iMyanmarHouse.com - Best Property Website for Myanmar
×



၁။ ရက္အတိအက်သတ္မွတ္ၿပီး ျဖစ္လာမည့္ အခက္အခဲမ်ားအတြက္ ႀကိဳတင္ျပင္ဆင္ထားျခင္း

ေဆးလိပ္ကို ရုတ္တရက္ ျဖတ္လိုက္ျခင္းက အမွန္ေတာ့ မလြယ္ကူလွပါဘူး။ ထို႔ေၾကာင့္ ေဆးလိပ္ျဖတ္ဖို႔ နည္းလမ္းမ်ားထဲမွ သင္နွင့္ အသင့္ေတာ္ဆံုးနည္းလမ္းကို ေရြးခ်ယ္ပါ။ သင့္ပတ္၀န္းက်င္ရွိ လူမ်ားကိုလည္း သင္ေဆးလိပ္ျဖတ္မည့္အေၾကာင္း အသိေပးထားသင့္ပါတယ္။

၂။ သင္၏ အစားအေသာက္ေရြးခ်ယ္မႈကို ဂရုစိုက္ျခင္း

တစ္ပတ္ကို (၄)ႀကိမ္နွင့္အထက္ သတ္သတ္လြတ္စားသူမ်ားက ေဆးလိပ္ျပတ္ရန္ ပိုလြယ္ကူပါတယ္။ ႏြားနို႔၊ သစ္သီး၀လံမ်ားနွင့္ ဟင္းသီးဟင္းရြက္မ်ားက ေဆးလိပ္ဖ်က္ရာတြင္ အကူအညီေပးပါတယ္။ ေဆးလိပ္ဖ်က္ေနစဥ္ ကာလအတြင္း အရက္နွင့္ ေကာ္ဖီေသာက္သံုးျခင္းကို ေရွာင္ၾကဥ္သင့္ပါတယ္။

၃။ သင္၏ေနထိုင္မႈပံုစံကို ဂရုစိုက္ေပးျခင္း

ေဆးလိပ္စြဲေနသူမ်ားသည္ နီကိုတင္းဓါတ္အေပၚ စိတ္အပန္းေျဖရန္အတြက္ မွီခိုစြဲလမ္းေနျခင္းေၾကာင့္ ေဆးလိပ္ျပတ္ရန္ ခက္ခဲေနျခင္းျဖစ္ပါတယ္။ နီကိုတင္းမပါေသာ ေဆး၀ါးမ်ားနွင့္ ေနထိုင္မႈအပိုင္းဆိုင္ရာ ေရာဂါကုထံုးကို တစ္ဦးခ်င္းျဖစ္ေစ၊ ဖုန္းနွင့္ အီးေမးလ္မွတစ္ဆင့္ျဖစ္ေစ၊ အျပင္မွာေတြ႕၍ျဖစ္ေစ ပါ၀င္ေဆြးေႏြးျခင္းက ေဆးလိပ္ျပတ္ရန္ အေထာက္အကူျပဳပါလိမ့္မယ္။

၄။ လအနည္းငယ္အတြင္း အရက္နွင့္ ေကာ္ဖီ ေသာက္ျခင္းကို ေရွာင္ရွားေပးျခင္း

ေကာ္ဖီတြင္ပါ၀င္ေသာ ကဖိန္းဓါတ္က စိတ္မၿငိမ္မႈကို ျဖစ္ေစၿပီး သင့္ကို ပင္ပန္းလာေစနိုင္ပါတယ္။ ထို႔အတူ အရက္ သင့္ကို ေဆးလိပ္ျဖတ္ေသာ အေၾကာင္းအရင္းကို ေမ့ေလ်ာ့ေစပါတယ္။ ထို႔ေၾကာင့္ ေကာ္ဖီနွင့္ ေဆးလိပ္ (၂)မ်ဳိးလံုးက ေဆးလိပ္ျပန္စြဲေစနိုုင္ေသာေၾကာင့္ လအနည္းငယ္အတြင္း မေသာက္ဘဲေနျခင္းက အေကာင္းဆံုးျဖစ္ပါလိမ့္မယ္။

၅။ ေဆးလိပ္ ေသာက္ခ်င္စိတ္ ေပၚလာခ်ိန္တြင္ လမ္းေလွ်ာက္ထြက္ေပးျခင္း (သို႔) အျခား၀ါသနာအသစ္တစ္ခုကို ရွာလုပ္ေပးျခင္း

