iMyanmarHouse.com - Best Property Website for Myanmar
×


အရက္ျပန္ က အိမ္တိုင္းရဲ႕ ေဆးေသတၱာ ထဲမွာ ထားထားသင့္တဲ့ ပစၥည္းပါ။ သူက ပိုးသတ္တာ၊ ေခြၽးေပါက္က်ဥ္းတာ၊ လင္နမင္လိုမ်ိဳး အသုံးဝင္တာ၊ ပစၥည္း မ်က္ႏွာျပင္ေပၚက ပိုးေတြကို ေသေစတာေတြအတြက္ ထိထိေရာက္ေရာက္ အသုံးဝင္ပါတယ္။

သူက အေျခခံအားျဖင့္ ေပ်ာ္ဝင္ပစၥည္းျဖစ္တဲ့အတြက္ ဖုန္မႈန္နဲ႔ အဆီေတြကိုလည္း ေပ်ာ္ဝင္ေစႏိုင္ပါတယ္။ Isopropyl alcohol ၇၀ ရာခိုင္ႏႈန္းနဲ႔ ေရ ၃၀ ရာခိုင္ႏႈန္း ေရာစပ္ထားၿပီး ေဆး႐ုံသုံးပစၥည္းအျပင္ အိမ္သုံးပစၥည္းအျဖစ္လည္း ေအာက္ပါတို႔အတြက္ အသုံးျပဳႏိုင္ပါတယ္။

Swimmer Ear ကို ကာကြယ္ေပးျခင္း

အတြင္းနားထဲကို ေရဝင္တဲ့အခါမွာ ေရျပန္ထြက္ေအာင္ လုပ္ဖို႔အတြက္ ခက္ခဲႏိုင္တာေၾကာင့္ နားထဲကို ေရာဂါပိုးေတြ ဝင္ေရာက္ႏိုင္ေျခမ်ားကာ Swimmer Ear (နားျပည္တည္)ျဖစ္လာပါတယ္။ ဒီလိုမျဖစ္ေအာင္ အရက္ျပန္က ကာကြယ္ ေပးႏိုင္ပါတယ္။ အရက္ျပန္က ေရထက္ အေငြ႕ျပန္လြယ္တာေၾကာင့္ပါ။ ေရဝင္တဲ့ နားထဲကို အရက္ျပန္အနည္းငယ္ ထည့္ေပးလိုက္ရင္ ေရနဲ႔ အရက္ျပန္ေရာၿပီး အေငြ႕ျပန္သြားတဲ့အတြက္ နားက ေျခာက္ေသြ႕သြားၿပီး ေရာဂါပိုး မဝင္ေအာင္ ကာ ကြယ္ေပးပါတယ္။

ျပဳလုပ္ပုံ – ေရဝင္ေနတဲ့ နားကို အေပၚဘက္ ထားၿပီး ေဘးေစာင္းအိပ္ပါ။ အရက္ျပန္နဲ႔ ရွလကာရည္ကို တစ္ဆစီ ေရာထားတဲ့ အရည္ကို နားအစက္ခ်ႁပြန္နဲ႔ နားထဲကို ႏွစ္စက္မွ ေလးစက္ ထည့္ၿပီး ၁၀ မိနစ္ေစာင့္ပါ။ ၿပီးရင္ ေရထြက္ေအာင္ နားကို တစ္ဖက္ျပန္ေစာင္းလိုက္ပါ။

ကုတ္ရာျခစ္ရာႏွင့္ျပတ္ရွဒဏ္ရာကိုသန႔္စင္ႏိုင္ျခင္း

အရက္ျပန္က ပိုးသတ္ႏိုင္တဲ့ဂုဏ္သတၱိရွိတဲ့အတြက္ ဒဏ္ရာမ်က္ႏွာျပင္ေပၚက ဘက္တီးရီးယားေတြ ထပ္မံေပါက္ဖြားမႈမရွိေအာင္ ကာကြယ္ေပးႏိုင္ၿပီး ရွိၿပီးသား ဘက္တီးရီးယားေတြကိုလည္း ေသေစႏိုင္ပါတယ္။ က်ဳံ႔ေစတဲ့ ဂုဏ္သတၱိလည္း ရွိတဲ့အတြက္ ေသြးတိတ္ေစႏိုင္ပါတယ္။

