iMyanmarHouse.com - Best Property Website for Myanmar
×


B ေသြးေလးေတြဟာ တေယာက္တည္း ေအးေအးေဆးေဆး ေနခ်င္ၾကသူမ်ား ျဖစ္ၾကပါတယ္။ အားလပ္တဲ့ အခ်ိန္တိုင္း အခန္းထဲမွာ တစ္ေယာက္တည္း ေနရင္း ဖုန္းတစ္လံုး နဲ႔ အလုပ္႐ႈပ္ေန တတ္ပါတယ္။သိပ္မခင္တဲ့ သူငယ္ခ်င္းေတြနဲ႔ ေတြ႔ရင္ ခပ္တည္တည္ ေနတတ္ၿပီး အရမ္း ခင္တဲ့ သူငယ္ခ်င္းေတြနဲ ႔ေတြ႔ရင္ေတာ့ နားညည္းေအာင္ ေျပာတတ္တာ B ေသြး ေတြပါ။

လူတိုင္းကို မခင္တတ္လို႔ မာနႀကီးတယ္လို႔ အထင္ခံရတတ္ၿပီး ေပါင္းၾကည့္မွ တကယ္ကို ႐ိုးသားျဖဴစင္မွန္း သိၾကတာပါ။မိသားစုထဲမွာပဲ ျဖစ္ျဖစ္ သူငယ္ခ်င္း အေပါင္းအသင္း ၾကားထဲမွာ ျဖစ္ျဖစ္ ကိုယ့္ကို ပိုဂ႐ုစိုက္ ပိုခ်စ္တာ လိုခ်င္တတ္ ၾကပါတယ္။ အလိုလိုက္ ခံရရင္လည္း အရမ္း ေပ်ာ္တတ္ၾကပါတယ္။ အရမ္းခင္တဲ့ လူေတြအေပၚ တကယ့္စိတ္ရင္း မပါဘဲ ခ်စ္စႏိုးနဲ႔ အႏိုင္က်င့္ တတ္သလို ကိုယ့္ကို အႏိုင္က်င့္ရင္လည္း အေလွ်ာ႔ေပး တတ္ပါတယ္။

ခဏခဏ စိတ္ေကာက္တတ္ပီး ဘယ္သူမွ ျပန္ေခ်ာ႔စရာ မလိုပဲ အလိုလို စိတ္ေကာက္ ေျပသြားတတ္တာလည္း B ေသြးေတြပါပဲ။၀မ္းနည္း လြယ္ပီး မ်က္ရည္ အက် ျမန္တတ္ပါတယ္။ ေပ်ာ္စရာကိစၥ တစ္ခုကို အၾကာႀကီး မခံစား တတ္ေပမယ့္ ၀မ္းနည္းစရာ ကိစၥနဲ႔ ႀကံဳလာတဲ့အခါ ျပန္ေတြးလိုက္ စိတ္မေကာင္း ျဖစ္လိုက္ မ်က္ရည္က်လိုက္ ျဖစ္ေနတတ္ ၾကပါတယ္။

အရမ္း ႀကိဳက္တဲ့ သီခ်င္း တစ္ပုဒ္ကိုပဲ ထပ္ခါထပ္ခါ နားေထာင္ တတ္တာလည္း B ေသြးေတြရဲ႕ စ႐ိုက္တစ္မ်ိဳးပါ။ စိတ္၀င္စားတဲ့ အေၾကာင္းအရာ တစ္ခုကို အခ်ိန္ ခဏေလးနဲ႔ တတ္ေျမာက္ေပမယ့္ စိတ္မ၀င္စားတဲ့ အေၾကာင္းအရာ ဆိုပါက မည္သို႔ပင္ အက်ိဳး႐ွိေစကာမူ လွည့္မၾကည့္ တတ္ၾကပါ။အခ်စ္ေရးနဲ႔ ပတ္သက္လာရင္ေတာ့ အားနည္းခ်က္ အနည္းငယ္ ႐ွိတတ္ ၾကပါတယ္။သံသယစိတ္ အနည္းငယ္ ၀င္တတ္ပီး ကိုယ့္ကိုယ္ကိုယ္လည္း မယံုၾကည္တတ္ ၾကပါဘူး။

