iMyanmarHouse.com - Best Property Website for Myanmar
×


ခ်စ္လွစြာေသာ ဂ်င္းေကာင္မ်ားသို႔..

သူငယ္ခ်င္းေတြဆိုတာ ဘဝရဲ႕အေရးအႀကီးဆံုး အစိတ္အပိုင္းေတြထဲက တစ္ပိုင္းပါ။ ဒါေပမဲ့လည္း သူငယ္ခ်င္းကေန သူငယ္ဂ်င္းအျဖစ္ေျပာင္းၿပီး ကိုယ့္ကို ျပန္ကန္တတ္တာမ်ိဳးရွိေတာ့ ဘယ္ေလာက္ပဲ ခ်စ္တဲ့ သူငယ္ခ်င္းျဖစ္ျဖစ္ တစ္ခါတေလက် အေတာ္ကို ေမတၱာတံုးစရာေကာင္းတာပါ။ ေမတၱာတံုးစရာေကာင္းတဲ့ ဂ်င္းေကာင္ေတြကေတာ့

၁။ အဖ်က္သမား

သူငယ္ခ်င္းအစံုအလင္ တစ္ေနရာရာသြားမယ္ဆိုၿပီး စီစဥ္ၿပီးခါမွ အဖ်က္သမားတစ္ေယာက္ ဝင္ေႏွာင့္ပါလိမ့္မယ္။ အဲဒီအဖ်က္သမားလည္း ေႏွာင့္ေရာ က်န္တဲ့လူေတြလည္း တကြဲတျပားေတြျဖစ္ၿပီး အစီအစဥ္ဖ်က္လိုက္ရေရာ။ ေျပာသာေျပာရတယ္။ အက္ဒမင္လည္း အဖ်က္သမားပါ :3

၂။ အႏွိမ္ပါရဂူ

သူ႔ၾကည့္ေတာ့ ရည္းစားရတာ သက္တမ္းမရင့္ေသး။ ကိုယ္ေတြလို ဝါရင့္FAေတြကို အားရင္အားသလို ရိသဲ့သဲ့ေျပာခ်င္တာနဲ႔၊ ႏွိမ္ခ်င္တာနဲ႔။ သူ႔ရည္းစားနဲ႔ ရန္ျဖစ္ေတာ့ မ်က္ရည္မ်က္ခြက္နဲ႔ ကိုယ့္ဆီပဲေရာက္လာတာပဲကို။ အဲဒီလို အႏွိမ္ပါရဂူေတြဆိုတာ ေမတၱာတစ္စက္မွကို မထားခ်င္စရာပါပဲ။

၃။ ဘယ္သြားသြား ပိုင္ရွင္ေခၚလာသူ

တစ္ခါတေလေလး ကိုယ့္သူငယ္ခ်င္းေတြ စုၿပီး ခရီးထြက္မယ္ ၾကံပါတယ္။ “ငါ့ဘဲပါ ေခၚလာမယ္”ဆိုတဲ့ RSမေတြက တစ္မ်ိဳး။ သူတို႔ကိုကိုနဲ႔ ခ်ိန္းေတြ႔ရင္က် ကိုယ္ေတြ လိုက္ရတာ က်လို႔… ငင္းငင္း။

၄။ ေရွာ႔ပင္း ဂ်င္းေကာင္

ေရွာ႔ပင္းထြက္ရင္ ကိုယ့္ပိုက္ဆံ မျပဳတ္ျပဳတ္ေအာင္ “ဟဲ့၊ အဲဒီ အကႌ်ေလးက နင္နဲ႔လိုက္တယ္” ဘာညာသာရကာ ဂ်င္းေလးထည့္ၿပီး မားကက္တင္းဆင္းေပးတဲ့ သူငယ္ဂ်င္းေကာင္းေတြလည္း ေမတၱာတံုးတဲ့ စာရင္းထဲပါတယ္။

၅။ အိမ္လာဖြသူ

သူငယ္ခ်င္းေတြ ကိုယ့္အိမ္လာမယ္ဆို ေၾကာက္ရပါၿပီ။ လာတာေတာ့ ဟုတ္ပါတယ္။ ဒင္းတုိ႔ျပန္သြားရင္ ကိုယ့္မွာယူနီေဖာင္းမပါတဲ့ သန္႔ရွင္းေရးဝန္ထမ္းျဖစ္ၿပီ။ ၅ႏွစ္ကေလး အိမ္လာရင္ေတာင္ အဲ့ေလာက္ လက္မသရမ္းေလာက္ဘူး။ ယူတို႔ကို အာ့ဒီအခ်ိန္ သိပ္မုန္းပါေဒေနာ္..