ကိုယ္လက္လႈပ္ရွားမႈေလ့က်င့္ခန္းေတြက စိတ္က်ေရာဂါ၊ စိတ္ဖိစီးမႈေရာဂါ၊ အိပ္ခ်ိန္အေျပာင္းအလဲမ်ားနွင့္ အျမင္အာရံုနွင့္ဆိုင္ေသာေရာဂါမ်ား (ေဆးလိပ္ျဖတ္ခ်ိန္တြင္ ျပတတ္ေသာ ေရာဂါလကၡဏာမ်ား) ကို သက္သာေစပါလိမ့္မယ္။

၆။ ပီေကနွင့္ အျခားသားေရစာမ်ားကို သင့္အိတ္ထဲတြင္ သိမ္းထားျခင္း

ေဆးလိပ္ျဖတ္သူမ်ားသည္ ေဆးလိပ္ျဖတ္ေနစဥ္ကာလအတြင္း (၄)ေပါင္မွ (၁၀)ေပါင္အထိ ကိုယ္အေလးခ်ိန္ တက္လာတတ္ပါတယ္။ အေၾကာင္းမွာ သူတို႔က ေဆးလိပ္အစား အျခားအစားအစာမ်ားကို ျဖည့္စြတ္စားသံုးလာျခင္းေၾကာင့္ ျဖစ္ပါတယ္။ ဤကိစၥအတြက္ နည္းလမ္းကေတာ့ ပီေကနွင့္ က်န္းမာေရးညီညြတ္ေသာ မုန္႔ပဲသားေရစာတစ္မ်ဳိးမ်ဳိး ေျပာင္းစားေပးလိုက္ပါ။ ဒါမွမဟုတ္လည္း သၾကားမပါေသာ ေဖ်ာ္ရည္ (သို႔) လက္ဖက္ရည္ကို အစားထိုးေသာက္ေပးပါ။

၇။ ေဆးလိပ္ေသာက္တတ္သူမ်ားကို ေ၀းေ၀းမွ ေရွာင္ပါ။

ေဆးလိပ္ျဖတ္ေနစဥ္ကာလအတြင္း ေဆးလိပ္ေသာက္တတ္သူမ်ားနွင့္ ေဆးလိပ္ေသာက္ေနက် ေနရာကို ေ၀းေ၀းမွ ေရွာင္ပါ။ ေဆးလိပ္ကင္းမဲ့ဇုန္အတြင္းမွေန၍ ၀ါသနာနွင့္ စိတ္၀င္စားစရာ အသစ္မ်ားကို ရွာေဖြသင့္ပါတယ္။

၈။ ေဆးအစားထုိးကုသျခင္း

ေဆးလိပ္ျဖတ္ေနစဥ္အတြင္း ဆရာ၀န္ညႊန္ၾကားထားေသာ ပီေက၊ ပူရွိန္းေဆးျပား၊ နွာေခါင္းျဖန္းေဆးနွင့္ ရွဴေဆးဗူးမ်ား၏ အကူအညီယူရန္ လိုအပ္ပါတယ္။

Credit:Daily Hot News

# Unicode Version ျဖင့္ ဖတ္ပါ #

၁။ ရက်အတိအကျသတ်မှတ်ပြီး ဖြစ်လာမည့် အခက်အခဲများအတွက် ကြိုတင်ပြင်ဆင်ထားခြင်း

ဆေးလိပ်ကို ရုတ်တရက် ဖြတ်လိုက်ခြင်းက အမှန်တော့ မလွယ်ကူလှပါဘူး။ ထို့ကြောင့် ဆေးလိပ်ဖြတ်ဖို့ နည်းလမ်းများထဲမှ သင်နှင့် အသင့်တော်ဆုံးနည်းလမ်းကို ရွေးချယ်ပါ။ သင့်ပတ်ဝန်းကျင်ရှိ လူများကိုလည်း သင်ဆေးလိပ်ဖြတ်မည့်အကြောင်း အသိပေးထားသင့်ပါတယ်။

၂။ သင်၏ အစားအသောက်ရွေးချယ်မှုကို ဂရုစိုက်ခြင်း

တစ်ပတ်ကို (၄)ကြိမ်နှင့်အထက် သတ်သတ်လွတ်စားသူများက ဆေးလိပ်ပြတ်ရန် ပိုလွယ်ကူပါတယ်။ နွားနို့၊ သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များက ဆေးလိပ်ဖျက်ရာတွင် အကူအညီပေးပါတယ်။ ဆေးလိပ်ဖျက်နေစဉ် ကာလအတွင်း အရက်နှင့် ကော်ဖီသောက်သုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

