာေတာ့ ၀တ္မႈံေရႊရည္က ေယာက္်ားလ်ာ ပံုစံမ်ိဳးနဲ႔ သရုပ္ေဆာင္ထားတာကိုေတြ႔ရပါတယ္။”ရန္သူ” ကေတာ့ ေနျခည္ဦးရဲ႕ ပထမဆံုး ပြဲဦးထြက္ရုပ္ရွင္ကားပါ။ဒီကားကေတာ့ ေနျခည္ဦးတစ္ေယာက္ Beauty Blogger အျဖစ္ ကေန သရုပ္ေဆာင္ လိုင္းဘက္ကို ကူးေျပာင္းခဲ့တဲ့ ဇာတ္ကားပါ။အခ်စ္အတြက္ သ၀န္တိုတို၊လူမိုက္ဆန္ဆန္ဇာတ္ေ ကာင္ Tomboy တစ္ေယာက္ ျဖစ္တဲ့ ဆန္းၾကယ္အျဖစ္ သရုပ္ေဆာင္၀တ္မႈံေရႊရည္ကို ဒီကားမွာျမင္ရမွာပါ။ ဇာတ္ ကားရိုက္ကြင္းပံုရိပ္ေတြကို တင္ခ်ိန္တည္းက ပရိသတ္ေတြက ၀တ္မႈံေရႊရည္ကို အရမ္းေၾကြခဲ့ၾကပါတယ္။Trailer ထြက္လာေတာ့လည္း သူမရဲ႕ သရုပ္ေဆာင္ခ်က္ေတြကို ပရိသတ္ေတြ က အရမ္းကို အားေပးခဲ့ၾကပါတယ္။

ေနျခည္ဦးကေတာ့ သူမရဲ႕ ပြဲဦးထြက္ရုပ္ရွင္ကားမွာ တကၠသိုလ္ေက်ာင္းသူေလး အျဖစ္ သရုပ္ေဆာင္ထားတာကို ေတြ႔ရ မွာပါ။ဒီကားမွာေတာ့ ခ်စ္စရာေကာင္းတဲ့ တကၠသိုလ္ေက်ာင္းသူေလး ေလေျပႏုေသြး အျဖစ္ သရုပ္ေဆာင္ထားပါတယ္။ သက္ထင္ညိဳ(ေနမင္း)ကို ပဲ စိတ္တိမ္းညြတ္မိတဲ့ မိန္းကေလး အျဖစ္ ေတြ႔ ရမွာပါ။

ေနမင္းကေတာ့ ဒီကားမွာ (သက္ ထင္ညိဳ)ဆိုတဲ့ ဇာတ္ေကာင္ေနရာကေန ေတြ႔ရမွာပါ။ကိုယ္ႀကိဳက္ေနတဲ့ ေကာင္ မေလးကို Tomboy နဲ႔ အတူ အၿပိဳင္ လုတဲဲ့ ဇာတ္ေကာင္အျဖစ္ ေတြ႔ရမွာပါ။အစပိုင္းမွာေတာ့ ဆန္းၾကယ္က သက္ထင္ညိဳန႔ဲ အတူ ေလေျပႏုေသြးကို အၿပိဳင္လိုက္ရင္း ေနာက္ပုိင္းမွာေတာ့ ဘယ္လို အေျပာင္းအလဲ ေတြျဖစ္လာ မလဲ ဆိုတာကိုေတာ့………….။ ဒီဇင္ဘာ (၁၄)မွာ ရံုတင္ျပသမယ္လုိ႔ သိရပါတယ္။

ဒါရိုက္တာ မီးပြား၊၀တၳဳကေတာ့ လြန္းထားထားပါ။သရုပ္ေဆာင္ေတြ အေနနဲ႔ကေတာ့ ၀တ္မႈံေရႊရည္၊ေနျခည္ဦးနဲ႔ ေနမင္းတုိ႔က အဓိက ပါ၀င္ထားပါတယ္။ဆန္းၾကယ္ နဲ႔ ေလေျပႏုေသြး တို႔ကေတာ့ ဒီကားနဲ႔ ပရိသတ္ေတြ ကို ဘယ္လို ဖမ္းစားမလဲဆိုတာကိုေတာ့ မၾကာခင္မွာ ရႈစားရေတာ့မွာပါ။