၆။ အဲဗား ဟဟေပးသူ

ရွိတယ္ ရွိတယ္။ ေနမေကာင္းတဲ့ ပို႔စ္ တင္ရင္ေတာင္ ဟဟေပးၿပီး “မြင္းငါးစားရေတာ့မွာလား” ဆိုတဲ့ က်က္သတံုး ေမတၱာႏူေကာင္ေတြ ကိုယ့္သူငယ္ခ်င္းေတြထဲမွာ ရွိကိုရွိတယ္။

၇။ ဆရာဝင္လုပ္ရတာ ဝါသနာပါသူ

ဘာကိစၥပဲျဖစ္ျဖစ္ ဆရာဝင္လုပ္လိုက္ရမွ အစာေၾကတဲ့သူေတြ ရွိတယ္။ ငါသိ၊ ငါတတ္၊ ငါေတာ္ဆိုတဲ့ ဒင္းတုိ႔ကို ၿပိဳင္မေျပာတာ ေကာင္းတယ္။ မဟုတ္ရင္ အခင္အမင္ပ်က္ရဦးမယ္။

တကယ္ေတာ့ေလ.. ဘယ္လိုပဲ သူငယ္ဂ်င္းေတြလို႔ ေျပာေျပာ မျပတ္ႏုိင္တာလည္း ကိုယ္ေတြပါပဲ။ မတည့္အတူေန၊ မျမင္ေခ်ာင္းၾကည့္ အမ်ိဳးအစားေတြကိုး 😛 တစ္ခုခု တုိင္ပင္စရာ ရွိရင္ ေသခ်ာနားေထာင္ အႀကံေပး (အတည္ေျပာေနရင္း ေဖာက္သြားတာေတာ့ တစ္ပိုင္းေပါ့ေလ)၊ ငိုစရာရွိ ပုခံုးငွားေပး၊ ေပ်ာ္စရာရွိ အတူတူေပ်ာ္၊ ကိုယ္နာစရာရွိ ကိုယ့္ထက္ေတာင္ ရင္နာေပးၾကတဲ့ သူငယ္ခ်င္းေတြရွိတာ ကံေကာင္းျခင္းေတြထဲက တစ္ခုပဲ မဟုတ္လား…

ကဲ.. ေယာင္းတို႔ သူငယ္ခ်င္းေတြထဲမွာေရာ… အဲဒီလို ေမတၱာတံုးစရာေကာင္းၿပီး မခ်စ္ရလည္း မေနႏိုင္တဲ့ သူငယ္ဂ်င္းေတြ မရွိဘူးလား? မန္းရွင္းေခၚသြားဦးေနာ္..

Credit: Christina

# Unicode Version ျဖင့္ ဖတ္ပါ #

ချစ်လှစွာသော ဂျင်းကောင်များသို့..

သူငယ်ချင်းတွေဆိုတာ ဘဝရဲ့အရေးအကြီးဆုံး အစိတ်အပိုင်းတွေထဲက တစ်ပိုင်းပါ။ ဒါပေမဲ့လည်း သူငယ်ချင်းကနေ သူငယ်ဂျင်းအဖြစ်ပြောင်းပြီး ကိုယ့်ကို ပြန်ကန်တတ်တာမျိုးရှိတော့ ဘယ်လောက်ပဲ ချစ်တဲ့ သူငယ်ချင်းဖြစ်ဖြစ် တစ်ခါတလေကျ အတော်ကို မေတ္တာတုံးစရာကောင်းတာပါ။ မေတ္တာတုံးစရာကောင်းတဲ့ ဂျင်းကောင်တွေကတော့

၁။ အဖျက်သမား

သူငယ်ချင်းအစုံအလင် တစ်နေရာရာသွားမယ်ဆိုပြီး စီစဉ်ပြီးခါမှ အဖျက်သမားတစ်ယောက် ဝင်နှောင့်ပါလိမ့်မယ်။ အဲဒီအဖျက်သမားလည်း နှောင့်ရော ကျန်တဲ့လူတွေလည်း တကွဲတပြားတွေဖြစ်ပြီး အစီအစဉ်ဖျက်လိုက်ရရော။ ပြောသာပြောရတယ်။ အက်ဒမင်လည်း အဖျက်သမားပါ :3

၂။ အနှိမ်ပါရဂူ

သူ့ကြည့်တော့ ရည်းစားရတာ သက်တမ်းမရင့်သေး။ ကိုယ်တွေလို ဝါရင့်FAတွေကို အားရင်အားသလို ရိသဲ့သဲ့ပြောချင်တာနဲ့၊ နှိမ်ချင်တာနဲ့။ သူ့ရည်းစားနဲ့ ရန်ဖြစ်တော့ မျက်ရည်မျက်ခွက်နဲ့ ကိုယ့်ဆီပဲရောက်လာတာပဲကို။ အဲဒီလို အနှိမ်ပါရဂူတွေဆိုတာ မေတ္တာတစ်စက်မှကို မထားချင်စရာပါပဲ။

