iMyanmarHouse.com - Best Property Website for Myanmar
×


ေဇရဲထက္ရဲ႕ မိန္းကေလးတစ္ေယာက္ပုံစံ အလွအပေတြအေပၚ ဟိန္းေဝယံက အခုလိုေျပာျပခဲ့ပါတယ္။ သူတို႔ ႏွစ္ေယာက္ကိုေတာ့ ‘’မာယာကႀကိဳး’’ ႐ုပ္ရွင္ဇာတ္ကားႀကီးထဲမွာ အတြဲ ပုံစံနဲ႔ ေတြ႕ရဦးမွာျဖစ္ပါတယ္။

ဟိန္းေဝယံ ကိုယ္တိုင္ ဒါ႐ိုက္တာအျဖစ္႐ိုက္ကူးထားတဲ့ ‘’မယာကႀကိဳး’’ ႐ုပ္ရွင္ဇာတ္ကားႀကီးထဲမွာ သ႐ုပ္ေဆာင္ ေဇရဲထက္ကို မိန္းမေခ်ာေလး ကာ႐ိုက္တာနဲ႔ ျမင္ရမွာျဖစ္ပါတယ္။ မိန္းကေလး နဲ႔ တူေအာင္ လွလြန္းတဲ့ ေဇရဲထက္အေပၚ ဟိန္းေဝယံက Duwun Media ကေနေျပာျပခဲ့ပါတယ္။


‘’ ကိုေဇရဲထက္ကလည္း သူက အဲ့ဒီလိုျပင္လိုက္လို႔ရွိရင္ ေတာ္ေတာ္ေခ်ာတယ္ဗ်။ တခ်ိဳ႕က်ေတာ့ ကာ႐ိုက္တာ အရလုပ္လိုက္တာဆိုေပမယ့္ သိပ္မလိုက္တာမ်ိဳးေတြရွိတယ္။ သူက်ေတာ့ ေတာ္ေတာ္ေလး အဆင္ေျပေနတယ္။ အဆင္ေျပတာထက္ကို ေက်ာ္ေနေတာ့ ဒီဇာတ္လမ္းေလးကို ကြၽန္ေတာ္စဥ္းစားျဖစ္တယ္’’ လို႔ သူကဆိုပါတယ္။

ဒီဇာတ္ကားထဲမွာ ဟိန္းေဝယံနဲ႔ ေဇရဲထက္ တို႔ဟာ အဓိက သ႐ုပ္ေဆာင္ေတြ ျဖစ္ၾကပါတယ္။ ဇာတ္ကား႐ိုက္ေနစဥ္အတြင္းမွာလည္း ေဇရဲထက္ကို မိန္းကေလးတစ္ေယာက္လို ခံစားမိတဲ့ အမွတ္တရ ေတြကို ‘’ရင္ခြင္ရွင္းတမ္း’’ ႐ုပ္သံဇာတ္လမ္းတြဲ ကန္ေတာ့ပြဲမွာ ေျပာျပခဲ့တာျဖစ္ပါတယ္။

‘’ ႐ိုက္ေနတဲ့ အခ်ိန္မွာ မိန္းကေလးလို ျမင္ရတာေပါ့။ ႐ိုက္ကြင္းနားရင္ေတာ့ သူ႔ကို အႏုပညာ ညီအစ္ကိုလို ျဖစ္ေနေပမယ့္ ဇာတ္ကား႐ိုက္ၿပီဆိုရင္ေတာ့ သူ႔ကို မိန္းကေလးတစ္ေယာက္လို ခံယူၿပီးေတာ့ ႐ိုက္တာေလ အဲ့ဒီလိုပဲ ျမင္ပါတယ္။ ေတာ္ေတာ္လည္း လွတယ္။ သူနဲ႔လိုက္လို႔လည္း ဒီဇာတ္ေလးကို စီစဥ္ၿပီးေတာ့ ႐ိုက္ကူးျဖစ္တာပါ’’ လို႔ ဆိုပါတယ္။

‘’မာယာကႀကိဳး’’ ႐ုပ္ရွင္ဇာတ္ကားႀကီးဟာ ဟိန္းေဝယံကိုယ္တိုင္ ေရးသားထားတဲ့ ဇာတ္လမ္းတစ္ပုဒ္ျဖစ္ၿပီး သူကိုယ္တိုင္ သ႐ုပ္ေဆာင္၊ သူကိုယ္တိုင္ ဒါ႐ိုက္တာအျဖစ္ ႀကိဳးႀကိဳးစားစား႐ိုက္ကူးထားတဲ့ ဇာတ္ကားျဖစ္ပါတယ္။


‘’ အဲ့ဒီလို ဇာတ္လမ္းမ်ိဳး ကြၽန္ေတာ္ တစ္ခါမွ မ႐ိုက္ဖူးခဲ့ဘူး။ ဒီဇာတ္လမ္းက ကြၽန္ေတာ့္အတြက္ ထူးထူးျခားျခားေလးေတာ့ ျဖစ္တယ္။ အႏုပညာသက္တမ္း တစ္ေလွ်ာက္မွာလည္း မ႐ိုက္ခဲ့ဖူးဘူး။ သူနဲ႔ ကြၽန္ေတာ္နဲ႔ လုပ္ရတဲ့ ကာ႐ိုက္တာခ်င္းကလည္း မတူေတာ့ အတတ္ႏိုင္ဆုံး ႀကိဳးစားထားပါတယ္’’ လို႔ ဆက္လက္ေျပာျပလာပါတယ္။