Credit: Burmese - Asia
# Unicode Version ျဖင့္ ဖတ္ပါ #
 ပရိသတ်တွေကြားမှာတော့ လက်တလောမှာ အရမ်းကို ရေပန်စားနေတဲ့ ရုပ်ရှင်ကား Trailer တစ်ခုရှိပါတယ်။” ရန်သူ ” ရုပ်ရှင်ကားရဲ့ Trailer ပါ။ ဒီဇင်ဘာ(၁)ရက်နေ့ကမှ Official Trailer တင်ခဲ့ပြီး ဒီဇင်ဘာ (၃) နေ့လည် လောက် အထိ ဒီကားရဲ့ Trailer ဗီဒီယိုဖိုင်ကို ကြည့်ရှုသူ (669K Views) အထိ ရှိခဲ့တာကိုတွေ့ရပါတယ်။ ဒီကား မှာတော့ ဝတ်မှုံရွှေရည်နဲ့ နေခြည်ဦးရဲ့ သရုပ်ဆောင်ချက်တွေကို ပရိသတ်တွေက ကြွေနေကြတာကို တွေ့ရပါတယ်။

ဒီကားမှာတော့ ဝတ်မှုံရွှေရည်က ယောက်ျားလျာ ပုံစံမျိုးနဲ့ သရုပ်ဆောင်ထားတာကိုတွေ့ရပါတယ်။”ရန်သူ” ကတော့ နေခြည်ဦးရဲ့ ပထမဆုံး ပွဲဦးထွက်ရုပ်ရှင်ကားပါ။ဒီကားကတော့ နေခြည်ဦးတစ်ယောက် Beauty Blogger အဖြစ် ကနေ သရုပ်ဆောင် လိုင်းဘက်ကို ကူးပြောင်းခဲ့တဲ့ ဇာတ်ကားပါ။အချစ်အတွက် သဝန်တိုတို၊လူမိုက်ဆန်ဆန်ဇာတ်ေ ကာင် Tomboy တစ်ယောက် ဖြစ်တဲ့ ဆန်းကြယ်အဖြစ် သရုပ်ဆောင်ဝတ်မှုံရွှေရည်ကို ဒီကားမှာမြင်ရမှာပါ။ ဇာတ် ကားရိုက်ကွင်းပုံရိပ်တွေကို တင်ချိန်တည်းက ပရိသတ်တွေက ဝတ်မှုံရွှေရည်ကို အရမ်းကြွေခဲ့ကြပါတယ်။Trailer ထွက်လာတော့လည်း သူမရဲ့ သရုပ်ဆောင်ချက်တွေကို ပရိသတ်တွေ က အရမ်းကို အားပေးခဲ့ကြပါတယ်။

နေခြည်ဦးကတော့ သူမရဲ့ ပွဲဦးထွက်ရုပ်ရှင်ကားမှာ တက္ကသိုလ်ကျောင်းသူလေး အဖြစ် သရုပ်ဆောင်ထားတာကို တွေ့ရ မှာပါ။ဒီကားမှာတော့ ချစ်စရာကောင်းတဲ့ တက္ကသိုလ်ကျောင်းသူလေး လေပြေနုသွေး အဖြစ် သရုပ်ဆောင်ထားပါတယ်။ သက်ထင်ညို(နေမင်း)ကို ပဲ စိတ်တိမ်းညွတ်မိတဲ့ မိန်းကလေး အဖြစ် တွေ့ ရမှာပါ။

နေမင်းကတော့ ဒီကားမှာ (သက် ထင်ညို)ဆိုတဲ့ ဇာတ်ကောင်နေရာကနေ တွေ့ရမှာပါ။ကိုယ်ကြိုက်နေတဲ့ ကောင် မလေးကို Tomboy နဲ့ အတူ အပြိုင် လုတဲ့ ဇာတ်ကောင်အဖြစ် တွေ့ရမှာပါ။အစပိုင်းမှာတော့ ဆန်းကြယ်က သက်ထင်ညိုနဲ့ အတူ လေပြေနုသွေးကို အပြိုင်လိုက်ရင်း နောက်ပိုင်းမှာတော့ ဘယ်လို အပြောင်းအလဲ တွေဖြစ်လာ မလဲ ဆိုတာကိုတော့………….။ ဒီဇင်ဘာ (၁၄)မှာ ရုံတင်ပြသမယ်လို့ သိရပါတယ်။

ဒါရိုက်တာ မီးပွား၊ဝတ္ထုကတော့ လွန်းထားထားပါ။သရုပ်ဆောင်တွေ အနေနဲ့ကတော့ ဝတ်မှုံရွှေရည်၊နေခြည်ဦးနဲ့ နေမင်းတို့က အဓိက ပါဝင်ထားပါတယ်။ဆန်းကြယ် နဲ့ လေပြေနုသွေး တို့ကတော့ ဒီကားနဲ့ ပရိသတ်တွေ ကို ဘယ်လို ဖမ်းစားမလဲဆိုတာကိုတော့ မကြာခင်မှာ ရှုစားရတော့မှာပါ။

Credit: Burmese - Asia
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top