ျပဳလုပ္ပုံ – ဝါဂြမ္းအသုံးျပဳၿပီး ဒဏ္ရာေပၚကို အရက္ျပန္သုတ္လိမ္းပါ။ မိနစ္ အနည္းငယ္ခန႔္ထားၿပီး အစိုဓာတ္လိမ္းေဆး ထပ္မံလိမ္းေပးပါ။ (အရက္ျပန္က အေရျပားေျခာက္ေသြ႕ႏိုင္တဲ့အတြက္ အစိုဓာတ္လိမ္းခရင္မ္ကို အသုံးျပဳရပါမယ္)

ဝက္ၿခံကိုကာကြယ္ႏိုင္ျခင္း

အရက္ျပန္ရဲ႕ ေရာဂါပိုးေသေစတာနဲ႔ ေအးေစတဲ့ ဂုဏ္သတၱိေၾကာင့္ ဝက္ၿခံမျဖစ္ေအာင္ ကာကြယ္ႏိုင္ပါတယ္။ ေမြးညင္းေပါက္ေတြကို ပိတ္ဆို႔ထားတဲ့ ဖုန္မႈန႔္ေတြကို ဖယ္ရွားဖို႔ အရက္ျပန္က ကူညီေပးႏိုင္ပါတယ္။

ျပဳလုပ္ပုံ – ဝက္ၿခံဖုေပါက္တာကို သတိထားမိမိခ်င္း အဖုေပၚမွာ အရက္ျပန္ တို႔လိုက္ၿပီး ၁၀ မိနစ္ခန႔္ထားထားပါ။ ၿပီးရင္ ေရေႏြးနဲ႔ ေရေဆးေၾကာၿပီး အစိုဓာတ္ ထိန္းခရင္မ္လိမ္းေပးပါ။ တစ္ေန႔ ႏွစ္ႀကိမ္ အသုံးျပဳႏိုင္ပါတယ္။

IVY အဆိပ္တက္ျခင္းအတြက္ ကုသႏိုင္ျခင္း

IVY အပင္ ဒါမွမဟုတ္ တျခားႏြယ္ပင္ေတြေၾကာင့္ အေရျပားယားယံၿပီး နီရဲလာရင္ အရက္ျပန္ကို အသုံးျပဳႏိုင္ပါတယ္။ အရက္ျပန္က ေအးေစတဲ့ ဂုဏ္သတ္ၱိရွိၿပီး အေရျပားေပၚမွ ပိုးေတြ ေသေစႏိုင္တဲ့အတြက္ တျခားေရာဂါပိုး ေတြ မဝင္ေရာက္ေအာင္လည္း ကာကြယ္ႏိုင္ပါတယ္။

ျပဳလုပ္ပုံ – စကၠဴေပၚမွာ အရက္ျပန္ဆြတ္ၿပီး အဆိပ္မိေနတဲ့ အေရျပားေပၚမွာ သုတ္လိုက္ပါ။ အေရျပား လုံးဝေျခာက္ေသြ႕သြားရင္ ေရေႏြးဆပ္ျပာနဲ႔ ေဆးေၾကာပါ။ ႏွစ္ရက္၊ သုံးရက္အထိ ျပဳလုပ္ေပးႏိုင္ပါတယ္။

ေျခသည္းမႈိပိုးဝင္ျခင္းအတြက္ကုသႏိုင္ျခင္း

ပိုးေသေစတဲ့ ဂုဏ္သတၱိရွိတဲ့အတြက္ ေျခသည္းမႈိေရာဂါအတြက္လည္း ကုသႏိုင္ပါတယ္။ ေျခာက္ေသြ႕လြယ္တဲ့အတြက္ ပူေႏြးစြတ္စိုတဲ့ ပတ္ဝန္းက်င္ကို ႏွစ္ၿခိဳက္ၾကတဲ့ ဖန္းဂတ္စ္ပိုးေတြ ေပါက္ဖြားမႈကိုလည္း တားျမစ္ေပးႏိုင္ပါတယ္။

