iMyanmarHouse.com - Best Property Website for Myanmar
×









Credit: Burmese.asia

#Unicode Version#


တခေတ်တခါမှာကတည်းက အချစ်ကို ချစ်စရာကောင်းပြီး လူကြိုက်များခဲ့ရတဲ့ သရုပ်ဆောင် မင်းသမီးချောလေးတွေဖြစ်တဲ့ ခိုင်နှင်းဝေနဲ့ ဆုပန်ထွာတို့ သူငယ်ချင်းနှစ်ယောက်ဟာဆိုရင် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ယနေ့အချိန်အထိ လက်ခံရရှိထားခဲ့ကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ယနေ့အချိန်အထိ လက်ခံရရှိထားခဲ့ကြတဲ့ ခိုင်နှင်းဝေနဲ့ ဆုပန်ထွာတို့ သူငယ်ချင်းနှစ်ယောက်ကတော့ အရမ်းကို စိတ်သဘောထားပြည့်ဝလွန်းတဲ့ သူတော်ကောင်းလေးတွေလည်း ဖြစ်ပါတယ်။

စိတ်ရင်းစေတနာ ပြည့်ဝကောင်းမွန်တဲ့ သူတို့ သူငယ်ချင်းနှစ်ယောက်ကတော့ ယခုခေတ်လူငယ်တွေကြားမှာ ရေပန်းစားနေခဲ့ရတဲ့ 10 Years Challenge ကို သူငယ်ချင်း နှစ်ယောက်ပေါင်းပြီး လုပ်ပြပေးခဲ့တာပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်က ချစ်စရာပုံရိပ်လေးနဲ့ 10 Years Challenge လုပ်ပြပေးထားခဲ့ကြတဲ့ ခိုင်နှင်းဝေနဲ့ ဆုပန်ထွာတို့ သူငယ်ချင်း နှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို ဆက်လက်ပြီး ကြည့်ရှုအားပေးကြပါဦးနော်။

သူငယ်ချင်း ဆုပန်ထွာနဲ့အတူ 10 Years Challenge ကို လုပ်ပြပေးထားခဲ့တဲ့ ခိုင်နှင်းဝေကတော့ ” 10 Years Challenge  အပြင်သွားတိုင်း သူ့ကို ခိုင်နှင်းဝေလို့ခေါ်ပြီး ကျွန်မကို ဆုပန်ထွာ လို့ ခေါ်ကြတယ် ကျွန်မ မှာ ပြသနာရှိတိုင်း သူ့ဆီပြောပြဖြစ်တယ် သူ့မှာ ပြသနာရှိရင်လည်း ကျွန်မကို တိုင်ပင်တယ် ”

“ကျွန်မ လိုအပ်လာရင် ကျွန်မဘေးက အမြဲ ရှိနေပေးတဲ့ သူငယ်ချင်းတွေထဲက တယောက်  Love U ချစ်သူငယ်ချင်းလေး Supan Htwar” ဆိုတဲ့ စာသားလေးနဲ့ ဆိုးတိုင်ပင်ကောင်းတိုင်ပင် ရတဲ့ ချစ်သူငယ်လေး ဆုပန်ထွာနဲ့ သူမတို့ရဲ့ ငယ်ငယ်ကအကြောင်းလေးကို 10 years challenge လုပ်ပြပေးရင်း သူမရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

ငယ်ငယ်ကအကြောင်းလေးတွေ ပြောပြရင်း သူငယ်ချင်းနှစ်ယောက်ပေါင်းပြီး 10 years challenge လုပ်ပြပေးခဲ့ကြတဲ့ ခိုင်နှင်းဝေနဲ့ ဆုပန်ထွာတို့ သူငယ်ချင်း နှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို ကြည့်ရင်း သဘောကျ ကြိုက်နှစ်သက်တယ်ဆိုရင် ဒီပို့စ်လေးကို မျှဝေပြီး အားပေးသွားကြပါဦးနော်။ ယနေ့အချိန်အထိ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင် ပြသပေးနေဆဲဖြစ်တဲ့ သူတို့ ငယ်သူငယ်ချင်းနှစ်ယောက်ကို ဆက်လက်ပြီး ချစ်ပေးအားပေးကြပါဦးနော်။ ကြည့်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို  ကျေးဇူးအထူးတင်ရှိပါတယ်။
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top