ဒီ႐ုပ္ရွင္ဇာတ္ကားႀကီးကို မာန္ထက္ခ်ီ ႐ုပ္ရွင္နဲ႔ ဗီဒီယို ထုတ္လုပ္ေရးက ထုတ္လုပ္တာျဖစ္ၿပီး ဒါ႐ိုက္တာအျဖစ္ ဟိန္းေဝယံက စီစဥ္႐ိုက္ကူးခဲ့တာျဖစ္ပါတယ္။ ဇာတ္ကားထဲမွာေတာ့ ဟိန္းေဝယံ ေဇရဲထက္ ေမသန္းႏု ရတနာဗိုလ္ ဆုထက္ကုေဋ တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားၾကပါတယ္။


Credit: Duwun

# Unicode Version ျဖင့္ ဖတ္ပါ #

ဇေရဲထက်ရဲ့ မိန်းကလေးတစ်ယောက်ပုံစံ အလှအပတွေအပေါ် ဟိန်းဝေယံက အခုလိုပြောပြခဲ့ပါတယ်။ သူတို့ နှစ်ယောက်ကိုတော့ ‘’မာယာကကြိုး’’ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အတွဲ ပုံစံနဲ့ တွေ့ရဦးမှာဖြစ်ပါတယ်။

ဟိန်းဝေယံ ကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးထားတဲ့ ‘’မယာကကြိုး’’ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သရုပ်ဆောင် ဇေရဲထက်ကို မိန်းမချောလေး ကာရိုက်တာနဲ့ မြင်ရမှာဖြစ်ပါတယ်။ မိန်းကလေး နဲ့ တူအောင် လှလွန်းတဲ့ ဇေရဲထက်အပေါ် ဟိန်းဝေယံက Duwun Media ကနေပြောပြခဲ့ပါတယ်။

‘’ ကိုဇေရဲထက်ကလည်း သူက အဲ့ဒီလိုပြင်လိုက်လို့ရှိရင် တော်တော်ချောတယ်ဗျ။ တချို့ကျတော့ ကာရိုက်တာ အရလုပ်လိုက်တာဆိုပေမယ့် သိပ်မလိုက်တာမျိုးတွေရှိတယ်။ သူကျတော့ တော်တော်လေး အဆင်ပြေနေတယ်။ အဆင်ပြေတာထက်ကို ကျော်နေတော့ ဒီဇာတ်လမ်းလေးကို ကျွန်တော်စဉ်းစားဖြစ်တယ်’’ လို့ သူကဆိုပါတယ်။

ဒီဇာတ်ကားထဲမှာ ဟိန်းဝေယံနဲ့ ဇေရဲထက် တို့ဟာ အဓိက သရုပ်ဆောင်တွေ ဖြစ်ကြပါတယ်။ ဇာတ်ကားရိုက်နေစဉ်အတွင်းမှာလည်း ဇေရဲထက်ကို မိန်းကလေးတစ်ယောက်လို ခံစားမိတဲ့ အမှတ်တရ တွေကို ‘’ရင်ခွင်ရှင်းတမ်း’’ ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲမှာ ပြောပြခဲ့တာဖြစ်ပါတယ်။

‘’ ရိုက်နေတဲ့ အချိန်မှာ မိန်းကလေးလို မြင်ရတာပေါ့။ ရိုက်ကွင်းနားရင်တော့ သူ့ကို အနုပညာ ညီအစ်ကိုလို ဖြစ်နေပေမယ့် ဇာတ်ကားရိုက်ပြီဆိုရင်တော့ သူ့ကို မိန်းကလေးတစ်ယောက်လို ခံယူပြီးတော့ ရိုက်တာလေ အဲ့ဒီလိုပဲ မြင်ပါတယ်။ တော်တော်လည်း လှတယ်။ သူနဲ့လိုက်လို့လည်း ဒီဇာတ်လေးကို စီစဉ်ပြီးတော့ ရိုက်ကူးဖြစ်တာပါ’’ လို့ ဆိုပါတယ်။

‘’မာယာကကြိုး’’ ရုပ်ရှင်ဇာတ်ကားကြီးဟာ ဟိန်းဝေယံကိုယ်တိုင် ရေးသားထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး သူကိုယ်တိုင် သရုပ်ဆောင်၊ သူကိုယ်တိုင် ဒါရိုက်တာအဖြစ် ကြိုးကြိုးစားစားရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။

‘’ အဲ့ဒီလို ဇာတ်လမ်းမျိုး ကျွန်တော် တစ်ခါမှ မရိုက်ဖူးခဲ့ဘူး။ ဒီဇာတ်လမ်းက ကျွန်တော့်အတွက် ထူးထူးခြားခြားလေးတော့ ဖြစ်တယ်။ အနုပညာသက်တမ်း တစ်လျှောက်မှာလည်း မရိုက်ခဲ့ဖူးဘူး။ သူနဲ့ ကျွန်တော်နဲ့ လုပ်ရတဲ့ ကာရိုက်တာချင်းကလည်း မတူတော့ အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်’’ လို့ ဆက်လက်ပြောပြလာပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကြီးကို မာန်ထက်ချီ ရုပ်ရှင်နဲ့ ဗီဒီယို ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာအဖြစ် ဟိန်းဝေယံက စီစဉ်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဇာတ်ကားထဲမှာတော့ ဟိန်းဝေယံ ဇေရဲထက် မေသန်းနု ရတနာဗိုလ် ဆုထက်ကုဋေ တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top