ျပဳလုပ္ပုံ – အရက္ျပန္နဲ႔ ရွလကာရွည္ကို ဆတူေရာထားပါ။ အဲဒီအရည္ကို ဝါဂြမ္းဆြတ္ၿပီး မႈိရွိေနတဲ့ ေျခသည္းေပၚမွာ တင္ထားပါ။ ဝါဂြမ္းေနရာမေ႐ြ႕ေအာင္ ပတ္တီးနဲ႔ ထိန္းထားေပးပါ။ မိနစ္ ၃၀-၄၅ ခန႔္ ထားၿပီး ေျခသည္းကို အေမြးႏု သြားပြတ္တံနဲ႔ ပြတ္တိုက္ကာ ေရေဆးခ်ပါ။

ဦးေခါင္းမွသန္းမ်ားေသေစႏိုင္ျခင္း

အရက္ျပန္က သန္းေတြကို ထိထိေရာက္ေရာက္ ေသေစႏိုင္တဲ့ ဂုဏ္သတ္ၱိရွိပါတယ္။

ျပဳလုပ္ပုံ – သန္းရွိတဲ့ ဆံပင္ေပၚကို အရက္ျပန္ အနည္းငယ္ ေလာင္းခ်ပါ။ ၿပီးရင္ သင့္လက္ေတြနဲ႔ ဦးေခါင္းအေရျပားနဲ႔ ဆံပင္ေပၚ အရက္ျပန္ေတြ ႏွံ႔သြားေအာင္ ပြတ္ေပးပါ။ ၅-၁၀ မိနစ္ခန႔္ ထားၿပီး ဆံပင္ေပ်ာ့ေဆးကို ဦးေရျပားအႏွံ႔ ပြတ္ေပးပါ။ ၿပီးရင္ ဘီးနဲ႔ ၿဖီးခ်ကာ ေခါင္းေလွ်ာ္လိုက္ပါ။ တစ္ပတ္ တစ္ႀကိမ္ ျပဳလုပ္ေပးႏိုင္ပါတယ္။

ျခင္ကိုက္ရာအတြက္ အယားသက္သာေစျခင္း

အရက္ျပန္ဟာ ျခင္ကိုက္ဒဏ္ရာအတြက္လည္း အသုံးဝင္ပါတယ္။ ယားယံတာ၊ ေရာင္ရမ္းတာနဲ႔ နာက်င္မႈေဝဒနာေတြ သက္သာေစတဲ့အျပင္ ျခင္ကိုက္ဖုလည္း အျမန္ေလ်ာ့က်သြားႏိုင္ပါတယ္။

ျပဳလုပ္ပုံ – ျခင္ကိုက္ဒဏ္ရာေပၚမွာ အရက္ျပန္နဲ႔ တစ္မိနစ္ခန႔္ ႏွိပ္ၿပီး ပြတ္ပါ။ ၁၀ မိနစ္ခန႔္ထားၿပီး ေရေအးနဲ႔ ေဆးခ်ပါ။ ၿပီးရင္ အစိုဓာတ္ထိန္းခရင္မ္လိမ္းေပးပါ။

ႂကြက္သားနာက်င္ျခင္းအတြက္ကုသႏိုင္ျခင္း

အရက္ျပန္ကို လင္နမင္လို အသုံးျပဳႏိုင္တဲ့အတြက္ ႂကြက္သားကိုက္ခဲတာ ဒါမွမဟုတ္ အဆစ္နာက်င္တာေတြအတြက္လည္း အလြန္အသုံးဝင္ပါတယ္။ ဒဏ္ရာရတဲ့ႂကြက္သား ဒါမွမဟုတ္ အဆစ္ေနရာကို ေသြးလွည့္ပတ္မႈေကာင္းမြန္ေစတဲ့အတြက္ ေဝဒနာသက္သာသြားတာပါ။

ျပဳလုပ္ပုံ – နာက်င္တဲ့ ႂကြက္သားေပၚမွာ အရက္ျပန္ပြတ္လိမ္းပါ။ ၁၀ မိနစ္ခန႔္ စက္ဝိုင္းပုံသဏၭာန္ႏွိပ္ေပးၿပီး မ်က္ႏွာသုတ္ပဝါနဲ႔ မိနစ္ ၃၀ ခန႔္ ပတ္ထားေပးပါ။ တစ္ေန႔ကို ၂-၃ ႀကိမ္ ျပဳလုပ္ႏိုင္ပါတယ္။