အခ်စ္ေရးထက္ မိသားစုအေရးကို ပိုဦးစား ေပးတတ္ၾကပါတယ္။ မိသားစုအတြက္ အၿမဲ ႀကိဳးစားေနပီး စိတ္ခ်မ္းသာ ေပ်ာ္ေစခ်င္တာ B ေသြးေတြပါ။B ေသြးပုိင္႐ွင္ေတြဟာ ေဒါသထြက္ေနတ့ဲ အခ်ိန္ဆုိရင္ မုိးမျမင္ ေလမျမင္ပါပဲ.. ။ သူတုိ႔စိတ္ထဲမွာ ႐ွိတ့ဲအတုိင္း လုပ္တတ္ၾကတယ္..။ အရာဝတၳဳ တခုခုကုိ အာ႐ုံရေနရင္ ေဘးပတ္ဝန္းက်င္ကုိ သတိမထား ၾကေတာ့ဘူး..။ သူတုိ႔လုပ္ေနတ့ဲ အရာကုိပဲ အာ႐ုံစုိက္ လုပ္ေနတတ္ ၾကတယ္..။


လူတစ္ေယာက္ကုိ ခ်စ္မိပီ ဆုိရင္လည္း အသဲအသန္ပါပဲ သူတုိ႔ ခ်စ္မိေနတ့ဲသူ ဘယ္ေလာက္ပဲ ဆုိးသြမ္းေနပါေစ ။ အဲဒီ ဆုိးသြမ္းမႈေတြကုိ မျမင္ႏုိင္ ၾကေတာ့ဘူး..။ လိမ္ေျပာေနတာကုိ သိေနရင္ေတာင္ ေျဖၿပီး ေတြးတတ္ၾကတယ္။လုပ္စရာ႐ွိတာကုိ သူတုိ႔ အသိဥာဏ္န႔ဲ စဥ္းစားၿပီး သြားလုပ္မ့ဲ အခ်ိန္မွာ တေယာက္ေယာက္က ကုိယ္သြားလုပ္မ့ဲ အရာကုိ လက္ညႇဳိးထုိး ခုိင္းလုိက္ရင္ စိတ္ထဲမွာ သိပ္ပီး မေက်နပ္ၾကဘူး။ ဘုဂလန္႔ တုိက္ခ်င္ၾကတယ္…။သူတုိ႔ စာဖတ္ေနတ့ဲ အခ်ိန္ TV ၾကည့္ေနတ့ဲ အခ်ိန္ တေယာက္ထဲ ဘာရယ္မဟုတ္ ငုတ္တုတ္ထုိင္ စဥ္းစားေနတ့ဲအခ်ိန္မွာ တေယာက္ေယာက္က လွမ္းေခၚရင္ မႀကဳိက္ၾကဘူး မျဖစ္မေန ျပန္ထူးရမယ္ ဆုိရင္ ပုံမွန္မဟုတ္တ့ဲ အသံန႔ဲ ျပန္ထူးတတ္ၾကတယ္ …။

