iMyanmarHouse.com - Best Property Website for Myanmar
×


ဇန္နဝါရီလ ၁၁ ရက္ေန႔နဲ႔ ၁၂ရက္ေန႔မ်ားမွာ ကျပေဖ်ာ္ေျဖသြားမယ့္ “ႏွင္းဆီပုဝါၿခဳံတဲ့လက္” အၿငိမ့္ကေတာ့ ရဲေလးရဲ႕ ေမြးေန႔နဲ႔ တိုက္ေနတဲ့အတြက္ ေမြးေန႔မွာ အၿငိမ့္ကရင္း ျဖတ္သန္းသြားမွာျဖစ္တယ္လို႔ ရဲေလးက ေျပာပါတယ္။

“ဇန္နဝါရီ ၁၁ရက္ေန႔နဲ႔ ၁၂ရက္ေန႔မွာ ကမွပါ။ ဇန္နဝါရီ ၁၁ ရက္ေန႔က က်ေနာ့္ေမြးေန႔ပါ။ တိုက္တိုက္ဆိုင္ဆိုင္ က်ေနာ့္ေမြးေန႔မွာ ကရတဲ့အတြက္ ႏွင္းဆီပုဝါၿခဳံတဲ့လက္က အမွတ္တရျဖစ္ပါတယ္။ အဲဒီအတြက္ ဒီႏွစ္ေမြးေန႔ မလုပ္ျဖစ္ဘူးေပါ့။ အၿငိမ့္ကတာနဲ႔ ရႈပ္ေနမွာဆိုေတာ့ အလုပ္က အေရးႀကီးတယ္။ ရင္ခုန္ပါတယ္” လို႔ ရဲေလးက ေျပာပါတယ္။


ႏွင္းဆီအဖြဲ႕သားေတြထဲမွာေတာ့ သူနဲ႔ ထြန္းထြန္း(Examplez) တို႔က အငယ္ဆုံးျဖစ္တဲ့အတြက္ အႀကီးေတြက ပညာျပၾကသလို လက္တြဲေခၚယူမႈေတြေၾကာင့္လည္း ပညာေတြအမ်ားရပါတယ္လို႔ ရဲေလးက ေျပာပါတယ္။

“အငယ္ ၂ေယာက္ေပါ့။ ထြန္းထြန္းနဲ႔ က်ေနာ္နဲ႔က အငယ္၂ေယာက္ျဖစ္ေနေတာ့ အငယ္ ၂ေယာက္က အတည္ခံရတာ အမ်ားဆုံးပဲ။ အႀကီးေတြက အႀကီးေတြ အေလွ်ာက္ပညာေတြလည္း ေပးတယ္။ လက္တြဲၿပီးလည္းေခၚပါတယ္။ ကိုယ္က ယူတတ္ဖို႔ပဲအေရးႀကီးပါတယ္။ သူတို႔ကေပးေနတဲ့အခ်ိန္မွာ ကိုယ္ေတြက ယူတတ္ဖို႔ပဲ အေရးႀကီးပါတယ္” လို႔ ရဲေလးက ေျပာပါတယ္။


ႏွင္းဆီပုဝါၿခဳံတဲ့လက္မွာေတာ့ စီနီယာအကိုေတြနဲ႔ အတူႏွစ္သစ္မွာ ကျပရမွာျဖစ္တဲ့အတြက္ အေကာင္းဆုံးတင္ဆက္ ေဖ်ာ္ေျဖမွာျဖစ္ၿပီး လတ္ေလာမွာျဖစ္ပ်က္ေနတဲ့အေၾကာင္းအရာမ်ားကို ျပက္လုံးထုတ္ၿပီး ကျပသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

ဒါ့အျပင္ ရဲေလးက သူ႔ရဲ႕Entertainment ျဖစ္တဲ့ YLJK မွ Music Video မ်ားကို တပုဒ္ခ်င္းမတူညီတဲ့ပုံစံမ်ားနဲ႔ တင္ဆက္သြားဖို႔ရွိၿပီး အျခားေသာ ပ႐ိုဂရမ္မ်ားလည္း ႐ိုက္ကူးတင္ဆက္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။အခ်စ္ေရးအေနနဲ႔လည္း အဆိုေတာ္ ေကာင္မေလးတေယာက္နဲ႔ သတင္းထြက္တာေတြ ရွိေပမယ့္ ရဲေလးကေတာ့ တေယာက္တည္းျဖစ္ေနၿပီး ႀကိဳက္မယ့္လူ မရွိဘူးလို႔ ဆိုပါတယ္။


“က်ေနာ္က အခ်စ္ေရးမွာ အားနည္းပါတယ္။ ထားမယ့္အခ်ိန္လည္း မရွိဘူး။ ႀကိဳက္မယ့္လူလည္း မရွိဘူး။ ေန႔တိုင္းေဈးဗန္းႀကီးကို ကိုင္ၿပီး ခင္းေနရတာ။ စေတးတပ္စ္ေတြ တင္ၿပီး ေဈးဗန္းခင္းေနတဲ့ ေဈးသည္ႀကီး ျဖစ္ေနပါတယ္။ က်ေနာ့္ကိုယ္က်ေနာ္ ေဈးသည္ႀကီးတေယာက္လို႔ သတ္မွတ္ထားပါတယ္” လို႔ ရဲေလးက ေျပာပါတယ္။