မင္စြန္းရာကိုဖ်က္ႏိုင္ျခင္း

အရက္ျပန္ဟာ အဝတ္ ဒါမွမဟုတ္ ေကာ္ေဇာေပၚမွ မင္စြန္းရာေတြကိုလည္း ဖယ္ရွားေပးႏိုင္ပါတယ္။

ျပဳလုပ္ပုံ – မင္စြန္းေနတဲ့ေနရာမွ စက္ၠဴနဲ႔ မင္စုပ္သြားေအာင္ ဖိကပ္ေပးပါ။ ၿပီးရင္ အရက္ျပန္ဆြတ္ေပးပါ။ အရက္ျပန္ဆြတ္လိုက္၊ စကၠဴနဲ႔ ဖိၿပီး စုပ္ယူလိုက္နဲ႔ အဝတ္မွာ မင္ေတြ ကုန္စင္သြားတဲ့အထိ ျပဳလုပ္ေပးပါ။ ၿပီးရင္ ေရေအးနဲ႔ ေလွ်ာ္ခ်လိုက္ပါ။ ေကာ္ေဇာေပၚမွ မင္စြန္းရာကို ဖယ္ရွားလိုရင္ ဆပ္ျပာရည္ ႏွစ္ဆ၊ အရက္ျပန္ တစ္ဆ ေရာစပ္ၿပီး အသုံးျပဳရပါမယ္။

မွန္မ်ားကိုၾကည္လင္ေစႏိုင္ျခင္း

အရက္ျပန္ဟာ ေျခာက္ေသြ႕ႏႈန္းျမန္ဆန္ၿပီး စြန္းထင္းရာေတြ မက်န္ႏိုင္တဲ့အတြက္ မွန္ေတြကို ၾကည္လင္ေစဖို႔ အသုံးျပဳႏိုင္ပါတယ္။ လက္ပ္ေတာ့၊ ကီးဘုတ္နဲ႔ ဖုန္းမ်က္ႏွာျပင္ေတြကိုလည္း အရက္ျပန္အသုံးျပဳၿပီး သန႔္စင္ႏိုင္ပါတယ္။

ျပဳလုပ္ပုံ – ေရ ႏွစ္ခြက္၊ အရက္ျပန္ ခြက္ရဲ႕ ေလးပုံတစ္ပုံနဲ႔ ရွလကာရည္ ခြက္ရဲ႕ ေလးပုံတစ္ပုံတို႔ ေရာစပ္ထားတဲ့ အရည္ကို သင္ သန႔္စင္ခ်င္တဲ့ မွန္၊ ဖန္ခြက္ အစရွိတာ ေတြေပၚမွာ ဖ်န္းၿပီး သတင္းစာ စကၠဴနဲ႔ သုတ္ေပးပါ။

Credit: Good Health Journal

# Unicode Version ျဖင့္ ဖတ္ပါ #

အရက်ပြန် က အိမ်တိုင်းရဲ့ ဆေးသေတ္တာ ထဲမှာ ထားထားသင့်တဲ့ ပစ္စည်းပါ။ သူက ပိုးသတ်တာ၊ ချွေးပေါက်ကျဉ်းတာ၊ လင်နမင်လိုမျိုး အသုံးဝင်တာ၊ ပစ္စည်း မျက်နှာပြင်ပေါ်က ပိုးတွေကို သေစေတာတွေအတွက် ထိထိရောက်ရောက် အသုံးဝင်ပါတယ်။

သူက အခြေခံအားဖြင့် ပျော်ဝင်ပစ္စည်းဖြစ်တဲ့အတွက် ဖုန်မှုန်နဲ့ အဆီတွေကိုလည်း ပျော်ဝင်စေနိုင်ပါတယ်။ Isopropyl alcohol ၇၀ ရာခိုင်နှုန်းနဲ့ ရေ ၃၀ ရာခိုင်နှုန်း ရောစပ်ထားပြီး ဆေးရုံသုံးပစ္စည်းအပြင် အိမ်သုံးပစ္စည်းအဖြစ်လည်း အောက်ပါတို့အတွက် အသုံးပြုနိုင်ပါတယ်။