သူတုိ႔စိတ္ထဲမွာ သေဘာမက်တ့ဲ သူေတြဆုိ လုံးဝ စကားမေျပာခ်င္ၾကဘူး ။ မျဖစ္မေန စကားေျပာရမယ္ ဆုိရင္ေတာင္ ဝတ္ေက်တန္းေက်ပဲ ျပန္ေျပာတတ္ၾကတယ္…။ အဲဒီလူန႔ဲ မပတ္သတ္ခ်င္ေတာ့ဘူး ဆုိရင္ ဟန္ေဆာင္ၿပီးေတာ့ကုိ စကားမေျပာခ်င္ ၾကေတာ့တာ.။အရမ္းသြားခ်င္တ့ဲ ေနရာေတြ ဆုိရင္ တေယာက္ထဲ ျဖစ္ေနပါေစ ေရာက္ေအာင္ သြားတတ္ၾကတယ္. ။ .မသြားခ်င္တ့ဲ ေနရာဆုိရင္ ထမ္းေခၚပါ့မယ္ လုိက္ခ့ဲလုိ႔ ေျပာရင္ေတာင္ မလုိက္ခ်င္ၾကဘူး….။သူသြားခ်င္တ့ဲ ေနရာဆုိရင္ သြားသင့္လား မသြားသင့္ဘူးလား ဆုိတာ မစဥ္းစားေတာ့ဘူး ေရာက္ေအာင္ကုိ သြားတတ္ၾကတယ္….။သူတုိ႔ေတြဟာ အရမ္း ဟန္ေဆာင္ ေကာင္းၾကတယ္…။ သူတုိ႔ အရမ္း ခ်စ္တ့ဲခင္တ့ဲ သူေတြေပၚမွာပဲ ဟန္ေဆာင္ေကာင္းၾကတာပါ…။

သူတုိ႔ မခင္တ့ဲသူ သံေယာဇဥ္ မ႐ွိတ့ဲသူေတြ အေပၚမွာေတာ့ ဟန္ေဆာင္ မေကာင္းၾကပါဘူး…။သူတုိ႔ေတြဟာ အရမ္း အရယ္သန္ၾကတယ္…စိတ္ေပ်ာ္ရႊင္ေနတ့ဲ အခ်ိန္မွာဆုိ ၿပဳံးရယ္ျခင္းေတြဟာ အခ်ိန္ ေတာ္ေတာ္ၾကာထိ ရပ္တန္႔ မသြားၾကဘူး…။ စိတ္မေပ်ာ္ရႊင္တ့ဲအခါ တစ္ေယာက္ေယာက္က ဟာသ လာေျပာေနပါေစ ၿပဳံးရယ္ျခင္း မ႐ွိဘူး တည္ၿငိမ္စြာပဲ ေနတတ္ၾကတယ္။သင္ဟာ အရမ္းေခ်ာတဲ့ အထဲမွာ မပါေပမဲ့ သင္ဟာ လူအမ်ား စိတ္ဝင္စားျခင္း ခံရတဲ့ အထဲမွာေတာ့ အၿမဲ ပါေနတတ္ပါတယ္။ တနည္းေျပာရရင္ သင္ဟာ ခ်စ္စရာ ေကာင္းတဲ့ အသြင္တမ်ိဳ းကို ပိုင္ဆိုင္ ထားပါတယ္…။သင္ဟာ ေမြးထဲက ျပည့္စံုတဲ့ သူတစ္ေယာက္ မဟုတ္ေပမဲ့ သင္ဟာ အရမ္း ဆင္းရဲေသာ သူတစ္ေယာက္္ အျဖစ္ကိုလဲ ဘယ္ေတာ့မွ မေရာက္ရွိပါဘူး။