Credit: Irrawaddy

# Unicode Version ျဖင့္ ဖတ္ပါ #

ဇန်နဝါရီလ ၁၁ ရက်နေ့နဲ့ ၁၂ရက်နေ့များမှာ ကပြဖျော်ဖြေသွားမယ့် “နှင်းဆီပုဝါခြုံတဲ့လက်” အငြိမ့်ကတော့ ရဲလေးရဲ့ မွေးနေ့နဲ့ တိုက်နေတဲ့အတွက် မွေးနေ့မှာ အငြိမ့်ကရင်း ဖြတ်သန်းသွားမှာဖြစ်တယ်လို့ ရဲလေးက ပြောပါတယ်။

“ဇန်နဝါရီ ၁၁ရက်နေ့နဲ့ ၁၂ရက်နေ့မှာ ကမှပါ။ ဇန်နဝါရီ ၁၁ ရက်နေ့က ကျနော့်မွေးနေ့ပါ။ တိုက်တိုက်ဆိုင်ဆိုင် ကျနော့်မွေးနေ့မှာ ကရတဲ့အတွက် နှင်းဆီပုဝါခြုံတဲ့လက်က အမှတ်တရဖြစ်ပါတယ်။ အဲဒီအတွက် ဒီနှစ်မွေးနေ့ မလုပ်ဖြစ်ဘူးပေါ့။ အငြိမ့်ကတာနဲ့ ရှုပ်နေမှာဆိုတော့ အလုပ်က အရေးကြီးတယ်။ ရင်ခုန်ပါတယ်” လို့ ရဲလေးက ပြောပါတယ်။

နှင်းဆီအဖွဲ့သားတွေထဲမှာတော့ သူနဲ့ ထွန်းထွန်း(Examplez) တို့က အငယ်ဆုံးဖြစ်တဲ့အတွက် အကြီးတွေက ပညာပြကြသလို လက်တွဲခေါ်ယူမှုတွေကြောင့်လည်း ပညာတွေအများရပါတယ်လို့ ရဲလေးက ပြောပါတယ်။

“အငယ် ၂ယောက်ပေါ့။ ထွန်းထွန်းနဲ့ ကျနော်နဲ့က အငယ်၂ယောက်ဖြစ်နေတော့ အငယ် ၂ယောက်က အတည်ခံရတာ အများဆုံးပဲ။ အကြီးတွေက အကြီးတွေ အလျှောက်ပညာတွေလည်း ပေးတယ်။ လက်တွဲပြီးလည်းခေါ်ပါတယ်။ ကိုယ်က ယူတတ်ဖို့ပဲအရေးကြီးပါတယ်။ သူတို့ကပေးနေတဲ့အချိန်မှာ ကိုယ်တွေက ယူတတ်ဖို့ပဲ အရေးကြီးပါတယ်” လို့ ရဲလေးက ပြောပါတယ်။

နှင်းဆီပုဝါခြုံတဲ့လက်မှာတော့ စီနီယာအကိုတွေနဲ့ အတူနှစ်သစ်မှာ ကပြရမှာဖြစ်တဲ့အတွက် အကောင်းဆုံးတင်ဆက် ဖျော်ဖြေမှာဖြစ်ပြီး လတ်လောမှာဖြစ်ပျက်နေတဲ့အကြောင်းအရာများကို ပြက်လုံးထုတ်ပြီး ကပြသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရဲလေးက သူ့ရဲ့Entertainment ဖြစ်တဲ့ YLJK မှ Music Video များကို တပုဒ်ချင်းမတူညီတဲ့ပုံစံများနဲ့ တင်ဆက်သွားဖို့ရှိပြီး အခြားသော ပရိုဂရမ်များလည်း ရိုက်ကူးတင်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။အချစ်ရေးအနေနဲ့လည်း အဆိုတော် ကောင်မလေးတယောက်နဲ့ သတင်းထွက်တာတွေ ရှိပေမယ့် ရဲလေးကတော့ တယောက်တည်းဖြစ်နေပြီး ကြိုက်မယ့်လူ မရှိဘူးလို့ ဆိုပါတယ်။

“ကျနော်က အချစ်ရေးမှာ အားနည်းပါတယ်။ ထားမယ့်အချိန်လည်း မရှိဘူး။ ကြိုက်မယ့်လူလည်း မရှိဘူး။ နေ့တိုင်းဈေးဗန်းကြီးကို ကိုင်ပြီး ခင်းနေရတာ။ စတေးတပ်စ်တွေ တင်ပြီး ဈေးဗန်းခင်းနေတဲ့ ဈေးသည်ကြီး ဖြစ်နေပါတယ်။ ကျနော့်ကိုယ်ကျနော် ဈေးသည်ကြီးတယောက်လို့ သတ်မှတ်ထားပါတယ်” လို့ ရဲလေးက ပြောပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top