Swimmer Ear ကို ကာကွယ်ပေးခြင်း

အတွင်းနားထဲကို ရေဝင်တဲ့အခါမှာ ရေပြန်ထွက်အောင် လုပ်ဖို့အတွက် ခက်ခဲနိုင်တာကြောင့် နားထဲကို ရောဂါပိုးတွေ ဝင်ရောက်နိုင်ခြေများကာ Swimmer Ear (နားပြည်တည်)ဖြစ်လာပါတယ်။ ဒီလိုမဖြစ်အောင် အရက်ပြန်က ကာကွယ် ပေးနိုင်ပါတယ်။ အရက်ပြန်က ရေထက် အငွေ့ပြန်လွယ်တာကြောင့်ပါ။ ရေဝင်တဲ့ နားထဲကို အရက်ပြန်အနည်းငယ် ထည့်ပေးလိုက်ရင် ရေနဲ့ အရက်ပြန်ရောပြီး အငွေ့ပြန်သွားတဲ့အတွက် နားက ခြောက်သွေ့သွားပြီး ရောဂါပိုး မဝင်အောင် ကာ ကွယ်ပေးပါတယ်။

ပြုလုပ်ပုံ – ရေဝင်နေတဲ့ နားကို အပေါ်ဘက် ထားပြီး ဘေးစောင်းအိပ်ပါ။ အရက်ပြန်နဲ့ ရှလကာရည်ကို တစ်ဆစီ ရောထားတဲ့ အရည်ကို နားအစက်ချပြွန်နဲ့ နားထဲကို နှစ်စက်မှ လေးစက် ထည့်ပြီး ၁၀ မိနစ်စောင့်ပါ။ ပြီးရင် ရေထွက်အောင် နားကို တစ်ဖက်ပြန်စောင်းလိုက်ပါ။

ကုတ်ရာခြစ်ရာနှင့်ပြတ်ရှဒဏ်ရာကိုသန့်စင်နိုင်ခြင်း

အရက်ပြန်က ပိုးသတ်နိုင်တဲ့ဂုဏ်သတ္တိရှိတဲ့အတွက် ဒဏ်ရာမျက်နှာပြင်ပေါ်က ဘက်တီးရီးယားတွေ ထပ်မံပေါက်ဖွားမှုမရှိအောင် ကာကွယ်ပေးနိုင်ပြီး ရှိပြီးသား ဘက်တီးရီးယားတွေကိုလည်း သေစေနိုင်ပါတယ်။ ကျုံ့စေတဲ့ ဂုဏ်သတ္တိလည်း ရှိတဲ့အတွက် သွေးတိတ်စေနိုင်ပါတယ်။

ပြုလုပ်ပုံ – ဝါဂွမ်းအသုံးပြုပြီး ဒဏ်ရာပေါ်ကို အရက်ပြန်သုတ်လိမ်းပါ။ မိနစ် အနည်းငယ်ခန့်ထားပြီး အစိုဓာတ်လိမ်းဆေး ထပ်မံလိမ်းပေးပါ။ (အရက်ပြန်က အရေပြားခြောက်သွေ့နိုင်တဲ့အတွက် အစိုဓာတ်လိမ်းခရင်မ်ကို အသုံးပြုရပါမယ်)

ဝက်ခြံကိုကာကွယ်နိုင်ခြင်း

အရက်ပြန်ရဲ့ ရောဂါပိုးသေစေတာနဲ့ အေးစေတဲ့ ဂုဏ်သတ္တိကြောင့် ဝက်ခြံမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ မွေးညင်းပေါက်တွေကို ပိတ်ဆို့ထားတဲ့ ဖုန်မှုန့်တွေကို ဖယ်ရှားဖို့ အရက်ပြန်က ကူညီပေးနိုင်ပါတယ်။

ပြုလုပ်ပုံ – ဝက်ခြံဖုပေါက်တာကို သတိထားမိမိချင်း အဖုပေါ်မှာ အရက်ပြန် တို့လိုက်ပြီး ၁၀ မိနစ်ခန့်ထားထားပါ။ ပြီးရင် ရေနွေးနဲ့ ရေဆေးကြောပြီး အစိုဓာတ် ထိန်းခရင်မ်လိမ်းပေးပါ။ တစ်နေ့ နှစ်ကြိမ် အသုံးပြုနိုင်ပါတယ်။