 သင္ဟာ ဥာဏ္ရည္ ျမင့္မားမႈ နဲ႔ ျဖတ္ထိုးဥာဏ္ ေကာင္းတဲ့ သူတစ္ေယာက္ပါ။သင့္မွာ ေကာင္းမြန္တဲ့ စိတ္ဓာတ္ ကိုယ္ခ်င္းစာမႈ သူတစ္ပါးအား သနားတတ္ေသာ စိတ္ေတြဟာ သစ္ပင္ရဲ႕ အျမစ္လို ေမြးရာပါ သေႏၶတည္ခဲ့ေသာ သူတစ္ေယာက္ပါ။ သင္ဟာ အားနာရင္လည္း အရမ္း အားနာတတ္ေပမဲ့ အားမနာမိေတာ့ရင္လည္း လူတစ္ေယာက္ကို ရစရာမရွိေအာင္ ေျပာဆိုတတ္ပါတယ္။သင္ဟာ မာနႀကီးတဲ့ သူတစ္ေယာက္ျဖစ္ပီး မဟုတ္တာ ေျပာခံရရင္ ေသးေသးတင္ မခံႏိုင္ေသာ သူတစ္ေယာက္ျဖစ္မွန္း ဝန္ခံလိုက္ပါ။ သင္ဟာ အခ်စ္ႀကီးေသာ သူတစ္ေယာက္ျဖစ္ပီး ခ်စ္သူအေပၚ သဝန္တိုမႈ လြန္ကဲေသာ သူတစ္ေယာက္ ျဖစ္မွန္းလည္း ဝန္ခံလိုက္ပါ။ထိုသဝန္တိုမႈေတြ အခ်စ္ႀကီးမႈ ေတြေျကာင့္ဘဲ သင္ဟာ အခ်စ္မွာ မေအးခ်မ္းႏိုင္ဘဲ ခ်စ္သူနဲ႔ လမ္းခဲြမႈ ေတြ မျကာခဏ ျဖစ္ေပၚေနေသာ သူတစ္ေယာက္ပါ။

B ေသြးေလးေတြ အခ်စ္ေရး တည္ၿမဲခ်င္ပါသလားး?

လက္ရွိ တဲြေနတဲ့ ခ်စ္သူကို အကန္း တစ္ေယာက္လို မ်က္စိမွိတ္ပီးး ခ်စ္လိုက္ပါ။ အရာရာ နားလည္မႈ ေပးလိုက္ပါ။ တခါတရံ ေပၚလာတဲ႕ မိ၂ရဲ႕ မာနေတြကို တံေတြးနဲ႕အတူ ျမိဳ ခ် လိုက္ပါ။ ဒါဆို သင္ဟာ ဒီေလာကမွာ အခ်စ္ကံအေကာင္းဆံုးလူ ျဖစ္လာပါလိမ့္မယ္။သင့္ရဲ႕ အခ်စ္ႀကီးမႈဟာ သင့္အတြက္ ေသေဆး အဆိပ္တစ္ခြက္လို ျဖစ္ေနတယ္ ဆိုတာ သင္ ဒီတစ္သက္ လံုးဝ လံုးဝ မေမ့ပါနဲ႕ ။ ထပ္ေျပာပါမယ္ သင့္ရဲ႕ အားနည္းခ်က္ဟာ သင့္ရဲ႕ အခ်စ္ႀကီးမႈပါဘဲ။

Credit: OP

# Unicode Version ျဖင့္ ဖတ္ပါ #

B သွေးလေးတွေဟာ တယောက်တည်း အေးအေးဆေးဆေး နေချင်ကြသူများ ဖြစ်ကြပါတယ်။ အားလပ်တဲ့ အချိန်တိုင်း အခန်းထဲမှာ တစ်ယောက်တည်း နေရင်း ဖုန်းတစ်လုံး နဲ့ အလုပ်ရှုပ်နေ တတ်ပါတယ်။သိပ်မခင်တဲ့ သူငယ်ချင်းတွေနဲ့ တွေ့ရင် ခပ်တည်တည် နေတတ်ပြီး အရမ်း ခင်တဲ့ သူငယ်ချင်းတွေနဲ့တွေ့ရင်တော့ နားညည်းအောင် ပြောတတ်တာ B သွေး တွေပါ။လူတိုင်းကို မခင်တတ်လို့ မာနကြီးတယ်လို့ အထင်ခံရတတ်ပြီး ပေါင်းကြည့်မှ တကယ်ကို ရိုးသားဖြူစင်မှန်း သိကြတာပါ။မိသားစုထဲမှာပဲ ဖြစ်ဖြစ် သူငယ်ချင်း အပေါင်းအသင်း ကြားထဲမှာ ဖြစ်ဖြစ် ကိုယ့်ကို ပိုဂရုစိုက် ပိုချစ်တာ လိုချင်တတ် ကြပါတယ်။