၃။ ဘယ်သွားသွား ပိုင်ရှင်ခေါ်လာသူ

တစ်ခါတလေလေး ကိုယ့်သူငယ်ချင်းတွေ စုပြီး ခရီးထွက်မယ် ကြံပါတယ်။ “ငါ့ဘဲပါ ခေါ်လာမယ်”ဆိုတဲ့ RSမတွေက တစ်မျိုး။ သူတို့ကိုကိုနဲ့ ချိန်းတွေ့ရင်ကျ ကိုယ်တွေ လိုက်ရတာ ကျလို့… ငင်းငင်း။

၄။ ရှော့ပင်း ဂျင်းကောင်

ရှော့ပင်းထွက်ရင် ကိုယ့်ပိုက်ဆံ မပြုတ်ပြုတ်အောင် “ဟဲ့၊ အဲဒီ အင်္ကျီလေးက နင်နဲ့လိုက်တယ်” ဘာညာသာရကာ ဂျင်းလေးထည့်ပြီး မားကက်တင်းဆင်းပေးတဲ့ သူငယ်ဂျင်းကောင်းတွေလည်း မေတ္တာတုံးတဲ့ စာရင်းထဲပါတယ်။

၅။ အိမ်လာဖွသူ

သူငယ်ချင်းတွေ ကိုယ့်အိမ်လာမယ်ဆို ကြောက်ရပါပြီ။ လာတာတော့ ဟုတ်ပါတယ်။ ဒင်းတို့ပြန်သွားရင် ကိုယ့်မှာယူနီဖောင်းမပါတဲ့ သန့်ရှင်းရေးဝန်ထမ်းဖြစ်ပြီ။ ၅နှစ်ကလေး အိမ်လာရင်တောင် အဲ့လောက် လက်မသရမ်းလောက်ဘူး။ ယူတို့ကို အာ့ဒီအချိန် သိပ်မုန်းပါဒေနော်..


၆။ အဲဗား ဟဟပေးသူ

ရှိတယ် ရှိတယ်။ နေမကောင်းတဲ့ ပို့စ် တင်ရင်တောင် ဟဟပေးပြီး “မွင်းငါးစားရတော့မှာလား” ဆိုတဲ့ ကျက်သတုံး မေတ္တာနူကောင်တွေ ကိုယ့်သူငယ်ချင်းတွေထဲမှာ ရှိကိုရှိတယ်။

၇။ ဆရာဝင်လုပ်ရတာ ဝါသနာပါသူ

ဘာကိစ္စပဲဖြစ်ဖြစ် ဆရာဝင်လုပ်လိုက်ရမှ အစာကြေတဲ့သူတွေ ရှိတယ်။ ငါသိ၊ ငါတတ်၊ ငါတော်ဆိုတဲ့ ဒင်းတို့ကို ပြိုင်မပြောတာ ကောင်းတယ်။ မဟုတ်ရင် အခင်အမင်ပျက်ရဦးမယ်။

တကယ်တော့လေ.. ဘယ်လိုပဲ သူငယ်ဂျင်းတွေလို့ ပြောပြော မပြတ်နိုင်တာလည်း ကိုယ်တွေပါပဲ။ မတည့်အတူနေ၊ မမြင်ချောင်းကြည့် အမျိုးအစားတွေကိုး 😛 တစ်ခုခု တိုင်ပင်စရာ ရှိရင် သေချာနားထောင် အကြံပေး (အတည်ပြောနေရင်း ဖောက်သွားတာတော့ တစ်ပိုင်းပေါ့လေ)၊ ငိုစရာရှိ ပုခုံးငှားပေး၊ ပျော်စရာရှိ အတူတူပျော်၊ ကိုယ်နာစရာရှိ ကိုယ့်ထက်တောင် ရင်နာပေးကြတဲ့ သူငယ်ချင်းတွေရှိတာ ကံကောင်းခြင်းတွေထဲက တစ်ခုပဲ မဟုတ်လား…

ကဲ.. ယောင်းတို့ သူငယ်ချင်းတွေထဲမှာရော… အဲဒီလို မေတ္တာတုံးစရာကောင်းပြီး မချစ်ရလည်း မနေနိုင်တဲ့ သူငယ်ဂျင်းတွေ မရှိဘူးလား? မန်းရှင်းခေါ်သွားဦးနော်..
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top