IVY အဆိပ်တက်ခြင်းအတွက် ကုသနိုင်ခြင်း

IVY အပင် ဒါမှမဟုတ် တခြားနွယ်ပင်တွေကြောင့် အရေပြားယားယံပြီး နီရဲလာရင် အရက်ပြန်ကို အသုံးပြုနိုင်ပါတယ်။ အရက်ပြန်က အေးစေတဲ့ ဂုဏ်သတ်္တိရှိပြီး အရေပြားပေါ်မှ ပိုးတွေ သေစေနိုင်တဲ့အတွက် တခြားရောဂါပိုး တွေ မဝင်ရောက်အောင်လည်း ကာကွယ်နိုင်ပါတယ်။

ပြုလုပ်ပုံ – စက္ကူပေါ်မှာ အရက်ပြန်ဆွတ်ပြီး အဆိပ်မိနေတဲ့ အရေပြားပေါ်မှာ သုတ်လိုက်ပါ။ အရေပြား လုံးဝခြောက်သွေ့သွားရင် ရေနွေးဆပ်ပြာနဲ့ ဆေးကြောပါ။ နှစ်ရက်၊ သုံးရက်အထိ ပြုလုပ်ပေးနိုင်ပါတယ်။

ခြေသည်းမှိုပိုးဝင်ခြင်းအတွက်ကုသနိုင်ခြင်း

ပိုးသေစေတဲ့ ဂုဏ်သတ္တိရှိတဲ့အတွက် ခြေသည်းမှိုရောဂါအတွက်လည်း ကုသနိုင်ပါတယ်။ ခြောက်သွေ့လွယ်တဲ့အတွက် ပူနွေးစွတ်စိုတဲ့ ပတ်ဝန်းကျင်ကို နှစ်ခြိုက်ကြတဲ့ ဖန်းဂတ်စ်ပိုးတွေ ပေါက်ဖွားမှုကိုလည်း တားမြစ်ပေးနိုင်ပါတယ်။

ပြုလုပ်ပုံ – အရက်ပြန်နဲ့ ရှလကာရှည်ကို ဆတူရောထားပါ။ အဲဒီအရည်ကို ဝါဂွမ်းဆွတ်ပြီး မှိုရှိနေတဲ့ ခြေသည်းပေါ်မှာ တင်ထားပါ။ ဝါဂွမ်းနေရာမရွေ့အောင် ပတ်တီးနဲ့ ထိန်းထားပေးပါ။ မိနစ် ၃၀-၄၅ ခန့် ထားပြီး ခြေသည်းကို အမွေးနု သွားပွတ်တံနဲ့ ပွတ်တိုက်ကာ ရေဆေးချပါ။

ဦးခေါင်းမှသန်းများသေစေနိုင်ခြင်း

အရက်ပြန်က သန်းတွေကို ထိထိရောက်ရောက် သေစေနိုင်တဲ့ ဂုဏ်သတ်္တိရှိပါတယ်။

ပြုလုပ်ပုံ – သန်းရှိတဲ့ ဆံပင်ပေါ်ကို အရက်ပြန် အနည်းငယ် လောင်းချပါ။ ပြီးရင် သင့်လက်တွေနဲ့ ဦးခေါင်းအရေပြားနဲ့ ဆံပင်ပေါ် အရက်ပြန်တွေ နှံ့သွားအောင် ပွတ်ပေးပါ။ ၅-၁၀ မိနစ်ခန့် ထားပြီး ဆံပင်ပျော့ဆေးကို ဦးရေပြားအနှံ့ ပွတ်ပေးပါ။ ပြီးရင် ဘီးနဲ့ ဖြီးချကာ ခေါင်းလျှော်လိုက်ပါ။ တစ်ပတ် တစ်ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။

ခြင်ကိုက်ရာအတွက် အယားသက်သာစေခြင်း

အရက်ပြန်ဟာ ခြင်ကိုက်ဒဏ်ရာအတွက်လည်း အသုံးဝင်ပါတယ်။ ယားယံတာ၊ ရောင်ရမ်းတာနဲ့ နာကျင်မှုဝေဒနာတွေ သက်သာစေတဲ့အပြင် ခြင်ကိုက်ဖုလည်း အမြန်လျော့ကျသွားနိုင်ပါတယ်။