အလိုလိုက် ခံရရင်လည်း အရမ်း ပျော်တတ်ကြပါတယ်။ အရမ်းခင်တဲ့ လူတွေအပေါ် တကယ့်စိတ်ရင်း မပါဘဲ ချစ်စနိုးနဲ့ အနိုင်ကျင့် တတ်သလို ကိုယ့်ကို အနိုင်ကျင့်ရင်လည်း အလျှော့ပေး တတ်ပါတယ်။ခဏခဏ စိတ်ကောက်တတ်ပီး ဘယ်သူမှ ပြန်ချော့စရာ မလိုပဲ အလိုလို စိတ်ကောက် ပြေသွားတတ်တာလည်း B သွေးတွေပါပဲ။ဝမ်းနည်း လွယ်ပီး မျက်ရည် အကျ မြန်တတ်ပါတယ်။ ပျော်စရာကိစ္စ တစ်ခုကို အကြာကြီး မခံစား တတ်ပေမယ့် ဝမ်းနည်းစရာ ကိစ္စနဲ့ ကြုံလာတဲ့အခါ ပြန်တွေးလိုက် စိတ်မကောင်း ဖြစ်လိုက် မျက်ရည်ကျလိုက် ဖြစ်နေတတ် ကြပါတယ်။

အရမ်း ကြိုက်တဲ့ သီချင်း တစ်ပုဒ်ကိုပဲ ထပ်ခါထပ်ခါ နားထောင် တတ်တာလည်း B သွေးတွေရဲ့ စရိုက်တစ်မျိုးပါ။ စိတ်ဝင်စားတဲ့ အကြောင်းအရာ တစ်ခုကို အချိန် ခဏလေးနဲ့ တတ်မြောက်ပေမယ့် စိတ်မဝင်စားတဲ့ အကြောင်းအရာ ဆိုပါက မည်သို့ပင် အကျိုးရှိစေကာမူ လှည့်မကြည့် တတ်ကြပါ။အချစ်ရေးနဲ့ ပတ်သက်လာရင်တော့ အားနည်းချက် အနည်းငယ် ရှိတတ် ကြပါတယ်။သံသယစိတ် အနည်းငယ် ဝင်တတ်ပီး ကိုယ့်ကိုယ်ကိုယ်လည်း မယုံကြည်တတ် ကြပါဘူး။အချစ်ရေးထက် မိသားစုအရေးကို ပိုဦးစား ပေးတတ်ကြပါတယ်။ မိသားစုအတွက် အမြဲ ကြိုးစားနေပီး စိတ်ချမ်းသာ ပျော်စေချင်တာ B သွေးတွေပါ။B သွေးပိုင်ရှင်တွေဟာ ဒေါသထွက်နေတဲ့ အချိန်ဆိုရင် မိုးမမြင် လေမမြင်ပါပဲ.. ။ သူတို့စိတ်ထဲမှာ ရှိတဲ့အတိုင်း လုပ်တတ်ကြတယ်..။