၃။ သင်၏နေထိုင်မှုပုံစံကို ဂရုစိုက်ပေးခြင်း

ဆေးလိပ်စွဲနေသူများသည် နီကိုတင်းဓါတ်အပေါ် စိတ်အပန်းဖြေရန်အတွက် မှီခိုစွဲလမ်းနေခြင်းကြောင့် ဆေးလိပ်ပြတ်ရန် ခက်ခဲနေခြင်းဖြစ်ပါတယ်။ နီကိုတင်းမပါသော ဆေးဝါးများနှင့် နေထိုင်မှုအပိုင်းဆိုင်ရာ ရောဂါကုထုံးကို တစ်ဦးချင်းဖြစ်စေ၊ ဖုန်းနှင့် အီးမေးလ်မှတစ်ဆင့်ဖြစ်စေ၊ အပြင်မှာတွေ့၍ဖြစ်စေ ပါဝင်ဆွေးနွေးခြင်းက ဆေးလိပ်ပြတ်ရန် အထောက်အကူပြုပါလိမ့်မယ်။

၄။ လအနည်းငယ်အတွင်း အရက်နှင့် ကော်ဖီ သောက်ခြင်းကို ရှောင်ရှားပေးခြင်း

ကော်ဖီတွင်ပါဝင်သော ကဖိန်းဓါတ်က စိတ်မငြိမ်မှုကို ဖြစ်စေပြီး သင့်ကို ပင်ပန်းလာစေနိုင်ပါတယ်။ ထို့အတူ အရက် သင့်ကို ဆေးလိပ်ဖြတ်သော အကြောင်းအရင်းကို မေ့လျော့စေပါတယ်။ ထို့ကြောင့် ကော်ဖီနှင့် ဆေးလိပ် (၂)မျိုးလုံးက ဆေးလိပ်ပြန်စွဲစေနိုင်သောကြောင့် လအနည်းငယ်အတွင်း မသောက်ဘဲနေခြင်းက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

၅။ ဆေးလိပ် သောက်ချင်စိတ် ပေါ်လာချိန်တွင် လမ်းလျှောက်ထွက်ပေးခြင်း (သို့) အခြားဝါသနာအသစ်တစ်ခုကို ရှာလုပ်ပေးခြင်း

ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတွေက စိတ်ကျရောဂါ၊ စိတ်ဖိစီးမှုရောဂါ၊ အိပ်ချိန်အပြောင်းအလဲများနှင့် အမြင်အာရုံနှင့်ဆိုင်သောရောဂါများ (ဆေးလိပ်ဖြတ်ချိန်တွင် ပြတတ်သော ရောဂါလက္ခဏာများ) ကို သက်သာစေပါလိမ့်မယ်။

၆။ ပီကေနှင့် အခြားသားရေစာများကို သင့်အိတ်ထဲတွင် သိမ်းထားခြင်း

ဆေးလိပ်ဖြတ်သူများသည် ဆေးလိပ်ဖြတ်နေစဉ်ကာလအတွင်း (၄)ပေါင်မှ (၁၀)ပေါင်အထိ ကိုယ်အလေးချိန် တက်လာတတ်ပါတယ်။ အကြောင်းမှာ သူတို့က ဆေးလိပ်အစား အခြားအစားအစာများကို ဖြည့်စွတ်စားသုံးလာခြင်းကြောင့် ဖြစ်ပါတယ်။ ဤကိစ္စအတွက် နည်းလမ်းကတော့ ပီကေနှင့် ကျန်းမာရေးညီညွတ်သော မုန့်ပဲသားရေစာတစ်မျိုးမျိုး ပြောင်းစားပေးလိုက်ပါ။ ဒါမှမဟုတ်လည်း သကြားမပါသော ဖျော်ရည် (သို့) လက်ဖက်ရည်ကို အစားထိုးသောက်ပေးပါ။

၇။ ဆေးလိပ်သောက်တတ်သူများကို ဝေးဝေးမှ ရှောင်ပါ။

ဆေးလိပ်ဖြတ်နေစဉ်ကာလအတွင်း ဆေးလိပ်သောက်တတ်သူများနှင့် ဆေးလိပ်သောက်နေကျ နေရာကို ဝေးဝေးမှ ရှောင်ပါ။ ဆေးလိပ်ကင်းမဲ့ဇုန်အတွင်းမှနေ၍ ဝါသနာနှင့် စိတ်ဝင်စားစရာ အသစ်များကို ရှာဖွေသင့်ပါတယ်။

၈။ ဆေးအစားထိုးကုသခြင်း

ဆေးလိပ်ဖြတ်နေစဉ်အတွင်း ဆရာဝန်ညွှန်ကြားထားသော ပီကေ၊ ပူရှိန်းဆေးပြား၊ နှာခေါင်းဖြန်းဆေးနှင့် ရှူဆေးဗူးများ၏ အကူအညီယူရန် လိုအပ်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top