iMyanmarHouse.com - Best Property Website for Myanmar
×


ခႏၶာကိုယ္ က်န္းမာဖြံ႕ၿဖိဳးဖို႔အတြက္ အသားဓာတ္ဟာ မပါမျဖစ္ အေရးႀကီးတဲ့ ဓာတ္တမ်ိဳးျဖစ္တယ္ဆိုေပမယ့္ အသားစားသုံးမႈ မ်ားလြန္းတဲ့အခါမွာေတာ့ ေနာက္ဆက္တြဲအေနနဲ႔ က်န္းမာေရးျပႆနာေတြ ျဖစ္ေပၚလာႏိုင္တာေၾကာင့္ က်န္းမာေရးဗဟုသုတအေနနဲ႔ ျပန္လည္မွ်ေဝေပးလိုက္ရပါတယ္။

(၁) မၾကာခဏဆိုသလို အိပ္ငိုက္ေစမယ္

အသားဓာတ္ဟာ ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ အားအင္ေတြကို ျဖည့္တင္းေပးႏိုင္ေပမယ့္ လိုတာထက္ပိုသြားရင္ေတာ့ ခႏၶာကိုယ္ကို ေလးလံထိုင္းမႈိင္းၿပီး မၾကာခဏဆိုသလို ငိုက္မ်ဥ္းေနေစမွာ ျဖစ္ပါတယ္။

(၂) အသားအေရေတြကို မြဲေျခာက္ေစၿပီး ဆံပင္ကြၽတ္ေစမယ္

အသားစားသုံးမႈမ်ားလြန္းျခင္းဟာ ခႏၶာကိုယ္ထဲက ဗီတာမင္စီဓာတ္နဲ႔ Collagen ထုတ္လႊတ္မႈကို အားနည္းေစတာေၾကာင့္ လက္သည္းေျခသည္းေတြ က်ိဳးပဲ့လြယ္တာ၊ ဆံပင္ကြၽတ္တာနဲ႔ အသားအေရ မြဲေျခာက္ၾကမ္းတာမ်ိဳးကို ျဖစ္ေပၚေစႏိုင္ပါတယ္။

(၃) အေအးမိ ဖ်ားနာျခင္းေတြကို မၾကာခဏ ဆိုသလို ခံစားရတတ္တယ္

အသားစားသုံးမႈ မ်ားျခင္းဟာ အစားအစာေတြဆီကေန ရရွိတဲ့ ဗီတာမင္စီဓာတ္ကို ခ်ိဳ႕တဲ့ေစတာေၾကာင့္ ခႏၶာကိုယ္ရဲ႕ ခုခံအားစနစ္ကို ေလ်ာ့နည္းေစကာ အေအးမိဖ်ားနာျခင္းေတြကို မၾကာခဏဆိုသလို ခံစားရတတ္ပါတယ္။

(၄) ဝမ္းခ်ဴပ္ေစတယ္

ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ အမွ်င္ဓာတ္ေတြကို အသားစားသုံးျခင္းကေန ရရွိတာမဟုတ္ဘဲ အသီးအႏွံေတြနဲ႔ ဟင္းသီးဟင္း႐ြက္ေတြဆီကေနသာ ရရွိတာျဖစ္တာေၾကာင့္ အသား စားသုံးမႈမ်ားျခင္းဟာ ဝမ္းခ်ဳပ္ျခင္းကို ဆိုးဆိုး႐ြား႐ြား ျဖစ္ေပၚေစတတ္ပါတယ္။

(၅) ႏွလုံးေရာဂါ ျဖစ္ႏိုင္ေျခ မ်ားေစတယ္

ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ အမွ်င္ဓာတ္ဟာဆိုရင္ေတာ့ အစားအစာေတြ စားသုံးလိုက္ျခင္းေၾကာင့္ ကိုလက္စထေရာ ပမာဏျမင့္တက္လာျခင္းကို ေလွ်ာ့ခ်ေပးႏိုင္တာေပမယ့္ အသားစားသုံးျခင္းကေနေတာ့ ကိုလက္စထေရာပမာဏကို ေလွ်ာ့ခ်မေပးႏိုင္ပါဘူး။ ဒါေၾကာင့္မလို႔လည္း သုေတသနေလ့လာခ်က္ေတြမွာ အသားစားသုံးမႈမ်ားသူေတြဟာ သာမန္ထက္ ႏွလုံးေရာဂါျဖစ္ႏိုင္ေျချမင့္တက္ေလ့ရွိတယ္လို႔ ေဖာ္ျပထားတာပဲ ျဖစ္ပါတယ္။

(၆) ေက်ာက္ကပ္မွာ ေက်ာက္တည္ႏိုင္ေျခကို ျမင့္မားေစတယ္

အသားေတြမွာပါဝင္တဲ့ Purines လို႔ေခၚတဲ့ ဓာတ္ေပါင္းတမ်ိဳးဟာ Uric Acid ထဲမွာေပ်ာ္ဝင္သြားၿပီး Uric Acid ပမာဏထုတ္လႊတ္ကို ျမင့္တက္ေစတာေၾကာင့္ ေက်ာက္ကပ္မွာ ေက်ာက္တည္ႏိုင္ေျခကို ျမင့္မားေစပါတယ္။