အရာဝတ္ထု တခုခုကို အာရုံရနေရင် ဘေးပတ်ဝန်းကျင်ကို သတိမထား ကြတော့ဘူး..။ သူတို့လုပ်နေတဲ့ အရာကိုပဲ အာရုံစိုက် လုပ်နေတတ် ကြတယ်..။လူတစ်ယောက်ကို ချစ်မိပီ ဆိုရင်လည်း အသဲအသန်ပါပဲ သူတို့ ချစ်မိနေတဲ့သူ ဘယ်လောက်ပဲ ဆိုးသွမ်းနေပါစေ ။ အဲဒီ ဆိုးသွမ်းမှုတွေကို မမြင်နိုင် ကြတော့ဘူး..။ လိမ်ပြောနေတာကို သိနေရင်တောင် ဖြေပြီး တွေးတတ်ကြတယ်။လုပ်စရာရှိတာကို သူတို့ အသိဉာဏ်နဲ့ စဉ်းစားပြီး သွားလုပ်မဲ့ အချိန်မှာ တယောက်ယောက်က ကိုယ်သွားလုပ်မဲ့ အရာကို လက်ညှိုးထိုး ခိုင်းလိုက်ရင် စိတ်ထဲမှာ သိပ်ပီး မကျေနပ်ကြဘူး။ ဘုဂလန့် တိုက်ချင်ကြတယ်…။

သူတို့ စာဖတ်နေတဲ့ အချိန် TV ကြည့်နေတဲ့ အချိန် တယောက်ထဲ ဘာရယ်မဟုတ် ငုတ်တုတ်ထိုင် စဉ်းစားနေတဲ့အချိန်မှာ တယောက်ယောက်က လှမ်းခေါ်ရင် မကြိုက်ကြဘူး မဖြစ်မနေ ပြန်ထူးရမယ် ဆိုရင် ပုံမှန်မဟုတ်တဲ့ အသံနဲ့ ပြန်ထူးတတ်ကြတယ် …။သူတို့စိတ်ထဲမှာ သဘောမကျတဲ့ သူတွေဆို လုံးဝ စကားမပြောချင်ကြဘူး ။ မဖြစ်မနေ စကားပြောရမယ် ဆိုရင်တောင် ဝတ်ကျေတန်းကျေပဲ ပြန်ပြောတတ်ကြတယ်…။ အဲဒီလူနဲ့ မပတ်သတ်ချင်တော့ဘူး ဆိုရင် ဟန်ဆောင်ပြီးတော့ကို စကားမပြောချင် ကြတော့တာ.။အရမ်းသွားချင်တဲ့ နေရာတွေ ဆိုရင် တယောက်ထဲ ဖြစ်နေပါစေ ရောက်အောင် သွားတတ်ကြတယ်. ။

မသွားချင်တဲ့ နေရာဆိုရင် ထမ်းခေါ်ပါ့မယ် လိုက်ခဲ့လို့ ပြောရင်တောင် မလိုက်ချင်ကြဘူး….။သူသွားချင်တဲ့ နေရာဆိုရင် သွားသင့်လား မသွားသင့်ဘူးလား ဆိုတာ မစဉ်းစားတော့ဘူး ရောက်အောင်ကို သွားတတ်ကြတယ်….။သူတို့တွေဟာ အရမ်း ဟန်ဆောင် ကောင်းကြတယ်…။ သူတို့ အရမ်း ချစ်တဲ့ခင်တဲ့ သူတွေပေါ်မှာပဲ ဟန်ဆောင်ကောင်းကြတာပါ…။ သူတို့ မခင်တဲ့သူ သံယောဇဉ် မရှိတဲ့သူတွေ အပေါ်မှာတော့ ဟန်ဆောင် မကောင်းကြပါဘူး…။သူတို့တွေဟာ အရမ်း အရယ်သန်ကြတယ်…စိတ်ပျော်ရွှင်နေတဲ့ အချိန်မှာဆို ပြုံးရယ်ခြင်းတွေဟာ အချိန် တော်တော်ကြာထိ ရပ်တန့် မသွားကြဘူး…။