ပြုလုပ်ပုံ – ခြင်ကိုက်ဒဏ်ရာပေါ်မှာ အရက်ပြန်နဲ့ တစ်မိနစ်ခန့် နှိပ်ပြီး ပွတ်ပါ။ ၁၀ မိနစ်ခန့်ထားပြီး ရေအေးနဲ့ ဆေးချပါ။ ပြီးရင် အစိုဓာတ်ထိန်းခရင်မ်လိမ်းပေးပါ။

ကြွက်သားနာကျင်ခြင်းအတွက်ကုသနိုင်ခြင်း

အရက်ပြန်ကို လင်နမင်လို အသုံးပြုနိုင်တဲ့အတွက် ကြွက်သားကိုက်ခဲတာ ဒါမှမဟုတ် အဆစ်နာကျင်တာတွေအတွက်လည်း အလွန်အသုံးဝင်ပါတယ်။ ဒဏ်ရာရတဲ့ကြွက်သား ဒါမှမဟုတ် အဆစ်နေရာကို သွေးလှည့်ပတ်မှုကောင်းမွန်စေတဲ့အတွက် ဝေဒနာသက်သာသွားတာပါ။

ပြုလုပ်ပုံ – နာကျင်တဲ့ ကြွက်သားပေါ်မှာ အရက်ပြန်ပွတ်လိမ်းပါ။ ၁၀ မိနစ်ခန့် စက်ဝိုင်းပုံသဏ္ဌာန်နှိပ်ပေးပြီး မျက်နှာသုတ်ပဝါနဲ့ မိနစ် ၃၀ ခန့် ပတ်ထားပေးပါ။ တစ်နေ့ကို ၂-၃ ကြိမ် ပြုလုပ်နိုင်ပါတယ်။

မင်စွန်းရာကိုဖျက်နိုင်ခြင်း

အရက်ပြန်ဟာ အဝတ် ဒါမှမဟုတ် ကော်ဇောပေါ်မှ မင်စွန်းရာတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

ပြုလုပ်ပုံ – မင်စွန်းနေတဲ့နေရာမှ စက်္ကူနဲ့ မင်စုပ်သွားအောင် ဖိကပ်ပေးပါ။ ပြီးရင် အရက်ပြန်ဆွတ်ပေးပါ။ အရက်ပြန်ဆွတ်လိုက်၊ စက္ကူနဲ့ ဖိပြီး စုပ်ယူလိုက်နဲ့ အဝတ်မှာ မင်တွေ ကုန်စင်သွားတဲ့အထိ ပြုလုပ်ပေးပါ။ ပြီးရင် ရေအေးနဲ့ လျှော်ချလိုက်ပါ။ ကော်ဇောပေါ်မှ မင်စွန်းရာကို ဖယ်ရှားလိုရင် ဆပ်ပြာရည် နှစ်ဆ၊ အရက်ပြန် တစ်ဆ ရောစပ်ပြီး အသုံးပြုရပါမယ်။

မှန်များကိုကြည်လင်စေနိုင်ခြင်း

အရက်ပြန်ဟာ ခြောက်သွေ့နှုန်းမြန်ဆန်ပြီး စွန်းထင်းရာတွေ မကျန်နိုင်တဲ့အတွက် မှန်တွေကို ကြည်လင်စေဖို့ အသုံးပြုနိုင်ပါတယ်။ လက်ပ်တော့၊ ကီးဘုတ်နဲ့ ဖုန်းမျက်နှာပြင်တွေကိုလည်း အရက်ပြန်အသုံးပြုပြီး သန့်စင်နိုင်ပါတယ်။

ပြုလုပ်ပုံ – ရေ နှစ်ခွက်၊ အရက်ပြန် ခွက်ရဲ့ လေးပုံတစ်ပုံနဲ့ ရှလကာရည် ခွက်ရဲ့ လေးပုံတစ်ပုံတို့ ရောစပ်ထားတဲ့ အရည်ကို သင် သန့်စင်ချင်တဲ့ မှန်၊ ဖန်ခွက် အစရှိတာ တွေပေါ်မှာ ဖျန်းပြီး သတင်းစာ စက္ကူနဲ့ သုတ်ပေးပါ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top