(၇) ကင္ဆာျဖစ္ႏိုင္ေျခကို ျမင့္တက္ေစတယ္

ေလ့လာခ်က္ေတြအရ တပတ္မွာ အသား ၁၈ေအာင္စနဲ႔အထက္ စားသုံးျခင္းဟာ အစာအိမ္ကင္ဆာနဲ႔ အူမႀကီးကင္ဆာ ျဖစ္ႏိုင္ေျခကို ျမင့္တက္ေစႏိုင္တယ္လို႔ ဆိုပါတယ္။ အသားေတြမွာပါဝင္တဲ့ ျပည့္ဝဆီေတြဟာ အဝလြန္ျခင္းေတြနဲ႔ ကင္ဆာေရာဂါျဖစ္ႏိုင္ေျခကို ျမင့္တက္ေစတာပဲ ျဖစ္ပါတယ္။

Credit: Irrawaddy

# Unicode Version ျဖင့္ ဖတ္ပါ #

ခန္ဓာကိုယ် ကျန်းမာဖွံ့ဖြိုးဖို့အတွက် အသားဓာတ်ဟာ မပါမဖြစ် အရေးကြီးတဲ့ ဓာတ်တမျိုးဖြစ်တယ်ဆိုပေမယ့် အသားစားသုံးမှု များလွန်းတဲ့အခါမှာတော့ နောက်ဆက်တွဲအနေနဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် ကျန်းမာရေးဗဟုသုတအနေနဲ့ ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

(၁) မကြာခဏဆိုသလို အိပ်ငိုက်စေမယ်

အသားဓာတ်ဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အားအင်တွေကို ဖြည့်တင်းပေးနိုင်ပေမယ့် လိုတာထက်ပိုသွားရင်တော့ ခန္ဓာကိုယ်ကို လေးလံထိုင်းမှိုင်းပြီး မကြာခဏဆိုသလို ငိုက်မျဉ်းနေစေမှာ ဖြစ်ပါတယ်။

(၂) အသားအရေတွေကို မွဲခြောက်စေပြီး ဆံပင်ကျွတ်စေမယ်

အသားစားသုံးမှုများလွန်းခြင်းဟာ ခန္ဓာကိုယ်ထဲက ဗီတာမင်စီဓာတ်နဲ့ Collagen ထုတ်လွှတ်မှုကို အားနည်းစေတာကြောင့် လက်သည်းခြေသည်းတွေ ကျိုးပဲ့လွယ်တာ၊ ဆံပင်ကျွတ်တာနဲ့ အသားအရေ မွဲခြောက်ကြမ်းတာမျိုးကို ဖြစ်ပေါ်စေနိုင်ပါတယ်။

(၃) အအေးမိ ဖျားနာခြင်းတွေကို မကြာခဏ ဆိုသလို ခံစားရတတ်တယ်

အသားစားသုံးမှု များခြင်းဟာ အစားအစာတွေဆီကနေ ရရှိတဲ့ ဗီတာမင်စီဓာတ်ကို ချို့တဲ့စေတာကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို လျော့နည်းစေကာ အအေးမိဖျားနာခြင်းတွေကို မကြာခဏဆိုသလို ခံစားရတတ်ပါတယ်။

(၄) ဝမ်းချူပ်စေတယ်

ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အမျှင်ဓာတ်တွေကို အသားစားသုံးခြင်းကနေ ရရှိတာမဟုတ်ဘဲ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေဆီကနေသာ ရရှိတာဖြစ်တာကြောင့် အသား စားသုံးမှုများခြင်းဟာ ဝမ်းချုပ်ခြင်းကို ဆိုးဆိုးရွားရွား ဖြစ်ပေါ်စေတတ်ပါတယ်။

(၅) နှလုံးရောဂါ ဖြစ်နိုင်ခြေ များစေတယ်

ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အမျှင်ဓာတ်ဟာဆိုရင်တော့ အစားအစာတွေ စားသုံးလိုက်ခြင်းကြောင့် ကိုလက်စထရော ပမာဏမြင့်တက်လာခြင်းကို လျှော့ချပေးနိုင်တာပေမယ့် အသားစားသုံးခြင်းကနေတော့ ကိုလက်စထရောပမာဏကို လျှော့ချမပေးနိုင်ပါဘူး။ ဒါကြောင့်မလို့လည်း သုတေသနလေ့လာချက်တွေမှာ အသားစားသုံးမှုများသူတွေဟာ သာမန်ထက် နှလုံးရောဂါဖြစ်နိုင်ခြေမြင့်တက်လေ့ရှိတယ်လို့ ဖော်ပြထားတာပဲ ဖြစ်ပါတယ်။

(၆) ကျောက်ကပ်မှာ ကျောက်တည်နိုင်ခြေကို မြင့်မားစေတယ်

အသားတွေမှာပါဝင်တဲ့ Purines လို့ခေါ်တဲ့ ဓာတ်ပေါင်းတမျိုးဟာ Uric Acid ထဲမှာပျော်ဝင်သွားပြီး Uric Acid ပမာဏထုတ်လွှတ်ကို မြင့်တက်စေတာကြောင့် ကျောက်ကပ်မှာ ကျောက်တည်နိုင်ခြေကို မြင့်မားစေပါတယ်။

(၇) ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေတယ်

လေ့လာချက်တွေအရ တပတ်မှာ အသား ၁၈အောင်စနဲ့အထက် စားသုံးခြင်းဟာ အစာအိမ်ကင်ဆာနဲ့ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်တယ်လို့ ဆိုပါတယ်။ အသားတွေမှာပါဝင်တဲ့ ပြည့်ဝဆီတွေဟာ အဝလွန်ခြင်းတွေနဲ့ ကင်ဆာရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေတာပဲ ဖြစ်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top