စိတ်မပျော်ရွှင်တဲ့အခါ တစ်ယောက်ယောက်က ဟာသ လာပြောနေပါစေ ပြုံးရယ်ခြင်း မရှိဘူး တည်ငြိမ်စွာပဲ နေတတ်ကြတယ်။သင်ဟာ အရမ်းချောတဲ့ အထဲမှာ မပါပေမဲ့ သင်ဟာ လူအများ စိတ်ဝင်စားခြင်း ခံရတဲ့ အထဲမှာတော့ အမြဲ ပါနေတတ်ပါတယ်။ တနည်းပြောရရင် သင်ဟာ ချစ်စရာ ကောင်းတဲ့ အသွင်တမျို းကို ပိုင်ဆိုင် ထားပါတယ်…။သင်ဟာ မွေးထဲက ပြည့်စုံတဲ့ သူတစ်ယောက် မဟုတ်ပေမဲ့ သင်ဟာ အရမ်း ဆင်းရဲသော သူတစ်ယောက် အဖြစ်ကိုလဲ ဘယ်တော့မှ မရောက်ရှိပါဘူး။ သင်ဟာ ဉာဏ်ရည် မြင့်မားမှု နဲ့ ဖြတ်ထိုးဉာဏ် ကောင်းတဲ့ သူတစ်ယောက်ပါ။

သင့်မှာ ကောင်းမွန်တဲ့ စိတ်ဓာတ် ကိုယ်ချင်းစာမှု သူတစ်ပါးအား သနားတတ်သော စိတ်တွေဟာ သစ်ပင်ရဲ့ အမြစ်လို မွေးရာပါ သန္ဓေတည်ခဲ့သော သူတစ်ယောက်ပါ။ သင်ဟာ အားနာရင်လည်း အရမ်း အားနာတတ်ပေမဲ့ အားမနာမိတော့ရင်လည်း လူတစ်ယောက်ကို ရစရာမရှိအောင် ပြောဆိုတတ်ပါတယ်။သင်ဟာ မာနကြီးတဲ့ သူတစ်ယောက်ဖြစ်ပီး မဟုတ်တာ ပြောခံရရင် သေးသေးတင် မခံနိုင်သော သူတစ်ယောက်ဖြစ်မှန်း ဝန်ခံလိုက်ပါ။ သင်ဟာ အချစ်ကြီးသော သူတစ်ယောက်ဖြစ်ပီး ချစ်သူအပေါ် သဝန်တိုမှု လွန်ကဲသော သူတစ်ယောက် ဖြစ်မှန်းလည်း ဝန်ခံလိုက်ပါ။ထိုသဝန်တိုမှုတွေ အချစ်ကြီးမှု တွေကြောင့်ဘဲ သင်ဟာ အချစ်မှာ မအေးချမ်းနိုင်ဘဲ ချစ်သူနဲ့ လမ်းခွဲမှု တွေ မကြာခဏ ဖြစ်ပေါ်နေသော သူတစ်ယောက်ပါ။

B သွေးလေးတွေ အချစ်ရေး တည်မြဲချင်ပါသလားး?

လက်ရှိ တွဲနေတဲ့ ချစ်သူကို အကန်း တစ်ယောက်လို မျက်စိမှိတ်ပီးး ချစ်လိုက်ပါ။ အရာရာ နားလည်မှု ပေးလိုက်ပါ။ တခါတရံ ပေါ်လာတဲ့ မိ၂ရဲ့ မာနတွေကို တံတွေးနဲ့အတူ မြို ချ လိုက်ပါ။ ဒါဆို သင်ဟာ ဒီလောကမှာ အချစ်ကံအကောင်းဆုံးလူ ဖြစ်လာပါလိမ့်မယ်။သင့်ရဲ့ အချစ်ကြီးမှုဟာ သင့်အတွက် သေဆေး အဆိပ်တစ်ခွက်လို ဖြစ်နေတယ် ဆိုတာ သင် ဒီတစ်သက် လုံးဝ လုံးဝ မမေ့ပါနဲ့ ။ ထပ်ပြောပါမယ် သင့်ရဲ့ အားနည်းချက်ဟာ သင့်ရဲ့ အချစ်ကြီးမှုပါဘဲ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top